– အရီးရေ… ဒါ ၅ အုပ်စာလောက်ထဲက ဟုတ်ဘူး… ခုတလော ကဗျာတွေ ထွက်နေတယ် ထင်တယ်… ရေးမိနေတယ်… ဘ၀ နဲ့ ဆိုင်တာလေးတွေပေါ့…

– ဖြစ်ချင်တဲ့ ဆန္ဒလေးရယ်… နုံချာတဲ့ ကံတရားရယ်… အားပေးတဲ့ မိတ်ဆွေကောင်းတွေရယ်… တဘက်စောင်းနင်းတဲ့ ကံကြမ္မာရယ်ကို ဖွဲ့ထားတာ…

– အားပေး မန့်ကြပါဦးနော်… :)

 

” ပြည့်စုံရပါစေသား “

 

 

အမြင့်ကို   တက်ပါမယ်ဆိုမှ

လှေကားက   မရှိ…

ကြိုးနဲ့တက်ပေါ့..  ဟုတ်သားပဲ !

ကြိုးက လျော့ရဲနေတော့ တက်ဖို့   ယုံကြည်ချက်မရှိ…..

 

ရေဆန်ကို   လှော်ပါမယ်ဆိုမှ

တက်က   မရှိ…

ရွက်တိုက်လိုက်ပေါ့..  ဟုတ်သားပဲ !

လေက ကိုယ့်ဘက်မပါတော့ ဆန်ဖို့   သတ္တိမရှိ…..

 

ခရီးတွင်အောင်   သွားပါမယ်ဆိုမှ

ကားက  မရှိ…

လမ်းလျှောက်သွားပေါ့..  ဟုတ်သားပဲ !

ခန္ဓာက ယုတ်လျော့နေတော့ လျှောက်ဖို့   ခွန်အားမရှိ…..

အဆင်ပြေမယ် ထင်ပါတယ်… နော် … :) :) :)

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...