ပြည့်စုံရပါစေသား…

ကုိ ထြဋ္October 20, 20141min1466

– အရီးရေ… ဒါ ၅ အုပ်စာလောက်ထဲက ဟုတ်ဘူး… ခုတလော ကဗျာတွေ ထွက်နေတယ် ထင်တယ်… ရေးမိနေတယ်… ဘဝ နဲ့ ဆိုင်တာလေးတွေပေါ့…

– ဖြစ်ချင်တဲ့ ဆန္ဒလေးရယ်… နုံချာတဲ့ ကံတရားရယ်… အားပေးတဲ့ မိတ်ဆွေကောင်းတွေရယ်… တဘက်စောင်းနင်းတဲ့ ကံကြမ္မာရယ်ကို ဖွဲ့ထားတာ…

– အားပေး မန့်ကြပါဦးနော်… 🙂

 

” ပြည့်စုံရပါစေသား “

 

 

အမြင့်ကို   တက်ပါမယ်ဆိုမှ

လှေကားက   မရှိ…

ကြိုးနဲ့တက်ပေါ့..  ဟုတ်သားပဲ !

ကြိုးက လျော့ရဲနေတော့ တက်ဖို့   ယုံကြည်ချက်မရှိ…..

 

ရေဆန်ကို   လှော်ပါမယ်ဆိုမှ

တက်က   မရှိ…

ရွက်တိုက်လိုက်ပေါ့..  ဟုတ်သားပဲ !

လေက ကိုယ့်ဘက်မပါတော့ ဆန်ဖို့   သတိ္တမရှိ…..

 

ခရီးတွင်အောင်   သွားပါမယ်ဆိုမှ

ကားက  မရှိ…

လမ်းလျှောက်သွားပေါ့..  ဟုတ်သားပဲ !

ခန္ဓာက ယုတ်လျော့နေတော့ လျှောက်ဖို့   ခွန်အားမရှိ…..

အဆင်ပြေမယ် ထင်ပါတယ်… နော် … 🙂 🙂 🙂

6 comments

  • kyeemite

    October 20, 2014 at 8:44 am

    .ယုံကြည်ချက် ရှိပြီးသတ္တိနဲ့ ခွန်အားမရပ်မနားပဲ ကြိုးစားနိုင်ပါစေ :))

  • Yae Myae Tha Ninn

    October 20, 2014 at 8:51 am

    ကျေးဇူးပါ.. ဦးမိုက်ရယ်… ပေးတဲ့ဆု နဲ့ ပြည့်ပါရစေ… 🙂

  • မမချွိ

    October 20, 2014 at 9:17 am

    အမြင့်ရောက်ဖို့ လှေကားရယ် ကြိုးရယ် မရှိရင်
    မိုးပျံပူဖောင်းနဲ့ တက်။

    လှော်ဖို့ တက်မရှိ ရွက်မရှိရင်
    လက်နဲ့ လှော်

    ကားလည်းမရှိ လမ်းလည်း မလျှောက်နိုင်ရင်
    ဆိုက်ကားငှါး စီး လေ။

    :mrgreen:
    ဟိဟိ။

    ဘာပဲ ပြောပြော ပြည့်စုံပါစေ

  • Yae Myae Tha Ninn

    October 20, 2014 at 9:38 am

    ရတယ်လေ… ရန်ကုန် ပြန်လာရဲ ပြန်လာကြည့်… စ လုံးကို မိုးပျံပူဖောင်းနဲ့ ပြန်လွှတ်မယ်.. ကြည့်နေ… 🙂

  • Kaung Kin Pyar

    October 20, 2014 at 10:06 am

    ကောင်းကင်ပြာလဲ…တစ်ခါတစ်လေ အားလျော့မိပါရဲ့….။
    ဒါပေမယ့်..နောက်ပိုင်းတော့ အားတင်းဖြစ်တယ်…။ လဲတာတော့ လဲမှာပဲ…၊ နာလို့ ညည်းလဲ ညည်းခဲ့တယ်…။
    ပြန်တော့ ထူမတ်ရမှာပဲမဟုတ်လား..ကိုထွဋ်ရေ…

  • Yae Myae Tha Ninn

    October 20, 2014 at 10:18 am

    ဟုတ်တယ်ဗျ… အဲအတွက် ကဗျာ တပုဒ်ရေးထားသေးတယ်.. ဆေးခါးကြီးတဲ့.. တကယ်တော့ ခက်ပင်ခက်သော်လဲ လို့ နာမည် ပေးမို့ ပဲ.. ကြွေလွင့်ပန်း နဲ့ ဆင်တူဆိုတော့ အားနာလို့… နောက် ၂ရက်လောက်ဆို တင်မယ်… ရှက်ဂျူ း ပေးထားတယ်… ပို့စ်နည်းတဲ့ ရက် အားဖြည့်ပေးမို့… 🙂

Leave a Reply