နွေတမာခါးလေရော့သလား

ကာရံOctober 19, 20141min1004

နွေတစ်မာခါးလေရော့သလား

မှိုင်းပျပျမှုံကာခြယ်
ရွာတစ်ဖက်ထန်းတောငယ်နဲ့
တို့ဖိုးထောင်နွားကျောင်းဟန်က
လွမ်းမောဖွယ် ့ ့ ့

ဟိုးအဝေးကမီးခိုးတန်း
ထက်ကောင်းကင်လွင့်ပျံလို့
ညနေချမ်း ပျို မေတို့ ရေခပ်လမ်းမှာ
တေးသံသာတူစုံနွဲ လွမ်းမောဖွယ်

အလှမ်းသာလာချင်ပေမယ့်
ဝမ်းရေးမှာ ရှာခက်သူမို့
ရွာအဝေးမှာငါရပ်တည်ရင်း
အနာဂတ်ခရီးကြမ်း လျှောက်လှမ်းနေသမျှ
နွေတမာခါး ဘယ်တော့များချိုနေရော့မလဲလေ

ကာရံ ၁၉ ့၁ဝ ့၂၀၁၄

4 comments

  • kyeemite

    October 20, 2014 at 9:16 am

    .အညာလွမ်းချင်းကဗျာလေးပေါ့..ကောင်းပါ၏

  • ကာရံ

    October 20, 2014 at 5:58 pm

    ကျေးဇူးတင်ပါတယ်ခုလို အားပေးလို့

  • အလင်းဆက်

    October 21, 2014 at 8:05 am

    ကဗျာရဲ့ အပေါ်ဆုံးစာကြောင်းမှာ (စ်)ကြီး ထည့်ရေးထားတာက
    တမင်လားဟင်

    😆

    အတည်ပြောရ ရင်
    ကဗျာဆိုတာ စိတ်ပိုင်းဆိုင်ရာ နက်ရှိုင်းမှုကိစ္စသာဖြစ်တယ်
    ကဗျာဆိုတာ သဒ္ဒါကိစ္စ မဟုတ်။

    :k:

  • manawphyulay

    October 21, 2014 at 10:11 am

    ချိုချင်တိုင်းလည်း မရပါ
    အညာတမာ ဖန်ခါးခါး
    ဒေသ အမှတ်တစိတ်ပါဗျား…

Leave a Reply