ရာဇဝင် မလှတဲ့ ကဗျာ…

ကုိ ထြဋ္October 21, 20141min1448

P1280273

 

– ဗီဒီယို အညွှန်း မတင်တာ ကြာပြီမို့… မေ့နေကြပြီ ထင်ပါတယ်… တကယ်တော့ ကိုယ်ပိုင် ပေ့ချ်မှာတော့ တော်တော် တင်ဖြစ်ပါတယ်…

– ဒီမှာက မောင် ဘ လှိုင် တင်နေတော့ မတင်တော့တာဗျ… ကျွန်တော်က ကြည့်ကောင်းရင် ကြည့်လိုက်တာပဲ… နာမည်ပေးထားတာ မိုက်ရင် ဝယ်ဖြစ်တာ များတယ်…

– ဘယ်မင်းသားရယ်၊ ဘယ် ဒါရိုက်တာရယ်၊ ဘယ် လောက် ဝင်ငွေရတယ်၊ နံပါတ် ဘယ်လောက်လဲ ဒါတွေကို သိပ် စိတ်မဝင်စားဘူးဗျ… ပြောရရင် ဝါသနာအိုး မစစ်ဘူး ပြောရမှာပေါ့…

– ဘာပဲ ပြောပြော တင်ရင်တော့ ပြည့်စုံမှ ကောင်းမယ် ဆိုပြီး… မတင်ဖြစ်တာဗျ… ကြည့်တာကတော့ နေ့တိုင်းနီးပါး တကားတော့ ကြည့်ဖြစ်တယ်…

– ခုကားလေးကတော့ မြန်မာကား… ဒါကလဲ ယောက္ခမ အိမ်ကို Week End ဆိုရင် သွားလည်နေကျမှာ ယောက်ဖက ဌားလာတာနဲ့ ကြည့်ဖြစ်သွားတာ…

– အစ ကတော့ ဒီလိုပဲ.. သာမန်ကားဆိုပြီး အပျင်းပြေကြည့်တာ… မဆိုးဘူးဗျ… လမ်းရိုးကနေ ခွဲထွက်တယ် ပြောရမယ်…

– မင်းသား၊ မင်းသမီးက မညားဘူး… အတင်းဇွတ် ခွဲလဲ မခွဲ၊ ညားလဲ မညား ဘူး… ထူးခြားချက်က အခြောက် အစစ်တွေကို သုံးထားတယ်…

– ရွံ့ စရာ မကောင်းသလို.. အောက်ပိုင်း ပြက်လုံးတွေ ပါမလာဘူး… သရုပ်ဆောင် တာ ပိုပီနေတယ်…

– အခြောက်မ လုပ် သူ နဲ့ မိဘမဲ့ ကလေး တယောက် ရဲ့ ကြားက သံယောဇဉ် မေတ္တာ၊ အများနဲ့ ဆက်ဆံတဲ့ အခါမှာ ကြုံရတဲ့ လူမှုရေး ပြသာနာလေးတွေကို ရိုက်ထားတာဗျ….

 

– ရိုက်တာက ဗန်းကြီး( အောင်အောင် ရူပ)၊ မင်းသားက ဖြိုးငွေစိုး၊ မင်းသမီးက စံရတီမိုးမြင့်၊ အခြောက်မ က ရဲအောင်၊ ကျန်တဲ့ အခြောက်တွေက အခြောက် အစစ်တွေ

– ဝတ္ထု က ရွှန်းရမီမိုး… ခိုင်နှင်းဝေက စံရတီ အမေ… ဇာတ်အိမ်လေး ခိုင်တယ် ပြောရမယ်…

 

– ဇာတ်လမ်းက ဒီလို… ဖြိုးငွေစိုးက မိဘက စွန့်ပစ်ခံရတဲ့ ကလေး… မွေးစားထားတာက ရဲအောင်… ဗြူတီးစလွန်း ဖွင့်ထားပြီး လူလားမြောက်အောင် မွေးလာတာပေါ့…

– ဒီလိုနဲ့ မင်းသားလဲ ၁ဝ တန်း အောင် တက္ကသိုလ်ကို တက်…

– တဖက်မှာလဲ စံရတီမိုးမြင့်က စည်းကမ်း အရမ်းကြီးတဲ့ အမေ ခိုင်နှင်းဝေ ရဲ့ သမီး… သူလဲ ၁ဝ တန်းအောင်လို့ တက္ကသိုလ်ရောက်…

– ဒီမှာ သာမန်ဆို တွေ့ ကြိုက် ညား… မညားခင် အခြောက်မ သားမို့ ရှက် ပြသာနာတက်… မဟုတ်ဘူး…ဗျ… အဲလို…

– ကြားထဲမှာ မင်းသား သူငယ်ချင်း အာကာ ဆိုတာ ရှိသေးတယ်… သူက မင်းသမီး တဖွဲ့တည်းက သူငယ်ချင်း လေပြေကို   ကြိုက်နေတာ…

– ဒါနဲ့ ခင်ကြပေါ့… မင်းသားက သူငယ်ချင်းရတာ ရဲအောင် အခြောက်မ ကို ပြောပြ… ကျောင်းကိုပါ ခေါ် မိတ်ဆက်ပေးတယ်…

– ဒါကို အားလုံးက နားလည်ပေးကြတယ်… တွေးတော့ တွေးပေမယ့် တကယ့် မေတ္တာ နဲ့ သားအမိလို ဖြစ်နေတော့ အမြင်ကို သိပ်မကြာဘူး ရှင်းသွားကြတယ်…

– မင်းသမီး အမေ က စိတ်မချလို့ ကျောင်းကို နောက်ယောင်ခံတော့ မင်းသားနဲ့ တအားခင်နေတာတွေ့တော့ မခင်ဖို့တားမြစ်တယ်…

– အဲလိုဆို ရွှဲ့ပြီး လုပ်… ကြိုက်သွားမယ် ထင်လား.. မဟုတ်သေးဘူး… မင်းသားနဲ့ မင်းသမီးကလဲ တကယ် မောင်နှမ ရင်းလိုပဲ ခင်ကြတယ်…

– ဒီလိုနဲ့ နောက်ပိုင်းဘယ်လို ခွဲလဲ… မင်းသားကရော ဘာတွေ ထပ်လုပ်သွားလဲ… မညားတာတော့ မညားပါဘူး… ဒါပေမဲ့ ဇာတ်ဘယ်လို သိမ်းလဲ…

– ကြားထဲမှာရော ဘယ်လို ကွဲပြားတာတွေ ထပ်ထည့်ထားလဲ… အခြောက်မ အစစ်တွေကရော ဘယ်လို ပီပြင်စွာ သရုပ်ဆောင်၊ ဇာတ်လမ်း ဇာတ်ကွက်ထဲ မှာ ပါဝင်လဲ ဆိုတာကိုတော့….

– ကျွန်တော့်ကို ညစ်ပတ်တယ် မပြောကြနဲ့နော်… ဌားကြည့်လိုက်ပါ… ညွှန်းတာထက် ပိုကောင်းတာကို သိစေချင်တာပါ….

– ဒီတပတ်တော့ ဗီဒီယို အညွှန်းကို ဆန့်တငင်ငင် ထားခဲ့လို့ ခွင့်လွှတ်ပါလို့ ပြောရင်း နိဂုံးချုပ်ပါရစေ….

 

– စာကြွင်း ကားနာမည် ရာဇဝင် မလှတဲ့ ကဗျာ၊ မင်းသားက ဖြိုးငွေစိုး၊ စံရတီမိုးမြင့်၊ ရဲအောင်၊ ခိုင်နှင်းဝေ နှင့် အခြောက်အစစ်မ များ ပါဝင်ပါတယ်…

8 comments

  • အလင်းဆက်

    October 21, 2014 at 8:31 am

    ရန်အောင်ဂျီး ခြောက်တာ ပို ပီပြင်တယ်
    ဂွစ်ဂွစ်စ်

    ဒီကားးးး အိမ်က ငှားရင် ကြည့်လိုက်ပါဦးမယ်

  • Yae Myae Tha Ninn

    October 21, 2014 at 8:56 am

    ရဲအောင်က လဲ မဆိုးပါဘူးကွယ်… သူလဲ ပီပြင်ပါတယ်.. ကြည့်ပြီးရင် ညွှန်းသလောက် ကောင်းလား ပြန်ပြောဦးလေ.. 🙂

  • manawphyulay

    October 21, 2014 at 9:19 am

    ရုပ်ရှင်ကားတွေ၊ ဗီဒီယိုကားတွေ မကြည့်တာ အတော်ကြာပါပြီ။ ခုနောက်ပိုင်း အချိန်မပေးနိုင်တော့တာလည်း ပါတယ်။

  • Yae Myae Tha Ninn

    October 21, 2014 at 9:36 am

    ဟုတ်.. လာမန့်ပေးတာပဲ ကျေးဇူးပါ… 🙂

  • တောင်ပေါ်သား

    October 21, 2014 at 11:00 am

    ကျနော်ကတော့ တနင်္ဂနွေနေ့လည် မြန်မာရုပ်သံကလာတဲ့ ကားဟောင်းတွေကလွဲပြီး မြန်မာကား မကြည့်ဖြစ်ဘူး ၊ ပေါချာချာတွေများလွန်းလို့ ၊

    တကယ်ကြိုက်တာက စစ်ကား ၊ ဖြစ်ရပ်မှန်ဇာတ်ကားမျိုး ပိုကြိုက်တယ် ၊ သရဲကား သိပ္ပံကားမျိုးကြတော့လည်း မကြိုက်ပြန် ၊

    အကြိုက်ဆုံးက The longest day နဲ့ A bridge too far ၊

  • Yae Myae Tha Ninn

    October 21, 2014 at 11:10 am

    ကားဟောင်းထဲကဆိုရင် အကြင်တို့ လင်မယား ကြိုက်တယ်… အဲပုံစံလေးကို ယူထားတယ်… စိတ်ဆိုးရင် မိနစ် ၃ဝ ထက် မပိုရ… မှားမှန်းသိရင် ဘယ်သူ မှားမှား … မှားတဲ့သူက ချော့ရမယ်… 🙂

    Drama ကား ကောင်းကောင်းလေးတွေ ကြည့်တတ်တယ်.. စစ်ကားဆို တရုတ်နန်းတွင်းကားတွေ ကြိုက်တယ်.. ရှောင်ယွင်ဖတ် ကို အကြိုက်ဆုံးပဲ…

    အင်္ဂလိပ်ကားထဲမှာ အခု အကြိုက်ဆုံးက B13U ကောင်းတယ်ဗျ… မျက်စိတော့ နောက်မယ်… 🙂

  • kyeemite

    October 21, 2014 at 1:39 pm

    .ဟုတ်ပ..ဗမာကားမကြည့်ဖြစ်တာတောင်ကြာပြီ
    .အခွေလည်းငှားမကြည့်ဖြစ်ဘူး
    .5 မူဗွီကလာတာတွေပဲကြည့်ဖြစ်တယ်ဗျာ…ဘာပြောပြောရုပ်ရှင်ကြည့်ညွှန်းလေးကောင်းပါတယ်ဗျာ 🙂

  • Yae Myae Tha Ninn

    October 21, 2014 at 2:02 pm

    ဟုတ်… မရည်ရွယ်ဘဲ ကြည့်ဖြစ်တာ ကောင်းလို့ တင်ပေးတာ .. ဦးမိုက်ရေ.. 🙂

Leave a Reply