ငါးလေး တကောင် ဖမ်းမိတယ်…

ကုိ ထြဋ္October 19, 20141min27420

– ကျွန်တော် ၈ တန်းလောက်တုန်းက အမျိုးတွေ စုပြီး တရုတ်စာသင်ဖူးတယ်… ကြီးမှ ထပ်ပြီး GESC မှာတက်တယ်…

– အခု ကြီးမှ တက်တာ မမှတ်မိတော့ဘူး.. ဆရာမတွေ မကောင်းတာ မဟုတ်ဘူး… တကယ်တော့ ငယ်တုန်းက မှတ်ဉာဏ်က ပိုမှတ်မိတယ် ဆိုလိုချင်တာပါ…

– အဲတုန်း ကဗျာ တပုဒ် သင်ပေးတယ်.. မှတ်မိတယ်ဗျ… ဆရာမက ဘာသာပြန်ပြီး စပ်တာလား… တရုတ်မှာလဲ  ရှိတာလား ဖြေပေးကြပါဗျာ…

 

” ငါးလေးတကောင် ဖမ်းမိတယ်… “

 

တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး … ငါးလေးတကောင် ဖမ်းမိတယ်…

ဘာဖြစ်လို့ လွှတ်လိုက်တယ်… ကျွန်တော့်လက်ကို သူ ကိုက်တယ်…

အား..လားး…လားးး နာလိုက်တာ…

 

– တရုတ်လို အသံထွက်ပဲ သင်ခဲ့ရတာ ရေးပြမယ်နော်… မှားရင် ပြင်ပေးကြပါ… 🙂

 

ယိ၊ အော့၊ စန်း၊ စွတ်၊ ဝူ … ကြွားတောက်ရီတောက် လျှောက်လျှောက်ယွှီ…

ဝေ့စမော့ ဖန်းသာကျို… ရင်းဝေ့ထားရောင် ဝေါ်သက်ဆို…

အား.. လားး…လားးး ဟောင်ထုံ့ငါ…

 

– သဘောကျကြမယ် ထင်ပါတယ်…  အတွေးရတုန်းလေး စာစီလိုက်တာပါ… 🙂 🙂 🙂

20 comments

  • မမချွိ

    October 19, 2014 at 10:52 am

    One, two, three, four, five,
    Once I caught a fish alive,
    Six, seven, eight, nine, ten,
    Then I let it go again.
    :mrgreen:

    Why did you let it go?
    Because it bit my finger so….
    Which finger did it bite?
    This little finger on the right…

    :k:

    • Yae Myae Tha Ninn

      October 20, 2014 at 8:48 am

      ကျေးဇူး.. ဇီဇီ… အင်္ဂလိပ်လိုက မေ့နေလို့.. ပိုပြည့်စုံသွားပြီ… 🙂

  • အလင်းဆက်

    October 19, 2014 at 11:13 am

    မြန်မာကဗျာတောင် နားလည်ဖို့ တော်တော် ကြိုးစားနေရပါတယ်ဆိုမှ…

    ကဗျာကို တရုတ်လိုပါ ရေးပြထားလေရဲ့.. ။

    :k:

    • Yae Myae Tha Ninn

      October 20, 2014 at 8:50 am

      ငယ်ငယ်တုန်းက အဖြစ်အပျက်လေး သတိရလို့ပါ… 🙂

  • ဦးကြောင်ကြီး

    October 20, 2014 at 3:04 am

    သခင်တရုတ်
    အရှင်လုပ်
    မမြင်အဟုတ်
    ထင်ဖားပြုတ်…

  • Yae Myae Tha Ninn

    October 20, 2014 at 8:51 am

    ဦးကြောင်လဲ လာအားပေးတာ ကျေးဇူးပါ… 🙂

    • ဦးကြောင်ကြီး

      October 20, 2014 at 8:59 am

      ရေမြေ့သနှင်းကို ရေမြေ့သခင်လို့ပဲ မှားဖတ်မိနေတယ်။ ပြန်စပ်မယ်..
      သနှင်းတရုပ်
      အရှင်းလုပ်
      မပျင်းစားပုပ်
      အတင်းတုပ်
      ပယင်းတထုပ်
      ငါးမြင်းသုပ်
      သတင်းမဟုတ်
      နဝင်းအုပ်..။

      • Yae Myae Tha Ninn

        October 20, 2014 at 9:41 am

        ငါးမြင်းသုပ် တော့ စားချင်သေးတယ်.. မညှိီရင်… အခု အရမ်း ရှားပြီး.. ဈေးကြီးနေပါ၏… 🙂

  • kyeemite

    October 20, 2014 at 9:22 am

    .ကလေးတိုင်းငယ်ငယ်ကဆိုခဲ့ဖူးကြတဲ့ကဗျာလေးပဲ
    .အင်္ဂလိပ်ကဗျာကတော့ သမီးတို့မူကြိုတက်တုန်းက ဆိုပြတာမှတ်မိသေးတယ် :))

  • Yae Myae Tha Ninn

    October 20, 2014 at 9:43 am

    ဟုတ်တယ်… တရုတ်ကဗျာလေးကလဲ အဲအတိုင်းပဲ… ဆိုလို့ ကောင်းတယ်… မြန်မာ အာပေါက် မပျက်ဘူးဗျ… 🙂

  • Kaung Kin Pyar

    October 20, 2014 at 11:03 am

    ဘာသာစကား အများကြီးတတ်တဲ့သူတွေကို သဘောကျမိပါရဲ့….
    ဒီမှာတော့ဖြင့်…အင်္ဂလိပ်စာတောင် မတောက်တခေါက်ရယ်…..

  • Yae Myae Tha Ninn

    October 20, 2014 at 11:13 am

    တတ်ပါဘူး.. ကောင်းကင်ပြာ.. ကျွန်တော် ငယ်ငယ်က မှတ်မိတာလေးကို တင်တာပါ.. ပြီးတော့ ငယ်တုန်းက စာတွေ မှတ်မိပြိး ကြီးတော့မှ သင်တာ မမှတ်မိတာကို အံ့ဩလို့ပါ… 🙂

  • Mr. MarGa

    October 20, 2014 at 4:26 pm

    ကဗျာ ဆိုတာ
    ဘာသာစကား စတင် သင်ကြားရာမှာ
    အကူအထောက် တစ်ခုပါပဲလား
    (မှတ်ချက် မော်ဒန်ကဗျာတော့ မပါ) (အလင်းဆက် ဤကွန်မန့်ကို မမြင်ဇီရ) :mrgreenn:

    • အလင်းဆက်

      October 21, 2014 at 7:59 am

      မြင်တယ်ဟေ့ မြင်တယ်
      မအားလို့ ပြန် မပြောနိုင်သေးတာ

      :k:

      ကဗျာဆိုတာ သဒ္ဒါ မဟုတ်
      အတည်ပြောတာ

      ဘာသာစကားနဲ့ရေးမှ ကဗျာမဟုတ်
      ဒါလည်း အတည်ပြောတာ

      :k:

    • Yae Myae Tha Ninn

      October 21, 2014 at 8:38 am

      မနေ့က တွေ့သလောက်တော့ ဘာသာစကား စ သင်တာ အဆဲကလားလို့… ဟိ… ဘောပွဲမှာ မလေးဒိုင်ကို တရုတ်လိုတွေ ဆဲ ကြတယ်လေ… 🙂

  • Yae Myae Tha Ninn

    October 20, 2014 at 5:09 pm

    ဟားဟား… အဲအကြောင်း မလေ့လာရသေးဘူး.. လက်ရှိတော့ Fiction ကို ဆက်ဆက်ပေးလို့ ဖတ်နေတယ်… 🙂

  • manawphyulay

    October 21, 2014 at 9:27 am

    ဝေါ့ပု ကျိတောက်…. သွေ့ပုချိ…. 😆

    • Yae Myae Tha Ninn

      October 21, 2014 at 9:36 am

      မီရာနဲ… ကျဲကျဲ… 🙂

  • ဦးကျောက်ခဲ

    October 21, 2014 at 12:34 pm

    ငါးလေး တကောင် ဖမ်းမိတယ်… ဟုတ်စ…
    ဘယ်လိုစားချင်လဲ… ကြော်ပေးရမလား ပေါင်းပေးရမလား ကင်ပေးရမလား…
    :k:

  • Yae Myae Tha Ninn

    October 21, 2014 at 2:10 pm

    ဟားဟား.. ဦးကျောက်ကတော့ စားဖိုမှူး ပီသတယ်… ချက်မယ်ဆိုတာချည်းပဲ… 🙂
    ကဗျာအဆုံးမှာ လွတ်သွားတယ်လေဗျာ… 🙂

Leave a Reply