မဟုတ်တရုတ်…

ကုိ ထြဋ္October 17, 20141min16514

– ကျွန်တော် တွေးမိတာလေးတွေပါ… ဆဲရင် လဲ ခံရမှာပဲ.. ဒါပေမဲ့ သိသူများ ဖြေပေးစေချင်ပါတယ်… 🙂

– တချို့ အတွက်က အဖြေတွေ ရှိတယ်.. ကြားဖူးတယ်… မမှတ်မိတော့လို့ … နံပါတ်စဉ် တပ်လိုက်မယ်နော်…

 

၁ – ည အရက်သောက်ပြီး … မနက် ရေ ပြန်သောက်ရင် ဘာလို့ ချိုတာလဲ… ????????

 

၂ – ကြမ်းပိုးကို သတ်ပြီးရင် နံမှန်းသိရက်နဲ့ ဘာလို့ နမ်းကြည့်ကြတာလဲ…?????????

 

၃ – နှာခေါင်းထဲမှာ ဘယ်ကနေ နှပ်ချေးတွေ ရောက်လာတာလဲ…. အဖတ်လိုက်ကလေး( မဲမဲလေးတွေ အဓိက) ဘယ်ကရောက်လာတာလဲ…????????????

 

၄ – အထူးသဖြင့် ယောကျာင်္းလေးတွေ ထင်တယ်…  ရှူ  း ရှူ  း ပေါက်ပြီးသွားရင် တကိုယ်လုံး တုန် သွားတယ်… ဘာလို့လဲ… ?????????????????

 

၅ – အခင်းကြီးသွားခါနီးရင် ဘာလို့ ဆက်တိုက် လေလည်တာလဲ… တကယ်လို့ အောင့်ထားခဲ့ရရင် ( အခြေအနေတခုကြောင့် ) ပိုပြီးလေလည်တယ်… ဘာလို့လဲ…. ?????????????

 

၆ – ထမင်းစားတာ ဖြစ်ဖြစ်၊ မုန့်စားတာ ဖြစ်ဖြစ် ဘာလို့ စားရင် တဘက်ဆို တဘက်ကို ပဲ တောက်လျှောက်စားရတာလဲ… တချို့ ဘယ်ဆို ဘယ်ပဲ… ညာဆို ညာပဲ… ?????????????

 

ရ – အထူးသဖြင့် မိန်းကလေး အလုပ်များတာ… ငရုတ်သီးဖြစ်ဖြစ်၊ ကြက်သွန်ဖြစ်ဖြစ် စပ်ရင် ခြေထောက်ကို ဘာလို့ ရေသွားလောင်းရတာလဲ… ?????????

 

 

– တော်ပြီပေါ့.. နော်… ရ ချက်လောက်ဆို ရင်… ကျေးဇူးပြုပြီး ဖြေပေးပါနော်…. 🙂

14 comments

  • ကေဇီ

    October 17, 2014 at 8:09 am

    ၁ – မသိ
    ၂- မသိ
    ၃- မသိ
    ၄- မသိ
    ၅- မသိ
    ၆ – မသိ
    ရ – မသိ

    :k:

  • Yae Myae Tha Ninn

    October 17, 2014 at 9:10 am

    ဟင်… ဘာမှ လဲ မသိဘူး… အားရစရာပဲ… 🙂

  • တောင်ပေါ်သား

    October 17, 2014 at 10:44 am

    ၁ = ည အရက်သောက်ပြီး မနက် ရေနွေးကြမ်း ပူပူခါးခါးသာသောက်သဖြင့် ရေ ချို မချို မသိပါ ၊

    ကျန် ၆ ချက် = မသိပါ

    ပုံ / မသိသူ 🙂

  • Yae Myae Tha Ninn

    October 17, 2014 at 10:49 am

    တိန်… ခက်ပြိ… ဘီသူမှလဲ ဖြေမပေးကြဘူး… 🙁
    ကြိုးစားဖြေပေး မန့်ပေးတဲ့… ကိုတောင်ပေါ်သားရေ… ကျေးဇူးပါ… 🙂

  • ဂျက်စပဲရိုး

    October 17, 2014 at 1:45 pm

    နံပတ် ၃ က
    နှာခေါင်းပေါက်ထဲမှာ အမွှေးလေးတွေ ရှိသတဲ့
    အဲ့ဒီ အမွှေးလေးတွေက လေထုထဲမှာ ပါလာတဲ့ ဖုန်မှုန့်တွေ မသန့်ရှင်းတဲ့ အရာတွေကို စစ်ထုတ်ပေးတဲ့ အရာလိုမျိုး လုပ်ပေးတယ်။
    ဒီတော့ ဖုန်မှုန့်တွေ မသန့်တာတွေက အဲ့ဒီ နှာခေါင်းထဲက အမွှေးလေးတွေ မှာ ကပ်ကျန်နေခဲ့ပြီး နှပ်ချေးဖတ် ဖြစ်လာတယ်လို့ ဖတ်ဖူးပါကြောင်း။

  • Yae Myae Tha Ninn

    October 17, 2014 at 1:55 pm

    မှန်တယ်… ဂျက်.. တကယ်လဲ ဟုတ်ပါတယ်… အဖြေတိုက်တာပါ… ကြားဖူးတာတွေ ရှိပါတယ်.. အကုန်နီးပါးအတွက် အဖြေ ရှိပါတယ်… 🙂

  • Phoe Myinttar

    October 17, 2014 at 1:56 pm

    ၁= ည အရက်သောက်ပြီး မနက်ပြန်ဖြေနေရတာနဲ့ပဲ ရေမသောက်မိပါသောကြောင့် ချိုသလားဆိုတာမသိပါ

  • အလင်းဆက်

    October 17, 2014 at 2:03 pm

    အားပါးပါးးးးပေါက်ပေါက် ရှာရှာမေးခွန်းတွေပါလား ။

    ဒါမယ့်..ရွာလူခြေတိတ်နေချိန်မှာ..
    ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းမယ့် မေးခွန်းလေးတွေ မေးကြ ဖြေကြရတာ…မို့
    တင်ဖို့ အိုက်ဒီယာရတဲ့ ကိုရေမြေ့ရေ…
    ဗရာဗိုပါ။

    :k:

    • Yae Myae Tha Ninn

      October 17, 2014 at 2:05 pm

      အရင်က တခါ ကြိုးစားဖူးတယ်.. အခုတောင် သိပ်မအောင်မြင်သေးဘူး.. ဒါတောင် လူသိနေပြိနော်.. အကို့ကို … 🙂
      အဖြေတွေက ရှိတယ်.. နောက်မှ တိုက်မယ်လေ… မှားချင်လဲ မှားနိုင်တယ်… ဒါကြောင့် အရင်မေးထားတာ… ဆက်ဆက်ရေ… 🙂

  • Yae Myae Tha Ninn

    October 17, 2014 at 2:04 pm

    ကိုယ့်ထက် ပိုဆိုးနေပါလား… ဟီး… 🙂

  • Mr. MarGa

    October 17, 2014 at 6:59 pm

    မေးထားတာက အောက်ကမေးခွန်းတွေ
    တွေးမိတာက ပို့စ်ခေါင်းစဉ်
    မဟုတ်တရုတ် ဆိုတော့
    မဟုတ်တာမှန်သမျှ တရုတ်တွေပဲ လုပ်နေတယ်လို့ ပြောချင်တာလား ဟင် 🙄
    :mrgreenn: :mrgreenn:

    • Yae Myae Tha Ninn

      October 18, 2014 at 8:37 am

      သိတယ်… ဖိုးသကြားရေ… ခေါင်းစဉ်ပေးပြီးမှ အင်း… အဲလို တွေးတော့မှာပဲလို့… 🙂

  • မြစပဲရိုး

    October 17, 2014 at 7:22 pm

    (၁) လျှာ က မျက်နှာလိုက်လို့
    (၂) နှာခေါင်း ကို နှိပ်စက်ချင်လို့
    (၃) နှာခေါင်း က ညံ့လို့
    (၄) အဲဒီ အရှေ့ပိုင်း ဟာက ကြောက်တတ်လို့
    (၅) အဲဒီ အနောက်ပိုင်း ဟာက စကားများလို့
    (၆) လက် တွေက အဆင့်ခွဲတတ်လို့
    (၇) ခြေထောက် ကို ချော့ချင်လို့

    နာ့ အဖြေ ကို မမှန် ဘူး ပြောလို့ ကတော့ နာပြီသာမှတ်။

  • Yae Myae Tha Ninn

    October 18, 2014 at 8:38 am

    ဟုတ်တယ်… အရီးရေ… မှန်ပါတယ်… သွေးထွက်အောင် မှန်ပါတယ်… 🙂
    ဟီး… ဖားထားတာ.. ဖားထားတာ.. 😀

Leave a Reply