အပိုလိုလိပ်ပြာလေးအကြောင်း

manawphyulayOctober 21, 20141min1427
အပိုလိုလိပ်ပြာ
အပိုလိုလိပ်ပြာ

အပိုလိုလိပ်ပြာ (Apollo Butterfly) ဆိုတာက Papilionide လိပ်ပြာမျိုးနွယ်ဝင် လိပ်ပြာတစ်မျိုးပါပဲ။ ဥရောပတိုက်ရဲ့မီတာ ၁၀၀ဝ မှ မီတာ ၂၀၀ဝ အထိ မြင့်မားတဲ့တောင်တန်းတွေပေါ်မှာ ကျက်စား ပျံဝဲလေ့ရှိတဲ့ လိပ်ပြာတွေဖြစ်တယ်။ ပန်းတောအုပ်တွေနဲ့ တောင်တန်းပေါ်က လွင်ပြင်တွေကတော့ မျိုးတုံးမယ့် အန္တရာယ်ကို ပွဲဦးထွက် ရင်ဆိုင်ကြရမယ့် အင်းဆက် ပိုးကောင်မျိုးနွယ်တွေထဲက မျိုးနွယ်တစ်ခု ဖြစ်ခဲ့ရတယ်။ ၁၉၅ဝ ပြည့်နှစ်မှ စတင်ခဲ့ပြီး ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတွေထဲမှာ အပိုလိုလိပ်ပြာ အရေအတွက် အံ့မခန်း ကျဆင်းလျော့နည်းလာတယ်။ ဘာကြောင့် အဲဒီလို ဖြစ်ရသလဲဆိုတာကိုတော့ သေချာပေါက် မသိရသေးဘူး။ ရောဂါတစ်မျိုးမျိုးကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းတွက်ဆနေကြတာပေါ့လေ။ အက်စစ်မိုး ရွာသွန်းခြင်းနဲ့ အပိုလိုလိပ်ပြာ ကပ်သင့်ရခြင်းတို့ ဆက်စပ်မှု ရှိနိုင်တယ်လို့ အနုမာန တွက်ဆကြတယ်။ ဒါပေမယ့် အဲဒီအပိုလို လိပ်ပြာတွေကို ခါကာဘိုရာဇီတောင်တန်းပေါ်မှာ တွေ့မြင်နိုင်ကြောင်း သိရှိရတယ်။ ဥရောပမှာ မျိုးတုံးသွားတဲ့ အပိုလိုလိပ်ပြာတွေကို ကြည်နူးဖွယ် တွေ့မြင်နိုင်ခြင်းဟာ လူသားတွေအတွက် မင်္ဂလာတစ်ပါးလို့ ဆိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ သဘာဝကြီး တည်တံ့သာယာနေခြင်းဟာ လူသားတွေ ဆက်လက်တည်တံ့နိုင်ခွင့်ရှိနေခြင်း ့ဖြစ်နေလို့ပါပဲ။
parnassius-apollo-0172d829-5a59-4201-80f4-288e9800a849

7 comments

  • Yae Myae Tha Ninn

    October 21, 2014 at 11:22 am

    မေမြို့မှာရော ရှိလား ဟင်… ခါကာဘိုရာဇီတော့ သွားနိုင်ဘူး… အဲလို ရောက်ဖြစ်ရင် မချစ်ဥလေးတော့ မှာချင်သား… ပျားရည်နဲ့ စိမ်သောက်ရင် ရုပ်ပျိုတယ်ဆိုပဲ… 🙂

  • မမချွိ

    October 21, 2014 at 11:54 am

    လှလိုက်တာဟယ်။
    :g:

  • Mr. MarGa

    October 21, 2014 at 12:32 pm

    ကိုယ်ထည်က ခူယားကောင်နဲ့တူတယ်

  • တောင်ပေါ်သား

    October 22, 2014 at 1:12 pm

    မမြင်ဖူးသေးဘူး

  • pooch

    October 23, 2014 at 2:22 pm

    ခါကာဘိုရာဇီမှာ မရှိနို်င်ဘူး ထင်တယ် မနောရဲ့ အဲ့ဖက်တကြောကကျောက်တောင်တွေပေါ်မှာ ရေခဲဖုံးနေတာ

    ပေတသောင်းကျော်ရင် တော်ရုံအင်းဆက် မရှင်နိုင်ဘူး

    Range Description: This species occurs in most of the large mountainous areas in Europe: Spain, south of France, Switzerland, Austria, south of Germany as far as the Mosel, Italy, the Balkans and Greece, south of Norway, Sweden and Finland. 1,000-2,400 m, sometimes at lower altitudes. Its range extends to the Tian-Shan and Siberia and Mongolia; also from the Northern Urals to Transcaucasia, Turkey and the Middle East. The global distribution area of the species is situated both within and outside Europe.

    http://www.iucnredlist.org/details/16249/1

Leave a Reply