P1280273

 

– ဗီဒီယို အညွှန်း မတင်တာ ကြာပြီမို့… မေ့နေကြပြီ ထင်ပါတယ်… တကယ်တော့ ကိုယ်ပိုင် ပေ့ခ်ျမှာတော့ တော်တော် တင်ဖြစ်ပါတယ်…

– ဒီမှာက မောင် ဘ လှိုင် တင်နေတော့ မတင်တော့တာဗျ… ကျွန်တော်က ကြည့်ကောင်းရင် ကြည့်လိုက်တာပဲ… နာမည်ပေးထားတာ မိုက်ရင် ၀ယ်ဖြစ်တာ များတယ်…

– ဘယ်မင်းသားရယ်၊ ဘယ် ဒါရိုက်တာရယ်၊ ဘယ် လောက် ၀င်ငွေရတယ်၊ နံပါတ် ဘယ်လောက်လဲ ဒါတွေကို သိပ် စိတ်မ၀င်စားဘူးဗျ… ပြောရရင် ၀ါသနာအိုး မစစ်ဘူး ပြောရမှာပေါ့…

– ဘာပဲ ပြောပြော တင်ရင်တော့ ပြည့်စုံမှ ကောင်းမယ် ဆိုပြီး… မတင်ဖြစ်တာဗျ… ကြည့်တာကတော့ နေ့တိုင်းနီးပါး တကားတော့ ကြည့်ဖြစ်တယ်…

– ခုကားလေးကတော့ မြန်မာကား… ဒါကလဲ ယောက္ခမ အိမ်ကို Week End ဆိုရင် သွားလည်နေကျမှာ ယောက်ဖက ဌားလာတာနဲ့ ကြည့်ဖြစ်သွားတာ…

– အစ ကတော့ ဒီလိုပဲ.. သာမန်ကားဆိုပြီး အပျင်းပြေကြည့်တာ… မဆိုးဘူးဗျ… လမ်းရိုးကနေ ခွဲထွက်တယ် ပြောရမယ်…

– မင်းသား၊ မင်းသမီးက မညားဘူး… အတင်းဇွတ် ခွဲလဲ မခွဲ၊ ညားလဲ မညား ဘူး… ထူးခြားချက်က အခြောက် အစစ်တွေကို သုံးထားတယ်…

– ရွံ့ စရာ မကောင်းသလို.. အောက်ပိုင်း ပြက်လုံးတွေ ပါမလာဘူး… သရုပ်ဆောင် တာ ပိုပီနေတယ်…

– အခြောက်မ လုပ် သူ နဲ့ မိဘမဲ့ ကလေး တယောက် ရဲ့ ကြားက သံယောဇဉ် မေတ္တာ၊ အများနဲ့ ဆက်ဆံတဲ့ အခါမှာ ကြုံရတဲ့ လူမှုရေး ပြသာနာလေးတွေကို ရိုက်ထားတာဗျ….

 

– ရိုက်တာက ဗန်းကြီး( အောင်အောင် ရူပ)၊ မင်းသားက ဖြိုးငွေစိုး၊ မင်းသမီးက စံရတီမိုးမြင့်၊ အခြောက်မ က ရဲအောင်၊ ကျန်တဲ့ အခြောက်တွေက အခြောက် အစစ်တွေ

– ၀တ္ထု က ရွှန်းရမီမိုး… ခိုင်နှင်းဝေက စံရတီ အမေ… ဇာတ်အိမ်လေး ခိုင်တယ် ပြောရမယ်…

 

– ဇာတ်လမ်းက ဒီလို… ဖြိုးငွေစိုးက မိဘက စွန့်ပစ်ခံရတဲ့ ကလေး… မွေးစားထားတာက ရဲအောင်… ဗြူတီးစလွန်း ဖွင့်ထားပြီး လူလားမြောက်အောင် မွေးလာတာပေါ့…

– ဒီလိုနဲ့ မင်းသားလဲ ၁၀ တန်း အောင် တက္ကသိုလ်ကို တက်…

– တဖက်မှာလဲ စံရတီမိုးမြင့်က စည်းကမ်း အရမ်းကြီးတဲ့ အမေ ခိုင်နှင်းဝေ ရဲ့ သမီး… သူလဲ ၁၀ တန်းအောင်လို့ တက္ကသိုလ်ရောက်…

– ဒီမှာ သာမန်ဆို တွေ့ ကြိုက် ညား… မညားခင် အခြောက်မ သားမို့ ရှက် ပြသာနာတက်… မဟုတ်ဘူး…ဗျ… အဲလို…

– ကြားထဲမှာ မင်းသား သူငယ်ချင်း အာကာ ဆိုတာ ရှိသေးတယ်… သူက မင်းသမီး တဖွဲ့တည်းက သူငယ်ချင်း လေပြေကို   ကြိုက်နေတာ…

– ဒါနဲ့ ခင်ကြပေါ့… မင်းသားက သူငယ်ချင်းရတာ ရဲအောင် အခြောက်မ ကို ပြောပြ… ကျောင်းကိုပါ ခေါ် မိတ်ဆက်ပေးတယ်…

– ဒါကို အားလုံးက နားလည်ပေးကြတယ်… တွေးတော့ တွေးပေမယ့် တကယ့် မေတ္တာ နဲ့ သားအမိလို ဖြစ်နေတော့ အမြင်ကို သိပ်မကြာဘူး ရှင်းသွားကြတယ်…

– မင်းသမီး အမေ က စိတ်မချလို့ ကျောင်းကို နောက်ယောင်ခံတော့ မင်းသားနဲ့ တအားခင်နေတာတွေ့တော့ မခင်ဖို့တားမြစ်တယ်…

– အဲလိုဆို ရွှဲ့ပြီး လုပ်… ကြိုက်သွားမယ် ထင်လား.. မဟုတ်သေးဘူး… မင်းသားနဲ့ မင်းသမီးကလဲ တကယ် မောင်နှမ ရင်းလိုပဲ ခင်ကြတယ်…

– ဒီလိုနဲ့ နောက်ပိုင်းဘယ်လို ခွဲလဲ… မင်းသားကရော ဘာတွေ ထပ်လုပ်သွားလဲ… မညားတာတော့ မညားပါဘူး… ဒါပေမဲ့ ဇာတ်ဘယ်လို သိမ်းလဲ…

– ကြားထဲမှာရော ဘယ်လို ကွဲပြားတာတွေ ထပ်ထည့်ထားလဲ… အခြောက်မ အစစ်တွေကရော ဘယ်လို ပီပြင်စွာ သရုပ်ဆောင်၊ ဇာတ်လမ်း ဇာတ်ကွက်ထဲ မှာ ပါဝင်လဲ ဆိုတာကိုတော့….

– ကျွန်တော့်ကို ညစ်ပတ်တယ် မပြောကြနဲ့နော်… ဌားကြည့်လိုက်ပါ… ညွှန်းတာထက် ပိုကောင်းတာကို သိစေချင်တာပါ….

– ဒီတပတ်တော့ ဗီဒီယို အညွှန်းကို ဆန့်တငင်ငင် ထားခဲ့လို့ ခွင့်လွှတ်ပါလို့ ပြောရင်း နိဂုံးချုပ်ပါရစေ….

 

– စာကြွင်း ကားနာမည် ရာဇ၀င် မလှတဲ့ ကဗျာ၊ မင်းသားက ဖြိုးငွေစိုး၊ စံရတီမိုးမြင့်၊ ရဲအောင်၊ ခိုင်နှင်းဝေ နှင့် အခြောက်အစစ်မ များ ပါဝင်ပါတယ်…

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...