ပေတံ

…..လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က မဂ္ဂဇင်းထဲမှာ နိုင်ငံကျော် အမျုးိသမီး အဆိုတော်တစ်ဦးဟာ သူ့ဘဝဇတ်ကြောင်း အတ္ထုပ္ပတ္တိလေးတွေကို လစဉ်အခန်းဆက် ရေးခဲ့ပါတယ်။ တိုင်းသိပြည်ကျော် လူချမ်းသာစာရင်းဝင်တွေ ဆိုတော့ လူစိတ်ဝင်စားမှုလည်း များခဲ့တယ်။ အသက်ကွာဟမှုကြောင့်  မိဘတွေ သဘောမတူတဲ့အကြောင်း၊ ဆံပင်ရှည်ကြီးဖားလျားနဲ့ ခိုးရာလိုက်ပြေးခဲ့ရတဲ့အကြောင်း၊ ချွေးမတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံတွေ စသည်ဖြင့် မိမိမိသားစု၊ ယောက္ခမမိသားစုကို ကြွားရာမကျစေဘဲ မသိမသာလေး ဗန်းတင်ပြီး ရေးပြသွားခဲ့တယ်။ မိမိမိသားစု၊ မိမိလင်သားကို ဗန်းတင်ပြီးရေးရင်းနဲ့ မိမိကိုယ်တိုင်ကလည်း သူတို့နဲ့ တစ်ပါတည်း ရေမြင့်တော့ ကြာတင့်သွားခဲ့တယ်။ ဒါဟာ ဘာကိုပြဆိုသလဲဆိုတော့ မြန်မာအမျိုးသမီးတွေရဲ့ စံနှုန်း၊ အမျိုးသမီးတွေရဲ့ ဘဝ။ (စာရေးဆရာနဲ့ သူ့စာကို ဝေဖန်လိုရင်း မဟုတ်ပါ)

…..တချို့ အမျိုး သမီးတွေကလည်း မိန်းမတစ်ယောက်မှာ ရှိသင့်တဲ့မာန (မိန်းမမာန) ကို အလေးပေးရေးသားရင်း အမျိုးသမီးရဲ့ စတိတ်စင်ကို မြှင့်တင်သွားခဲ့တယ်။

……ကျွန်မတို့ဟာ ဘာကြောင့် ဒါကို လုပ်ရသလဲ ???

..ဘာကြောင့် ဒါကို လုပ်ရသလဲဆိုတော့ မြန်မာအမျိုးသမီး မိန်းကလေးတွေဟာ ဟိုရှေးအတီတေကနေ ဒီကနေ့အထိ ပေတံနဲ့ အတိုင်းခံနေရလို့ပါပဲ။ ယောက်ျားတွေနဲ့ လူ့အသို်င်းအဝိုင်းက .မိန်းကလေးတွေကို စာမေးပွဲစစ်နေတယ်။ မိန်းမတွေကလည်း စာမေးပွဲ ဝင်ဖြေနေတယ်။ ဒီအနေအထားဟာ နှစ်ကာလတွေ မိုင်ရှည်ခဲ့ပြီဆိုတော့ သိပ်ကို အသားကျသွားပြိ။ မိန်းမတွေဟာ ကိုယ့်ကိုယ်ကိုယ် စာမေးပွဲဝင်ဖြေနေရတယ်ဆိုတာကိုတောင် မသိပါဘူး။
…….မိန်းကလေး အများစုဟာ စောင့်ထိန်းကြတယ်။ ဒါကို နှစ်ဦးနှစ်ဖက် တန်ဖိုးထားကြတယ်။
…….ဘာအတွက်များလဲ ???
.စာမေးပွဲအောင်ဖို့လား။ မိဂုဏ် ဖဂုဏ်ကို ဆယ်တင်ဖို့လား။ သိက္ခာရှိတဲ့ မိန်းမတစ်ယောက် ဖြစ်လာဖို့လား။ ဒါမှ မဟုတ် အချစ်ခံရဖို့လား။
………မိန်းမတစ်ယောက်အနေနဲ့ အချစ်ခံရတာ သိပ်ကောင်းပါတယ်။ ဒါပေမယ့် အချစ်ခံနေရတဲ့ ဘဝမှာပဲ အချစ်ခံစရာမလိုတဲ့ ဘဝကို တစ်ပြိုင်တည်းရရှိထားတာ ပိုပြီး လူသားတန်ဖိုးမြင့်ပါတယ်။
…..လူတစ်ယောက်ကို တန်ဖိုးထားခြင်းဆိုတာ ဘာပါလဲ။ ကိုယ်နဲ့ တန်းတူရည်တူ သဘောထားခြင်းပါပဲ။
.သာမန်မိတ်ဆွေ အချင်းချင်း ပေါင်းသင်းဆက်ဆံရာမှာတောင် တစ်ယောက်က မိမိကိုယ်ကို ငါက ပိုမြင့်တယ်၊ ငါက သူတို့လို အစားမဟုတ်ဘူး၊ စိတ်ထားမှာ ငါပိုကောင်းတယ်၊ ကို်ယ်ကျင့်စာရိတ္တစံမှာ ငါပိုမြင့်တယ်။ ငါကပိုပြီး သူတော်ကောင်းဆန်တယ်၊ ငါက မာနပိုရှိတယ် စသည်ဖြင့် တွေးထားရင် အဲဒီ ပေါင်းသင်းဆက်ဆံရေး သက်ဆိုးမရှည်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ဖက်လူကို ကိုယ်နဲ့ တန်းတူရည်တူ သဘောမထားနိုင်လို့။ ဘာဖြစ်လို့လဲဆိုတော့ စစ်မှန်တဲ့ တန်ဖိုးထားမှု မဟုတ်လို့။
အမျိုးသမီးတွေကို စစ်မှန်တဲ့တန်ဖိုးထားချင်တယ်ဆိုရင် ဒီလို ကိုယ်ကျင့်စာရိတ္တစံတွေ၊ ပေတံတွေ ရုတ်သိမ်းပြီး ယောက်ျားတွေနဲ့ တန်းတူသဘောထားဖို့ပါပဲ။
…….မှန်ပါတယ်။ ကျွန်မ ထောက်ခံနေတာ အမျိုးသား အမျိုးသမီး တန်းတူအခွင့်အရေး တစ်လင်တစ်မယားစနစ် ဖြစ်ပါတယ်။
…….အခုတော့ တစ်လင်တစ်မယားစနစ် ဆိုတာကို ဘေးချိတ်ပြီး ကိုယ့်သိက္ခာကိုယ်စောင့်ဖို့ အဓိက စတဲ့ သဘောတရားမူဝါဒတွေ အဆာသွင်းထားတဲ့ လူ့ဘောင်တစ်ခု ဖြစ်ထွန်းနေတယ်။ တချို့ မိန်းမတွေကလည်း အမျိုးသမီး ကိုယ်ကျင့်စာရိတ္တစံမြှင့်တင်တဲ့ဘက်ကို ယိမ်းတယ်။ တချို့ကလည်း မိန်းမမာနဘက်ကို ယိမ်းတယ်။  တကယ်တော့ ဒါတွေဟာ စာမေးပွဲဖြေနေတာ မဟုတ်ဘူးလား။ …….စာမေးပွဲကို ကျံ ုး ရုန်းဖြေနေရတော့ စာမေးပွဲဖျက်သိမ်းဖို့ကို ဘယ်သူမှ စိတ်မကူးအားဘူး။ ဒီလိုဖြေရင်းနဲ့ ကျရှုံးသွားတဲ့ မိန်းကလေးတွေ အရေအတွက် ပိုများလာတယ်။ ကျရှုံးတဲ့လူ များလာတာနဲ့အမျှ  မိန်းမထုတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ မိန်းမဈေးက ကျကျလာတယ်။ ဈေးကျလေ စာမေးပွဲတွေ တင်းကျပ်လာလေ။ တော်တဲ့ မိန်းမတွေကလည်း စာမေးပွဲအောင်တဲ့ ပြယုဂ်အဖြစ်  ရေမြင့်ကြာတင့်နည်း၊  မိန်းမမာနနည်းတွေနဲ့  အောင်တံခွန်စိုက်ပြလေ။
……..ဘာဖြစ်လို့များ ယောက်ျားတွေဟာ မိန်းမတွေကို ပေတံနဲ့ တိုင်းခွင့်ရှိနေတာလဲ။
……..အချစ်ဆိုတာ ပေတံဟူသမျှကို ရိုက်ချိုးနိုင်တယ်။ ဒါပေမယ့် ရိုက်ချိုးစရာ ပေတံမရှိရင် တော့ အကောင်းဆုံးပါပဲ။

68 comments

  • အလင်းဆက်

    October 26, 2014 at 11:10 am

    မြန်မာဌာန | သတင်းများ
    မျိုးစောင့်ဥပဒေတွေ အမြန်ဆုံးပြဌာန်းရေး သံဃာတော်တွေ လှုပ်ရှားမှုစတင်
    2014-10-25
    http://www.rfa.org/burmese/news/monks-urge-legislation-nationalistic-law-10252014111400.html

    မျိုးစောင့်ဥပဒေတွေကို အမြန်ဆုံးပြဌာန်းပေးဖို့အတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ပေါင်း ၂၈ မြို့နယ်က သံဃာအပါး ၁၀ဝ ခန့် ရန်ကုန်မြို့ ရွှေတိဂုံစေတီ ဘုရားပေါ်မှာ ဒီနေ့ ဆုတောင်းခဲ့ပြီးနောက် ဆရာတော် ဦးပါမောက္ခ ဦးဆောင်ပြီး ကြေးသွန်းဘုရားရှေ့ မှာ ဟောပြောပွဲ ကျင်းပခဲ့ပါတယ်။

    ဒီဟောပြောပွဲကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ရဲ့ ညွှန်ကြားချက် နဲ့ ဆောင်ရွက်တာဖြစ်ပြီး ဒီကနေ့ အောက်တိုဘာ ၂၅ ရက်နေ့ကစပြီး မြန်မာနိုင်ငံတဝှမ်းလုံး ဒီဥပဒေ ကို ပြဌာန်းနိုင်ဖို့ ဟောပြောပွဲတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆရာတော်က မိန့်ကြား ပါတယ်။

    “မျိုးစောင့်ဥပဒေ အမြန်ပြဌာန်းနိုင်ရေးအတွက် လူထုဆန္ဒခံယူတောင်းဆိုပွဲကြီးကို ယခုရန်ကုန်က စပြီးတော့ နောက်ထပ် မြန်မာတပြည်လုံး အတိုင်းအတာအဖြစ် ဆက်လက်ပြီးတော့ လှုပ်ရှားသွားမှာဖြစ်ပါတယ်”

    အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး (ဗဟို) ဥက္ကဌ ဘဒ္ဒန္တတိလောကာဘိဝံသက ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ စတဲ့ မျိုးစောင့်ဥပဒေတွေကို ပြဌာန်းပေး ဖို့ နိုင်ငံတော်သမ္မတထံ ၂၀၁၄ ခုနှစ် ဇူလိုင် ၉ ရက်နေ့က စာရေးသားတောင်းဆိုခဲ့ပါတယ်။

    သမ္မတဦးသိန်းစိန်က မျိုးစောင့်ဥပဒေတွေရေးဆွဲပြီး လွှတ်တော်ကို တင်ပြနိုင်ရေးအတွက် အဖွဲ့ဝင် ၁၂ ဦးပါ မျိုးစောင့်ဥပဒေ ရေးဆွဲရေးကော်မရှင်ကို ၂၀၁၄ ခုနှစ် မတ်လ ရ ရက်နေ့က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။

    • မြစပဲရိုး

      October 26, 2014 at 2:21 pm

      ပြောရရင်တော့
      ဘုန်းကြီးများ ဘုန်းကြီး အလုပ် လုပ် မှ ဘုန်းကြီး ဂုဏ်သိက္ခာ နဲ့ ညီပါမယ်။
      ဘာလို့ လဲ ဆိုတော့ ဒီမိုကရေစီ အတွက် လုပ်ရမဲ့ လူ ရဲ့ အလုပ် ကို ဘုန်းကြီး မလုပ်နိုင်လို့ ပါ။
      အမြင်ကျယ်ကျယ် နဲ့ ကြည့်ပြီး လုပ် ရမဲ့ လောကီ အလုပ်တွေ မှာ ပါချင်ရင်လဲ လူ အဖြစ်ပြန်ပြောင်း သင့်ပါတယ်။
      ဒီ လောကီ အလုပ် ထဲ အစိမ်းရောင် ယူနီ ဖောင်း ဝတ် များ ရဲ့ စကား ကို နာခံ မနေဘဲ ကိုယ့်ဟာကို လောကုတ္တရာ အလုပ် ကိုဘဲ ဇောက်ချ လုပ်ရင်း လူ တွေ ကို မေတ္တာပွါးနိုင်မဲ့၊ အကောင်းအမြင်မြင်နိုင်မဲ့ တရား များ ဟော နေတာ က ဥပဒေ ထဲ ဝင် စွက်ဖက် တာထက် ပိုပြီး သင့်တော်ပါတယ်။
      မဟုတ် ရင် ဇာတ်လမ်း တွေ ပို ရှုပ် ကုန်မယ်။

      • kai

        November 9, 2014 at 7:34 am

        အရီးလတ်ရေ…..
        မဟာဖိုဝါဒနဲ့ထေရာဝါဒ…
        ထေရာတို့ဝါဒနဲ့.. အာဏာရှင်နိုင်ငံရေးရဲ့.. အဆက်အစပ်တွေ.. နောက်ပိုမြင်လာရဖို့ရှိပါတယ်..။
        သမ္မတအစိုးရအုပ်စုထက်..အာဏာစက်ပိုကြီးတဲ့.. ဘုန်းကြီးတွေ…။
        ဒေါ်အောင်ဆန်းစုကြည်ထက်.. လူထုကိုလွှမ်းမိုးနိုင်တဲ့… ဆတော်ကြီးတွေ…။
        တိုင်းပြည်ရဲ့ သယံဇာတ..ပယံကတ.. မြေပေါ်မြေအောက်အရင်းအမြစ်တွေ..အဖြုန်းတီးဆုံး(ဆုံး).. ဂိုဏ်းကြီးတွေ…
        နောက်၁ဝစုနှစ်ကို.. တွေးကြည့်ပါလေ..။ :k:

        မြန်မာ့နိုင်ငံရေး၏ gridlock အဖြေရှာလိုလျှင်…
        တိုင်းပြည်တိုးတက်ရေးအတွက်.. ရလဒ်ကောင်းရလိုလျှင်…
        အဖြေသည်… မြန်မာ့ဓလေ့နှင့်.. သူ၏ဘာသာရေးတွင်သာ(သာ) ရှိကြောင်း..။ :i:

  • မြစပဲရိုး

    October 26, 2014 at 3:01 pm

    မမ ရဲ့ နှင်းဆီနီအိမ်မက် ဆိုတာ ဖတ်ပြီး ပြုံး မိလိုက်တယ်။
    သများ က အဲဂလောက် ဇာတ်လမ်းဖြစ်အောင် အစွမ်းမရှိ ပါဘူး။

    အဲဒီ နှင်းဆီနီအိမ်မက်က တကယ်ကောင်းတာနော။
    ဒါရိုက်တာ က ဦးဝင်းဖေ ထင်ရဲ့။
    ပါတ်ဝန်းကျင် ရဲ့ ဝေဖန်မှု ကြားမှာ တွေဝေပြီး ကိုယ့်ဟာကို မဆုံးဖြတ်ရဲခဲ့တဲ့ ယောကျာင်္းတစ်ယောက် ရဲ့ ဇာတ်သိမ်းမလှ တဲ့ အကြောင်းပေါ့။
    အပြ က အရမ်း ကို လှတာ။
    ပေးတဲ့ Message က အရမ်း ပညာ ရှိတာ။

    အခုချိန်မှာ ကိုယ့် ကိုယ်ပိုင် အမြင်မှာတော့
    ပါတ်ဝန်းကျင် က ဝေဖန်တိုင်း အဲဒါကို ကြောက်ပြီး လိုက်မလုပ် သင့် သလို
    ဝေဖန်မှု ကိုလဲ လစ်လျုမပြု ဘဲ ဆန်းစစ် သင့်တယ် လို့ ထင်ပါတယ်။
    Ethics ဆိုတာ ထဲ မှာ ဒါလဲ ပါပါ တယ်။
    ကိုယ် နဲ့ ပါတ်သက်တဲ့အကြောင်း ကို ဝေဖန်လာရင် အဲဒါ ကို လိုက်နာ ရမယ် မပြောပါဘူး။
    ကိုယ် လုပ်လိုက် လို့ ဖြစ်လာမဲ့ အကြောင်း အကျိုး ရလာဒ် တွေ ကို ထည့်သွင်းစဉ်းစား တတ် တဲ့ အလေ့အကျင့်
    အဲဒီ ရလာဒ် တွေ အပေါ် ကိုယ့် အနေ နဲ့ ရင်ဆိုင် လက်ခံ နိုင်/မနိုင် ဆန်းစစ် တဲ့ အလေ့အကျင့်
    စသဖြင့် တွေ ကို လုပ်ရပါမယ်။
    အဲဒီနောက်မှာ ကိုယ့်ဆုံးဖြတ်ချက် နဲ့ ကိုယ်လုပ်။
    ဒီတော့ရလာတဲ့ ရလာဒ် ကြောင့် ပါတ်ဝန်းကျင် ကို အပြစ်တင်မရတော့ဘူး။

    ဒီ ဇာတ်လမ်း မှာ ညွန့်ဝင်း က ကိုယ့်ကိုယ်ပိုင် မဆုံးဖြတ် ရဲ ဘဲ တနည်း ရလာမဲ့ အကျိုး/အပြစ် တွေ ကို အားလုံး ခြုံ ပြီး မစဉ်းစား ခဲ့ လို့ တစ်ခြား မိန်းမ ကို ယူလိုက်တာပေါ့။
    သူကြိုက် တဲ့ မိန်းမ အကြောင်း ကို အသေအချာ နားမလည် ခဲ့တာ ကြောင့် ဒီမိန်းမ ကို ယူ လိုက် လို့ ဖြစ်လာနိုင်မဲ့ ဆိုးကျိုး ကို ဘဲ ကြည့်လိုက်တာမို့ပါ။
    အမှန် က အဲဒီ မိန်းမ ရဲ့ စိတ် ကို အသေအချာ သိခဲ့ ရင် ဒီလို ဘယ်ဖြစ်ပါ့မလဲ။
    အထင်။

    မှတ်ချက်လေးအတွက် ကျေးဇူးပါ ချစ်မမ။
    :))

    PS – ပြောသာပြောတယ်။
    လူတိုင်း ဟာ တကယ်တော့ ကိုယ်ကိုယ်တိုင် လဲ သူများ ကို ဝေဖန်နေတဲ့ ပါတ်ဝန်းကျင် ထဲ က လူတစ်ယောက် ဆိုတာ ကို သတိမပြုမိဘဲ မေ့သွားတတ်တာ။
    (ဒီမေ့ က အော်မေ့ နဲ့ ဘာမှ မဆိုင်)
    lol:-)))

  • ဝင့်ပြုံးမြင့်

    October 26, 2014 at 3:50 pm

    ဦးဦးပါ — ဘာသာရေးနဲ့ ပတ်သက်တာကတော့ မျှစ်ကြော်လည်း သေချာမသိ ။ တစ်လင်တစ်မယားစနစ်နဲ့ ပတ်သက်တာကတော့ ဦးပါပြောသလိုပါပဲ။ အခု ထပ်ရှုပ်နေတာက မျုးိစောင့်ဥပဒေနဲ့ တွဲပြီး ဘယ်လိုထွက်မလဲ မသိဘူး။ တစ်လင်တစ်မယားဥပဒေပြဌာန်းရင် ဥပဒေက ပိုတောင်ရှင်းလင်းသွားမယ်။ အခုက မတရားရှုပ်ထွေးနေတာ။ လုပ်ရဲတဲ့သတ္တိပဲ လိုပါတယ်။ မျှစ်တို့လည်း ဘာမှ မတတ်တော့ မီဒီယာကနေ အစွမ်းကုန်အော်ရင် သူတို့လည်း မသိချင်ယောင်ဆောင်ရင်း သိသွားနိုင်ပါတယ်။
    —–
    အလက်ဇင်း — နယ်မှာက အကြီးအကျယ် တရားတွေဟောတော့မှာပဲ။
    —-
    အမလတ် says: ((ဘုန်းကြီးများ ဘုန်းကြီး အလုပ် လုပ် မှ ဘုန်းကြီး ဂုဏ်သိက္ခာ နဲ့ညီပါမယ် )) ရာနှုန်းပြည့်ထောက်ခံပါတယ်။

  • uncle gyi

    November 8, 2014 at 11:57 pm

    …..အချစ်ဆိုတာ ပေတံဟူသမျှကို ရိုက်ချိုးနိုင်တယ်။ ဒါပေမယ့် ရိုက်ချိုးစရာ ပေတံမရှိရင် တော့ အကောင်းဆုံးပါပဲ။
    အချစ်ပဲထားပါတော့မပြုုံးရေ
    ပေတံနဲ့တိုင်းနေတာတောင်ပေတံချိုးပလိုက်တာ
    ပေတံမရှိတော့ရင် အင်း..

  • ဝင့်ပြုံးမြင့်

    November 10, 2014 at 12:34 am

    အန်ကယ်ကြီးရေ တကယ်တော့ ဒီပို့စ်ဟာ အချစ်အကြောင်း၊ ပေတံအကြောင်းတွေက အပေါ်ယံပါ။ တကယ်ပြောချင်တာက ဒီမိုရဲ့ အနှစ်ပိုင်းလေး။ မိန်းမတွေကို အပျိုစင်ဖြစ်ရမယ်။ တစ်လင်တစ်မယား စနစ် မလိုအပ်ဘူး – စတဲ့ ကိစ္စနှစ်ရပ်ဟာ အမျိုးသမီးထုကို ဖိထားတာပါ။ အရှက်ခွဲ နှိပ်ကွပ်တာပါ။ ဒီမိုကရေစီမှာ humiliation မရှိရပါဘူး။ အရှက်ခွဲနှိပ်ကွပ်ခြင်း ရှိနေသရွေ့ ဘယ်ခေါင်းဆောင်ကမှ ရော့ အင့် ဒီမိုကရေစီ ဆိုပြီး လာပေးလို့မရပါဘူး။
    ———
    ဟိုဘက်ပို့စ်မှာ (ဒေါ်အောင်ဆန်းစုကြည်ရဲ့နေရာပို့စ်မှာရေးထားတဲ့အတိုင်း)
    “ လွတ်လပ်ရေး ဆိုရာ၌ နေထိုင်ရေး လွတ်လပ်မှု၊ လူတစ်ဦး တစ်ယောက် အနေနှင့်လည်းကောင်း၊ တစ်မျိုးလုံး အနေနှင့် လည်းကောင်း၊ တိုးတက်ကြီးပွါးအောင် စီမံဆောင်ရွက် နိုင်အောင် လွတ်လပ်မှု၊ ကျွန်ုပ်တို့၏ ကာယ၊ ဉာဏ၊ စိတ္တ အဆင့်အတန်း တိုးမြင့်အောင် ဆောင်ရွက် နိုင်ရန် လွတ်လပ်မှု၊ စသည်တို့ ကို ဆိုလိုပေသည်။

    ဤလွတ်လပ်မှု ရယူလိုမှု သည်ပင်လျှင် နိုင်ငံရေး ဖြစ်သည်။ သို့ဖြစ်ရကား နိုင်ငံရေးသည် လူမှုလူရေး မျှသာဖြစ်သည်။”
    (ဗိုလ်ချုပ်အောင်ဆန်း – ၁၉၄၆ခု ဇန်နဝါရီလ ၂ဝရက်၊ အလယ်ပစ္စယံ ညီလာခံ မိန့်ခွန်းမှ)
    —–
    အဲဒါကိုပဲ ကြည့်လိုက်ပါလေ။ နိုင်ငံရေးဆိုသည်မှာ လူမှုလူရေး ပါတဲ့။
    ဒီ အပျိုစင်ကိစ္စ၊ တစ်လင်တစ်မယားကိစ္စ တွေဟာ အသေးအမွှားလိုလိုနဲ့ တကယ်တော့ မြန်မာ့လူ့ဘောင်ကို တည်ဆောက်ထားတဲ့ ဧရာမ ideology ကြီးပါ။ မြန်မာလူမျိုးတွေမှာ ဘာမှမဟုတ်တဲ့ သေးသေးလေး (ဥပမာ နတ်ကိုးကွယ်တဲ့ကိစ္စမျိုး။ ထမင်းစားရင် ပန်းကန်ပြောင်အောင် မစားရဘူး စတဲ့ အသေးမွှားဆုံး ကိစ္စလေးတွေကိုတောင် မပြုပြင်နိုင်ပါဘူး) အဲဒါလေးတွေနဲ့ ယှဉ်လိုက်ရင် ဒီအပျိုစင်နဲ့ ကိုယ်ကျင့်စာရိတ္တ ဆက်သွယ်ချက်လိုမျိုးဟာ ပိုနက်ရှို်င်းစွာ ရှိနေတဲ့သဘောထားဖြစ်ပါတယ်။ ဒီမိုကရေစီအော်နေမယ့်အစား ဒါကြီးကို အရင်ပြောင်းလဲကြည့်ပါဦး။ ဘယ်ခေါင်းဆောင်ကမှ ရော့အင့် ဒီမိုကရေစီဆိုပြီး လာပေးလို့မရပါဘူး။ လူတွေကိုယ်တိုင်ရဲ့ ဦးနှောက်ထဲမှာ သူတစ်ပါးအား humiliation လုပ်ခြင်းကို လက်သင့်မခံမှ ဖြစ်မှာပါ။
    —-
    သဂျီး ဘယ်ကဆွဲယူပြီး ပြောတာလဲတော့ မသိဘူး။ (ကိုယ်နဲ့တန်တဲ့ အစိုးရကို ရတယ် ဆိုတာ)
    အဲဒီ သဘောသွားက ဟိုပညာရှင်ချပြတဲ့ တစ်ကမာ္ဘလုံး လက်ခံထားတဲ့ သီဝရီနဲ့ သွားတူနေတယ်။ (တိုင်းပြည်တွင်းကလူတွေကို ဘရိန်းဝပ်မလုပ်ဘဲ အဲဒီတိုင်းပြည်ကို တစ်ပါတီအာဏာရှင်စနစ်နဲ့ အုပ်ချုပ်လို့ မရပါဘူး) တဲ့။
    ဒီပို့စ်ရဲ့ အနှစ်က ဒီမိုရဲ့ သဘောတရားလေးတစ်ခုကို တင်ပြတာပါ။ ဟို ပေတံနဲ့ အချစ် က သင်္ကေတပါ။

  • ဝင့်ပြုံးမြင့်

    November 10, 2014 at 12:45 am

    သဂျီး says;
    အရီးလတ်ရေ…..
    မဟာဖိုဝါဒနဲ့ထေရာဝါဒ…
    ထေရာတို့ဝါဒနဲ့.. အာဏာရှင်နိုင်ငံရေးရဲ့.. အဆက်အစပ်တွေ.. နောက်ပိုမြင်လာရဖို့ရှိပါတယ်..။
    သမ္မတအစိုးရအုပ်စုထက်..အာဏာစက်ပိုကြီးတဲ့.. ဘုန်းကြီးတွေ…။
    ဒေါ်အောင်ဆန်းစုကြည်ထက်.. လူထုကိုလွှမ်းမိုးနိုင်တဲ့… ဆတော်ကြီးတွေ…။
    —-
    အဲဒီ အန္တရာယ်ကို လူတွေမသိဘူး။ အရမ်းကြောက်စရာကောင်းတယ် ဆိုတာ လူတွေမသိဘူး။ ဘာသာရေး လွှမ်းမိုးလာရင် နောင် နှစ် ၂ဝလောက်မှာ အာဖဂန်လမ်းစဉ် လိုက်ရမှာကို မသိကြဘူး။ အခု ဘာသာရေးက မွတ်စလင်လို ပြင်းထန်တာ မဟုတ်ဘူး။ အပျော့ဆွဲမို့လို့ jihad မဖြစ်ပေမယ့် တမျိုး ကြောက်စရာကောင်းတယ်။ ဖြစ်လာပြီဆိုရင် တကမာ္ဘလုံးဝိုင်းကယ်တောင် မရဘူး။

    • ဦးကြောင်ကြီး

      November 10, 2014 at 1:22 am

      အိုး… အလွန်ဆုံး ဆားနဲ့ ထမင်းစားရယုန်ပေါ့ဗျာ.. ဆန်ကုန်တော့လည်း WHO က လက်ဖြန့်တောင်းဂျတာပေါ့…

Leave a Reply