ရေတွေက မသန့်ဘူး ညီလေး

အနည်တွေပါတယ်

ကိုယ်တို့ အရက်သောက်ကြမယ်…

အရက်ဆိုတာ ပိုးသတ်ထားတဲ့ အရည်တမျိုးပဲ

သူ့အရောင်အဆင်းက

Sexy အရမ်းကျတယ် ပြီးတော့

သူ့ထုပ်ပိုးမှူတိုင်းမှာ

ဂုဏ်သိက္ခာကြီးတယ်…

သူ့အနံ့အသက်က

သစ်မွှေးဆီတွေကနေ

ချက်လုပ်ထားခဲ့တာဆိုတော့

တခါရပြီးတိုင်း နောက်တခါ တမ်းတမိနေတယ်…

ဟန်ဆောင်မှုတွေကိုလည်း

သူက ချွတ်ချပေးတယ်

အဲဒါကြောင့် မရိုးသားတဲ့သူတွေ

မသောက်ရဲတဲ့ သစ္စာရေတမျိုးပဲ…

နောက်တနေ့ ဘာဖြစ်မယ်ကြိုမသိရတဲ့

လောကကြီးအတွက် ခွန်အားသစ်မွေးပြီး

သွေးသစ်တွေ လောင်းပေးတဲ့ အားဆေးဆိုလဲ မမှားဘူး…

ခင်မင်မှုကို တံတားထိုး

ရင်ဘတ်ချင်းနီးစေပြီး အနုပညာ ဈာန်ကြွစေတဲ့

သိဒ္ဓိပေါက်တန်ခိုး တမျိုးပဲ…

ဒါကြောင့် အရက်က သိပ်ကောင်းတယ် ညီလေး

တချို့လူတွေနဲ့ မတန်ပါဘူး….

– ဖေ့စ်ဘွတ်မှာ တင်ထားတဲ့ ဦးကြီးမိုက်ကဗျာကို ဂုဏ်ပြုပြီး… ပြီးခဲ့သော စနေက တွေ့ဆုံပွဲ ကို  အမှတ်ရလျက် ထပ်မံတွေ့ရှိသည်များကို ဖြည့်စွက်ပြီး တင်ပြလိုက်ပါတယ်… :) :) :)

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...