ဆေးခါးကြီး…

ကုိ ထြဋ္October 22, 20141min16610

လိမ်နိုင်လျှင် သမာဓိ

ညာနိုင်လျှင် ပညာရှိ

အပေါ်ဖားပြီး အောက်ဖိ…

မျက်နှာကြီးရာ ဟင်းဖတ်ပါ

မြေနိမ့်တဲ့အခါ လှံစိုက်

မရောင်ရာလဲ ဆီလူး…

မရှက်အပ်သည်ကို ရှက်

ရှက်သင့်သည်ကို မရှက်

ငတေမာရင် ပြီးရောစိတ်ဓာတ်…

ငကန်းသေရင် ငဆွေတက်

သူများမိုးခါးဆို ဒို့မိုးခါး

ငွေများရင် တရားနိုင်…

ထမင်းတလုပ် တသံသရာ

သမုဒ္ဒရာ ဝမ်းတထွာမို့

ဆိုရေးရှိရာ ဆိုပါစေတော့…

လူ့ဘုံခန်းဝါ  လူ့ပြည်ရွာဝယ်

နေတတ်ရင် ကျေနပ်စရာမို့

ထမင်းတနပ် ဝမ်းရေးမခက်ဖို့

မျက်လုံးကိုမှိတ် နှာခေါင်းပိတ်လို့

ဆေးခါးကြီးကို သောက်လိုက်တော့မည်….

– တခါတလေ အများနည်းတူ ကျှ် ကို ကျွဲ ဖတ်ခဲ့ရလေသည်…. 🙂 🙂 🙂

– စာကြွင်း အမှန်က ခက်ပင်ခက်သော်လဲ လို့ နာမည်ပေးမလို့ပါ… ကြွေလွင့်ပန်း နဲ့ ဆင်နေတော့ အားနာလို့… ဆေးခါးကြီးလို့ အမည် ပြောင်းလိုက်ပါတယ်… 🙂 🙂 🙂

10 comments

  • အလင်းဆက်

    October 22, 2014 at 10:41 am

    ကဗျာရေးရာမှာ..သဒ္ဒါတွေ ရေးထုံးတွေကို ပယ်ကြ….
    အဆုံးစွန်သော..စွှန့်နည်းနဲ့…ဘာသာစကားကြီး ကာဆီးထားတာကို ကျော်ကြ….
    ဘာသာစကားက..ကဗျာ ဖန်တီးမှုအစဉ်ကို အနှောင့်အယှက်ပြုလာရင်…
    အဲဒီ ဘာသာစကားကိုပါ..စွှန့်ကြ….

  • Yae Myae Tha Ninn

    October 22, 2014 at 10:49 am

    ကောင်းပါလေ့ … မောင်ဆက်ရယ်… 🙂

  • Mr. MarGa

    October 22, 2014 at 12:15 pm

    မင်းမဲ့တိုင်းပြည်ဝင်ခွင့် ပယ်ဖျက်လိုက်သည်
    ဒုန်း ဒုန်း ဒုန်း

  • Yae Myae Tha Ninn

    October 22, 2014 at 1:45 pm

    ဟားဟား… တခါတလေပါကွယ်… မချစ်သော်လဲ အောင့်ကာနမ်းရတာပေါ့… 🙂

  • မမချွိ

    October 22, 2014 at 4:59 pm

    ဟမ်မလေး
    ဆေးခါးသောက်ရတာများ ကြောက်မနေနဲ့တော့။
    ခုဆို ရှူးဂါး ကုတ်တက် ဆေးခါးတွေ ရှိနေပြီ။
    ဒါမှ မဟုတ်လည်း ဟန်နီ လေး နဲ့သောက်။

    :k:

    • Mr. MarGa

      October 22, 2014 at 6:23 pm

      ပြောချင်ရာပြော ရှူးဂါးတော့ မထိနဲ့ :mrgreenn:

    • Yae Myae Tha Ninn

      October 24, 2014 at 11:42 am

      အဲဒီ အပေါ်ယံ သကာ အုပ်တာတွေကို ပိုကြောက်တယ်… အတွင်းခါးမှန်း သိတာကိုး… 🙂

  • kyeemite

    October 24, 2014 at 9:22 am

    .ဆေးခါးကြီးတော့မကြိုက်ဘူးဗျာ…ဘယ်သူကောင်းကောင်းမကောင်းကောင်း မိမိကောင်းမည် ဆိုတဲ့ကောင်ဗျ
    :mrgreenn:

    • Yae Myae Tha Ninn

      October 24, 2014 at 11:47 am

      မောင်သကြားရဲ့ သာသနာ မပါပါဘူးကွယ်… 🙂

    • Yae Myae Tha Ninn

      October 24, 2014 at 11:50 am

      ဦးမိုက်တို့က မာနိုင်တဲ့ အရွယ်ရောက်သွားပြိလေ… ကျွန်တော်ကတော့ ရောက်သေးဘူး.. သို့သော် ရိုးဂုဏ် မပျက် ခေတ်သစ် ရိုးဂုဏ် နဲ့ သောက်တာပါ… 🙂

Leave a Reply