အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၄ ( New York Time Square & Liberty Statue ) ။

Foreign ResidentOctober 18, 201416min21916

အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား

ပေါ်တာ တောလား – ၄ ( New York Time Square & Liberty Statue ) ။

 

ဝ၄ – ဝ၅ – ၂၀၁၄ ။

 

အဘ တို့ Woodbury Common Premium Outlets ကနေပြန်ထွက်လာတော့ ၊

ညနေ ၃ နာရီ ကျော်လောက် ရှိမပေါ့ ။

အဲဒီကနေ တစ်နာရီလောက် ကားမေါင်းပြီးတဲ့အခါ ၊ ၄ နာရီ ခွဲ လောက်မှာ ၊

New York ရဲ့ နာမည်ကြီး Time Square ကိုရောက်သွားပါတယ် ။

အဘ တို့ကို Tour Guide Dan က Time Square အလယ်လောက်မှာ ချပေးပြီး ၊

ညနေ ၆ နာရီခွဲမှာ Time Square အလယ် တည့်တည့် လောက် က ၊

Applebee’s Restaurant မှာဘဲ ညစာစားဖို့ ပြန်ဆုံကြမယ်လို့ ချိန်းပါတယ် ။

 

အဘတို့ လင်မယား ကတော့ ပထမ ဦးဆုံး အမေရိက ခရီးစဉ် တောက်လျှောက်မှာ သုံးဖို့ ၊

တယ်လီဖုန်း SIM Card တစ်ခု ရှာဝယ်ပါတယ် ။

တယ်လီဖုန်း ဆိုင်က ရောင်းတဲ့သူကို ၊ အဘ တို့ လိုချင်တဲ့ အချက်တွေကို ရှင်းပြပါတယ် ။

အဲဒဟာနှင့်ဘဲ ၊ အဘ တို့ အမေရိက ခရီးစဉ် တစ်လျှောက် ၁၄ ရက်စာ ၊

အမေရိက နေရာအနှံ့ သုံးလို့ရတဲ့ ၊ Local Call & Internet unlimited Package ကို ၊

( ၇၆ ) ဒေါ်လှ နှင့် ဝယ်လိုက်ပါတယ် ( Service Provider က T Mobile ပါ ) ။

 

အဲဒီ တယ်လီဖုန်း ကိစ္စ ပြီးတော့မှ New York ရဲ့ နာမည်ကြီး Time Square ကို ပါတ်ကြပါတယ် ။

အဘတို့ ဥရောပ ခရီးစဉ်မှာဆုံခဲ့တဲ့ New York သူ တစ်ယောက်က ပြောတာကတော့ ၊

အမေရိက မှာ အလှဆုံး မြို့က New York ဆိုဘဲ ။

( အဘ ရဲ့ တစ်ဦးတည်း အမြင် အရတော့ Las Vegas ကို ပိုကြိုက် ပိုလှ သလားလို့ )

 

အို ၊ ဘာပဲဖြစ်ဖြစ် ၊ New York မြို့ Time Square ဟာ မိုးမျှော် Sky Scrapper တိုက်ကြီးတွေ ၊

နေရာမလပ် ရှိနေတဲ့ Neon ကြော်ငြာ ဆိုင်းဘုတ်တွေ နှင့် လှချင်တိုင်း လှနေတာကတော့ အမှန်ပါဘဲ ။

 

4 New York မြို့ Time Square ဟာ မိုးမျှော် Sky Scrapper တိုက်ကြီးတွေ ၊

4 New York မြို့ Time Square ဟာ မိုးမျှော် Sky Scrapper တိုက်ကြီးတွေ ၊
4 New York မြို့ Time Square ဟာ မိုးမျှော် Sky Scrapper တိုက်ကြီးတွေ ၊

 

4 နေရာမလပ် ရှိနေတဲ့ Neon ကြော်ငြာ ဆိုင်းဘုတ်တွေ နှင့် လှချင်တိုင်း လှနေတာကတော့ အမှန်ပါဘဲ ။

4 နေရာမလပ် ရှိနေတဲ့ Neon ကြော်ငြာ ဆိုင်းဘုတ်တွေ နှင့် လှချင်တိုင်း လှနေတာကတော့ အမှန်ပါဘဲ ။
4 နေရာမလပ် ရှိနေတဲ့ Neon ကြော်ငြာ ဆိုင်းဘုတ်တွေ နှင့် လှချင်တိုင်း လှနေတာကတော့ အမှန်ပါဘဲ ။

 

ဟဲ ဟဲ ၊ အဘ ကတော့ ၊ တခြားဟာတွေ သိပ် စိတ်မဝင်စားလှပါဘူးရယ် ၊

ဦးစားပေး အနေနှင့် ၊ လောလောဆယ် NYPD ( New York Police Department ) က ၊

ရဲမေ ချောချောလေး ၂ ယောက်တွေ့တာနှင့် တွဲပြီး ဓါတ်ပုံ ရိုက်ပစ်လိုက်တယ် ။

 

အ ဟီး ဟီး ဟီး ၊ ဟို West Point က စစ်သားတွေလိုတော့ ပုခုံးဖက် မရိုက်ရဲပါဘူးကွယ် ။

ဒီ သာမီးလေးတွေမှာက ၊ ဗျောက်တွေ လက်ထိပ်တွေနှင့်ရယ် ၊ ကြောက်ဆှာဂျီး ။

 

4 NYPD က ရဲမေ ချောချောလေး ၂ ယောက်တွေ့တာနှင့် တွဲပြီး ဓါတ်ပုံ ရိုက်ပစ်လိုက်တယ် ။

4 NYPD က ရဲမေ ချောချောလေး ၂ ယောက်တွေ့တာနှင့် တွဲပြီး ဓါတ်ပုံ ရိုက်ပစ်လိုက်တယ် ။
4 NYPD က ရဲမေ ချောချောလေး ၂ ယောက်တွေ့တာနှင့် တွဲပြီး ဓါတ်ပုံ ရိုက်ပစ်လိုက်တယ် ။

 

အဲဒဟာကိုလေ အဘတို့ Guide Dan ကိုသွားပြောပြတော့ Dan က ၊

ဒို့ဆီမှာ တကယ်ချောတဲ့ ကောင်မလေးတွေက ရဲ မလုပ်ဘူးကွ တဲ့ ၊

မင်း က လူစိမ်း မို့လို့ သူတို့တွေက ချောနေတာဖြစ်မယ်တဲ့ ( Stranger Beautiful ပေါ့ ) ။

 

ရွာသူားတို့ရေ ၊ ကြည့်ကြပါအုန်း ၊ NYPD က ရဲမေလေး ၂ ယောက်က ချောရှာပါတယ်နော် ။

အဘ မျက်စိကဘဲ ငယ်ငယ် ဖြူဖြူ သာမီးလေးတွေ မှန်သမျှကို အချောမြင်နေမိသလား မသိ ။

ဖြစ်သေးပါဘူးလေ ၊ အဘ မျက်စိ ကို ဆရာဝန်လေး ဘာလေး ပြကြည့် ဦးမှပါဘဲ ။

 

အင်း ၊ အဘ မျက်စိ မကောင်းတာ ၊ ဟုတ်ချင်လည်း ဟုတ်မှာပါဘဲ လေ ။

အခုတလောလဲ ၊ အမေ နှင့် သမီး တွဲလာရင်တောင် ၊ သမီးဘဲ ကွက်မြင်ပြီး ၊

ဝါး ချင်ချင် ဖြစ်နေတာရယ် ( မျက်စိ ဝါးတာကို ပြောတာပါ ၊ တလွဲ မတွေးကြပါနှင့် ) ။

 

ထားပါတော့ ၊ အဘတို့လည်း New York ရဲ့ နာမည်ကျော် Time Square နှင့် ၊

နာမည်ကျော် Broadway ကဇတ်ရုံတွေ တစ်ဝိုက်ကို ပါတ်ပြီး ဓါတ်ပုံလေး ဘာလေး ရိုက်ကြပါတယ် ။

 

4 New York ရဲ့ နာမည်ကျော် Broadway ကဇတ်ရုံတွေ ထဲက တစ်ရုံ 1

4 New York ရဲ့ နာမည်ကျော် Broadway ကဇတ်ရုံတွေ ထဲက တစ်ရုံ 1
4 New York ရဲ့ နာမည်ကျော် Broadway ကဇတ်ရုံတွေ ထဲက တစ်ရုံ 1

 

4 New York ရဲ့ နာမည်ကျော် Broadway ကဇတ်ရုံတွေ ထဲက တစ်ရုံ 2

4 New York ရဲ့ နာမည်ကျော် Broadway ကဇတ်ရုံတွေ ထဲက တစ်ရုံ 2
4 New York ရဲ့ နာမည်ကျော် Broadway ကဇတ်ရုံတွေ ထဲက တစ်ရုံ 2

 

4 မင်းသားတွေလို့ ထင်ရတဲ့ သူတွေ ထွက်လာတာကို အမျိုးသမီးတွေက ဝိုင်းပြီး Auto ရေးခိုင်း

4 မင်းသားတွေလို့ ထင်ရတဲ့ သူတွေ ထွက်လာတာကို အမျိုးသမီးတွေက ဝိုင်းပြီး Auto ရေးခိုင်း
4 မင်းသားတွေလို့ ထင်ရတဲ့ သူတွေ ထွက်လာတာကို အမျိုးသမီးတွေက ဝိုင်းပြီး Auto ရေးခိုင်း

 

နာမည်ကျော် Broadway ကဇတ်ရုံတွေထဲက တစ်ခုမှာ ၊

မင်းသားတွေလို့ ထင်ရတဲ့ သူတွေ ထွက်လာတာကို ၊

အမျိုးသမီးတွေက ဝိုင်းပြီး Auto ရေးခိုင်း ဓါတ်ပုံတွဲရိုက် လုပ်နေတာတွေ့ရပါတယ် ။

 

အဲဒီ မင်းသားတွေကို အဘ အမျိုးသမီး ကတော့ သိတယ် ပြောတာဘဲ ။

TV ဇတ်လမ်း Series တွေထဲမှာ ပါတယ်လို့ ပြောတာဘဲ ။

အဘ ကတော့ မင်းသား ဆိုကထဲက သိလည်း မသိ ၊ စိတ်လဲ မဝင်စားတော့ပါဘူး ။

 

အင်း ၊ ဖြစ်ချင်တော့ NYPD ရဲစခန်း ရှေ့မှာ အမှတ်တရ ဓါတ်ပုံလေး ရိုက်မိပါတယ် ၊

တိုက်တိုက်ဆိုင်ဆိုင် အနောက်မှာပေါ်နေတဲ့ စာတန်းက Shoplifting တဲ့ ။

ကံဇာတာ သိပ်မကောင်းဘူး ထင်တယ် ၊ ဆင်ခြင်မှ ၊ ဆင်ခြင်မှ ။

 

4 NYPD ရဲစခန်း ရှေ့မှာ တိုက်တိုက်ဆိုင်ဆိုင် အနောက်မှာပေါ်နေတဲ့ စာတန်းက Shoplifting တဲ့ ။

4 NYPD ရဲစခန်း ရှေ့မှာ တိုက်တိုက်ဆိုင်ဆိုင် အနောက်မှာပေါ်နေတဲ့ စာတန်းက Shoplifting တဲ့ ။
4 NYPD ရဲစခန်း ရှေ့မှာ တိုက်တိုက်ဆိုင်ဆိုင် အနောက်မှာပေါ်နေတဲ့ စာတန်းက Shoplifting တဲ့ ။

 

မြို့လည်ကောင်က NYPD ရဲစခန်း ကလည်း ၊ ” Pol ” ဆိုတဲ့ စာတန်းမှာ မီးက ကျွမ်းနေသေးတယ် ။

ရဲစခန်း ကြီးကလည်း သီးသန့်မဟုတ်ဘဲ တိုက်ခန်းတွေကြား ရောနှောနေပြီး သိပ် မထယ်ဝါလှဘူး ။

ရဲစခန်းရှေ့မှာလဲ ရဲကားတွေက Direction မျိုးစုံ နှင့် ရပ်ချင်သလို ရပ်ထားပြီး ရှုပ်ပွနေတာဘဲ ။

ရန်ကုန်က ရဲစခန်းတွေကိုတောင် သတိရမိစေတယ် ။

 

ညနေ ၆ နာရီခွဲမှာတော့ Applebee’s Restaurant မှာ ပြန်ဆုံကြပြီး ညစာစားကြပါတယ် ။

အမေရိကမှာ ကြိုက်တာ တစ်ခုကတော့ ၊ အဖျော် ယမကာ တစ်ခုခု မှာပြီးရင် ၊

ကြိုက်သလောက်သောက် ထပ်ထည့်ပေးတဲ့ စံနစ်ပါဘဲ ။

 

အမေရိကမှာ မ ကြိုက်တာကတော့ ၊ စားသောက်ဆိုင်မှာ ရေးထားတဲ့ ဈေးတွေက ၊

အဘ တို့ ဩဇီ / တခြားနိုင်ငံတွေမှာလို ၊ အပြီးအစီး ဈေးတွေ မဟုတ်ဘဲ ၊

Service Tax က ၁ဝ % ထပ်ပေါင်းဦးမှာ ဖြစ်ပြီး ၊

စားပွဲထိုး ကိုလည်း နောက်ထပ် ၁ဝ % Tip ထပ်ပေးရဦးမှာ ဖြစ်ပါတယ် ။

အဲဒီတော့ ကျသင့်ငွေ ထက် ၂ဝ % အမြဲ ပိုတွက်နေရမှာဖြစ်ပါတယ် ။

အဲဒီတော့ကာ ကျသင့်ငွေ ကလည်း ၁ဝ / ၂ဝ အတိ မဟုတ်တော့ မှတ်ရခက်သပေါ့ ။

 

4 Time Square အလယ် တည့်တည့် လောက် က ၊Applebee’s Restaurant

4 Time Square အလယ် တည့်တည့် လောက် က ၊Applebee's Restaurant
4 Time Square အလယ် တည့်တည့် လောက် က ၊Applebee’s Restaurant

 

4 Time Square က Street Performer တွေ ။

4 Time Square က Street Performer တွေ ။
4 Time Square က Street Performer တွေ ။

 

Applebee’s Restaurant မှာ ညစာစားပြီးတဲ့အခါ ၊

တစ်ချို့ကတော့ Broadway ကဇတ် ကြည့်ဖို့အတွက် ၊

Optional Tour ဝယ်ထားလို့ ၊ Broadway ကဇတ်ရုံကို ဆက်သွားကြပါတယ် ။

အဘ ကတော့ ညစောစောပိုင်း အိပ်လေ့ရှိသူ ဆိုတော့ ၊

Broadway ကဇတ် Optional Tour ကို စိတ်မဝင်စားလှလို့ ၊

တည်းခိုရာ Holiday Inn Clark Newark Hotel ဟော်တယ် ကိုသာ ပြန်လာခဲ့ပါတယ် ။

 

ဝ၅ – ဝ၅ – ၂၀၁၄ ။

 

ဒီနေ့ မနက် ရ နာရီကျော်လောက်မှာ ဟော်တယ်ကနေ ထွက်လာခဲ့ပါတယ် ။

New York မြို့ ကို ဖြတ်စီးနေတဲ့ Hudson မြစ်ကြီး ကို ၊

Holland Tunnel ကနေဖြတ်ပြီး မြို့ထဲဘက်ကို ဝင်လာခဲ့ပါတယ် ။

 

လမ်းမှာ အဘတို့ ရဲ့ Tour Guide Dan က ၊ ညနေမှာ အချိန် နဲနဲပိုမှာမို့ ၊

U.S.S Intrepid ဆိုတဲ့ အငြိမ်းစား လေယာဉ်တင် သင်္ဘောကြီးပေါ်မှာ ဖွင့်လှစ်ထားတဲ့ ၊

U.S.S Intrepid Sea, Air & Space Museum ကိုသွားကြဖို့ တိုက်တွန်းပါတယ် တဲ့ ။

 

အချိန်ကလဲ ပိုနေယုံ မကဘဲ ၊ လမ်းကလဲ ကြုံနေတယ် ဆိုဘဲ ။

အဲ ၊ လက်မှတ်ကတော့ သူ့ဆီမှာ တစ်ခါတည်း ဝယ်ရပါမယ်တဲ့ ။

တစ်ယောက် ၂၆ ဒေါ်လှ နှင့် ၂ ယောက်ဆိုရင် ၅၂ ဒေါ်လှ ကျမှာပေါ့ ။

အင်းးးး ၊ ကြုံတုန်း ကြုံခိုက် ဆိုတော့လည်း ၊ သွားလိုက်တာပေါ့လေ ။

 

ကြုံတုန်း ပြောပြရရင် ၊ အဘ အမြင်မှာတော့ ၊

အဲဒီ နိုင်ငံတကာ Package Tour တွေဟာ ၊ အပြိုင်အဆိုင် အရမ်း ပြင်းထန်တဲ့ အတွက် ၊

Initial / Basic Package Price တွေမှာ အရမ်း ဈေးလျော့ပေးပြီး ကြော်ငြာကြပါတယ် ။

သူတို့ ရဲ့ Optional Excursions တွေကျမှ ဈေးနည်းနည်းတင်ယူကြတာ တွေ့ရပါတယ် ။

 

အဘ ရဲ့ ပြီးခဲ့တဲ့ New Zealand Cruise က Optional Excursions ဈေးတွေကိုကြည့်ပါလား ။

Excursions ဈေးတွေက ပျမ်းမျှ တစ်ခု ( နေ့ဝက်လောက် ) ကို ဒေါ်လှ ၁၅ဝ နှင့် အထက်ကြီးဘဲ ။

 

အဲဒီ ဒေါ်လှ ၁၅ဝ ဆိုတဲ့ ပိုက်ဆံ က မြန်မာပြည်မှာဆို ၊ တောင်ကြီး အင်းလေး ပင်းတယ ၊

စတဲ့ ရှမ်းပြည် ခရီးစဉ် တစ်ခုလုံး ၊ ( ရ ) ရက် တစ်ပါတ် သွားလည်လို့ ရတယ် ။

( အဲ ၊ ဒါကတော့ Local ဈေး ၊ မြန်မာပြည်သားတွေအတွက် ဈေး ပေါ့လေ )

 

ဒါပေမယ့်လည်းလေ ၊ ကိုယ်တွေမှာလည်း ၊ ခရီးလေး တစ်ခါတစ်လေ ထွက်တာဆိုတော့ ၊

Optional Excursions တွေ မသွားဘဲ ၊ ငုတ်တုတ်ကြီး ထိုင်နေလို့လဲ အဆင်မပြေလှဘူးလေ ။

မှန်တာပြောရရင် ၊ အဲဒီ Optional Excursions တွေ မပါရင် ခရီးစဉ်က မပြည့်စုံဘူးလေ ။

နိုင်ငံရပ်ခြား ဒေသ ကို လာလည်တာနှင့် မတူဘဲ ၊ ကား လျှောက်စီးသလိုဘဲ ဖြစ်နေမှာပေါ့ ။

အဲဒီတော့လဲ ဈေးကြီးပေမယ့် Optional Excursions အများစုကို ဝယ်ရတော့တာပါဘဲ ။

 

အင်းးးး ၊ မျှမျှ တတ ပြောရမယ် ဆိုရင်တော့ ၊ မြန်မာပြည်မှာလဲ ၊

Local မဟုတ်ဘဲ ၊ Foreigner ဆိုရင်တော့ ဈေးမြင့်တာပါဘဲလေ ။

 

ဟိုတစ်နေ့က ၊ အဘတို့ နောက် တစ်ခေါက် ထွက်ဖို့ အတွက် ၊

ခရီးစဉ်တွေ ရွေးနေရင်း တွေ့မိတာ တစ်ခုက ၊ တူရကီ နိုင်ငံ Cappadocia မြို့လေးမှာ ၊

သူတို့ရဲ့ လှပတဲ့ Fairy Chimney Rock Formation တွေကို ကြည့်ဖို့ အတွက် ၊

နေ့တဝက်လောက်ရှိမယ့် Balloon Ride ကို AU$ 242 ( US$ 215 လောက် ) တဲ့ ။

 

အဲဒီမှာ တွဲပြီး စဉ်းစားမိတာကတော့ ၊ မြန်မာပြည် ပုဂံ က ၊

Balloon Over Bagan က ဒေါ်လှ ၂၈ဝ ဆိုတော့ ၊

မြန်မာပြည် က ပိုတောင် ဈေးကြီးနေသေးတယ် ဆိုတာပါဘဲ ။

( အဲ့ဒဟာလဲ အဘ မစီးဖူးသေးဘူး ၊ တစ်နေ့နေ့တော့ စီးဖြစ်အောင် စီးမယ် စိတ်ကူးတာဘဲ )

 

ကဲ ထားပါတော့ ၊ ဘေးရောက်ကုန်ပြီ ။

New York မြို့ကြီးကတော့ နံနက်စောစောစီးစီးမှာ နိုးထနေပါပြီ ။

( အမှန်ကတော့ New York မြို့ကြီးဟာ ဘယ်တော့မှ မအိပ်တဲ့ မြို့ ဆိုဘဲ )

မနက်စောစော ဆိုပေမယ့် Yellow Cab Taxi လေးတွေက တန်းတောင်စီနေပြီ ။

( အင်း စားဝတ်နေရေး ဆိုတော့လဲ ၊ လုံ့လ ဝီရိယ ပိုရပေမပေါ့လေ )

 

4 Hudson မြစ် တစ်ဖက်ကမ်းက မြင်ရတဲ့ New York မြို့ Sky Line ။

4 Hudson မြစ် တစ်ဖက်ကမ်းက မြင်ရတဲ့ New York မြို့ Sky Line ။
4 Hudson မြစ် တစ်ဖက်ကမ်းက မြင်ရတဲ့ New York မြို့ Sky Line ။

 

4 မနက်စောစော ဆိုပေမယ့် Yellow Cab Taxi လေးတွေက တန်းတောင်စီနေပြီ ။

4 မနက်စောစော ဆိုပေမယ့် Yellow Cab Taxi လေးတွေက တန်းတောင်စီနေပြီ ။
4 မနက်စောစော ဆိုပေမယ့် Yellow Cab Taxi လေးတွေက တန်းတောင်စီနေပြီ ။

 

4 ဒါတွေကတော့ အလကားပေးတဲ့ သတင်းစာတွေ ထားတဲ့ ပုံးလေးတွေပါ ။

4 ဒါတွေကတော့ အလကားပေးတဲ့ သတင်းစာတွေ ထားတဲ့ ပုံးလေးတွေပါ ။
4 ဒါတွေကတော့ အလကားပေးတဲ့ သတင်းစာတွေ ထားတဲ့ ပုံးလေးတွေပါ ။

 

အဲဒလိုနှင့်ဘဲ ၊ New York မြို့လယ်ကို ရောက်လာခဲ့ပြီး ၊ Wall Street နားမှာ ဆင်းကြပြီး ၊

Wall Street အတိုင်း အောက်ဖက် ကမ်းနားဖက် ကို လျှောက်လာခဲ့ပါတယ် ။

ကမ်းနားမှာတော့ အဘတို့ စီးရမယ့် Liberty Cruise Boat ကိုတွေ့နေရပါပြီ ။

 

4 အဘတို့ စီးခဲ့တဲ့ Liberty Statue Cruise Boat ကြီး Vista Jubilee ။

4 အဘတို့ စီးခဲ့တဲ့ Liberty Statue Cruise Boat ကြီး  Vista Jubilee  ။
4 အဘတို့ စီးခဲ့တဲ့ Liberty Statue Cruise Boat ကြီး Vista Jubilee ။

 

ဒါကတော့ ၊ အဘတို့ Liberty Statue ဆီ စီးသွားမယ့် Cruise Boat ” Vista Jubilee ” ပါ ။

Cruise Boat ပေါ်မှာ သူများတွေက အပေါ်ဆုံးထပ် Opened Deck က ၊

View ကောင်း နေရာကောင်းတဲ့ ထိုင်ခုံတွေကို ရွေးထိုင်နေပေမယ့် ၊

အဘတို့ကတော့ နေရာစုံကနေ ဓါတ်ပုံရိုက်ရမှာဆိုတော့ မိုးတိုးမတ်တပ်ပါဘဲ ။

 

ရာသီဥတုကတော့ မြူ နဲနဲလေး မဆိုစလောက်ရှိနေပေမယ့် ၊

New York’s Skyline ကတော့ မိုးမျှော် တိုက်ကြီးတွေ နှင့် ဝင်းလက် တောက်ပနေပါတယ် ။

 

4 Manhatten ကမ်းနားမှ Ferry Terminal တစ်ခု ။

4 Manhatten ကမ်းနားမှ Ferry Terminal တစ်ခု ။
4 Manhatten ကမ်းနားမှ Ferry Terminal တစ်ခု ။

 

4 မြစ်ကမ်းနားမှာ ရဟတ်ယာဉ် ပေါင်းများစွာ ဆင်းလိုက် တက်လိုက် နှင့် စည်ကားနေပါတယ် ။

4 မြစ်ကမ်းနားမှာ ရဟတ်ယာဉ် ပေါင်းများစွာ ဆင်းလိုက် တက်လိုက် နှင့် စည်ကားနေပါတယ် ။
4 မြစ်ကမ်းနားမှာ ရဟတ်ယာဉ် ပေါင်းများစွာ ဆင်းလိုက် တက်လိုက် နှင့် စည်ကားနေပါတယ် ။

 

အဘတို့ Cruise Boat တွေထွက်တဲ့ နေရာ အကျော်လေးမှာတော့ ၊

မြစ်ကမ်းနားမှာ ရဟတ်ယာဉ် ဆင်းကွင်း အကြီးကြီး တစ်ခုလုပ်ထားပြီး ၊

အဲဒီမှာ ရဟတ်ယာဉ် ပေါင်းများစွာ ဆင်းလိုက် တက်လိုက် နှင့် ပျားပန်းခတ်မျှ စည်ကားနေပါတယ် ။

 

အင်းးးး ၊ ဒီဒေသမှာ ရဟတ်ယာဉ်ကို သုံးပြီး ရုံးတက် ရုံးဆင်း လုပ်တဲ့ ၊

သူဋ္ဌေးကြီးတွေ အများကြီး ရှိတယ် ဆိုတဲ့ သဘောပေါ့လေ ။

 

ဖွဟဲ့ ၊ မပြောကောင်း မဆိုကောင်း ၊ အဘ သာ သူဋ္ဌေးကြီး ဖြစ်နေရင်တော့ ၊

အဲဒီလို ရဟတ်ယာဉ် နှင့်တော့ နေ့တိုင်း ရုံးတက် ရုံးဆင်း မလုပ် ချင်ပါဘူးကွယ် ။

အခုကိုဘဲ မြန်မာပြည်က ဦးတေဇ တစ်ယောက်ထဲတောင် ပျက်ကျတာ ၂ ခါရှိနေပြီ ။

အီးးးးး ၊ ကြောက်ဆှာဂျီး ။

 

ကြုံတုန်း ပြောရဦးမယ် ၊ သိလား ၊

အခု ခါကာဘိုရာဇီ တောင် နားမှာ ပျက်ကျသွားတဲ့ ဦးတေဇ ရဲ့ ရဟတ်ယာဉ် ဟာလေ ၊

နာမည် အပြည့် အစုံက Eurocopter EC130 ( B4 ) တဲ့ ၊ အတိုခေါ်ရင် ( B4 ) လို့ ခေါ်ကြတယ် ။

အဲ့ဒဟာ ၊ အဘတို့ Las Vegas ကနေ Grand Canyon Tour သွားကြတုန်းက ၊

စီးခဲ့တဲ့ ရဟတ်ယာဉ် ဟာလည်း အဲဒီ ( B4 ) ဘဲပေါ့ကွယ် ။ ပုံထဲမှာသာ ကြည့်ကြပေတော့ ။

ကြောက်ဆှာဂျီး နော် ။

 

4 အဘတို့ Las Vegas ကနေ Grand Canyon Tour သွားကြတုန်းက ၊ စီးခဲ့တဲ့ ( B 4 ) ရဟတ်ယာဉ်

4 အဘတို့ Las Vegas ကနေ Grand Canyon Tour သွားကြတုန်းက ၊ စီးခဲ့တဲ့ ( B 4 ) ရဟတ်ယာဉ်
4 အဘတို့ Las Vegas ကနေ Grand Canyon Tour သွားကြတုန်းက ၊ စီးခဲ့တဲ့ ( B 4 ) ရဟတ်ယာဉ်

 

( Wiki ထဲမှာ ရေးထားတာကတော့ အဘတို့ စီးခဲ့တဲ့ Maverick ကုမ္ပဏီ က ရဟတ်ယာဉ် က ၊

( B4 ) ကို Tourist တွေ အတွက် နဲနဲ ပိုငြိမ်အောင် အဆင့်မြှင့်ထားတဲ့ ( T 2 ) လို့ ပြောတာဘဲ )

 

( အင်းးးး ၊ အဘ လဲ အဝတ်အစား ဆင်ချင်ဦးမှပါဘဲ ၊ ဒါဝတ်ဘိုင်တော့ ဖြစ်နေပြီ ၊

တော်ကြာ သနားတတ်တဲ့ ရွာသူားတွေက အဘ ကို ခမျာ အဝတ်အစား ၊

ဆင်းရဲရှာတယ် ဆိုပြီး အင်္ကျ ီ လက်ဆောင် လာပေးနေဦးမယ် ၊ ဟီ ဟိ )

 

ကဲ ထားပါတော့ ၊ ဘေးရောက်ကုန်ပြန်ပြီ ။

အဲဒဟာနှင့် ၊ အဘတို့ Liberty Statue Cruise Boat ကြီး ” Vista Jubilee ” ဟာ ၊

လှပတဲ့ Hudson River မြစ်ကြောင်းအတိုင်း မောင်းလာပြီး ၊

Liberty Statue ရှိတဲ့ Liberty Is ကျွန်းဘေးတစ်လျှောက် ကပ်မောင်းပြီး လှည့်လည် ပြသပါတယ် ။

ပြာလဲ့ ကြည်လင်နေတဲ့ ကောင်းကင် အရောင် နှင့်

စိမ်းပြာပြာ Liberty Statue ကြီးဟာ ပနံရ လှပနေပါတယ် ။

 

4 အဘတို့ Liberty Statue Cruise Boat ကြီးဟာ ၊ လှပတဲ့ Manhatten မြစ်ကြောင်းအတိုင်း မောင်းလာပြီး

4 အဘတို့ Liberty Statue Cruise Boat ကြီးဟာ ၊ လှပတဲ့ Manhatten မြစ်ကြောင်းအတိုင်း မောင်းလာပြီး
4 အဘတို့ Liberty Statue Cruise Boat ကြီးဟာ ၊ လှပတဲ့ Manhatten မြစ်ကြောင်းအတိုင်း မောင်းလာပြီး

 

4 ပြာလဲ့ ကြည်လင်နေတဲ့ ကောင်းကင် အရောင် နှင့် စိမ်းပြာပြာ Liberty Statue ကြီးဟာ ပနံရ လှပနေပါတယ် ။

4 ပြာလဲ့ ကြည်လင်နေတဲ့ ကောင်းကင် အရောင် နှင့် စိမ်းပြာပြာ Liberty Statue ကြီးဟာ ပနံရ လှပနေပါတယ် ။
4 ပြာလဲ့ ကြည်လင်နေတဲ့ ကောင်းကင် အရောင် နှင့် စိမ်းပြာပြာ Liberty Statue ကြီးဟာ ပနံရ လှပနေပါတယ် ။

 

 

အင်း ၊ ဘေးရောက်သွားတာတွေ တော်တော် များသွားပြီး စာလဲ တော်တော် ရှည်သွားပြီ ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

 

16 comments

  • မမချွိ

    October 18, 2014 at 11:11 am

    နယူးယောက်မှာ ကကြောင် ကို မတွေ့ခဲ့ဘူးလားးး
    ဟိ။ :mrgreenn:
    မင်းသားကလည်း ကျုပ်တို့ အဘ လောက် တောင် မချောတာ။
    ပြန်လာရင် မမေ့ရဘူးနော်။
    ဒါပဲ။ :mrgreenn:
    ဓာတ်ပုံတွေက ကြည်လင်ပြီး မြင်သမျှကလှလိုက်တာ။

    🙂

  • Yae Myae Tha Ninn

    October 18, 2014 at 11:37 am

    မြန်မာ ပြည်လဲ အဲလို ဖြစ်တော့မှာပါ.. မကြာမှီ လာမည်ပေါ့… ဟဲ… မတွေ့တာတောင် ကြာပြီ… ဘာပဲ ပြောပြော ပြန်တွေ့ရလို့ ဝမ်းသာပါတယ်… 🙂

  • kyeemite

    October 18, 2014 at 11:57 am

    .နယူးယောက်ကို ကိုဖေါနဲ့အတူ ဖရီးပါတ်ကြည့်ရလို့ ကျေးဇူးတင်ပါတယ်ဗျာ :mrgreenn:
    .ရဲမေလေး ၂ ယောက်နဲ့ရိုက်တဲ့ပုံမှာ ကိုရီးယားဟွန်ဒိုင်းကားတွေ့တယ်…ဟွန်ဒိုင်းလည်းအမေရိက .အထိဖေါက်နိုင်တာပဲနော
    .“အင်းးးး ၊ အဘ လဲ အဝတ်အစား ဆင်ချင်ဦးမှပါဘဲ ၊ ဒါဝတ်ဘိုင်တော့ ဖြစ်နေပြီ ”
    .ဟုတ်ပ..ကျုပ်သတိထားမိသလောက် ကိုဖေါက အဲ့စပို့ရှပ်အတော်ကြိုက်ပုံရတယ်..ခိခိ :k:

  • manawphyulay

    October 18, 2014 at 12:00 pm

    အဘဖောရဲမေတွေနဲ့ ရိုက်တာကလည်း လက်ယှက်ထားပုံက တစ်ဖက်တစ်ချက်က ရဲတွေဆိုတော့ ဟီး ကြည့်ရတာ တစ်မျိုးကြီးပဲနော်… :mrgreen:

  • မြစပဲရိုး

    October 18, 2014 at 2:12 pm

    { Local Call & Internet unlimited Package ကို ၊ ( ၇၆ ) ဒေါ်လှ နှင့် ဝယ်လိုက်ပါတယ်}
    ဒီကို သူငယ်ချင်း လာလယ် တော့ သူဝယ်တာ တစ်လ သုံးလို့ ရတယ်။ အီးယူ နိုင်ငံတွေ သွားလဲ သုံးလို့ ရတယ်။ ၁၅ပေါင် တဲ့။
    Vending Machine ကနေ ဝယ်လို့ ရတယ်။

    နယူးယောက် က ခမ်းနားလိုက်တာ အဘဖော ရယ်။
    ကျွန်မ ကတော့ တောသူ မို့ ဒီလောက် တိုက်အမြင့်ကြီး တွေ တော်ရုံ မမြင်ဖူးပါဘူး။

    ရဲမေ လေးတွေ ကချစ်စရာပါ။
    ဘော်ဒီ တွေ ကတော့ ကျားပုံဖြစ်နေပြီ။

    မင်းသား ထွက်လာတာ ဆိုတော့ ဘူသူ က မင်းသားမှန်း တောင် မှန်းမရ။
    ကျောပိုးအိတ် နဲ့ လူ ထင်ရဲ့။

    Time Square အလယ် တည့်တည့် လောက် က ၊Applebee’s Restaurant ကို ကြည့်ပြီး နယူးယောက် ကို “The Big Apple” ဆိုပြီး nickname ရှိတာ သတိရလိုက်တယ်။

    မြစ်ကမ်းနားမှာ ရဟတ်ယာဉ် ပေါင်းများစွာ ဆင်းလိုက် တက်လိုက် နှင့် စည်ကားနေပါတယ် ။ ကို ကြည့်ပြီး ဒါကြောင့် လဲ ယူအက်စ် လို့ ခေါ်သည် လို့ တွေးမိသွားတယ်။
    အင်မတန် တော်တဲ့သူတွေ တည်ထောင်ထားတဲ့ နေရာပေါ့။

    ရဟတ်ယာဉ် နဲ့ အဘ ကလဲ ခန့်
    မီးဒုတ် (ဟုတ်ပါတယ်နော်) နဲ့ လေဘာတီ ကလဲ ကြီးမြတ်

    ကျွန်မ တို့ ကို အလည်ခေါ်ပေးသွားလို့ ကျေးဇူးပါရှင့်။ :))

  • ရွှေတိုက်စိုး

    October 20, 2014 at 11:23 am

    အော် အဘရယ် ဟိုရဲမေချောချောလေး နှစ်ယောက်နဲ.တွဲရိုက်တဲ့ပုံအကြိုက်ဆုံးပဲ..
    ဒါနဲ. ပုံကြည့်ပြီးတော့ ဇဝေဇဝါဖြစ်နေတယ်ဗျ..
    ရဲမေတွေက ရဲမေဆိုပြီး ရင်သားမရှိပဲ.. အဘ ကျတော့ ရင်သားရှိတယ်…. အဲဒါလွဲနေသလားလို.ရယ်… ခစ်ခစ်ခစ်…

    • kai

      October 20, 2014 at 11:31 am

      ဟုတ်ပါ့…
      တော်တော်မြင်တဲ့.. တိုက်တိုက်…

      ကျည်ကာအပြားတွေကြောင့်နေမှာ..။

    • Foreign Resident

      October 20, 2014 at 11:43 am

      ရွှေတိုက်စိုး says:
      ” အဘ ကျတော့ ရင်သားရှိတယ် ”

      အေးပါ ၊ တိုက်တိုက်ရယ် ။ နင် ရီထားပါ ။
      နင် အသက်ကြီးလာရင် သိလာမှာပါ ။ သိပ်မလိုတော့ပါဘူး ။
      လူတွေမှာ ကြီးရင် ပိန်မယ့်မျိုး နှင့် ဝမယ့်မျိုး ၂ မျိုး ရှိတာမယ် ၊
      နင်က ကြီးရင် ဝမယ့်မျိုး ပါဟယ် ။ သိပ်မလိုတော့ပါဘူး ။

      kai says:
      ” ကျည်ကာအပြားတွေကြောင့်နေမှာ..။ ”

      သူကြီးရဲ့ ၊ သူတို့က ကျည်ကာ အတွင်းခံ ဝတ်ထားသလား ။
      လည်ပင်းမှာပေါ်နေတဲ့ စွပ်ကျယ် အဝတ်စတွေကတော့ ပုံစံတူတွေဘဲ ။

      • kai

        October 20, 2014 at 3:37 pm

        အဲလိုပြားနေတာတွေက.. အဲလိုလို့.. ပြောကြတာပဲ..။
        ဖိခံထားရလွန်းလို့.. ဒုက္ခတွေတောင်ရောက်ကြတယ်.. တဲ့..။

        http://journalism.about.com/od/writing/a/writingtight.htm
        “Because of my condition, I am unable to wear my [bulletproof] vest,” Brown wrote in her June 12 request to be detailed back to her station on limited duty. “Wearing my vest is extremely painful and could clog my ducts and slow down the production of my milk supply.” She was then checked out by a department doctor, who advised that Brown be given a limited-duty desk job.

        • မြစပဲရိုး

          October 20, 2014 at 3:49 pm

          ဒါကြောင့်လဲ တစ်ချို့ အလုပ်တွေ မှာ သဘာဝတရားကြီး ရဲ့ လက်ဆောင် ဖြစ်မလား၊ ကျိန်စာ ဖြစ်မလား
          မိန်းမ တွေ အတွက် ဇော်ကန့်လန့် ဖြစ်နေတာ။
          လုပ်ချင်လို့ ကို လဲ သည်းခံ ပြီး လုပ်နေတာ နဲ့ တင် မိန်းမ တွေ ရဲ့ ပါဝါက ကြီးလှပြီ။
          I salute them. :))

        • ရွှေတိုက်စိုး

          October 20, 2014 at 4:03 pm

          အော် သဂျီးတို. ဆီက ရဲတွေများ သံပြားခံပြီး ရင်သားတောင် မရှိရတဲ့ဘွ သနားစရာပါလားဗျို…
          ကျုပ်တို.ဆီက ရဲမေတွေများ စွင့်ကားဝဘီးပြီးတော့ ရွှေတွေကိုသီးလို..
          သဂျီးတို. ဆီက ရဲ မစားရဘူးထင်ပဗျာ… ဟေ့ဟေ့ဟေ့

      • ရွှေတိုက်စိုး

        October 20, 2014 at 4:01 pm

        အော် အဘရယ် ဘာမှ အားမငယ်နဲ… သူများတွေတောင် ကြီးချင်လွန်းလို. ဆေးတောင်ထိုးနေရတဲ့ဟာ.. အဘဟ အော် နော့.. ခိခိ..

  • Mr. MarGa

    October 20, 2014 at 5:04 pm

    ကွန်မန့်တွေဖတ်တာ
    ဘယ်က ဘယ်လို ရဲမေတွေဘက် လှည့်သွားတယ်မသိ :mrgreenn:

  • အလင်းဆက်

    October 24, 2014 at 8:44 am

    ဟုတ်ပါ့
    ပုံတွေထဲ ကျိပြီး ကြော်ငြာဆ်ုင်းဘုတ်တွေ ကိစ္စ ဝင်ပြောမလို့ကြံလိုက်သေးတယ်
    တူညားတွေက ရဲမေကိစ္စ ပြောနေကြတော့
    ထူးတော့ပါဘူး
    ကျနော်လည်း ရဲမေကိစ္စနဲ့ဆိုင်တာပဲ တွေးသွားတော့တယ်

    ဖွေးဖွေးရယ်
    ဒေါ်ဖွားမေရယ်
    အဲ့လို ရဲမေဝတ်စုံ ဝတ်လိုက်ရင်
    ဘယ်သူပိုလှမလဲ. . .??? !!!
    သေချာတာကတော့ ပုံထဲက ရဲမေတွေထက် လှမယ်ထင့်

    :k:

  • Ma Ma

    October 24, 2014 at 6:31 pm

    မစုဉာဏ်နဲ့ မတွေ့ခဲ့ဘူးလား။
    မအိပ်သောမြို့ကလေးက ဖတ်ပြီးတော့ သွားလည်ချင်နေတာ။
    အဘ (အဘကိုယ်တိုင်က အဘလို့ပြောလို့ အဘလို့ ခေါ်လိုက်တာနော် :mrgreen: ) ပိုစ့်ဖတ်ပြီး အလည်ရောက်လိုက်ရပြီ။

Leave a Reply