အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၅ ( Wall Street & Empire State ) ။

Foreign ResidentOctober 19, 201415min17811

အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား

ပေါ်တာ တောလား – ၅ ( Wall Street & Empire State ) ။

 

ဝ၅ – ဝ၅ – ၂၀၁၄ ။

 

အဘတို့ Liberty Statue Cruise စီးပြီးတဲ့ အခါမှာတော့ ၊

နာမည်ကျော် Wall Street လမ်းမ အတိုင်း အပေါ်ကို လမ်းလျှောက်ပြီး ၊

New York ရဲ့ Financial District ဆီကို ပြန်တက်လာခဲ့ပါတယ် ။

 

5 ဒီဟာက နာမည်ကျော် Wall Street လမ်းမကြီး ပေါ့ ။

5 ဒီဟာက နာမည်ကျော် Wall Street လမ်းမကြီး ပေါ့ ။
5 ဒီဟာက နာမည်ကျော် Wall Street လမ်းမကြီး ပေါ့ ။

 

5 Wall Street လမ်းမကြီး ရဲ့ အပေါ်ဖက် အဆုံးနားမှာ နာမည်ကျော် New York Stock Exchange ရှိလေရဲ့ ။

5 Wall Street လမ်းမကြီး ရဲ့ အပေါ်ဖက် အဆုံးနားမှာ နာမည်ကျော် New York Stock Exchange ရှိလေရဲ့ ။
5 Wall Street လမ်းမကြီး ရဲ့ အပေါ်ဖက် အဆုံးနားမှာ နာမည်ကျော် New York Stock Exchange ရှိလေရဲ့ ။

 

ဒီဟာက နာမည်ကျော် Wall Street လမ်းမကြီး ပေါ့ ။

Wall Street ရဲ့ အပေါ်ဖက် အဆုံးနားမှာ နာမည်ကျော် New York Stock Exchange ရှိလေရဲ့ ။

အဲဒီနားလေး Wall Street လမ်းမကြီး ရဲ့ အပေါ်ဖက် အဆုံးမှာ Cathedral တစ်ခုလည်း ရှိလေရဲ့ ။

ဟဲ ဟဲ ၊ Stock ဈေးတွေ အပြောင်းအလဲ အရမ်းကြမ်းရင် ၊ ပြေးပြီး ဘုရား ရှိခိုးလို့ ရအောင် ၊

ဘုရားကျောင်း ကို နီးနီး နားနား ဆောက်ပေးထားတာ ဖြစ်မယ် ။

 

5 ဒါကတော့ Wall Street လမ်းမကြီး ရဲ့ အလယ်လောက်က Federal Hall တဲ့ ။

5 ဒါကတော့ Wall Street လမ်းမကြီး ရဲ့ အလယ်လောက်က Federal Hall တဲ့ ။
5 ဒါကတော့ Wall Street လမ်းမကြီး ရဲ့ အလယ်လောက်က Federal Hall တဲ့ ။

 

ဒါကတော့ Wall Street လမ်းမကြီး ရဲ့ အလယ်လောက်က Federal Hall တဲ့ ။

30th April, 1789 တုန်းက အမေရိက ရဲ့ ပထမ ဦးဆုံး သမ္မတ ဂျော့ဝါရှင်တန် ဟာ ၊

အဲဒီ Federal Hall ထဲမှာ အမေရိကန် သမ္မတ အဖြစ် ကျမ်းသစ္စာ ကြိမ်ဆိုခဲ့တဲ့ နေရာတဲ့ ။

အဲဒီ Hall အရှေ့က ရုပ်တုကြီးက အမေရိကန် သမ္မတ ဂျော့ဝါရှင်တန် ရဲ့ ရုပ်ထုကြီး ပေါ့ ။

 

ဟဲ ဟဲ ၊ ထုံးစံအတိုင်းပါဘဲ ၊ လူဆိုး အဘ ဖေါ ၊ အဘ ဖေါ လူဆိုး ကတော့ ၊

အမေရိကန် သမ္မတ ဂျော့ဝါရှင်တန် ရဲ့ ရုပ်ထုကြီးနှင့် ဓါတ်ပုံရိုက်ဖို့ စိတ်မဝင်စားလှဘဲ ၊

ရုပ်ထုကြီး ခြေရင်းက Street Performer ( Beggar ) အဖိုးကြီး နှင့်ဘဲ တွဲရိုက်ခဲ့ပါတယ် ။

 

5 ရုပ်ထုကြီး ခြေရင်းက Street Performer ( Beggar ) အဖိုးကြီး နှင့်ဘဲ တွဲရိုက်ခဲ့ပါတယ် ။

5 ရုပ်ထုကြီး ခြေရင်းက Street Performer ( Beggar ) အဖိုးကြီး နှင့်ဘဲ တွဲရိုက်ခဲ့ပါတယ် ။
5 ရုပ်ထုကြီး ခြေရင်းက Street Performer ( Beggar ) အဖိုးကြီး နှင့်ဘဲ တွဲရိုက်ခဲ့ပါတယ် ။

 

အ ဟဲ ဟဲ ဟဲ ၊ ကြုံတုန်း ကြွားရဦးမယ် ၊ အဲဒီ သူတောင်းစား အဖိုးကြီး နှင့် တွဲရိုက်တုန်း ၊

ဝတ်ထားတဲ့ အင်္ကျ ီပန်းရောင်လေးဟာလေ ၊ Woodbury Premium Outlets က ၊

Tommy Hilfiger ဆိုင်မှာ ၊ ဝန်ထမ်း ချာတိတ်မလေး က ရွေးပေးထားတာပေါ့ ။

အဘ မဟေသီ ကတော့ ၊ အဘ နှင့် လိုက်တယ်လို့ ပြောတာပါဘဲ ။

ယောက်ျားလေး နှင့် ၊ ပန်းရောင် အစင်းကျားကြီး နှင့် ၊ အဘ တော့ မထင် ။

 

5 Wall Street လမ်းမကြီး အနားမှာလဲ တကယ့် ဝတ်စုံပြည့် NYPD တွေနှင့်ပါ ။

5 Wall Street လမ်းမကြီး အနားမှာလဲ တကယ့် ဝတ်စုံပြည့် NYPD တွေနှင့်ပါ ။
5 Wall Street လမ်းမကြီး အနားမှာလဲ တကယ့် ဝတ်စုံပြည့် NYPD တွေနှင့်ပါ ။

 

Wall Street လမ်းမကြီး အနားမှာလဲ တကယ့် ဝတ်စုံပြည့် NYPD တွေနှင့်ပါ ။

အ ဟီးးးး ၊ ဒီတစ်ခါ NYPD နှင့်တော့ တွဲမရိုက်ရဲပါဘူးကွယ် ။

Automatic Assault Rifle တွေ ၊ ကျည်ကာဝတ်စုံ တွေ နှင့် ၊

နေကာ မျက်မှန် အနက်ကြီး တပ်ရုံမကဘူး ၊ မျက်နှာဖုံးပါ စွပ်ထားလိုက်သေး ။

ကြောက်ဆှာဂျီး ။

 

ဒီနေ့ နေ့လည်စာ က Tour Company က မကျွေးဘူးလေ ။

အဘ တို့ ကိုယ့် အစီအစဉ် နှင့် ကိုယ် ဝယ်စားရမှာတဲ့ ။

အဘ တို့ Guide Dan ကတော့ အကြံပေးပါတယ် ၊

New York မြို့ နေရာ အနှံ့မှာ ကား / တွန်းလှည်း နှင့်ရောင်းတဲ့ ဆိုင်တွေ အများကြီးတဲ့ ။

ကြုံတုံး အဲလို ဆိုင်လေးတွေက အရသာ ကို မြည်းကြည့်သင့်တယ် တဲ့ ။

 

အ ဟင်း ဟင်း ၊ အဘ က အဲဒီလို လမ်းဘေးက ဆိုင်တွေ ကို ၊

3 Course စံနစ်တကျ ကျွေးတဲ့ Restaurant က Dinner တွေထက်တောင် ပိုကြိုက်သေး ။

ကိုယ့် စိတ်ကြိုက် ဆိုင် ကနေ ၊ ကိုယ့် စိတ်ကြိုက် စားစရာ ကို ၊ အမြင် ရွေးရတာလေ ။

 

5 ဒါကတော့ Wall Street လမ်းဘေးက ကား ၊ တွန်းလှည်း နှင့်ရောင်းတဲ့ ဆိုင် တစ်ဆိုင် ။

5 ဒါကတော့ Wall Street လမ်းဘေးက ကား ၊ တွန်းလှည်း နှင့်ရောင်းတဲ့ ဆိုင် တစ်ဆိုင် ။
5 ဒါကတော့ Wall Street လမ်းဘေးက ကား ၊ တွန်းလှည်း နှင့်ရောင်းတဲ့ ဆိုင် တစ်ဆိုင် ။

 

5 အဘတို့က ဒီဆိုင်လေးကနေ နေ့လည်စာ ဝယ်စားလိုက်တယ် ။

5 အဘတို့က ဒီဆိုင်လေးကနေ နေ့လည်စာ ဝယ်စားလိုက်တယ် ။
5 အဘတို့က ဒီဆိုင်လေးကနေ နေ့လည်စာ ဝယ်စားလိုက်တယ် ။

 

5 အဘတို့ နေ့လည်စာ ဝယ်စားတဲ့ ဆိုင်လေး ရဲ့ ဈေးနှုန်းတွေ ။

5 အဘတို့ နေ့လည်စာ ဝယ်စားတဲ့ ဆိုင်လေး ရဲ့ ဈေးနှုန်းတွေ ။
5 အဘတို့ နေ့လည်စာ ဝယ်စားတဲ့ ဆိုင်လေး ရဲ့ ဈေးနှုန်းတွေ ။

 

ဒါကတော့ Wall Street လမ်းဘေးက ကား / တွန်းလှည်း နှင့်ရောင်းတဲ့ ဆိုင် တစ်ဆိုင် ။

အဘတို့က ဒီဆိုင်လေးကနေ နေ့လည်စာ ဝယ်စားလိုက်တယ် ။

အဘတို့ နေ့လည်စာ ဝယ်စားတဲ့ ဆိုင်လေး ရဲ့ ဈေးနှုန်းတွေ ။

 

Fish Over Rice နှင့် Chicken Over Rice တစ်ပွဲစီ ဝယ်စားလိုက်တယ်လေ ။

အဲဒီထဲမှာ Salad / French Fries တစ်ပွဲ & Coke တစ်ဘူး စီပါ အပါအဝင်ပေါ့ ။

တစ်ယောက်ကို ၆ ဒေါ်လှစီ ဘဲကျတယ် ။ တန်ပါတယ် ၊ စားပျော်ပါတယ် ။

 

တစ်ခု စဉ်းစားမိနေတာက ၊ အဲဒီဆိုင် အောက်ခြေနားက ရှေ့ဖွင့် အကန့်လေးမှာ ၊

အချိုရည်ဘူးတွေကို ရေခဲထုပ်တွေကြားမှာစိမ်ပြီး ဒီအတိုင်း ထားထားတာ တွေ့လား ။

ထမင်း ဝယ်စားတဲ့သူတွေ ၊ ကိုယ့် စိတ်ကြိုက် တစ်ဘူးစီ ယူသွားရအောင်လေ ။

 

မြန်မာပြည်မှာသာ ဒီလို လာရောင်းလို့ကတော့ ၊ ပိုယူသွားမယ့်သူ နှင့် ၊

အသာလေး ရှေ့က အလစ်သုတ် သွားမယ့်သူ ( ကလေးတွေပေါ့ ) နှင့် ၊

ဆိုင်ရှင်လည်း ၊ သိပ်မကြာခင် အရင်းပြုတ်သွားမှာ သေချာတယ်လို့ ၊ ဟီ ဟိ ။

 

ဒီ့ထက်ပိုပြီး ဖြန့်ထွက်တွေးရရင်တော့ အမေရိကန် လူမျိုး တွေနှင့် ၊

မြန်မာ လူမျိုး တွေ ၊ ဘယ် လူမျိုး ကများ ပိုပြီး ရိုးသား ကြသလဲပေါ့ ။

( ခံစားချက် Emotion ထက် Fact အချက် အလက် တွေက အမှန် ပို ပြောမယ် ထင်မိတယ် )

 

နေ့လည်စာ အပြီး နေ့လည် ၁၂ နာရီလောက်မှာတော့ အဘတို့ အဖွဲ့တွေ ပြန်ဆုံပါတယ် ။

ပြီးတော့ New York Stock Market ရဲ့ နာမည်ကျော် Golden Bull ဆီကို လမ်းလျှောက်သွားကြပါတယ် ။

New York မြို့ ရဲ့ မြင့်မားတဲ့ မိုးမျှော် တိုက်ကြီးတွေ ကြားက ဖြတ်လျှောက်ပြီးတော့ပေါ့ ။

 

5 New York မြို့ ရဲ့ မြင့်မားတဲ့ မိုးမျှော် တိုက်ကြီးတွေ ကြားက ဖြတ်လျှောက်ပြီးတော့ပေါ့ ။

5 New York မြို့ ရဲ့ မြင့်မားတဲ့ မိုးမျှော် တိုက်ကြီးတွေ ကြားက ဖြတ်လျှောက်ပြီးတော့ပေါ့ ။
5 New York မြို့ ရဲ့ မြင့်မားတဲ့ မိုးမျှော် တိုက်ကြီးတွေ ကြားက ဖြတ်လျှောက်ပြီးတော့ပေါ့ ။

 

5 အဲဒီ Golden Bull က Stock ဈေးကွက် အရောင်းအဝယ်သွက် ဈေးတက်တဲ့ အထိမ်းအမှတ် ရုပ်ထုကြီးပါ ။

5 အဲဒီ Golden Bull က Stock ဈေးကွက် အရောင်းအဝယ်သွက် ဈေးတက်တဲ့ အထိမ်းအမှတ် ရုပ်ထုကြီးပါ ။
5 အဲဒီ Golden Bull က Stock ဈေးကွက် အရောင်းအဝယ်သွက် ဈေးတက်တဲ့ အထိမ်းအမှတ် ရုပ်ထုကြီးပါ ။

 

အဲဒီ Golden Bull က Stock ဈေးကွက် အရောင်းအဝယ်သွက် ဈေးတက်တဲ့ အထိမ်းအမှတ် ရုပ်ထုကြီးပါ ။

Stock ဈေးကွက် အရောင်းအဝယ်ထိုင်းမှိုင်းပြီး ဈေးကျရင်တော့ Bear ဝက်ဝံ ရုပ်ကို သတ်မှတ်တယ် ။

 

အဲဒီ Golden Bull ရုပ် နှင့် တွဲပြီး ဓါတ်ပုံရိုက် ဖို့တောင် ၊

တန်းစီနေတဲ့ လူတန်းက အရှည်ကြီး ၊ ဘယ်ဖက်မှာ တစ်တန်း ၊ ညာဖက်မှာ တစ်တန်း ။

 

Golden Bull ရုပ် နှင့် အမှတ်တရ တွဲပြီး ဓါတ်ပုံရိုက် ပြီးတဲ့အခါမှာတော့ ၊

အဘတို့ အဖွဲ့ Tour Bus ပေါ် ပြန်တက်ပြီး Empire State Building ကို ထွက်ခွာလာခဲ့ပါတယ် ။

 

5 လမ်းဘေးမှာလည်း အမေရိက ရဲ့ နာမည်ကျော် Homeless အိုးအိမ်မဲ့ ဆင်းရဲသားတွေကို တွေ့ခဲ့ရသေး ။

5 လမ်းဘေးမှာလည်း အမေရိက ရဲ့ နာမည်ကျော် Homeless အိုးအိမ်မဲ့ ဆင်းရဲသားတွေကို တွေ့ခဲ့ရသေး ။
5 လမ်းဘေးမှာလည်း အမေရိက ရဲ့ နာမည်ကျော် Homeless အိုးအိမ်မဲ့ ဆင်းရဲသားတွေကို တွေ့ခဲ့ရသေး ။

 

လမ်းဘေးမှာလည်း အမေရိက ရဲ့ နာမည်ကျော် Homeless အိုးအိမ်မဲ့ ဆင်းရဲသားတွေကို တွေ့ခဲ့ရသေး ။

အဘ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ် ၊ ဒီလို မြင်ကွင်းတွေကို မမြင်ချင်ဘူးကွယ် ။

လူချင်း အတူတူ ကို ၊ ဘာဖြစ်လို့များ ဒီလောက်တောင် ဆင်းရဲ ဒုက္ခ ရောက်ကြရသလဲကွယ် ။

 

5 Empire State Building ကို အသွားမှာ ၊ World Trade Centre နေရာဟောင်း ကိုဖြတ်ခဲ့ရပါတယ် ။

5 Empire State Building ကို အသွားမှာ ၊ World Trade Centre နေရာဟောင်း ကိုဖြတ်ခဲ့ရပါတယ် ။
5 Empire State Building ကို အသွားမှာ ၊ World Trade Centre နေရာဟောင်း ကိုဖြတ်ခဲ့ရပါတယ် ။

 

Empire State Building ကို အသွားမှာ ၊ World Trade Centre နေရာဟောင်း ကိုဖြတ်ခဲ့ရပါတယ် ။

အဲဒီ နေရာမှာ ဆောက်လုပ်ရေးတွေတော့ လုပ်နေတာဘဲ ၊ ဘာလုပ်နေမှန်းတော့ မသိ ။

 

နေ့လည် ၂ နာရီလောက်မှာတော့ Empire State Building ကို ရောက်ပါတယ် ။

Empire State Building ဟာ အထပ် ၁၀၃ ထပ် ရှိပြီး ၁၄၅၄ ပေ မြင့်ပါတယ် ။

Observation decks တွေက ၈၆ ထပ် နှင့် ၁၀၂ ထပ် တွေမှာ ရှိပါတယ် ။

 

၁၉၃၁ ခု မှာ ဆောက်ပြီးခဲ့ပြီး ၊ အဲဒီတုန်းကတော့ ကမာ္ဘ့ အမြင့်ဆုံး အဆောက်အဦး ပေါ့ ။

အခုတော့ ကမာ္ဘ့ ရဲ့ ၂၃ ခုမြောက် အမြင့်ဆုံး အဆောက်အဦး အဖြစ် အဆင့်ကျသွားပြီပေါ့ ။

ဘာပဲပြောပြော New York ကို သွားတဲ့သူတွေအတွက်ကတော့ မရောက်မဖြစ် တစ်နေရာပါဘဲ ။

 

အဘတို့ရဲ့ Tour Guide ၊ Dan က အဘတို့ကို Empire State Building အဝင်ဝ မှာ ၊

Empire State ရဲ့ ၈၆ ထပ်မှာရှိတဲ့ Observatory Floor ကိုတက်တဲ့ လက်မှတ်ကိုပေးလိုက်ပြီး ၊

နောက် တစ်နာရီ ကြာရင် ဒီ အဝင်ဝ မှာဘဲ ပြန်လာခေါ်မယ် ဆိုပြီး လွှတ်လိုက်ပါတယ် ။

 

5 Empire State အဆောက် အဦး မြေညီထပ်က Information Centre ။

5 Empire State အဆောက် အဦး မြေညီထပ်က Information Centre ။
5 Empire State အဆောက် အဦး မြေညီထပ်က Information Centre ။

 

တကယ့် တကယ်က ၊ Empire State Building ကို တစ်နာရီ ဘဲ အချိန်ပေးတာ လုံးဝ မလောက်ပါဘူး ။

 

၁ ။ အဝင်ဝမှာ Ticket စစ် ၊ Security Check လုပ်တာမှာ လူတန်းရှည်ကြီး နှင့် အကြာကြီးစောင့်ရပါတယ် ။

၂ ။ ဒီကြားထဲ အမှတ်တရ ဓါတ်ပုံရိုက်တဲ့ဆိုင်ကလည်း ဆွယ်နေသေး ။ ရိုက်တော့ ရိုက်လိုက်ပါတယ် ။

၃ ။ အဲဒီကနေ အထပ် ၈ဝ အထိကို ဓါတ်လှေကား စီးတဲ့နေရာမှာ လူတန်းရှည်ကြီး နှင့် အကြာကြီးစောင့် ။

၄ ။ နောက်တစ်ခါ အထပ် ၈ဝ ကနေ အထပ် ၈၆ အထိ ဓါတ်လှေကား စီးဖို့ ထပ် တန်းစီ ။

၅ ။ အဲဒီ ဓါတ်လှေကား စီးဖို့ တန်းစီတဲ့ ကိစ္စက အတက်ကော အဆင်းကော လုပ်ရတာလေ ။

 

အဲ့ဒီမှာ ၊ လုံခြုံရေးတစ်ယောက်က ၊ ၈ဝ ထပ် ကနေ ၈၆ ထပ် ဓါတ်လှေကား စောင့်နေတုန်း ၊

နင်တို့ ရိုးရိုး လှေကားကနေ တက်တာ ပိုမြန်မယ် ဆိုလို့ ၊ အဘတို့လဲ အချိန်က အရမ်းနဲနေပြီမို့ ၊

၈ဝ ထပ် ကနေ ၊ ၈၆ ထပ် အထိကို ၊ ရိုးရိုး လှေကားကနေဘဲ ပြေး တက်ခဲ့ပါတော့တယ် ။

လူတွေလဲ ၊ ဟောဟဲတွေလိုက် ၊ ပက်လက်တွေ လန်ကုန်တာပါဘဲ ။

 

အဲဒီတော့ကာ ၊ ၈၆ ထပ် က Observation Deck ရောက်တော့လဲ အချိန် သိပ်မရခဲ့ပါဘူး ။

တစ်ပါတ်လည်အောင် အမြန် လျှောက် ၊ အမြန် ဓါတ်ပုံရိုက် နှင့်ပေါ့ ။

ပြီးတာနှင့် အမြန် ပြန်ဆင်းရတယ် ။ ဓါတ်လှေကား တွေက တန်းစီရဦးမှာလေ ။

 

5 Empire State က အမှတ်တရ ပစ္စည်း အရောင်းဆိုင် မှာ ရိုက်ထားတဲ့ ဓါတ်ပုံ ။

5 Empire State က အမှတ်တရ ပစ္စည်း အရောင်းဆိုင် မှာ ရိုက်ထားတဲ့ ဓါတ်ပုံ ။
5 Empire State က အမှတ်တရ ပစ္စည်း အရောင်းဆိုင် မှာ ရိုက်ထားတဲ့ ဓါတ်ပုံ ။

 

5 Empire State အတက်မှာ အမှတ်တရ ရိုက်ထားတဲ့ ဓါတ်ပုံ ။

5 Empire State အတက်မှာ အမှတ်တရ ရိုက်ထားတဲ့ ဓါတ်ပုံ ။
5 Empire State အတက်မှာ အမှတ်တရ ရိုက်ထားတဲ့ ဓါတ်ပုံ ။

 

အောက်ပြန်ရောက်တော့ ၊ အမှတ်တရ ရိုက်ထားတဲ့ ဓါတ်ပုံ ပြန်ရွေးပေါ့လေ ။

ဓါတ်ပုံ လေးကတော့ မဆိုးပါဘူး ၊ Quality ကောင်းရှာပါတယ် ။

သေချာကြည့်မှ ၊ အဘ မဟေသီက အဘ ရဲ့ ပန်းဆီရောင် အင်္ကျ ီ နှင့် လိုက်အောင် ၊

သူ့ အတွင်း အင်္ကျ ီအနီ ၊ ကုတ် အင်္ကျ ီအနီ တင်မကဘူး ၊ လက်ကိုင်အိတ်ပါ အနီ ကိုင်ထားတယ် ။

လင် မယား ၂ ယောက်စလုံး တကယ့် ရဲရဲတောက် ဖြစ်နေတာပေါ့ ။

 

ထင်တဲ့ အတိုင်းပါဘဲ ၊ အဘ တို့ လင် မယား က Tour Bus ပေါ် အချိန်မှီ ပြန်ရောက်ပေမယ့် ။

တခြား အဖိုးကြီး အဖွားကြီး တွေ ကတော့ အချိန်မှီ ပြန်မရောက်ပါဘူး ။

အဘ အထင် ၊ လူစုံအောင် အနဲဆုံး မိနစ် ၂ဝ လောက် ထပ်စောင့်လိုက်ရတယ် ။

နို့ ၊ ဒီ အဖိုးကြီး အဖွားကြီး တွေ က ၊ ဒီလောက် လူတွေ အများကြီး ကြားထဲမှာ ၊

ဘယ်လိုလုပ် တွန်းထိုးနိုင် ၊ လှေကားကို ပြေးတက်နိုင်မှာတုန်း ။

 

အဘ အထင် ၊ Tour ရဲ့ ပုံမှန် Schedule ထဲမှာ မပါဘဲ ၊ သပ်သပ် ထပ် ဘော်ချက်ပြီး ၊

U.S.S Intrepid Sea, Air & Space Museum ကို ၊ အတင်း ထပ်သွားခိုင်းလိုက်တော့ ၊

အချိန်တွေ အရမ်း Tight ကျပ် ကုန်တာ ဖြစ်မယ် ။ တယ်ခက်တာဘဲ ။

 

အင်းးးး ၊ သူတို့ ဘက်က ကြည့်ပြန်တော့လည်း ၊ စီးပွားရေး ၊ စားဝတ်နေရေး ပေကိုး ။

ဘယ်တတ်နိုင် မလဲလေ ။

 

ကဲ ၊ Post လဲ တော်တော် ရှည်သွားပြီ ၊ ဓါတ်ပုံတွေလဲ တော်တော် များသွားပြီ ဆိုတော့ ၊

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

5 Empire State အဆောက် အဦးပေါ်က မြင်ရတဲ့ New York မြို့ ရဲ့ မြင်ကွင်း 1

5 Empire State အဆောက် အဦးပေါ်က မြင်ရတဲ့ New York မြို့ ရဲ့ မြင်ကွင်း 1
5 Empire State အဆောက် အဦးပေါ်က မြင်ရတဲ့ New York မြို့ ရဲ့ မြင်ကွင်း 1

 

5 Empire State အဆောက် အဦးပေါ်က မြင်ရတဲ့ New York မြို့ ရဲ့ မြင်ကွင်း 2

5 Empire State အဆောက် အဦးပေါ်က မြင်ရတဲ့ New York မြို့ ရဲ့ မြင်ကွင်း 2
5 Empire State အဆောက် အဦးပေါ်က မြင်ရတဲ့ New York မြို့ ရဲ့ မြင်ကွင်း 2

 

5 Hudson River ရဲ့ အဆုံး ၊ ကျွန်းလေးပေါ်မှာ Liberty Statue ။

5 Hudson River ရဲ့ အဆုံး ၊ ကျွန်းလေးပေါ်မှာ Liberty Statue ။
5 Hudson River ရဲ့ အဆုံး ၊ ကျွန်းလေးပေါ်မှာ Liberty Statue ။

 

 

11 comments

  • မမချွိ

    October 19, 2014 at 10:50 am

    Fish over rice/chicken over rice နဲ့ fish rice/chicken rice နဲ့ ဘာကွာလို့တုန်း အဘရဲ့။

    မနာလိုစရာ သူတို့ကောင်းကင်က ပိုပြာနေသလိုပဲ။
    :k:

    အိပ် အနီရဲကြီးကလှတာ။ အနီ ခွေဇီမို့ အလွန်ကြိုက်။
    လောင်းကုပ်က D&G လားဟင်?
    ဟီးးး အဲဒီ ဘရန်း ဒီဇိုင်းနဲ့ တူလို့။

    :mrgreenn:

    • Foreign Resident

      October 19, 2014 at 1:08 pm

      ” Fish over rice/chicken over rice နဲ့ fish rice/chicken rice နဲ့ ဘာကွာလို့တုန်း ”

      ဘာရယ်ဟုတ်ပါဘူး ငါးတွေ ကြက်တွေကို ကင်ကျော်လေး လုပ်ပြီး ၊
      ထမင်းပေါ် တင်ပေးလိုက်တာပါကွယ် ။

      ” အိပ် အနီရဲကြီးကလှတာ။ အနီ ခွေဇီမို့ အလွန်ကြိုက်။
      လောင်းကုပ်က D&G လားဟင်? ”

      လောင်းကုပ် က ဘာ Brand မှန်းတော့ အဘလဲ သတိမထားမိဘူး ။
      သူတို့က လူတွေနှင့် အမြဲ ဆက်ဆံ နေရတဲ ဆရာဝန်တွေ ဆိုတော့ ၊
      အဘတို့လို ဖြစ်ကတက်ဆန်း ဝတ်လို့ မရဘူး ၊ ကောင်းကောင်း ဝတ်လေ့ရှိတယ် ။
      အဲဒါတော့ အဘ သိတယ် ။

      အိပ် အနီရဲကြီးကတော့ ထသွားလာသွားသုံးတဲ့ အိတ်ပါ ။ ” Long Champ ” ပါ ။
      အဲဒီ အခေါက် မှာဘဲ ဝယ်တာဆိုတော့ မှတ်မိနေတယ် ။

      • ဦးကြောင်ကြီး

        October 20, 2014 at 3:25 am

        lamb over rice လည်း ရှိသေးသဗျာ… သူက တကျပ် ဈေးပိုများတယ်။ ကြက်သား ရိုးသွားလျင် အဲဒါ ပြောင်းစားတယ်။ စားသာစားတယ် သိုးသားအစစ် မထင်ပါ။ အမဲသား မဆလာနိုင်နိုင် အုပ်ထားတာ နေမှာပါ သို့သော် အမဲသား မစားလေတော့ ဝိနည်းလွတ် မသိခြင်ထောင် စောင်တီးသဗျာ။ သိုးသားတကယ်စစ်လျင် တပွဲ ရှစ်ကျပ်၊ကိုးကျပ် လမ်းဘေးဆိုင်တောင် ယူအိ။

  • kyeemite

    October 20, 2014 at 10:38 am

    .အားကျစွာနဲ့ ငေးမျှော်သွားပါတယ်ဗျို့ :))

  • kai

    October 20, 2014 at 11:28 am

    အဲဒီလမ်းတွေကို.. ညကြီးမိုချုပ်မနက်.. ၂နာရီ၃နာရီလောက်.. လမ်းလျျှောက်ဖူးပါ့..။
    နယူးယောက်က.. ရုပ်ရှင်တွေထဲကလို့.. သေနတ်သံတွေတဒိုင်းဒိုင်း.. နှိုက်သူ..ခိုးသူတွေသောသောနဲ့မဟုတ်..
    အေးချမ်းပါ့..။

    နာမယ်ကျော်.. ဝေါစရိများ.. အစကနေအဆုံးထိလျှောက်တာ..
    .. ကျဉ်းကျဉ်း.. တိုတိုလေးပါဗျ..။

    ဆိုတော့..
    အခက်ဆုံးကအိမ်သာဗျို့…
    တိုကျိုမှာများ.. အများသုံးအိမ်သာတွေပေါမှပေါ..
    နယူးယောက်ကတော့.. ပါ့ဗလစ်အိမ်သာတွေ. 9/11 လက်ချက်နဲ့ … အကုန်အဆီးအတားမျိုးစုံ..။

    ကြည့်ရတာ..အဘဖောတို့တွေ… မြန်မာတွေအနေများတဲ့.. ကွင်စ်းဖက်ရောက်ခဲ့ပုံ..မပေါ်… :k:

    • Foreign Resident

      October 20, 2014 at 11:53 am

      kai says:
      ” နယူးယောက်က.. ရုပ်ရှင်တွေထဲကလို့.. သေနတ်သံတွေတဒိုင်းဒိုင်း..
      နှိုက်သူ..ခိုးသူတွေသောသောနဲ့မဟုတ်.. အေးချမ်းပါ့..။ ”

      သဘောပေါက်ပါတယ် သူကြီးရယ် ၊ ရုပ်ရှင်တွေထဲမှာ ရိုက်ပြတိုင်းသာ ဖြစ်ရရင် ၊
      မြန်မာကားတွေ တော်တော်များများက ၊ မေမြို့ တက်ရိုက်ထားကြတာလေ ၊
      မြန်မာကားတွေ ကြည့်လိုက်ရင် မေမြို့ မှာဘဲ မာဖီးယား ပေါင်းစုံ ရှိနေသလိုလို ၊
      တကယ်က မေမြို့ မှာ ၊ လူမိုက်တွေ တရုံးရုံး နှင့်မှ မဟုတ်တာ ။
      အေးချမ်းတဲ့ ချစ်စရာ မြို့လေး ဥစ္စာ ။

      ” မြန်မာတွေအနေများတဲ့.. ကွင်စ်းဖက်ရောက်ခဲ့ပုံ..မပေါ် ”

      ကွင်စ်း ဆိုတာ ဘယ်နားမှန်းတောင် မသိလိုက်ဘူး ။
      မိန်းမ သူငယ်ချင်းတွေ လာတွေ့တာတောင် ၊
      ည ၉ နာရီ ၁ဝ နာရီ မှ Hotel ခန်းထဲ လာတွေ့ရတယ် ။

  • အလင်းဆက်

    October 24, 2014 at 8:37 am

    ပုံတွေ အချက်အလက်တွေ ဝေဝေဆာဆာနဲ့မို့
    အတူ လိုက်ခဲ့ရတဲ့ ခရီးလိုကို ခံစားမိသွားပါသေးတယ်

    😆

  • ခင် ခ

    October 24, 2014 at 2:55 pm

    အဘဖောရဲ့ ဓာတ်ပုံတွေအရ ထုထည်ကြီး တိုင်ကြီးတွေနဲ့ အဆောက်အဦးက ရှေးကထဲရှိဟန်ဘဲနော်။
    သိချင်တာက အခုခေတ်ဆောက်တဲ့ သူတို့ဆီက တိုက်တာ အဆောက်အဦးတွေကရော အဲလိုဘဲ ထုထည်ကြီး ခန့်ငြားဘဲ ဆောက်ကြတာလားဗျ။
    မရောက်ဖူးသောနေရာတွေကို ရှင်းပြ ရေးပြ ဓာတ်ပုံလှ တွေအတွက်တော့ ကျေးဇူးတင်တယ်ဗျာ။

    • Foreign Resident

      October 26, 2014 at 2:33 am

      ခင် ခ says:
      ” သိချင်တာက အခုခေတ်ဆောက်တဲ့ သူတို့ဆီက တိုက်တာ အဆောက်အဦးတွေကရော
      အဲလိုဘဲ ထုထည်ကြီး ခန့်ငြားဘဲ ဆောက်ကြတာလားဗျ ”

      ကို ခင် ခ ရေ ။
      အဲဒါ ဒေသ လိုအင် နှင့် ဆိုင်မယ် ထင်သဗျ ။
      Washington DC မှာ အခုခေတ်ဆောက်တဲ့ အဆောက်အဦးတွေ
      အဲလိုဘဲ ထုထည် အကြီးကြီး ခန့်ခန့်ငြားငြားတွေ တွေ့ခဲ့သဗျ ။

  • မြစပဲရိုး

    October 25, 2014 at 2:17 am

    လှလိုက်တာ။
    စပို့ရှပ် အနီကျား လေးက။
    လူမပါ။

  • Ma Ma

    October 25, 2014 at 3:33 pm

    (Wall Street ရဲ့ အပေါ်ဖက် အဆုံးနားမှာ နာမည်ကျော် New York Stock Exchange ရှိလေရဲ့ ။)
    စိတ်ထဲမှာ Wall Street ဆိုတာ တို့ရွာက ဘုရားပွဲလို လူတွေ ကျိတ်ကျိတ်တိုး စည်ကားနေမယ်လို့ ထင်ထားတာ။
    ပုံထဲမှာ ကြည့်ရတာ အဲဒီ၂နေရာလုံးမှာ သိပ်ပြီး လူမစည်ကားသလိုပဲ။
    ပိတ်ရက်များ ရောက်သွားတာလား။

    (မြန်မာပြည်မှာသာ ဒီလို လာရောင်းလို့ကတော့ ၊ ပိုယူသွားမယ့်သူ နှင့် ၊
    အသာလေး ရှေ့က အလစ်သုတ် သွားမယ့်သူ ( ကလေးတွေပေါ့ ) နှင့် ၊
    ဆိုင်ရှင်လည်း ၊ သိပ်မကြာခင် အရင်းပြုတ်သွားမှာ သေချာတယ်လို့ )…. မထင်ပါနဲ့။
    ကျမလည်း အရင်က အဲသလိုထင်ထားတာ။
    ကျမတို့ အိမ်ကို ပြင်ရင်းနဲ့ အိမ်ရှေ့ဘက်ကို မျက်နှာစာဖွင့်ပြီး ဆိုင်ခန်းလေးလုပ်ပြီး တိုလီမုုတ်စလေးတွေ ရောင်းဖြစ်တယ်။
    အရောင်းစာရေးမလေး၂ယောက်ခေါ်ပြီး ဆိုင်ထိုင်ခိုင်းတယ်။
    ဖွင့်ဖွင့်ချင်းတုန်းကတော့ အခိုးခံရမှာပါပဲ။ အနည်းနဲ့အများပေ့ါလို့ တွေးထားပေမယ့် ခုချိန်ထိ တစ်ခုမှ အခိုးမခံရလို့ အံ့တောင် အံ့ဩမိတယ်။

    ဓာတ်ပုံတွေကြည့်ပြီး အဘ (အဘကိုယ်တိုင်က အဘလို့ရေးထားလို့ အဘလို့ လိုက်ခေါ်တာ :mrgreen: ) နဲ့ အဘဘေးက လောင်းကွတ်အနီနဲ့ လုံမလေး ပိန်သွားတယ်။ (ပိုလှလာကြတယ်လို့ ပြောချင်တာ။) 😆

Leave a Reply