ကယ်ရာမဲ့

လူရယ်လို့ဖြစ်လာ

အချစ်လည်းရှိ အပြစ်လည်းရှိ

အပြုံးလည်းရှိ အမုန်းလည်းရှိ

အသုံးလည်းရှိ အဖြုန်းလည်းရှိ

အကြည့်လည်းရှိ အထိလည်းရှိ

အသိလည်းရှိ မသိလည်းရှိ

အလွမ်းလည်းရှိ အကြမ်းလည်းရှိ

ပီဘိလူသားဖြစ်သော်ငြားလည်း

အားခဲလို့တက်သည့်လမ်းများ

အမှားတွေက စောင့်ကြို

ငိုနေလို့လည်း ပိုမထူး

မူးမိုက်ရှိုက်သံ  မိုးသို့ညံလည်း

နည်းသောငါ့ကံ မဟန်သာသမျှ

ကြံပါလည်းမရ

အကျလည်းနာလှသမို့

ငါကွ လို့ ဟန်မကိုယ့်နိူင်

ယိုင်နဲ့နဲ့စိတ်တွေအပေါ်

ဘာကိုမျှော်၍ ရမည်နည်း ။

3

11 comments

  • Yae Myae Tha Ninn

    October 18, 2014 at 10:36 am

    လောကဓံဆိုတာ ဒါပဲ… ကိုတောင်ပေါ်သားရဲ့… သာတဲ့ အချိန် မသိဘူး.. နာမှ သိတာ… 🙂
    အဆိုးချည်းပဲလဲ မရှိလောက်ပါဘူး… အကောင်းတလှည့်လာဦးမှာပါ… အဲအခါ သိအောင် စံစားပါလို့… 🙂

    • တောင်ပေါ်သား

      October 18, 2014 at 11:13 am

      စိုးစိုးက ဒိုးတာကြာပေါ့ကွယ် ၊ 🙁

        • မမချွိ

          October 18, 2014 at 1:13 pm

          ကိုသိန်းတန်
          ကိုသိန်းတန်
          စိုး သင်္ဘောဂျီးပေါ် တက်ခဲ့မယ်နော်။

          မတက်နဲ့ စိုး၊
          မတက်နဲ့
          ဘော (အဲလေ) ကုန်းဘောင်ညပ်လိမ့်မယ်။

          :mrgreen:

        • အလင်းဆက်

          October 18, 2014 at 3:02 pm

          ကိုသိန်းတံ ကိုသိန်းတံ
          အိုးးးးးးးးးတော့် ကသိန်းတံ
          စိုးပေါ်ကို သင်းဘောဂျီးတက်လာပြီ
          စိုးပေါ်ကို သင်းဘောဂျီးတက်လာပြီ

          :k:

          အဟိ

          ကျနော်တို့ နှစ်ယောက် ဝင်နှောက်တာနဲ့
          ရသပျက်ကုန်ပါဦးမယ်။
          လျှော့ လျှော့

          :k:

  • မမချွိ

    October 18, 2014 at 1:14 pm

    စကားလုံးတွေ သုံးသွားပုံ အတော်ကောင်းတယ်။

    🙂

  • မြစပဲရိုး

    October 18, 2014 at 2:16 pm

    အမှားတွေက စောင့်ကြို
    တယ်တဲ့လား။
    ပြုံးပြီးသာ လက်ဆွဲနှုတ်ဆက်လိုက်ပါ ကိုမျိုးရာ။ :))

    • တောင်ပေါ်သား

      October 18, 2014 at 2:20 pm

      မချိ ပြုံး လား အရီးရေ

      • မြစပဲရိုး

        October 18, 2014 at 2:25 pm

        မချိပြုံး ဆိုတာ ပြုံးရင်း ပြုံးရင်း တကယ် အသက်ဝင် ပြီး မထီတရီ ပြုံး ဖြစ်သွားတာ ကိုမျိုး ရဲ့။
        လက်တွေ့။ :))

Leave a Reply