အောက်တိုဘာ ၂၁   လူဖြစ်လာတဲ့ငါ

အဖေဆိုတာ မမြင်ဖူး အမေကိုသာ ဦးချ

ဖြတ်သန်းရ ခရီးလမ်း အတော်ကြမ်းခဲ့တယ် ၊

မျက်နှာမငယ်စေချင်တဲ့အမေ ထားစေတဲ့ကျောင်းက တီတီစီ

မညီညာလူတန်းစားတွေကြား နေသားကျအောင်ကြိုးစား

အမေ့သား မတော်လှပေမယ့်  ၁ နှစ်မှာ တစ်တန်းတက်ခဲ့

ဘွဲ့ရယ်လို့ရပြီး လောကကြီးကို စ ရင်ဆိုင်

နိုင်တာလည်းရှိ ယိုင်တာလည်းရှိ

ပြုံးတာလည်းရှိ ရှုံးတာလည်းရှိ

သိလာရ ဘဝအကြောင်း

ကောင်းချိန်မှာစံ နှောင်းချိန်မှာခံ

ကံဇာတ်ဆရာ အလိုတော်အတိုင်း

ခပ်မှိုင်းမှိုင်းဘဝလမ်းမှာ

သားဟာ အားမပါသူ မဟုတ်ကြောင်း

အမေကောင်းကောင်းသိစေဖို့

ကြိုးစားလို့ ရုန်းနေဆဲ

အရှုံးတွေထဲက အမြတ်ရှာ

ကျနော်ဟာ အမေ့သားပဲဗျာ

အားခဲကာ မာန်ကိုတင်း

ကောင်းခြင်းဆိုတာ လက်တစ်ကမ်းပါ ၊

U Myo

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..