တကယ်ဆိုရင်…

ကုိ ထြဋ္October 16, 20141min27421

– စကားဦးလေး သန်းထားမယ်နော်… ကျွန်တော် အရင်က  အချစ်ကဗျာတွေ ရေးတယ်ဗျ… ဒါပေမဲ့ ဦးကြိးမိုက်ကတော့ ဝေး နေလို့တဲ့ ကဗျာလို မမြင်ဘူးတဲ့… 🙂

– ဟီး… ဒါပေမဲ့ စမ်းကြည့်တာပေါ့လေနော်… အဆင်မပြေရင် ပွိုင့်မပေးပါနဲ့…

– အရင်က တချက်တချက် သတိရလို့ ရေးလိုက်… ကြုံရာ ရေးတော့ ပျောက်ပျောက်သွားရော..

– ဘယ်ထားမှန်း မသိနဲ့ … ခုတော့ စုစည်းထားလိုက်မယ်နော်… မော့မော့များ… 🙂

– တခုပဲ တောင်းဆိုချင်ပါတယ်… ကဗျာရေးတဲ့ အလင်းဆက်၊ ကိုခ၊ ကိုစစ်၊ ကိုကမ်းဝေး… သိသလောက်ပေါ့… ကျန်ခဲ့ရင် ဆောရီးနော်.. နည်းနည်းလေး မန့်ပေးပါလားလို့… အားမနာတမ်းနော်…  🙂

– အော် ကျန်လို့… လေးပေါက်ရယ်၊ မနောရယ်၊ ဇီဇီရယ် ကျန်သေးတယ်.. မန့်ပေးကြဦးနော်… ဦးကြီးမိုက်လဲ ခံစားရသလောက်ပြောပြပေးပါ… 🙂

– ဘယ်တံဆိပ် ကပ်ရမှန်းလဲ မသိဘူး.. စိတ်ထဲ ရှိတာ ရေးလိုက်တာ.. တကယ်တော့ ငယ်ဘဝ ကို ရေးရင်း အတွေးပေါက်လာလို့ပါ… 🙂

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

တကယ်ဆိုရင်…

ငါဟာ ချိုးဖောက်သူတယောက်ပေါ့

ယဉ်ကျေးတဲ့ အသိုင်းအဝိုင်းတွေကြားမှာ…

.

.

ငါဟာ ခွေးမည်းကြီးတကောင်ပေါ့

အရေခြုံတဲ့ သိုးတွေများကြားမှာ…

.

.

ငါဟာ အရောင်အဆင်းမဲ့ပေါ့

တောက်ပတဲ့ အခက်အလက်တွေကြားမှာ…

.

.

ငါဟာ ဘာသာခြားတဦးပေါ့

သစ္စာများတဲ့ ကြီးမြတ်မှုတွေကြားမှာ…

.

.

ငါဟာ ရေပွက်တခုပေါ့

ဆူလွယ် ပျက်လွယ် သံသရာအဝန်းတွေကြားမှာ…

21 comments

  • အလင်းဆက်

    October 16, 2014 at 10:34 am

    တကယ်ဆိုရင်…
    ငါဟာ ချိုးဖောက်သူတယောက်ပေါ့
    ယဉ်ကျေးတဲ့ အသိုင်းအဝိုင်းတွေကြားမှာ…
    ငါဟာ ခွေးမည်းကြီးတကောင်ပေါ့
    အရေခြုံတဲ့ သိုးတွေများကြားမှာ…
    ငါဟာ အရောင်အဆင်းမဲ့ပေါ့
    တောက်ပတဲ့ အခက်အလက်တွေကြားမှာ…
    ငါဟာ ဘာသာခြားတဦးပေါ့
    သစ္စာများတဲ့ ကြီးမြတ်မှုတွေကြားမှာ…
    ငါဟာ ရေပွက်တခုပေါ့
    ဆူလွယ် ပျက်လွယ် သံသရာအဝန်းတွေကြားမှာ…

    ကဗျာက မဆုံးသေးဘူးလားလို့…
    ဆက်ရေးမှာရှိသေးလား…
    ရှိရှိမရှိရှိ ဆက်တွေးမယ်ဗျာ….

    နောက်တခေါက် ပြန်လာပါ့မယ်.. ။

    😆

  • အလင်းဆက်

    October 16, 2014 at 10:40 am

    ကဗျာရေးဟန်လေးကို သဘောကျမိပါကြောင်းးးး
    ကျနော်လည်း…ဒါမျိုးရေးဟန်လေးတွေကိုသာ ရေးချင်မိပါကြောင်းးးး

    ကဗျာ = သမား အဖြစ် အသိအမှတ်ပြုပြီး ဖြစ်ပါကြောင်းးး

    ကဗျာပြခန်း (တကယ်လို့) ပြန် ဖွင့်ဖြစ်ရင်…ကဗျာ ဓါးပြတိုက်တော့မယ် ဖြစ်ပါကြောင်းးး

    • Yae Myae Tha Ninn

      October 16, 2014 at 10:47 am

      မမြှောက်နဲ့နော်… သိတယ်မလား… မြှောက်ပေးရင်လေ….. …… ….. ဟီး… တကယ်ကျေးဇူးတင်ပါတယ်ဗျာ… 🙂 တကယ်ကို ရေးထားတာမှ… ဗလာစာအုပ် ၃ ၄ အုပ် အပြည့် ပျောက်တာနဲ့ဆို ၅ အုပ်စာလောက်ကို ရှိတယ်… ကလေးကတည်းက ရေးကြည့်ထားတာတွေ… 🙂

  • Yae Myae Tha Ninn

    October 16, 2014 at 10:41 am

    ဟုတ်… ဆုံးသွားပြီဗျ… အရှည်မရေးတတ်ဘူး… အလွန်ဆုံး အကြောင်း ၂ဝ မပြည့်ဘူး.. ဗျ… လာမန့်တာ ကျေးဇူးပါ… 🙂 ဆက်ဆက်ရေ… အဆင်ပြေရဲ့လား.. စာသားတွေက… 😀

  • ကေဇီ

    October 16, 2014 at 1:08 pm

    တကယ်ဆိုရင်…

    ငါဟာ ချိုးဖောက်သူတယောက်ပေါ့
    ယဉ်ကျေးတဲ့ အသိုင်းအဝိုင်းတွေကြားမှာ…

    ငါဟာ ခွေးမည်းကြီးတကောင်ပေါ့
    အရေခြုံတဲ့ သိုးတွေများကြားမှာ…

    ငါဟာ အရောင်အဆင်းမဲ့ပေါ့
    တောက်ပတဲ့ အခက်အလက်တွေကြားမှာ…

    ငါဟာ ဘာသာခြားတဦးပေါ့
    သစ္စာများတဲ့ ကြီးမြတ်မှုတွေကြားမှာ…

    ငါဟာ ရေပွက်တခုပေါ့
    ဆူလွယ် ပျက်လွယ် သံသရာအဝန်းတွေကြားမှာ…

    ~~~~။
    စာကြောင်းကို ဒီလို ကပ်ရင် ပိုအဆင်ပြေမယ်။
    ခုက နာ က မှားတွဲမိပြီး လျှောက်တွေးနေမိလို့။

    :k:

  • Yae Myae Tha Ninn

    October 16, 2014 at 2:12 pm

    ဟုတ်တယ်.. အဲလိုပဲ လေ… ဘယ်လို တွေးလို့လဲ… ဒေါ်ဇီဇီ ရဲ့… 🙂

    • မြစပဲရိုး

      October 16, 2014 at 4:30 pm

      တကယ်ဆိုရင်…
      ငါဟာ ချိုးဖောက်သူတယောက်ပေါ့

      ယဉ်ကျေးတဲ့ အသိုင်းအဝိုင်းတွေကြားမှာ…
      ငါဟာ ခွေးမည်းကြီးတကောင်ပေါ့

      အရေခြုံတဲ့ သိုးတွေများကြားမှာ…
      ငါဟာ အရောင်အဆင်းမဲ့ပေါ့

      တောက်ပတဲ့ အခက်အလက်တွေကြားမှာ…
      ငါဟာ ဘာသာခြားတဦးပေါ့

      သစ္စာများတဲ့ ကြီးမြတ်မှုတွေကြားမှာ…
      ငါဟာ ရေပွက်တခုပေါ့

      ဆူလွယ် ပျက်လွယ် သံသရာအဝန်းတွေကြားမှာ…

      (ဒါဆို အပိုဒ်ခွဲခြင်း အနုပညာ ကို သိပြီလား) :))

      • Yae Myae Tha Ninn

        October 16, 2014 at 4:42 pm

        အရီး… တကယ်ဆိုရင်က ခေါင်းစဉ်လေဗျာ… ဇီဇီ စီထားတာ.. အမှန်…
        အစက်ကလေးတွေ ချထားတာက ပုဒ်မ အဓိပ္ပာယ်လေဗျာ… ပြီးတော့ တကယ်ဆိုရင်ကို ဘိုးထားတယ်လေ… နောက်ပါနဲ့ဗျာ… 🙂
        ပြီးတော့ ချန်ထားခဲ့ရတာ ဆောရီးပါ… မသိလို့ပါ… ၅ အုပ်စာကလဲ ကလေးတုန်းက ရေးတာတွေဆိုတော့ ပြန်ဖတ်ရင် ရီရတယ်… မတင်ချင်ဘူးရယ်… အသစ်တွေပဲ ရေးတင်မယ်… မဟုတ်လဲ မိန်းမကို ပိုးတုန်းက ကဗျာလေးတွေ ပြန်ရှာတင်မယ်လေ… 🙂 ဒါပေမဲ့ သိမ်ငယ်တယ်ဗျ… ကောင်းမှ မကောင်းတာ… 🙁

        • ကေဇီ

          October 16, 2014 at 4:52 pm

          အမှန်က နာ က အရီး စီထားသလို ဖတ်မိတာ။
          နောက်မှ မဟုတ်ပါဘူးလေ ဆိုပြီး ပြန်ပြင်လိုက်တာ။

          :kwi:

  • မြစပဲရိုး

    October 16, 2014 at 4:32 pm

    ဟဲ့ မောင်ထွဋ်
    မြစာကလေး ဆိုတာ ရွာ့နာမည်ကျော် ကဗျာဆြာမကြီးကွဲ့။
    ချန်ထားခဲ့ရတယ်လို့။
    တောက်စ် (မူ – ဂဂ)

    ကိုယ့်ကျော ကို အခါ တစ်ရာ သပ်လိုက်ပါ မောင် ထွဋ်။
    အရမ်း ကြိုက် ပါတယ်။

    စာအုပ် ၅ အုပ်စာ ကဗျာ တွေ ကိုလဲ မျှော်နေပါတယ်။
    ဖြေးဖြေး တော့ တင်ပါဟယ်) lol:)) :))

  • Yae Myae Tha Ninn

    October 16, 2014 at 4:54 pm

    တိန်… ဆိုးတာပဲဗျာ… ဒါဆို ကဗျာတင်ရင် ဘယ်လိုတင်ရလဲ… ခေါင်းစဉ်နဲ့ စာသားကွဲအောင်… ကြော်ငြာတွေ ကြားမှာ မခံအောင် တင်နည်း ပြော… 🙂

    • ကေဇီ

      October 16, 2014 at 4:58 pm

      နာက ဓာတ်ပုံ နောက်ခံ တစ်ခု ပေါ်မှာ ရေးပြီး တင်တယ်။
      တစ်ပုံတည်း တင်ရတယ်။ ပြီးရော။
      ဘယ် ကြော်ညာမှ မဝင်နိုင်။
      ရှင်းလင်းချက်တွေတွေ ရှင်းပြချက်တွေ လည်း မလိုပါဘူးး
      ဖတ်တဲ့သူ စိတ်အတိုင်း ခံစားခိုင်းလိုက်တာကောင်းပါတယ်။

      :k:

      • အလင်းဆက်

        October 16, 2014 at 6:16 pm

        ကျနော်ကတော့ အဲ့လို ပုံထဲမှာ…ကဗျာရေးထည့်ရင်းနဲ့…
        ကိုယ့်လုပ်ငန်း ကိုယ် ကြောငြာ ထည့်ရင်ကေင်းမလား စဉ်းစားနေတယ်
        ဥမပါ…. ကဗျာတစ်ပုဒ်ကို
        ပင်လယ်ပြင်ပြာကြီး နောက်ခံနဲ့…
        ပုံ ဖန်တီးမယ်..
        ကဗျာစာသားတွေ ကြားမှာ…

        ကျနော် မိုးကုတ်ကျောက်မျက်ပွဲစား လုပ်ကြောင်း..
        မိုးကုတ်ကျောက်စစ်စစ်လေးတွေ လိုချင်ရင် ဆက်သွယ်နိုင်ကြောင်း..

        ကြောငြာလေးပါ..ထည့် လုပ်ရင်…ပေါ့..

        ကောင်းမားးး

        ဘိုလုပ်ရမဲ….တိဘီ

        :k:

        • Yae Myae Tha Ninn

          October 17, 2014 at 8:48 am

          ကိုယ့်ဆရာကတော့ လုပ်တော့မယ်… 😀
          မိန်းမ ယူချင်ပြီလား… ပိုက်ဆံတွေ သဲမဲ ရှာနေတာ.. 😛

      • Yae Myae Tha Ninn

        October 17, 2014 at 8:43 am

        အဲလိုကတော့ ဟုတ်ပါတယ် ဇီဇီ… ဒါပေမဲ့ လိုက်ဖက်တဲ့ နောက်ခံ မဟုတ်ရင် အရှေ့က စာသားတွေ အဓိပ္ပာယ်ကောက်လွဲသွားမှာ စိုးလို့… 🙂 အကြံပေးတာ ကျေးဇူးပါ.. 🙂

  • kyeemite

    October 17, 2014 at 2:12 pm

    .ကဗျာဆိုတာ ခံစားမှုပေါ်လာတဲ့အချိန်ကောက်ရေးရတာကလားဗျ…ဒါမှရသမြောက်တာ
    .ခုကဗျာလေးလည်း ကြိုက်ပါသဗျာ…
    .ကျုပ်လည်းရေးဖူးတယ်..ခီများလိုခံစားချက်ကဗျာပေါ့…ဖတ်ကျိပါအုံး
    .http://myanmargazette.net/186635
    .http://myanmargazette.net/184166
    . :k:

  • Yae Myae Tha Ninn

    October 17, 2014 at 2:45 pm

    ကျေးဇူး… ဦးကြီးမိုက်ရေ… လာမန့်ပေး.. ကြိုက်ပေးလို့… 🙂

  • Yae Myae Tha Ninn

    October 17, 2014 at 5:00 pm

    ဟဲ.. အထုမှ ကြည့်မိတယ်.. အနော့် ကဗျာကို ဘယ်သူ စာစီပေးထားလဲ… ကျေးကျေးပါ… 🙂
    တရုတ်ကားထဲက စတိုင်လ် နဲ့ ဆိုရင် လက်နှစ်ဖက်ပူးပြီး… မိုးကောင်းကင်ကို ကြည့် ရှဲ့ ရှဲ့လို့ အော်ရမယ်… 🙂

  • Mr. MarGa

    October 17, 2014 at 7:13 pm

    ကဗျာလား
    ကျုပ်က ဝေးတယ်ဗျ (မှတ်ချက် ကဗျာချစ်သူများ မမြင်ဇီရ :mrgreenn: )
    ပြီးတော့
    ကဗျာဆိုရင်
    ဘာသာပြန်တာတွေ ရှင်းလင်းချက်တွေ ခေါင်းထဲမထည့်တတ်ဘူး
    ဖတ်သူအပေါ် (ပို သေချာအောင်ပြောရရင် ဖတ်သူရဲ့ လက်ရှိ စိတ်ခံစားချက်ပေါ်)မူတည်ပြီး အဓိပ္ပာယ်ပြောင်းသွားလိမ့်မယ်
    ကဗျာဆရာ ပေးချင်တဲ့ အချက်ကို ရသူရှိမယ် မရသူရှိမယ်
    ဒါပေမယ့်
    ကဗျာဟာ ကဗျာအဖြစ်ကနေတော့ ပျက်မသွားတတ်ပါဘု
    ကျုပ်ကတော့
    ကဗျာကို ကဗျာလိုပဲ
    လွပ်လွပ်လပ်လပ် ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေး ဖတ်သွားပါရဲ့
    အလက်ဆင်းကိုတောင် ပြောဖူးပါရဲ့
    ကဗျာကို ဘာသာပြန်ရင် တုတ်ထမ်းငြင်းရတဲ့ ပုဂံရာဇဝင်ထက် ပိုဆိုးမယ် လို့

    (ပြောချင်ရာဝင်ပြောသွားသည်)

  • Yae Myae Tha Ninn

    October 18, 2014 at 8:40 am

    ကျေးဇူး.. ဖိုးသကြား .. ဘယ်ပျောက်… 🙂
    ကဗျာနဲ့ ပတ်သက်ရင် ပြောစရာတွေ အပုံအပင် ပဲ… နောက်များ ဆုံ ရင် ငြင်းကြ၊ သတ်ကြမယ်လေ… 😛

Leave a Reply