– ကျွန်တော် တွေးမိတာလေးတွေပါ… ဆဲရင် လဲ ခံရမှာပဲ.. ဒါပေမဲ့ သိသူများ ဖြေပေးစေချင်ပါတယ်… :)

– တချို့ အတွက်က အဖြေတွေ ရှိတယ်.. ကြားဖူးတယ်… မမှတ်မိတော့လို့ … နံပါတ်စဉ် တပ်လိုက်မယ်နော်…

 

၁ – ည အရက်သောက်ပြီး … မနက် ရေ ပြန်သောက်ရင် ဘာလို့ ချိုတာလဲ… ????????

 

၂ – ကြမ်းပိုးကို သတ်ပြီးရင် နံမှန်းသိရက်နဲ့ ဘာလို့ နမ်းကြည့်ကြတာလဲ…?????????

 

၃ – နှာခေါင်းထဲမှာ ဘယ်ကနေ နှပ်ချေးတွေ ရောက်လာတာလဲ…. အဖတ်လိုက်ကလေး( မဲမဲလေးတွေ အဓိက) ဘယ်ကရောက်လာတာလဲ…????????????

 

၎ – အထူးသဖြင့် ယောကျာင်္းလေးတွေ ထင်တယ်…  ရှူး ရှူး ပေါက်ပြီးသွားရင် တကိုယ်လုံး တုန် သွားတယ်… ဘာလို့လဲ… ?????????????????

 

၅ – အခင်းကြီးသွားခါနီးရင် ဘာလို့ ဆက်တိုက် လေလည်တာလဲ… တကယ်လို့ အောင့်ထားခဲ့ရရင် ( အခြေအနေတခုကြောင့် ) ပိုပြီးလေလည်တယ်… ဘာလို့လဲ…. ?????????????

 

၆ – ထမင်းစားတာ ဖြစ်ဖြစ်၊ မုန့်စားတာ ဖြစ်ဖြစ် ဘာလို့ စားရင် တဘက်ဆို တဘက်ကို ပဲ တောက်လျှောက်စားရတာလဲ… တချို့ ဘယ်ဆို ဘယ်ပဲ… ညာဆို ညာပဲ… ?????????????

 

၇ – အထူးသဖြင့် မိန်းကလေး အလုပ်များတာ… ငရုတ်သီးဖြစ်ဖြစ်၊ ကြက်သွန်ဖြစ်ဖြစ် စပ်ရင် ခြေထောက်ကို ဘာလို့ ရေသွားလောင်းရတာလဲ… ?????????

 

 

– တော်ပြီပေါ့.. နော်… ၇ ချက်လောက်ဆို ရင်… ကျေးဇူးပြုပြီး ဖြေပေးပါနော်…. :)

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...