လူတွေနဲ့ဝေး ဝေး ~~ဝေးတဲ့နယ်မြေ (သဘာဝရိပ်သာ)

ေမာင္ရိုးOctober 21, 20143min50546
IMG_20141012_123538
ရွာသားဟောင်းကြီး TrueAnswer မှ အန်တီဝေနှင့်အဖွဲ့အား ရှင်းလင်းပြသစဉ်

 

## သဘာဝရဲ့ ရင်သွေးငယ်တွေ ~~

 

 

 

ဒီခရီးကိုစတင်ထွက်လာတုန်းကတော့ တာဝန်ဝတ္တရားတစ်ခုကိုကျေပွန်အောင်

ဆောင်ရွက်ခြင်းမျှသာ …………

 

သို့သော် … မြင်ရ ကြားရ နာယူမိပြန်လေသောအခါ ဤသို့ ဆောင်ရွက်ခွင့်ရသည်ကိုပင်

အထူးကျေနပ်နေမိပြန်တော့သည် ။

ဒီခရီး၏ အစသည် ဘယ်ကစတင်ဖြစ်ပေါ်လာရပါသနည်း ဟု ဆိုပါလျှင် .………

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

သဘာဝရိပ်သာနှင့် ရိပ်သာဆရာတော်အကြောင်းကိုတော့ ကြားဖူးနေသည်မှာကြာခဲ့ပါပြီ ။

အထွေထွေသောအကြောင်းများကြောင့် တစ်ခါမှ မရောက်ခဲ့ဖူးပါ ။

ယခုသော် ကိုယ်တိုင်ကိုယ်ကျ သွားရောက်စရာအကြောင်းက မဖြစ်မနေဖန်ခဲ့လေတော့သည် ။

ပြီးခဲ့သော စက်တင်ဘာလက ဦးကျောက်ခဲ မြန်မာပြည်သို့တစ်ခေါက်ပြန်လာခဲ့လေသည် ။

သူနဲ့တွေ့ဆုံစဉ် သဘာဝရိပ်သာသို့သွားရောက်၍အလှူကိစ္စစုံစမ်းမည်ဖြစ်ကြောင်း ၊ သိန်း ၂ဝ မ, တည်အလှူရှင်တစ်ဦးမှ သူ့အား ကမ ကထ လုပ်ပေးရန် အကူညီတောင်းထားပါကြောင်း ၊ ထို့ကြောင့် ရောက်ဖူးသည့် ရွာသူ အန်တီဝေအား အကူအညီတောင်းပြီး သွားရောက်ပါမည့်အကြောင်း စသည်ဖြင့် ပြောမိကြသည် ။

 

ထို့နောက် ထိုရိပ်သာဆရာတော်၏ ဒကာရင်းလည်းဖြစ် တပည့်ရင်းလည်းဖြစ်လေသော ကိုစိုးဝင်းထွဋ် ( True Answer) နှင့်ဆက်သွယ်မိသည် ။

သို့သော် .…… ကျနော်နှင့် ဦးကျောက်တို့ မသွားဖြစ်ခဲ့ပါ ။

အန်တီဝေတစ်ယောက် မုံရွာခရီးစဉ်လှည့်နေသော ကြောင့်ဖြစ်လေသည် ။

ဦးကျောက်ခဲ ပြန်သွားချိန်တွင် ၎င်းတာဝန်သည် ကျနော့်အပေါ်လုံးလုံးလျားလျားရောက်လာခဲ့ပါတော့သည် ။

 

~~~~~~~~~~~~~~~~~~~~~~~~

 

နိုဝင်ဘာလ၏ တစ်ခုသော သောကြာနေ့တွင် အန်တီဝေနှင့်အဆက်အသွယ်ရပါသည် ။

ထို့နောက် တနင်္ဂနွေနေ့တွင် သွားရောက်ကြရန် ကမန်းကတမ်းစီစဉ်လိုက်ကြပါတော့သည် ။

 

ဤသို့ဖြင့် …… အဘဆွေ ၊ အမတ်မင်း ၊ မောင်ဂီ ၊ အန်တီသဲနုအေး ၊ အန်တီဝေတို့ဖြင့် နီးစပ်ရာချောဆွဲခေါ်ရင်း သွားဖြစ်ခဲ့ကြသည်။

ခရီးစဉ်အစအဆုံးကိုတော့ မာတလိအဘဆွေမှ စီးတော်ယဉ်စီစဉ်ပေးမှုဖြင့် အဆင်ပြေချောမွေ့ခဲ့ပါသည် ။

သဘာဝရိပ်သာတွင် ကိုစိုးဝင်းထွဋ် မှအသင့်စောင့်ကြိုနေခဲ့သည် ။

ထိုနေ့က နေ့လည်စာကို ကိုစိုးဝင်းထွဋ်အစီစဉ်ဖြင့် ရိပ်သာတွင်စားခဲ့ကြရသည် ။

ပြီးနောက် …… နေပူပူ မိုးရွာရွာတွင် ရိပ်သာဝန်းအတွင်း လိုက်လံပြသ ၊ ရှင်းပြပါတော့သည် ။

 

 

အဆောင်ပေါင်းများစွာထဲက စောင့်ရှောက်ခံ ဘိုးဘွားများနှင့်လည်း အနည်းငယ်စကားစမြည်ပြောဖြစ်ခဲ့သည် ။

ကျနော်တို့ ဓာတ်ပုံရိုက်ခွင့်တောင်းသောအခါ ဝမ်းမြောက်စွာခွင့်ပြုလေသည် ။

ကျနော်တို့လာရောက်သည်ကိုပင် ဝမ်းသာကြည်နူးနေလေသည် ဟု ……… ။

အများစုသော ဘိုးဘွားတို့မှာ စွန့်ပစ်ခံများဖြစ်ကြသည် ။

အကယ်၍သာ ထိုရိပ်သာသို့မရောက်ခဲ့ပါက သူတို့၏နေဝင်ချိန်သည် အတော်ပင် ဆိုးဝါးပါလိမ့်မည် ။

လူ့အသိုင်းအဝိုင်း၏ အပယ်ခံနေရာ ၊ ဆွေမျိုးညာတကာများ၏ ဥပေက္ခာပြုထားရာနေရာ ၊ စားရမဲ့မဲ့ သောက်ရမဲ့မဲ့ နှင့် ခိုနားစရာ အရိပ်အာဝါသကင်းမဲ့တဲ့ နေရာတွေမှ အကျည်းတန်နေဝင်ချိန်အစား ………ယခုအခါ ဆရာတော်နှင့် အလှူရှင်တချို့ကြောင့် အတန်ငယ်သက်တောင့်သက်သာရနေပေတော့သည် ။

 

ပြီးပြည့်စုံသည်တော့မဟုတ် ။

လိုအပ်ချက်များစွာ ရှိနေပြန်သေးရာ ထိုထိုသော လိုအပ်ရာရာတို့အားဖြည့်ဆည်းချင်သော ဆန္ဒအားဖြင့် ပုပ္ဗစေတနာများ ပေါ်ပေါက်ခဲ့ပြန်တော့သည် ။

ကုသိုလ်ကောင်းမှုပြုစရာကြုံပါက ခင်မင်ရာမိတ်ဆွေများကို သတိရတတ်သည့်အားလျော်စွာ ဂဇက်ရွာအတွင်းမှ ညီအစ်ကိုမောင်နှမများအား အသိပေးလိုကြောင်းတိုင်ပင်မိပြန်လေသည် ။

 

ဂဇက်ရွာအတွင်း အသိမပေးမှီကပင် သူ့လက်တို့ ကိုယ့်လက်တို့ဖြင့် သိသောသူများမှ အလှူငွေများထည့်ဝင်လာကြသည်မှာ သိန် ၃ဝ နီးနီးခန့် ရှိနေပြီဖြစ်ရာ အထူးပင်အားတက်မိပြန်၏။

လှူရေးတန်းရေး လက်မနှေးလှသော ရွာသူားများသည်ကား မသွားမှီကရောက်နှင့်သည့်နှယ် သူ့ထက်ငါ အလုအယက်စာရင်းပေးထားကြလေပြီ ။

ကောင်းလေစွ ။ ဂဇက်ရွာသူားတို့၏စေတနာကား တုနှိုင်းဖွယ်မရှိလေတော့ပြီ ။

မည်သို့ မည်ပုံ စီစဉ်ကြမည်ဟု မဆုံးဖြတ်ရသေးမှီ ၊ အလှူခံစာရင်းမှတ် ပို့စ်မတက်သေးမှီ ရပ်ဝေးရပ်နီးများမှ ထည့်ဝင်လာကြသည်မို့ ကြည်နူးဝမ်းမြောက်စွာပင် သာဓုခေါ်မိပါတော့သည် ။

 

သာဓု ……… သာဓု ………… သာဓု ………

 

 

 

မှတ်ချက် ~~~~

 

အလှူငွေ မည်မျှရမည်ဟု မသိနိုင်သဖြင့် မည်သို့လှူရန် မဆုံးဖြတ်နိုင်သေးသော်လည်း

အကယ်၍ …… သီးသန့် အဆောင် (ကြွက်လုံဆောင်) ဆောက်မည်ဆိုပါက ပေ၂ဝ ပတ်လည်ကို ၆၅ သိန်း ခန့်ကျမည်ဟု သိရပါကြောင်းးးး ။

ဖြစ်မြောက်လာခဲ့ပါက မန်းဂဇက်ရွာသူားများကမ္ဗည်းထိုး၍ သတိယတိုင်း မြင်မိတိုင်း ကုသိုလ်ပွါးနေမည်ဖြစ်ပါကြောင်းးးး ။

အဆောက်အအုံ နေရာထိုင်ခင်းအလှူဖြစ်သော်ငြား ဘိုးဘွားတို့၏ ကျန်းမာရေး နှင့် အန္တရယ်ကျရောက်ဖွယ်ရာတို့ကို စောင့်ရှောက်ရာဖြစ်သဖြင့် ဇီဝိတအလှူပင် မြောက်ပါကြောင်းးး ။

ထိုမျှမက သက်တောင့်သက်သာ ပွါးများအားထုတ်ရာဖြစ်နိုင်သဖြင့် ထူးမြတ်သော ကုသိုလ်ပင်ဖြစ်ပါကြောင်းး ။

 

 

 

 

လေးစားလျှက်

မောင်ဆာမိ

 

 

 

 

 

 

 

 

 

 

 

 

 

IMG_20141012_131122
မိုးတွေ ရွာနေသော်လည်း

 

IMG_20141012_133709
နင်လားဟဲ့ လောကဓံ (အဖွါးကတော့ စကားတွေပြောပြီးပြုံးလို့)

 

IMG_20141012_124012
လေဖြတ်နေသူများအဆောင်

 

IMG_20141012_132759
ယမန်နေ့က ထွက်ခွါသွားလေသူ HIVနဲ့ကင်ဆာဝေဒနာရှင်ရဲ့ယူမသွားနိုင်တဲ့ပစ္စည်းတွေ

 

 

IMG_20141012_132831
အရက်စွဲနေသူတွေအတွက် သီးသန့်ဆောင်

 

IMG_20141012_140907
တစ်နေ့တာကုန်ကျစားရိတ်

 

 

IMG_20141012_141629
ဆရာတော်နှင့် စကားစမြည်

 

IMG_20141012_141033
ဦးစွာပထမ  ပဏာမအလှူ

 

 

 

 

 

 

 

46 comments

  • Ko chogyi

    October 21, 2014 at 5:33 pm

    ဘကြီးကျောက်စ် အလှူခံမဏ္ဍပ်ဆောက်မယ်ဆုိုလုို့
    စောင့်နေတာ အခုုထိလည်း ဘာသံမှ မကြားပါလား

    • ဦးကျောက်ခဲ

      October 21, 2014 at 7:10 pm

      အလှုခံပါမယ် ကိုချိုရေ… ရှေ့လာမည့် အပတ်မှာ တင်ပါ့မယ်…
      ဘယ်အကောင့်ကို ငွေပို့လို့ရမယ် ၊ အစီအစဉ်ဘယ်လိုဆိုတာ အသေးစိတ်ပါ ပါ့မယ်…
      ထုံးစံအတိုင်း ကျနော်တို့ဂဇက်မိသားစုတွေ ဝိုင်းဝန်းလိုက်ကြတာပေါ့… ကျေးဇူးပါခင်ဗျာ…

      • Yae Myae Tha Ninn

        October 22, 2014 at 1:52 pm

        ဦးဆာ၊ ဦးကျောက်… အနော်က ပိုက်ဆံ သိပ်မတတ်နိုင်လို့… ရုံးမှာ လိုက်ကောက်ချင်တယ်… ရမလား… တယောက်နည်းနည်း ဆိုသော်လဲ… မဆိုးဘူး ဟု ထင်ပါသည်… 🙂

        • မွသဲ ( 17082011 )

          October 22, 2014 at 5:48 pm

          ဟုတ်ရပါတယ်။ မည်သူမဆို ကုသိုလ်ယူပါဝင်လှုဒါန်းနိုင်ပါတယ်။

        • surmi

          October 23, 2014 at 12:16 pm

          အခုလို တက်တက်ကြွကြွ ပါဝင်ကြမယ်ဆိုတာ သိရတော့ အထူးကို ကျေးဇူးလည်းတင်ဝမ်းလည်းသာတယ်ဗျို့ ။
          မကြာမှီ ဦးကျောက် ပို့စ်တင်တော့မှာပါ ။
          ကျနော် Reply နောက်ကျနေတာခွင့်လွှတ်ကြပါဗျို့

  • မမချွိ

    October 21, 2014 at 5:50 pm

    ဦးစွာ ပထမ အလှူအတွက်ရော
    လိုက်ပါ လုပ်အားတွေ အတွက် ရော သာဓု သာဓု သာဓု။

    • surmi

      October 23, 2014 at 12:18 pm

      အမျှ အမျှ အမျှ 🙂
      .
      .
      အခုလို စောလျှင်စွာကူညီအားဖြည့်ပေးထားတာသိရလို့ ကျေးကျေးဗျို့

  • မွသဲ ( 17082011 )

    October 21, 2014 at 6:22 pm

    အဲ့ဒီအလှုအတွက် ကြည်နူးမှု့အပြည့်နဲ့ရင်ခုန်နေပါတယ်။ အခုသတင်းအရ ကျွန်မတို့မျှော်မှန်းထားတဲ့ပမာဏထက်အများကြီးပိုနိုင်ဖွယ်ရှိတာမို့ ကြည်နူးမိပါတယ်

    • surmi

      October 23, 2014 at 12:21 pm

      ရည်မှန်းထားတဲ့အတိုင်း ဆောင်ရွက်နိုင်ပါစေလို့ဆုတောင်းပါတယ် မသဲနုရေ ။
      ဖြစ်မြောက်မယ်လို့လည်း ထင်မိပါတယ်

  • Ma Ma

    October 21, 2014 at 9:53 pm

    ဒီနှစ် တွေ့ဆုံပွဲတော့ အဓိပ္ပါယ်ပြည့်ဝပြီး ဝမ်းသာစရာကောင်းမှာမို့ မလိုက်ဖြစ်မှာတောင် စိုးရိမ်နေမိတယ်။
    လူကိုယ်တိုင်လိုက်ပါနိုင်အောင် ကြိုးစားပါမယ်။
    မလိုက်နိုင်ရင်တောင် အလှူတော့ ပါဝင်ပါ့မယ်။

    • surmi

      October 23, 2014 at 12:24 pm

      အလှူကတော့ ပါဝင်မယ်ဆိုတာယုံပြီးသားအန်တီမမရေ ။
      လူ လိုက်ဖြစ်နိုင်ဖို့ဘဲမျှော်လင့်ပါတယ် ။
      ဂိုဏ်းချုပမ အာတီဒုံလည်းလိုက်မယ်ဆိုတော့လေ :mrgreen:

  • Mr. MarGa

    October 22, 2014 at 9:05 am

    အားခဲထားသည်
    လှူရန် လိုက်ရန် အတွက်

    • surmi

      October 23, 2014 at 12:25 pm

      သဂျား မပါလို့မဖြစ်
      .
      .
      မလာရင် သေပြီမှတ် ဟွင်းဟွင်း :mrgreenn:

  • Yae Myae Tha Ninn

    October 22, 2014 at 9:27 am

    ကိုဆာရေ… အနော့်ကိုလဲ ခေါ်နော်… ငွေအား နည်းရင်တောင် လုပ်အားတော့ ကူမယ်… ဗလနည်းနည်းတောင့်တော့ မ စ ရာ ရှိတာပြော… ဝိုင်း မ .. ဝိုင်းသယ်ပေးမယ်… 🙂

    • surmi

      October 23, 2014 at 12:29 pm

      မကြာခင် ဦးကျောက် ပိုစ်တင်လိမ့်မယ် ကိုထွဋ်ရေ
      အဲဒီမှာ ရက်အတိအကျဆွေးနွေးပြီးရင်
      ကိုထွဋ်လည်း စီစဉ်ထားလို့ရတာပေါ့ဗျာ ။
      အားဖြည့်ကူညီပေးတာကျေးကျေးနော

  • အလင်းဆက်

    October 22, 2014 at 10:35 am

    ကြည်နူးပျော်ရွှင်စရာ..အလှူမင်္ဂလာပွဲကြီးဖြစ်မှာ….

    • surmi

      October 23, 2014 at 12:30 pm

      မောင်ရင် အလင်းဆက် စိတ်ဝင်စားရင် မင်ဂါပါဆောင်ပေးမယ်လေ :kwi:

  • Novy

    October 22, 2014 at 10:51 am

    ကိုရင်ဆာမိရေ.. ကုသိုလ်ရေးမို့ တွေးပြီးပျော်နေမိပါတယ်ရှင်

    • surmi

      October 23, 2014 at 12:31 pm

      အဟမ်းးး
      အန်တီနိုဗွီ အတွက် စာရင်းတေးထားလိုက်မယ်နော။
      လိုက်ဖြစ်ဖို့မျှော်လင့်ပါတယ်ဗျားး

  • weiwei

    October 22, 2014 at 11:26 am

    အရက်စွဲနေသူတွေကို သီးသန့်ထားတဲ့အဆောင်ကိုတွေ့တော့ အရက်သမားသမဂ္ဂဝင်တွေကို သတိရမိသေးတယ် … 🙂

    မကောင်းကျောင်းပို့ဆိုတဲ့ ဆိုရိုးအတိုင်း ရိပ်သာကိုလာပို့ထားတဲ့ ဂီလာနတွေနဲ့ အဖိုးအဖွားတွေကို တွေ့တဲ့အခါ ဆရာတော့်ရဲ့ စေတနာ မေတ္တာကို လေးစားမိပါတယ် ..
    လူဖြစ်လျှင်ပြီးရော မည်သူ့ကိုမဆို လက်ခံ စောင့်ရှောက် ပြုစုပေးနိုင်သော နေရာတစ်ခုမို့လို့ မြင့်မြတ်သော နေရာဌာနတစ်ခုဖြစ်ပါတယ် ..

    • surmi

      October 23, 2014 at 12:35 pm

      အို နာ သေ အလွယ်ပြောနေမိပေမယ့်
      သူတို့ကိုတွေ့မှဘဲ အိုတဲ့အခါ သာသာယာယာလေးအိုချင်လာမိတယ် ။
      တကယ်တော့ ဘယ်ပုံစံအိုရမယ်ဆိုတာ မပြောနိုင်သေးဘူးလေ ။
      အဲဒီလိုတွေးမိရင် ဒီလိုကူညီအားဖြည့်လှူတန်းရတာအတွက် ပိုပြီး ကြည်နူးမိပါတယ်

  • ဦးကြောင်ကြီး

    October 22, 2014 at 11:59 am

    ဘာမှ လှူ မည် ညာမှ လှူ မည်၊ ဘာတော့ မဖြစ်ရ ညာတော့ မဖြစ်ရ.. ဘာဖြစ်မှာပဲ ညာဖြစ်မှာပဲ သတ်မှတ်ချက်၊ အစွဲအလန်းနဲ့ လှူ တဲ့ အစဉ်အလာကနေ ခွဲထွက်လို့ မလှူ ခင်၊ လှူ ဆဲ၊ လှူ ပြီး ပုဗ္ဗစေတနာ သုံးတန်ပြဌာန်းတဲ့ မြတ်သောအလှူ ဖြစ်နိုင်ဖို့ ကာယ၊ ဝစီ၊ မနော သုံးပါးစလုံး စွန့်ခြင်းမျိုးဖြင့် အမှာကံ ကျနော်၊ ကျမတို့ ဒါနဉ္စ လှူ ဒါန်းမည်ဟု ဘန္ဒေ အရှင်ဘုရား ဝန္ဒာမိ ဝန်ခံပါ၏ တောင်းပန်ပါ၏ လျောက်ထားပါ၏… ငါကွ။

    သူတော်ဆင် ကြောင်ကြီး

    • weiwei

      October 22, 2014 at 12:09 pm

      သာမီးလေးဒွေက သုူတော်ဆင် ကြောင်ကြီးကို မြင်ဖူးချင်တယ်တဲ့ … 🙂

      • surmi

        October 23, 2014 at 12:38 pm

        ကြောင်သာ ပါလာလို့ကတော့ဗျာ
        ဘာပြောကောင်းမလဲ ရွာသူတွေလက်ချက်နဲ့ ကြောင် ငပိထောင်းဖြစ်သွားမှာ :mrgreen:

  • မြစပဲရိုး

    October 22, 2014 at 3:40 pm

    အလှူပွဲ စရင် ရွာ့ ညီအစ်မ များ က တစ်ဆင့် ပူးပေါင်းပါမဲ့ အကြောင်း။
    အာ့လာပြောတာ။ :))

    ဒီကမ္ဘာမှာ စစ်၊ စစ်၊ စစ် မဖြစ်ရာမြေ
    တနေရာ ရှိ၊ ရှိ ရှိရမယ်လေ..
    ထာဝရငြိမ်းချမ်းမှု ရှာကာ ပျော်ရွှင်နေ
    သဘာဝရဲ့ ရင်သွေးငယ်တွေ..

    လို့ ဆိုနေပေမဲ့ အားတော့ နာပါတယ် ကဆာမိ ရယ်။
    သို့ပေသည့်
    ဟိုဘက်မှာ သူကြီး နဲ့ လေစစ်ပွဲ နွှဲလိုက်ဦးမယ်။ lol:-))

    • surmi

      October 23, 2014 at 12:42 pm

      ဝမ်းမြောက်ဝမ်းသာကျေးကျေးဗျို့ အရီးခင်ဗျ 🙂
      အရီးတို့ပါ ဝင်ရောက်အားဖြည့်မယ်ဆိုတော့ အထူးကိုအားရစရာပါဘဲ ။
      အဲဒီသဂျီးက်ိုကောင်းကောင်းဆုံးမပါဗျို့
      :mrgreen:

  • မြစပဲရိုး

    October 22, 2014 at 8:27 pm

    နာရေးကူညီမှုအသင်း-ရန်ကုန် added a post from October 21 to their timeline.

    ၂၁.၁ဝ.၂ဝ၁၄ ရက်နေ့တွင် ဒေါ်ပု အသက် (၉ဝ) နှစ်ခန့် အမေအိုကြီးအား ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ရ ရပ်ကွက်၊ စမ်းချောင်းကျောင်းလမ်းတွင် စွန့်ပစ်ခံထားရသည့်အတွက်
    ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များသည် သွားရောက် ကြည့်ရှုစစ်ဆေး မေးမြန်းမှုများ ပြုလုပ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တစ်ညတာ ခိုလှုံ့ခွင့်ပေးခဲ့သည်။
    ၂၁.၁ဝ.၂ဝ၁၄ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အရေးပေါ်ကယ်ဆယ်ရေး ဌာနသို့ ဆက်သွယ်လာခဲ့သည့်အတွက် တာဝန်ကျအဖွဲ့ဝင်များ သွားရောက်၍ အမေအိုကြီး ဒေါ်ပုအား သန်လျင်မြို့ရှိ “သဘာဝတရားရိပ်သာ” သို့ ပို့ဆောင် ကူညီဖေးမခဲ့သည်။

    • weiwei

      October 22, 2014 at 8:41 pm

      ဆရာတော်က သွားရင်းလာရင်း လမ်းပေါ်မှာ ဒုက္ခရောက်နေတဲ့သူတွေ (အသက်ကြီးကြီး ငယ်ငယ်) ကို သဘာဝတရားရိပ်သာကို လိုက်ချင်လားလို့မေးပြီး လိုက်ချင်တဲ့သူအားလုံးကို ခေါ်လာလေ့ရှိပါတယ်။
      တစ်ချို့လူတွေကလဲ လမ်းမှာဒုက္ခရောက်နေသူတွေ့ရင် သဘာဝတရားရိပ်သာမှာ နေချင်လားလို့မေးပြီး ခေါ်လာပြီး လာပို့သွားသူတွေလဲရှိတယ်။
      အခုလိုမျိုးပေါ့ …

      ရိပ်သာတည်ထောင်တဲ့ ၆ နှစ်အတွင်းမှာ ရိပ်သာမှာတင် သေဆုံးသွားသူ (၃၃၀) ဦးအထက် ရှိပါပြီ …

      • surmi

        October 23, 2014 at 12:44 pm

        ကျနော်လည်း တခါတရံ အဲဒီလိုခိုကိုးရာမဲ့ဘိုးဘွားတချို့တွေ့ဖူးတယ် ။
        ဒီတခါတွေ့ရင်တော့ ရိပ်သာကိုပို့ပေးလိုက်မယ်စိတ်ကူးပါတယ်

    • surmi

      October 23, 2014 at 12:46 pm

      သွားတဲ့နေ့ကတည်းက ခေါ်မလို့။
      အပြောင်းအရွှေ့လုပ်နေတယ်ဆိုလို့လေ ။
      နှစ်ယောကလုံး မပါမဖြစ်နော 🙂

  • padonmar

    October 23, 2014 at 9:16 am

    လောလောဆယ် ၁သိန်းအလှူထည့်ပါမယ်။ ထုံးစံအတိုင်း အန်တီမမနဲ့အတူ သာဝကတွေကို နှိပ်စက်အလှူ ခံပေးပါမယ်။

    • surmi

      October 23, 2014 at 12:51 pm

      သာဓုပါ ဂိုဏ်းချုပ်ကြိီးခင်ဗျ သာဓု သာဓု :mrgreen:
      အခုလို အော်မေ့တစ်ဂိုဏ်းလုံး ပါဝင်ကူညီကြမယ်ဆိုတော့
      အတိုင်းမသိ ကြည်နူးဝမ်းမြောက်မိပါရဲ့ခင်ဗျ 🙂
      ကျေးကျေးဗျို့

  • မမချွိ

    October 23, 2014 at 12:37 pm

    အမွ တွေ စာရင်း ရေ ထားတယ်။
    ကျန်ရင် ဖြည့်ပေးပါ ဦးဗျို့
    :k:

    မွသဲ
    မွဝေ
    မွအိ
    မွနို
    မွမှီ
    မွမွ
    တီဒုံ
    မွဆူး

    ဒါနဲ့ ဟို သိန်း ၃ဝ အလှူရှင်ဘက်က လာ စရာ အမွ ရှိသေးလားးးး
    မထင် ဟင်ဟင်ဟင်ဟင်

    :kwi:

    • surmi

      October 23, 2014 at 12:53 pm

      ရှူးးးး တိုးတိုး 🙂
      .
      .
      . အကြောင်းသိတွေခြင်းကွယ်
      :kwi:

    • မွသဲ ( 17082011 )

      October 23, 2014 at 9:02 pm

      သူကတော့ကိုယ်တိုင်မွနေဒါဘာဘဲ :mrgreen:

  • မှတ်မှတ်ရရ 2-7-2011 တုံးကမဝေ ရဲ့ အဖေက လိုက်ပို့ လို့ ကိုနေချား မမာ မမ မဝေ ကျနော် နဲ့ မဒမ်ပေါက်တို့ တစ်ခေါက်ရောက်ခဲ့ဘူးပါတယ်။

    အငြိမ်နဲ့အရွှေ့ဆိုပြီး ဆောင်းပါးတင်ခဲ့ဘူးပါတယ်။

    အဲ့နေရာလေးကို အခု လှူဒါန်းခွင့်ရမယ်ဆိုတော့ ဝမ်းသာပါတယ်။

    • surmi

      October 23, 2014 at 7:23 pm

      ဖြစ်နိုင်ရင် အစ်ကိုကြီးကိုပေါက်ကိုယ်တိုင်လာစေချင်တယ်ဗျို့ ။
      🙂

    • ကျနော်တို့သွားတုံးက ရွာတော်ရှင် ဆူး လဲ ပါတယ် ကျနော်ရေးတာကျန်နေခဲ့လို့ဖြည့်ရေးပေးတာပါ

  • kyeemite

    October 24, 2014 at 8:20 am

    .နောက်ကျနေတာဆောရီးပါဗျာ..ဒီအပါတ်ထဲမှာ နိုင်ငံခြားသားဧည့်သည်နဲ့နှစ်ပါးသွားနေရသမို့..ရွာမဝင်နိုင်..
    .ထုံးစံအတိုင်းတတ်အားသရွေ့လှူ ပါမည်ခင်ဗျား…အလှူဖြစ်မြောက်အောင်ဆော်ဩပေးသူ
    .ရွာသူားများ သာဓု သာဓု သာဓုပါဗျား 🙂

    • surmi

      October 24, 2014 at 9:26 am

      များမကြာမီ ဥက္ကဌကြီးအား
      ကြီးစွာသော အကူညီတောင်းမှုများဖြင့် ဂုဏ်ပြုမည်ဖြစ်ပါကြောင်းးးးး :mrgreen:

      • Ma Ma

        October 24, 2014 at 6:06 pm

        ဥက္ကဌကြီးဆိုတော့ ထိုက်တန်တဲ့ ဂုဏ်ပြုမှု့ ပေးရမှာပေ့ါ။ 😀

  • kyeemite

    October 24, 2014 at 10:48 am

    “နိုဝင်ဘာလ၏ တစ်ခုသော သောကြာနေ့တွင် အန်တီဝေနှင့်အဆက်အသွယ်ရပါသည် ။”
    .ခုမှအောက်တိုဘာလေကဆာမိရဲ့ :k:

  • khin oo

    October 28, 2014 at 1:10 pm

    မွန်မြတ်တဲ့အလှူဒါနပြုနို်င်ပါစေဗျာ
    သဘာဝရိပါသာ ကိုရောက်ဖူးပါတယ်
    လှူသင့်တဲ့နေရာလေးပါဗျာ

Leave a Reply