သိဘို့ပဲလိုအပ်ပါတယ်

aye.kkOctober 17, 20141min10212

တိမ်တွေဆိုတာ
လိုရာသရုပ်ကို
အလိုလိုခြယ်သနိုင်တယ်
ပြီးတော့လည်း
ပျောက်ဆုံးပျက်ပြယ် သွားတာပါပဲ။
အတွေးဆိုတာလည်း
တိမ်တွေလိုပါပဲ…….
တွေးနေတာလေးကို
တကယ်သိဘို့ပဲ လိုအပ်ပါတယ်။။

12 comments

  • aye.kk

    October 17, 2014 at 11:49 am

    သိလဲမသိ
    သိဖို့မကြိုးစား
    မသိဗဲနဲ့
    သိသူဂိုပုတ်ခတ်
    အသိခေါက်ခက်အဝင်နက်
    သိပ်သိလှဗီထင်နေတဲ့
    သောက်သဂျီး..

  • aye.kk

    October 17, 2014 at 11:59 am

    အင်းဖုန်းနဲ့တင်ရတဲ့ဒုက္ခ
    အတိုအရှည်ခက်လှသည်

  • အလင်းဆက်

    October 17, 2014 at 1:23 pm

    စိတ်ကိစ္စ ကဗျာလေး…
    ကြိုက်လိုက်တာ.. ။
    တိုတိုထိထိမိမိလေး…

    ——

    ဒါနဲ့..ချယ်သ လို့ မရေးပဲ..ခြယ်သ လို့ ရေးရင် ပိုကောင်းမလားလို့…
    ဒါပေမယ့်..ကဗျာပဲလေ..နော်..
    သဒ္ဒါမှ မဟုတ်တာ.. ။

    :k:

  • aye.kk

    October 17, 2014 at 1:45 pm

    ဟုတ်ပါ့ အလင်းဆက်ရေ
    ကျေးကျေးပါနော်။

  • Kaung Kin Pyar

    October 17, 2014 at 3:11 pm

    တိမ်တွေလိုဆိုလို့…ငယ်ငယ်ကဖြင့်..တိမ်တွေကြည့်ရင်း…ဘာပုံလဲ ဖော်ဖူးတယ်..။ (ခုလို အသက်အရွယ်ရလာတော့..ဒါစိတ်ကူးယဉ်ပြီး အချိန်ဖြုန်းတာ သက်သက်ပဲလို့..တွေးမိလာပြန်ရော..)
    ရှမ်းပြည်ဘက်မှာ အိမ်အပြင် အရိပ်ထဲ ခုံလေးချရင်း…ကောင်းကင်ကြီးမော့မော့ကြည့်…
    အဲ့ဒီကတည်းက နွေရာသီရဲ့ ကောင်းကင်ပြာကို အတော်သဘောကျသွားခဲ့တာကလား…

  • kyeemite

    October 17, 2014 at 3:19 pm

    .အင်ကွန်မန့်တွေရောနေတယ် အန်တီအေးရေ :k:

  • ကေဇီ

    October 17, 2014 at 3:59 pm

    တွေးနေတာတွေ မသိလိုက်ပဲ အဆုံးမရှိ တွေးရင်းတွေးရင်း
    အတွေးထဲမှာ လူသတ်မိပါရောလား အန်တီအေးရယ်။
    ငိုဗျဇီ..!!

    😥

  • မြစပဲရိုး

    October 17, 2014 at 7:58 pm

    အစ်မအေး ငယ်ဘဝ အတွေ့အကြုံ လေးတွေ မျှပါဦးလေလေ
    စိတ်ဝင်စားဖို့ကောင်းသလို ဖတ်လို့လဲ ကောင်းလို့ပါ။
    အစ်မ Account မှာ ကြောင်ကြီး ဝင်ရေးနေတာ ဆို။
    ဟုတ်လားဟင်။ :))

  • kyeemite

    October 18, 2014 at 1:12 pm

    .ပထမဆုံးကွန်မန့်က ကြောင်သေးနံ့ မနံဘူးလား :k:

  • aye.kk

    October 18, 2014 at 3:31 pm

    Kaung Kin Pyar
    စွဲလန်းတဲ့အာရုံ ဆိုတာ..
    အဆိုးဘက်ကိုတွန်းပို့တာ
    လျင်​မြန်​ လွန်းတာမို့ပါ။

    Kyeemite
    ကြောင်ကြီးကအခက်ခဲမှန်ရင်
    မနေတတ်သူမို့…ဝင်ကူရင်း။

    ကေဇီ
    တော်သေးတာ အတွေးထဲတင်
    သိလိုက်လို့…။

    မြစပဲရိုး

    ကျေးကျေးပါ အစ်မအခါအားလျှော်စွာ
    အခြေအနေအရ မျှဝေပါ့မယ်။

  • ဦးကြောင်ကြီး

    October 20, 2014 at 3:17 am

    ဦးမာမွတ်က အတော်ဆိုးဗုံ ယတယ်နော်….

  • aye.kk

    October 21, 2014 at 4:43 pm

    နီတာကိုနီတာလို့မှတ်တယ်
    ကောင်းတယ်ဆိုးတယ်လို့ မမြင်တတ်တော့
    စိတ်မှာရှင်းလို့နေတာ အဲဒါလေးပြောပြပါရစေ။။

Leave a Reply