လိမ်နိုင်လျှင် သမာဓိ

ညာနိုင်လျှင် ပညာရှိ

အပေါ်ဖားပြီး အောက်ဖိ…

မျက်နှာကြီးရာ ဟင်းဖတ်ပါ

မြေနိမ့်တဲ့အခါ လှံစိုက်

မရောင်ရာလဲ ဆီလူး…

မရှက်အပ်သည်ကို ရှက်

ရှက်သင့်သည်ကို မရှက်

ငတေမာရင် ပြီးရောစိတ်ဓာတ်…

ငကန်းသေရင် ငဆွေတက်

သူများမိုးခါးဆို ဒို့မိုးခါး

ငွေများရင် တရားနိုင်…

ထမင်းတလုပ် တသံသရာ

သမုဒ္ဒရာ ၀မ်းတထွာမို့

ဆိုရေးရှိရာ ဆိုပါစေတော့…

လူ့ဘုံခန်းဝါ  လူ့ပြည်ရွာဝယ်

နေတတ်ရင် ကျေနပ်စရာမို့

ထမင်းတနပ် ၀မ်းရေးမခက်ဖို့

မျက်လုံးကိုမှိတ် နှာခေါင်းပိတ်လို့

ဆေးခါးကြီးကို သောက်လိုက်တော့မည်….

– တခါတလေ အများနည်းတူ ကှ်ျ ကို ကျွဲ ဖတ်ခဲ့ရလေသည်…. :) :) :)

– စာကြွင်း အမှန်က ခက်ပင်ခက်သော်လဲ လို့ နာမည်ပေးမလို့ပါ… ကြွေလွင့်ပန်း နဲ့ ဆင်နေတော့ အားနာလို့… ဆေးခါးကြီးလို့ အမည် ပြောင်းလိုက်ပါတယ်… :) :) :)

ကို ထွဋ်

About ကို ထွဋ်

ကို ထွဋ် has written 119 post in this Website..

ခန့်ထည်သွေး ဖေဖေ...