လူရယ်လို့ဖြစ်လာ

အချစ်လည်းရှိ အပြစ်လည်းရှိ

အပြုံးလည်းရှိ အမုန်းလည်းရှိ

အသုံးလည်းရှိ အဖြုန်းလည်းရှိ

အကြည့်လည်းရှိ အထိလည်းရှိ

အသိလည်းရှိ မသိလည်းရှိ

အလွမ်းလည်းရှိ အကြမ်းလည်းရှိ

ပီဘိလူသားဖြစ်သော်ငြားလည်း

အားခဲလို့တက်သည့်လမ်းများ

အမှားတွေက စောင့်ကြို

ငိုနေလို့လည်း ပိုမထူး

မူးမိုက်ရှိုက်သံ  မိုးသို့ညံလည်း

နည်းသောငါ့ကံ မဟန်သာသမျှ

ကြံပါလည်းမရ

အကျလည်းနာလှသမို့

ငါကွ လို့ ဟန်မကိုယ့်နိုင်

ယိုင်နဲ့နဲ့စိတ်တွေအပေါ်

ဘာကိုမျှော်၍ ရမည်နည်း ။

3

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..