**မင်းမဲ့တိုင်းပြည် **
အို အဆွေ
လာလော့….. ရှုလော့
ကျွန်ုပ်တို့ရဲ့ မင်းမဲ့တိုင်းပြည်
အုပ်စိုးသူ မရှိ
မင်းမှုထမ်း မပါ
လာဘ်စားတာ မရှိ
ဖော်လံဖား နတ္ထိ
မင်းလိုလိုက်စရာလည်းမလို
မင်းကြိုက်ဆောင်ဖို့ ဝေလာဝေး
ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းလို့
လူတန်းစားမခွဲတဲ့ မင်းမဲ့တိုင်းပြည်
အာဏာရှင် စနစ်လည်းမဟုတ်
ဆိုရှယ်လစ်လည်း မပါ
ကွန်မြူနစ်လည်း ဘေးကိုချ
ကိုယ့်ဘဝမှာ ကိုယ်သာ သက်ဦးဆံပိုင်
ဒီတိုင်းပြည်မှာ ဥပဒေမရှိဘူး
သူ့စည်း ကိုယ့်စည်း
လူ့စည်း ဘီလူးစည်း
အသီးသီးခွဲထားကြရဲ့
ဟီရိဩတပ္ပကိုသာ ငါတို့ကိုင်စွဲထား
သီလ ငါးပါးဟာ ငါတို့ရဲ့ လူမှုဆက်ဆံရေး
လေးပါးသော ဗြဟ္မစိုရ်
ငါတို့ ဗဟိုပေါ့
ရွယ်တူချင်း ရိုင်းပင်း
ငယ်သူဆို အားပေး
ကြီးသူဆို အလေးထားလို့
ငါတို့ကြား မဏ္ဍိုင်တစ်ခုထားခဲ့တယ်
အတ္တ ကင်းတဲ့ ပတ်ဝန်းကျင်
မောဟကင်းတဲ့ လူမှုဘဝ
လောဘမပါတဲ့ ဆက်ဆံရေး
မင်းမဲ့တိုင်းပြည်ရဲ့ လေထုထဲမှာ မင်း ရှာတွေ့လိမ့်မယ်
ဒီတိုင်းပြည်ကိုသွားဖို့
မင်းဖြတ်ရမှာ တံခါးတစ်ခုတည်း
ဒီတံခါးကို ဖွင့်ဖို့တော့
ရိုးသားမှုဆိုတဲ့ သော့တစ်ချောင်းယူခဲ့
မင်းမဲ့ တိုင်းပြည်က
နွေးထွေးစွာ ကြိုနေလေရဲ့ ၊၊ ၊၊
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)
အဲဒီ တံခါး ကို သော့ မပါဘဲ ရိုက်ချိုးဝင်မစိုးလို့ အစောင့် တော့ ထားသင့်မလား။
ဒီ အစောင့် က တစ်ယောက် နဲ့ မလောက်…
အလှည့် နဲ့ လိုတာမို့ သူတို့ ကို စောင့်ကြပ် မဲ့ လူ လိုမလားဘဲ။
ဒီလိုနဲ့ … lol:-))))
Of course. we can dream whatever we want to … anyway. :))
Well done!
Was this answer helpful?
LikeDislikeတစ်ခုခုဆို
မင်းမဲ့စရိုက် မင်းမဲ့တိုင်းပြည်ပဲ ပြောနေကြတယ် အရီးရယ်
ကိစ္စဆိုး တစ်ခုခုဆို မင်းမဲ့ ဆိုပြီး ခေါင်းစဉ်တပ်နေကြလေတော့
ထုံးစံအတိုုင်း မောင်မာဃ တစ်ဖက်ကနေ လှည့်တွေးကြည့်သပေါ့
Was this answer helpful?
LikeDislikeအိုရှိုးများ ဖတ်မိသလား ဦးမာဃ..။
လူမမာ လူ့အဖွဲ့အစည်းတို့၊ ဆိုရှယ်လစ်ဆို သတိထားတို့လေ။
သက်ဦးဆံပိုင် မြေရှင်ပဒေသရာဇ် ဆိုရှယ်လစ် ကွန်မြူနစ် ကနေ
တဖြည်းဖြည်း ရင့်မာလာရင် နောက်ဆုံး မင်း မရှိတဲ့၊ မင်း မလိုတဲ့
တိုင်းပြည်ဖြစ်လာမယ်..ဘာညာပေါ့။
Was this answer helpful?
LikeDislikeဟီးးး ကျနော့်ကို အဲ့လောက်အထင်မကြီးပါနဲ့ဗျာ
အိုရှိုးကို နာမည်ပဲကြားဖူးတယ်ဗျ (အောင်ရင်ငြိမ်း ထည့်သုံးထားတာတချို့တော့တွေ့မိရဲ့)
ဒီကဗျာက တကယ်တမ်းတော့ ဘာသာတရားပိုင်းနဲ့ ပြန် ထိန်းထားမိတာ
(သဂျီး လာရင်တော့ အပြောခံရဦးမယ်)
Was this answer helpful?
LikeDislikeကောင်းပါလေ့.. ကဗျာတွေ ပြန်စည်ကားလာတာ… ဟီး… ကိုခ တယောက်တောင် ဘယ်ပျောက်နေမသိ…

ဟိုတနေ့က မြဝတီမှာ ပြတဲ့ စည်ဖြိုးကားထဲက ရွာပျောက်ကြီးနဲ့ ဆင်တယ်… သို့ပေသိ… ဟိုမှာကတော့ ငါးပါးသီလ လုံလို့… ဒီမှာတော့ ကျင့်ဝတ်နဲ့ ညီရင် ရပြီလို့ ထင်တယ်.. ဝင်မယ်ကွယ်… ဒါပေမဲ့ မဝင်ခင် Ethic ကို အရင်… ပေတံနဲ့ တိုင်းပြိး ဝင်ခိုင်းရင် နောက်ထပ် ကပ်ဆိုးမလာလောက်တော့ဘူး…
Was this answer helpful?
LikeDislikeအဲဒီတံခါးကို ကျော်အောင်ဖြတ်ဖို့ ကြိုးစားလိုက်ပါဦး ကိုရင်
Was this answer helpful?
LikeDislikeရိုးသားမှုကတော့ စိတ်ချပါ… ဒါပေမဲ့ အရင်ကလိုတော့ ပေးတာယူ ကျွေးတာစားတဲ့ ရိုးသားမှု မဟုတ်ဘူး… သူများ ၁၀ဝ တောင်းရင် ၅ဝ လောက်နဲ့ အဆင်ပြေရင် လုပ်ပေးလိုက်မယ်… ဒါလဲ ပြောစားတာ ရိုးဂုဏ်ပြောမလား.. ရိုးသားမှု ပဲလား… ကျင့်ဝတ်မှာတော့ တပည့်ဖြစ်နေရင် တပည့်ဝတ်ပေါ့… သားသမီးဆို သားသမီးဝတ်.. ခု ဂဇက်မှာဆို ဂဇက် ကျင့်ဝတ် လိုက်နာရမှာပေါ့.. ဝင်စက ၂ ပို့စ်ထက် ပိုမတင်ရဆိုတာ ဖောက်ဖျက်ခဲ့မိတယ်လေ… ခုတော့ လိုက်နာနေပါတယ်…
Was this answer helpful?
LikeDislikeအဲ.. အဲ..
ကျင့်ဝတ် ဆိုလို့
သူတို့ ချထားတဲ့ ကျင့်ဝတ်တွေကိုလည်း ပြန်ကြည့်ဦးနော…
လွယ်တော့ သိပ်မလွယ်လှ
Was this answer helpful?
LikeDislikeကြည့်ရတာတော့ ဒီတိုင်းပြည်ထဲမှာ လူတစ်ယောက်မှရှိပုံမရသေးဘူး ..
သိကြားမင်းကြီး ပျင်းနေလောက်ပြီ ..
Was this answer helpful?
LikeDislikeလူမရှိတော့
နတ်တို့ ပျော်စံရာ ပေါ့ ဗျာ
Was this answer helpful?
LikeDislikeပထမဆုံး ပြောချင်တာက ဘရာဗို ပါ။
ဘာလို့တုန်း ဆို မနေ့က ဂျား ကဗျာ ပို့လိုက်တဲ့ အချိန်မှာ ပရော်ဖစ်ရှင်နယ် ကဗျာ သမား တစ်ယောက် ရေးတယ်လားးး
ဘာသာပြန်လား လို့ ထင်လိုက်မိတာ။
ခု တလောလည်း ဒီ အတွေးမျိုး ဆင်ဆင် တွေးမိနေတယ်။
ပြဌာန်း ဥပဒေထက် ကိုယ်ကျင့်တရားက ပိုအရေးကြီးတယ်တို့ ဘာတို့
စာချုပ်ထက် သစ္စာစောင့်သိမှုက အရေးပါ တာတို့ ဘာတို့
အမှန်တရား ဆိုတာ တရားသူကြီး ဆုံးဖြတ်မှ ရတာ မဟုတ်ဘူး တို့ ဘာတို့
ဂေါက် နေတာပေါ့ လေ။
အဟိ။
ဒါနဲ့ ပထမဆုံး စာကြောင်းကြီးမှာ ကျုပ် ဒက် ကို သတိရသွားသေးးးး
ဘဆွေလို့ ဖတ်မိပြီးးး
ကျုပ်တော့ ဒီ မင်းမဲ့ တိုင်းပြည်ထဲ ဝင်လို့ရမယ် မထင်!!
အဲ ဒီ သော့ မရှိဘူးးး
ကူလီကူမာ ညာဏ်နီ ညာဏ်နက် အမြှောက်ကြီးပဲ ရှိတယ်။
အဲ ဒီ တံခါးကို ပစ်ခွဲပလိုက်မယ်။
:re:
Was this answer helpful?
LikeDislikeဘာသာပြန်လိုဖြစ်သွားလားးး
စကားလုံးတွေက မာဆတ်ဆတ် ဖြစ်နေလို့ထင်ရဲ့
တဖြည်းဖြည်း တွေးမိလာတာ
လူတွေကြောင့် ဥပဒေတွေ ထွက်လာတယ်
ဥပဒေကို လက်တစ်လုံးခြား လုပ်တော့ အဲ့အတွက် ဥပဒေ ထပ်ထုတ်တယ်
ဒါပေမယ့် လူကပဲ ထုတ်တာမို့ လူကပဲ လက်တစ်လုံးခြား ပြန်ပြန်လုပ်
ဒါနဲ့ပဲ သံသရာလည်နေသလားလို့
မင်းမဲ့တိုင်းပြည် ရဲ့ တံခါးပေါက်ဟာ
အမြှောက်နဲ့ ထုရုံနဲ့ ကွဲမယ် ထင်သလား
Was this answer helpful?
LikeDislikeချစ်သော ကမ္ဘာမြေ ထဲကလို ဗြဟ္မစိုရ် တရား လေးပါး ကိုပဲ ဥပဒေ လုပ်ပြီး နေကြမယ်ဆို အကောင်းဆုံးပေါ့ဗျာ။
လူ လုပ်တဲ့ ဥပဒေ တွေက အပေါက်အပြဲ တွေ များလွန်းပါတယ်
ရေသည်ယောက်ျား ပုဆိုး လိုပဲ ;)
Was this answer helpful?
LikeDislikeအစပ်က တစ်ရာ

အဖာက ဗရပွ
Was this answer helpful?
LikeDislikeနိထက် နာကြီးတယ်
အသက်ရော ဘာရော ညာရော
ဒါကြောင့် နာ့ကို နောက်တခါ မတာရီးလို့ မဆဲနဲ့
ကြားလား မတာလေး
Was this answer helpful?
LikeDislikeအဆဲတောင်းနေသလားးး ဟင်

Was this answer helpful?
LikeDislikeဒီစကားဟိုနေ့ကပဲစဉ်းစားနေမိသေး။ မင်းမဲ့တိုင်းပြည်ဆိုတာ အခုမှတကယ်ကြုံဖူးတာပါလားလို့ :byee:
Was this answer helpful?
LikeDislikeအကောင်းဘက်က စဉ်းစားမိတာလား
)
အဆိုးဘက်က စဉ်းစားမိတာလား တီသဲရေ
(အဆိုးဘက်ကဖြစ်ဖို့တော့ များပါတယ်
Was this answer helpful?
LikeDislikeနာမည်ကိုက မင်းမဲ့တိုင်းပြည်ပါဆို
သော့ယူခဲ့ဖို့ လိုသေးလို့လားလို့… ဟွန့်
Was this answer helpful?
LikeDislikeတိုင်းသူပြည်သား အားလုံးရဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက်က

သော့ တစ်ချောင်း လိုတယ် တဲ့
သော့ တစ်ချောင်းတည်းပါ ဗျာ
Was this answer helpful?
LikeDislike.လက်ရာမြောက်လိုက်တဲ့ကဗျာလေးပါလား…ကဗျာအတွေးအတိုင်း အပြင်မှာဖြစ်စေသတည်း :))
Was this answer helpful?
LikeDislikeဖြစ်လာရင်
သိပ် ကောင်းမယ် :))
Was this answer helpful?
LikeDislike