Draft ထဲက တန်းလန်းလန်းပိုစ့်တွေကို Edit ပြန်လုပ်ဖို့……

alinsettOctober 20, 20142min29214

Draft ထဲက တန်းလန်းလန်းပိုစ့်တွေကို Edit ပြန်လုပ်ဖို့……

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကျွန်တော်တို့ ဂဇက်မှာ ပိုစ့်တင်တဲ့အခါ…
အကြောင်းကြောင်းတွေကြောင့် ပိုစ့်တင်ရင်းတန်းလန်းကြီးနဲ့

မအောင်မြင်ပဲ လက်လျှော့လိုက်ရတာတွေ ရှိပါတယ်။

မကြာခဏ ဖြစ်တတ်တာကတော့ မြန်မာပြည်တွင်းအင်တာနက်လိုင်းရဲ့ ထုံးစံအတိုင်း
လိုင်းမကောင်းတာကြောင့် ပိုစ့်တင်ရင်းနဲ့ နောက်မှ တင်တော့မယ်ကွယ်ဆိုပြီး တင်လက်စ ပိုစ့်ကို ပစ်ထားလိုက်တတ်ကြပါတယ်။

ကျွန်တော်တို့ ထင်တာက… Publish မှ မလုပ်လိုက်ရင်
အဲဒီပိုစ့်က ဘယ်နည်းနဲ့မှ ဂဇက်ရဲ့ Home စာမျက်နှာပေါ် မတက်သွားဘူး ။
ဟုတ်ပါတယ်။
Home စာမျက်နှာပေါ်တော့ တက်သွားပါဘူး ။

ဒါပေမယ့်… အဲဒီ တင်လက်စ တန်းလန်းလန်းပိုစ့်တွေဟာ
Draft ဆိုပြီး မိမိရဲ့ All  Posts စာမျက်နှာကြီးထဲမှာ…ဒီအတိုင်းကြီး ရှိနေပါတယ်။
တင်ပြီးသားပိုစ့်တွေ  ၊ ရှယ်ဂျူးပိုစ့်တွေ ကြားထဲမှာ.. Draft ဆိုတဲ့ ပိုစ့်ကြီးတွေ ရှိနေတော့  မျက်စိတော့ ရှုပ်တာပေါ့… ။

တင်လို့မရလို့…နောက်တစ်ခါ ထပ်တင်တဲ့အခါ…
နောက်ထပ် Add New Post စာမျက်နှာအသစ်ကို  အလွယ်တကူယူပြီး ထပ်တင်မယ်ပေါ့ ။

ဒါပေမယ့် အဲဒီ Draft ဖြစ်နေတဲ့ပိုစ့်တွေကို ပြန်လည်း Edit လုပ်လို့ ရနေတာပဲ… ။
Draft ဖြစ်နေတဲ့ ပိုစ့်စာမျက်နှာကို ပြန်ယူပြီး Edit လုပ်လိုက်တော့…
All Posts စာမျက်နှာကြီးထဲ..မလိုတဲ့ တို့လို့တန်းလန်းပိုစ့်တွေနဲ့ ရှုပ်မနေတော့ဘူးပေါ့ ။

လွယ်ပါတယ်။
ပုံလေး နှစ်ပုံ ပြပါ့မယ်။
အဲဒါလေးကို ကြည့်ရင် ရပါပြီ။

ဒီလိုဒီလို ကျန်နေတယ်...
(ပုံ-၁) ဒီလိုဒီလို ကျန်နေတယ်…

 

 

 

 

ပုံ(၁)မှာ ကိုယ်တင်လိုက်လို့  မပြီးပြတ်ပဲ တန်းလန်းကျန်ခဲ့တဲ့ပိုစ့်ကို အောက်နားမှာ တွေ့နိုင်ပါတယ် ။
ပိုစ့်နာမည် ဘေးမှာ Draft ဆိုတဲ့ စာသားလေး တွေ ့ပါလိမ့်မယ် ။(အဝါရောင်လေး ခြယ်ပြထားပါတယ် )
အဲဒီပိုစ့်လေးကို တွေ့ရင် မြှားလေးနဲ့ ထောက်လိုက်တာနဲ့ Edit လုပ်လို့ရတဲ့  ပုံစံလေး ပေါ်လာပါလိမ့်မယ်။

Edit လုပ်လိုက်ရုံပါပဲ ။

ပုံ(၂)ကို ထပ်ကြည့်ရင် ပိုရှင်းသွားပါလိမ့်မယ် ။

 

Edit ကို ကလစ်ရုံသာ..
(ပုံ-၂) Edit ကို ကလစ်ရုံသာ..

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Draft ဖြစ်နေတဲ့ ပိုစ့်အဟောင်းကို ယူပြီး Edit လုပ်ဖို့… စာတွေ ပြန်ထည့်မယ်..
ပုံတွေ ပြန်ထည့်မယ်…
ပြီးရင်..တင်တယ်…ပေါ့ ။

အဲဒီလို ပြန် Edit လုပ်ပြီး တင်တဲ့အခါ မမေ့သင့်တာ တစ်ခုကတော့….

ပိုစ့်ကို Publish လုပ်ခါနီးမှာ Date & Time ကို လက်ရှိ ပိုစ့်ပြန်တင်ချိန်အတိုင်း ပြင်ရပါမယ်။

ဘာလို့လဲ…ဆိုတော့… ပိုစ့်တင်လို့မရလို့  Publish မလုပ်ပဲ တန်းလန်းလန်းကြီး ပစ်ထားလိုက်တဲ့ ပိုစ့်က….
Draft ဖြစ်သွားတဲ့နေရာမှာ… ပိုစ့်တင်လို့မရလို့ ပစ်ထားခဲ့တဲ့ အချိန်နဲ့ Draft ဖြစ်နေတာကြောင့်ပါ။

ဒါကြောင့် .. . Draft Post ကို Edit လုပ်တဲ့အခါ…
Date & Time ကို ပြန်တင်တဲ့ အချိန်နဲ့ ပြန်တိုက်ရပါမယ်။
Date & Time ကို မပြင်ပဲ ကျန်တာတွေပဲ ပြင်ပြီး Publish လုပ်လိုက်ရင်…. ပထမတစ်ခါ တင်လို့မရလို့ ပစ်ထားလိုက်တဲ့ အချိန်နဲ့
ပိုစ့်က တက်သွားပါလိမ့်မယ်။

ပထမတစ်ခါ…တန်းလန်းပစ်ထားလို့ Draft ဖြစ်သွားတဲ့ အချိန်ဟာ..လွန်ခဲ့တဲ့ ငါးရက်ကသာ ဆိုရင်….
ဂဇက်ရဲ့ Home စာမျက်နှာမှာ မပေါ်တော့ပဲ…
လွန်ခဲ့တဲ့ ငါးရက်လောက်က…နောက်တန်းရောက် စာမျက်နှာတွေဆီမှာ သွားပေါ်နေပါလိမ့်မယ်။
ဘယ်သူမှ သတိမပြုမိတော့ပဲ…နစ်နာမှာစိုးပါတယ်။

ဒါကြောင့် လက်ရှိ နောက်ဆုံးတင်ချိန် Date & Time ကို ပြောင်းထည့်ပေးဖို့ မမေ့ပါနဲ့… နော့ ။

Date & Time ပြင်တာကတော့ လွယ်ပါတယ်။ အားလုံးလည်း သတိပြုမိမှာပါ….
ပြင်ဖို့အတွက် ပုံလေး နှစ်ပုံလောက် ပြပါဦးမယ်။

Post တင်နေတဲ့ စာမျက်နှာမှာ Publish ကလစ်ရမယ့်နေရာကို ကြည့်လိုက်ပါ ။

Publish immediately ဆိုတဲ့ စာသားလေး တွေ့ကို တွေ့ပါလိမ့်မယ်။
အဲဒီ စာသားဘေးမှာ Edit ဆိုတာ ရှိပါတယ်။
Edit ကို ကလစ်လိုက်ပါ။ (ပုံ – ၁ ကို ကြည့်ပါ )

ဒါလေးးးးလည်း Edit ကို ကလစ်ရုံသာ...
ဒါလေးးးးလည်း Edit ကို ကလစ်ရုံသာ…

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 
Date & Time ကို စိတ်ကြိုက်ပြင်ဆင်လို့ရတဲ့ ကွက်လပ်လေး ပေါ်ကို ပေါ်လာမှာပါ။
စိတ်ကြိုက် ပြင်နိုင်ပါတယ်။
ပိုစ်ကို အခုတက်စေချင်ရင် အခု အချိန် ထည့်… ။ နောက်မှ တက်စေချင်လည်း..ရတာပဲ.. ။
(ပုံ-၂ ကို ကြည့်ပါ )

 

Date & Time ကို စိတ်ကြိုက်ပြင်
Date & Time ကို စိတ်ကြိုက်ပြင်

 

 

 

 

 

 

 

 

 

 

 

 
(အဲဒီ Publish immediately > Edit ဟာ ပိုစ့်တွေကို

ရှက်ဂျူးနဲ့ ကြိုတင်ဖို့ ပြင်ဆင်ခြယ်သတဲ့နေရာလည်း ဖြစ်ပါတယ်။ သိပြီးသားတွေပါနော ့ )

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Draft ဖြစ်သွားတော့ ဘာဖြစ်တုန်း…
Draft ဖြစ်နေတဲ့ ပိုစ့်ကို Edit မလုပ်ပဲ ပစ်ထားတော့ရော ဘာဖြစ်တုန်း…
တင်လို့ မရဘဲ တန်းလန်းကြီးနဲ့ ဆယ်ခါပစ်ထားလိုက်…
Draft ဆယ်ခု ဖြစ်သွားတော့ရော ဘာဖြစ်တုန်း ….
Draft ဖြစ်သွားတဲ့ ပိုစ့်တွေကို ပြန် Edit လုပ်ရတာ အလုပ်ရှုပ်တယ်…ဆိုပါတော့…
ခပ်လွယ်လွယ်ပဲ Add New Post စာမျက်နှာ အသစ်တွေ ထပ် ထပ် ယူပြီးတင်တော့ရော ဘာဖြစ်တုန်း…
အဲဒီလို သဘောထားရင်လည်း….

ဘာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာမှ မဖြစ်ပါဘူး ။
အချိန်တန်ရင် သူကြီးနဲ့ မော့မော့တွေက…မလိုတဲ့ Draft ပိုစ့်တွေကို ရှင်းထုတ်ပစ်မှာပါပဲ… ။

:k:

ကိုယ် ထားခဲ့တဲ့ တန်းလန်းလန်းပိုစ့် Draft တွေကို…ကိုယ်တိုင်ပြန်ယူပြီး
Edit  ပြန်လုပ်ပြီး တင်လိုက်တော့….
သူကြီးနဲ့ မော့မော့တွေကို ကူညီ ရှင်းပေးရာလည်းရောက်တယ်…
ကိုယ့်ကြောင့်… All Posts စာမျက်နှာကြီးမှာ အမှိုက်မဖွရာလည်းရောက်ပါတယ်ပေါ့ ။

:k:

ကျွန်တော်တို့ အားလုံးဟာ…
ကိုယ်နေတဲ့ပတ်ဝန်းကျင်လေး သန့်ရှင်းပေးတတ်သူတွေ.. ..
ကိုယ့်ကြောင့် အမှိုက်မပွဖို့… ထိန်းသိမ်းပေးတတ်သူတွေ
တတ်နိုင်တဲ့ တထောင့်တနေရာတွေစီကနေ… ရှင်းပေးနိုင်တဲ့သူတွေဖြစ်တယ် မဟုတ်လား.. ။

အဲ့ဒါလေး လာပြောတာ… ။

:k:

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မိတ်ဆွေများ လွတ်လပ်ငြိမ်းချမ်းပါစေ….

ချစ်ခင်လေးစားလျက်…

အလင်းဆက်(Gazette)

၂၀၁၄ ၊ အောက်တိုဘာလ ၊ ၁ရ ရက် ၊ ည ၉ နာရီ ၂၅ မိနစ်

14 comments

  • Yae Myae Tha Ninn

    October 20, 2014 at 10:17 am

    ဟုတ်… ဆက်ဆက်.. ကျေးဇူးပါ… 🙂

  • kai

    October 20, 2014 at 11:08 am

    တန်းလန်း..တန်းလန်းနဲ့.. Draft ထဲတော်တော်များများတွေ့တာမို့.. သုံးကြစေလိုပါကြောင်း..
    စကားအတင်းစပ်..
    တန်းလန်းဆိုတာက.. ဘယ်ကဘယ်လို.. လာတာလဲ… ဟင်င်.. :k:

    • အလင်းဆက်

      October 20, 2014 at 3:07 pm

      တန်းလန်းဆိုတာကို အစကောက်မရလို့…အနောက်က လန်း တလုံးထပ်တိုးပြီး ‘ တန်းလန်းလန်း ‘ လုပ်ထားပါတယ် ရှိုမှ…
      :k:

      • မြစပဲရိုး

        October 20, 2014 at 3:15 pm

        တန်းလန်း (မြန်မာ-အင်္ဂလိပ် အဘိဓာန် မှာ ကြည့်လိုက်သော အခါ)
        (1) With somebody or something clinging, hanging, trailing
        (2) Without completing or finishing
        (3) While
        (4) In the middle of
        သိုးဆောင်းလို နားမလည်လဲ ပြင်သစ်လို၊ ဂျပန်လို ၊ တရုတ်လို၊ ရုရှားလို၊ ပြောရဦးမား။ lol:-))

        တန်းလန်းလန်း ဆိုတာတော့ ရှာမတွေ့။
        စကားလုံး အသစ်အဓိပ္ပါယ် လုပ်လိုက်ပေတော့။ :))

        • kai

          October 20, 2014 at 3:49 pm

          ဟုတ်ပါ့… အမတော်က..သမီးမွေးထားသမို့.. မသိ..
          သားမွေးထားသူတွေက.. ပြောကြတာ..
          တန်းလန်း.. တန်းလန်းနဲ့…တဲ့..
          အာဟိ…။ :k:

        • မြစပဲရိုး

          October 20, 2014 at 3:52 pm

          ဒါက something trailing ပေါ့။
          But I think you might know well. lol:-)))

    • Mr. MarGa

      October 20, 2014 at 4:30 pm

      တို့လို့တန်းလန်း
      တိုးလို့တန်းလန်း
      ဘယ်ဟာမှန်သတုန်း
      တန်းလန်းဆို အဲ့လိုတွဲသုံးတာပဲမြင်တယ်

      • အလင်းဆက်

        October 20, 2014 at 4:43 pm

        ကျ ုပ်ကတော့
        အသံထွက်လို့ ကောင်းတဲ့
        ”တန်းလန်းလန်း” ဆိုတဲ့ စကားကို သုံးလိုက်တယ်။
        တန်းလန်း တန်းလန်း တို့
        တို့လို့တန်းလန်းတို့
        တိုးလို (အစက်နှစ်စက်)တန်းလန်းတို ့. . .
        အဓိပ္ပာယ်တူဖို့ ရည်ရွယ်ထားပါကြောင်းးး

        :k:

        Draft ကနေ တန်းလန်းဘက် ချော်ထွက်ကုန်ပါပြီ။

        ဂွစ်ဂွစ်စ်

        :kwi:

        • Mr. MarGa

          October 20, 2014 at 4:51 pm

          ပြန်တည့်လိုက်ပေါ့ကွီ :a:

  • Kaung Kin Pyar

    October 20, 2014 at 11:23 am

    ကျေးဇူးပဲ ဆက်ဆက်ရေ…

  • မမချွိ

    October 20, 2014 at 12:21 pm

    ပို့(စ) အသစ်တင်မယ် ကြံ ရင် New Post ဆိုတာ အရင် မနှိပ်သေးပဲ။

    ၁) All post ကိုသွား
    ၂) Mine ကိုရွေးလိုက်ရင် အရင် ကိုယ် Draft ထဲမှာ ထားမိတဲ့ ပို့(စ) တွေ တွေ့လိမ့်မယ်။
    ၃) တစ်ခုလောက် ကို ရွေးပြီးမှ Edit လုပ်
    ၄) ရက်စွဲပြင်၊ ကက်တဂိုရီပြောင်း
    ၅) တင်လို့ ရပြီ။

    အဲလိုမိုးလားးး

    :k:

    • အလင်းဆက်

      October 20, 2014 at 3:03 pm

      ဟုတ်တယ် ဟုတ်တယ် မမဂျီး ။
      ဒီနေရာမှာ.. တယောက်နဲ့ တယောက်တော့ all posts စာမျက်နှာကို မြင်ရပုံ အနေအထားချင်း တူမတူ မသိ။
      တော်တော်များများကတော့ all post စာမျက်နှာမှာ ကိုယ်တင်ထားသမျှ ကိုယ့်ပိုစ့်တွေကိုပဲ. မြင်ရလတ္တံ့

      😆

      ကူရှင်းပေးတဲ့ မမဂျွိ ။ သိုင်းကျူ း ။

Leave a Reply