”ကျွန်တော်”ဟာ….”ခင်ဗျား ”( I am you.)

alinsettOctober 17, 20142min17013

# ကျွန်တော်ဟာ….ခင်ဗျား #

၁)
အသွေး . . .
အသား . . .
အာရုံခံစားမှုဆိုင်ရာများ. . .

၂)
အချစ်. . .
အမုန်း. . .
ခံစားတတ်မှုနဲ ့ . . .နှလုံးသား…

၃)
လွမ်းဆွေးတတ်ခြင်း. . .
မေ့လျော့တတ်ခြင်း. . .
ပြီးတော့. . .
ကစဉ့်ကလျားဖြစ်သွားလိုက်  စနစ်ကျစွာ လှုပ်ရှားသက်ဝင်လိုက်နဲ ့ပေါ့. . .

၄)
ကောင်းကင်နဲ ့မြေကြီးကြားမှာ
တလူလူတက်နေတဲ့ အညွန့်တစ်စလို ့. . . .
ကိုယ့် ကိုယ်ကို ထင်မှတ်သူ. . .

၅)

ငါဟာ. . .

။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။

သင့်အေးရိပ်

14 / 10 / 2014 / 15 : 02

======================================

i am...you .
i am…you .

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

13 comments

  • Kaung Kin Pyar

    October 17, 2014 at 1:33 pm

    ငါဟာ…????
    တစ်ခါတစ်ခါကျတော့လဲ..မှောင်မိုက်..
    တစ်ခါတစ်ခါကျတော့လဲ..လင်းလက်…
    အေးတစ်လှည့်..၊ ပူတစ်လှည့်…
    နေရောင်တွေကို ဖြတ်သန်းရင်း..လရောင်တွေအောက်မှာ နင်းလျှောက်ရင်းနဲ့…
    ဖယောင်းတိုင်တစ်တိုင်လို….တတိတိ လောင်ကျွမ်း…
    ဒီလိုနဲ့ပဲ….
    မီးစာကုန်ခန်းတော့မယ်…

    • အလင်းဆက်

      October 17, 2014 at 1:40 pm

      တယ်ဟုတ်ပါလား…ဗျ..
      ကွန်မန့်ကိုက ကဗျာတစ်ပုဒ်ပဲ…

      ကျေးဇူး…

  • Yae Myae Tha Ninn

    October 17, 2014 at 2:41 pm

    ကောင်းပါလေ့… 🙂

  • ကေဇီ

    October 17, 2014 at 3:57 pm

    ငင်?
    ကျနော် ဟာ ခင်ဗျား ဆိုတာ ကို နားလည်ဘူးးး
    :a:
    ခုတလော ဂျား နဲ့ မမဂျီး ရှာဖွေတွေ့ရှိထားတဲ့ Hard Truth ထဲမှာ
    ကိုယ်နဲ့ထပ်တူညီခံစား နားလည် စိတ်ထားနိုင်တဲ့ နှစ်ကိုယ့်တစ်စိတ် လို့ ပြောလို့ ရတဲ့သူ
    လောကကြီးမှာ မရှိဘူး ဆိုတာ ပဲ။
    မမဂျီး ကို ငိုအောင်မလုပ်နဲ့နော်။ အော်ငိုလိုက်မှာ။

    :byee:

    😥

    • အလင်းဆက်

      October 18, 2014 at 10:31 am

      I am you . ဆိုတဲ့ သဘောလေးကို တွေးမိတယ်..မမဂျီးရေ…
      ကျနော့် ကဗျာထဲမှာ ထည့်ရေးထားတဲ့အရာတွေ အားလုံးလိုလိုဟာ…
      လူတိုင်းဆီမှာ..တချိန်မဟုတ်တချိန်…ရှိနေတတ်တာတွေချည်းပဲ…
      လူဆိုတဲ့ သဘောလေးပေါ့….
      အတူတူပဲ…ပေါ့ ။

      ၁)
      အသွေး . . .
      အသား . . .
      အာရုံခံစားမှုဆိုင်ရာများ. . .

      ၂)
      အချစ်. . .
      အမုန်း. . .
      ခံစားတတ်မှုနဲ ့ . . .နှလုံးသား…

      ၃)
      လွမ်းဆွေးတတ်ခြင်း. . .
      မေ့လျော့တတ်ခြင်း. . .
      ပြီးတော့. . .
      ကစဉ့်ကလျားဖြစ်သွားလိုက် စနစ်ကျစွာ လှုပ်ရှားသက်ဝင်လိုက်နဲ ့ပေါ့. . .

      ၄)
      ကောင်းကင်နဲ ့မြေကြီးကြားမှာ
      တလူလူတက်နေတဲ့ အညွန့်တစ်စလို ့. . . .
      ကိုယ့် ကိုယ်ကို ထင်မှတ်သူ. . .

      I am u .

      :k:

  • Mr. MarGa

    October 17, 2014 at 6:55 pm

    ကဗျာကို ဘေးက ဒါ့ပုံက ဖျက်နေတယ်

    ကျနော် ဟာ ခင်ဗျား
    ငါ ဟာ မင်း
    သူ ဟာ ငါ
    နှစ်ကိုယ့် တစ်စိတ်
    သိပ် သိပ် တူနေသလား
    သေချာပြန်တွေး
    ခပ်ဝေးဝေးက ပြန်ကြည့်
    တူတာတွေ တဖြည်းဖြည်း နည်းလာပြီး
    မတူတာလေးတွေ မြင်လာလိမ့်မယ်
    နီးလွန်းရင် ကန်းတတ်တယ်လေ…

    • အလင်းဆက်

      October 18, 2014 at 10:27 am

      ကဗျာကို ဘေးက ကောာင်ချောချောလေးရဲ့ပုံက ပံ့ပိုးပေးထားတာပါဟ

      :k:

    • pooch

      October 18, 2014 at 10:40 am

      ငါလည်း အဲ့ဒါပြောမလို့ ဘေးက ပုံက ဖျက်နေတယ်လို့ ကဗျာက ဟုတ်ပါရဲ့ နဲ့ :mrgreenn:

      • အလင်းဆက်

        October 18, 2014 at 10:45 am

        အဟွိ….
        အိုက်လို ပြောကြမှာ ရှိုးလို့….
        အပေါ်မှာာ…စာသားချည်းပဲ…ဖြည့်ပေးထားပါရဲ့.. .။

        ပုံချည်းပဲဆို.. အပြောမလွတ်လောက်ဘူးရှိုပြီးးး

        အဟီးးးးး

        ဂွစ်ဂွစ်…

        :k:

        ကဗျာက…အနော့် ကဗျာတွေကို ချစ်တဲ့သူတွေအတွက်…
        ပုံက..အနော့်ကို ကြိတ်ကြွေနေတဲ့ကောင်မလေးတွေအတွက်…

        ဂွစ်ဂွစ်…

        :k:

  • ဝင့်ပြုံးမြင့်

    October 17, 2014 at 9:50 pm

    This is YOU!
    I just can’t stop translating it. Please, let me try.
    —–
    .I am you.
    (1)
    Flesh and
    blood
    such sensational miracles.
    (2)
    Love and
    hatred
    such passion and heart.
    (3)
    Yearning,
    forgetfulness
    and then, live through them,
    sometimes disorderly,
    sometimes systemically.
    (4)
    Presuming that
    between the earth and sky,
    a promising future is nobody but me.
    (5)
    I am-

    • အလင်းဆက်

      October 18, 2014 at 10:25 am

      အင်္ဂလိပ်စာမှာက
      adjectives adverbs တွေ သတ်သတ်ချည်းရေးလို့မှ မရဘူး ။ မလွယ်ဘူး ။
      ခက်မယ် ။
      ဒီကဗျာကို အင်္ဂလိပ် ဘာသာကို ပြန်ဖို့….တော်တော် အားထုတ်ရမယ်လို့…ထင်တယ်။

      ကဗျာကို အချိန်ပေး ဖတ်ပြီး ဘာသာပြန်လေး ချရေးပေးသွားတဲ့…မျှစ်အန်တီကို ကျေးဇူး တင်ပါတယ်။

      ——–

      မျှစ်အန်တီကို မြင်မှ…
      အက္ခရာ ငါးစင်းလေး လာပေးဖို့…အကြွေးကျန်နေတာ..သတိရတယ်။

      ဒါနဲ့….
      မျှစ်အန်တီရဲ့ အမျိုးသားရဲ့ ယောက်ဖ….
      ကျန်းမာရေးအခြေအနေ ဘယ်လို ရှိလဲ… ။
      သက်သာလာ လား…
      ပိုဆိုးနေပြီလား…

      ကိုယ်တိုင်လည်း..ကျန်းမာရေး ဂရုစိုက်ပါဥိီးနော်…

Leave a Reply