ခေါင်းစဉ်ကြည့်ပြီး ….

ခင်ဇော်တစ်ကောင် ဘယ်သူ့ကို အပျော်ကြံနေလဲ မမှတ်ကြပါနဲ့။
ဟိဟိ။

:kwi:

အပေါင်း (၆) မျိုးရှိလို့ ၆ ရက်စာပဲ ပေါင်းလို့ရမယ် ပြောတာပါ။

 

 

ဒီ တစ်ပတ်ကတော့ ……
ဒါလင့် ရဲ့ ချစ်ချစ် မွမွနို (NOVY) ရဲ့ အပေါင်းများ ဖစ်ပါတယ်။

ဂလောက် တော်လွန်းလို့ ဒါလင် က အသည်းစွဲတာ ဆိုတာ ယုံမှားဖွယ်မရှိ။

:chit:

 

ဂလိုချက်တတ်စားတတ်ပြီး ဒီ ကိုယ်လုံးလေး ထိန်းနိုင်တာကို အံ့ဩ ချီးကျူး အားကျသေးရော့ဗျာ။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~

.
1) ငါးပေါင်း+ ချိုချဉ် ဟင်းရည်မွှေး

 

ငါးပေါင်းကနေစမယ်နော်  ( ချိုချဉ်ဟင်းရည်) – ငါးကတော့ မိမိကြိုက်နှစ်သက်တဲ့ငါးအကောင်လိုက်ဝယ်ဖို့လိုပါတယ်

 

လူ ၅ယောက်စာ ပါဝင်ပစ္စည်းများ

ငါး                          – ၆၀ သား ( 1kg)

(ကကတစ်/  စလားပီးယား/ ငါးပါနီ)

ပဲပြား                       – ၁တုံး

မှို                           – ၁၀ သား

ငုံးဥ                        – 5 လုံး

ချဉ်စော်ခါးသီးခြောက်    – ၂ကျပ်ခွဲသား (40 ဂရမ်)

ရေသန့်                    – 3 လီတာ

ကြက်သွန်နီ               – ၂ကျပ်ခွဲသား (40 ဂရမ်)

ကြက်သွန်ဖြူ              – ၂ကျပ်ခွဲသား (40 ဂရမ်)

သကြား                    – ၂ကျပ်ခွဲသား (40 ဂရမ်)

စပါးလင်                   – ၂ ချောင်း

ပင်စိမ်း                     – ၁စီး (40 ဂရမ်)

ရှမ်းနံနံ                     – ၁စီး (40 ဂရမ်)

ဂျင်                         –  လက် ၂ဆစ် ((20 ဂရမ်)

ဟင်းခက် မှုန့် / ဆား / ပဲငံပြာရည်အကျဲ / နှမ်း / ငရုပ်သီးစိမ်း

.
ကဲစပြီးပြင်ပါပြီ…

–  ငါးကို အကြေခွာ ဗိုက်ခွဲကလီစာတွေ ဗဟတ်ထုတ် အကောင်မပျက်စေနဲ့နော်

ဆေးပြီးလို့မှ အငြီနံ့ရှိသေးတယ်ထင်ရင် ရှာလကာရေ၂ဇွန်းကို ရေရောပြီး ငါးကို ၂မိနှစ်လောက်စိမ်ပြီးပြန်ဆေးလိုက်ရင် ရပါပြီ

ငါးကို ဘယ်ညာနှစ်ဖက် ဓါးနဲ့မွန်းလိုက်ပါပြီရင် ဆား / သကြား /ဟင်းခက်မှုန့် သင့်တော်သလောက်ထဲ့ပြီးနယ်ပြီးနှက်ထားလိုက်ပါ

–  ပဲပြားကိုတော့ လက်မ၀က်ပတ်လည်လောက်အတုံးလေးတွေတုံးထားပါ

– မှို (ကောက်ရိုး / ငွေနှင်း / ပင်အပ် ) ကြိုက်ရာကို ရေဆေးပြီး အသင့် စားအရွယ်လေးတွေဖြစ်အောင် လှီးထားပါ

– ငုံးဥ   ပြုတ်ပြီး အခွံခွါထားပါ

– ချဉ်စော်ခါးသီးခြောက်  – ၂ကျပ်ခွဲသား (40 ဂရမ်) ကိုရေ1လီတာဖြင့်ပြုတ်ပါ

10မိနှစ်လောက်ဆူပါစေ ပြီးလျှင် အဖက်များစစ်ယူပြီး နောက်ရေ၁လီတာဖြင့်ထပ်ပြုတ်ပါ

ပြီးလျှင် အဖတ်များပစ်ပြီး အရည်များကို ပေါင်းမည့်အိုးတွင်ထဲ့ထားပါ

–  ကြက်သွန်နီ ကို အခွံခွာအတုံးလေးတွေတုံးထားပါ

–  ကြက်သွန်ဖြူ အခွံခွါပြီး တံပြားရိုက်ထားပါ

– ဂျင်း အခွံခွာပြီး အပြားလိုက် ပါးပါးလေးလှီးထားပါ

–  ပင်စိမ်း / ရှမ်းနံနံ   ကို ဆေးကြောသန့်စင်ထားပါ

– စပါးလင် ဆေးကြောသန့်စင် အရင့်တွေဘယ်ပြီး အနုတွေကို ပါးပါးတစ်စောင်းလေးတွေလှီးထားပါ

ပေါင်းအိုး အပေါ်စကာပေါ်မှာ စပါးလင်အရင့်တွေကိုခင်းပါ ပြီးလျှင်ငါးတင်ပါ

ငါးဗိုက်ထဲကို ကြက်သွန်နီ/ဖြူ / ပင်စိမ်း / ရှမ်းနံ့နံ/စပါးလင် / ဂျင်း လေးပုံတပုံထဲ့ပါ

နောက်တပုံကို ငါးအပေါ်ကနေဖြူးပါ (ပင်စိမ်း / ရှမ်းနံ့နံ) မပါ ချန်ထားရန်

ပေါင်းအိုးထဲမှာ ချဉ်စော်ခါးသီးခြောက်ပြုတ်ရေ ၂လီတာ ကျန်ရေ၁လီတာထဲ့ပါ

ကြက်သွန်နီ/ဖြူ / ပင်စိမ်း / ရှမ်းနံ့နံ/စပါးလင် /ဂျင်း လေးပုံ၂ပုံထဲ့ပါ

ဟင်းခက်မုန့် / ဆား/ သကြားထဲ့ပါ

ကဲ!! ဟင်:ရည်အအတွက်လည်းပြီးပြီဆိုတော့….

စပေါင်းမယ်နော်…

ဟင်းရည်ပေါင်းအိုးအပေါ်မှာ ငါးထဲ့ထားတဲ့အပေါ်စကာတင်ပြီးအငွေ့မထွက်အောင် အဖုံးလုံရပ့ါမယ်…

မီးဖိုပေါ်မှာ အရည်အိုးဆူးတာ မိနစ်၃၀လောက်ပေါင်းပြီးပြီဆိုရင်တော့ ငါးကကျတ်သလောက်ရှိနေပါပြီ…

အပေါ်က ငါးပေါင်းထားတဲ့စကာကိုခဏဖယ်ပါ ( အပူဟပ်တက်ပါတယ် သတိထားဖယ်ပါ)…

ဟင်းရည်ကိုအပေါ့အငံမြည်းပါ အစဉ်ပြေပြီဆိုပါက ပဲပြား/ငုံးဥ/ မှိုတွေကိုထည့်ပါ ငါးပေါင်းထားတဲ့စကာကိုပြန်တင်ပါ ၁၀မိနစ်လောက်ပြန်ဆူပါစေ…

အခုဆိုရင်တော့ မွှေးပျံတဲ့ ငါးပေါင်းလည်းကျတ်ပြီ ချိုချဉ်မွှေးဟင်းရေလည်းကျတ်ပါပြီ…

ငါးပေါင်းပေါ်မှာ ခုဏကချန်ထားတဲ့ ပင်စိမ်း / ရှမ်းနံ့နံလေးတွေ အလှဆင်လိုက်အပါအုံး…

ငါးအသားကိုတို့စားဖို့ဆော့ကတော့ လွယ်လွယ်ကူကူ ပဲငံပြာရည်အကျဲ / နှမ်း / ငရုပ်သီးစိမ်းတွေကိုဖျော်လိုက်ပါ…

ရေနဲ့တိုက်ရိုက်မထိပဲ ဟင်းရည်ငွေ့နဲ့ပေါင်းထားတဲ့ ငါးရဲ့လက်ဆက်ချိုမြိန်မှု အရသာကို ပဲငံပြာရည်ဆော့လေးနဲ့တို့ပြီးခံစားရင်း ချဉ်စော်ခါးသီး ပဲပြား/ငုံးဥ/ မှိုတို့ရဲ့ ချိုချဉ်မွှေး ဟင်းရည်ပူပူလေးသောက်လိုက်ပါ…

ဒါမှ ငါးပေါင်း ချိုချဉ်ဟင်ရည်မေွးှ ရဲ့ ပြီးပြည့်စုံတဲ့ အရသာကို ခံစားနိုင်မှာပါလို……

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

2) ၀က်သားကြက်ဥပေါင်း

 

လူ ၅ယောက်စာ ပါဝင်ပစ္စည်းများ

ဝက်သား (အဆီနဲ ခေါက်မပါ)    – ၃၀ သား (450ဂ၇မ်)

ကြက်ဥ                              – ၃လုံး

ဘဲဥအငံ( ဆားဘဲဥ)               – ၁လုံး

ကော်မှုန့်                            – ၃ ဇွန်း (ထမင်းစားဇွန်း)

ကြက်သွန်ဖြူ                        – ၁ ဥ

ဂျင်း                                  – လက်တဆစ်

ပဲငံပြာရည်အပျစ်                             – ၁ ဇွန်း (ထမင်းစားဇွန်း)

ကြက်သွန်မိတ်                     – ၃ပင်

တရုပ်မဆလာ                      – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)

ဆား / သကြား / ဟင်းခက်မှုန့်

 

ပစ္စည်းစုံပြီ ပေါင်းဖို့ပြင်မယ်…

ဝက်သားကိုတောက်တောက်စဉ်း…

ကြက်ဥကြေအောင်ခလောက်…

ကြက်သွန်ဖြူ    /ဂျင်: ညက်အောင်ထောင်း…

ဝက်သားတောက်တောက်စဉ် / ခေါက်ထားတဲ့ကြက်ဥ/ ကော်မှုန့် / ပဲငံပြာရည်အပျစ်          / တရုပ်မဆလာ

(ဆား / သကြား / ဟင်းခက်မှုန့် ) သင့်တော်သလောက်ထဲ့ပြီးအားလုံးရောနယ်ပြီးပေါင်းမည့်အိုးထဲကိုထည့်ပါ

ဝက်သားပေါ်မှာ ဘဲဥအငံ( ဆားဘဲဥ)ပုံမပျက်ဖေါက်ထဲ့လိုက်ပါ ပြီးလျှင်တော့ ပေါင်းလို့၇ပါပြီ…

၄၅ မိနစ်လောက်ပေါင်းပြီးရင်တော့ စားလို့ရပါပြီ…

ကြက်သွန်မိတ်  လေးတွေနဲ့ အလှဆင်ဖို့တော့မမေ့နဲ့နော်…

အလွန်အရသာရှိတဲ့ ၀က်သားကြက်ဥပေါင်း တွဲဖက်စာကတော့ ကြံမဆိုင်ဟင်းချိုလေးနဲ့ပေါ့…

အရမ်းကိုလွယ်ကူရိုရှင်းတဲ့ ၀က်သားကြက်ဥပေါင်း လေးကိုလုပ်စားကြည့်လိုက်ပါအုံးနော်….

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

3) ငါးပေါင်းထုပ်

ပါဝင်ပစ္စည်းများ

ငါးရံ                                  – ၅၀ သား (750ဂ၇မ်)

ရွက်ယိုရွက်                         – ၁၅ ရွက်

ဆန်လှော်မှုန့်                       – ၅ကျပ်သား

ဆီ                                   – ၅ကျပ်သား

ငှက်ပျောရွက် များများ

ဆား / ငပိစိမ်းစား/ ဟင်းခက်မှုန့် / စပါးလင်/ ကြက်သွန်ဖြူ  / နီ / ငရုပ်သီးအရောင်တင်မှုန် / နံနံပင်/ နနွင်းမှုန့်

 

ပြုလုပ်နည်း

ငါးရံမရပါက ကြိုက်နှစ်သက်ရာ ငါးကို သုံးနိုင်သည်…

ငါးကို အသားခွာပြီး လက်တစ်လုံးလောက်အတုံးလေးတွေတုးံပါ…

စပါးလင်/ ကြက်သွန်ဖြ/ နီ / ငရုပ်သီးအရောင်တင်မှုန် တွေကို ညက်အောင်ထောင်းပါ…

ပြီးလျှင်တုံးထားသောငါး နှင့် ဆား / ငပိစိမ်းစား/ ဟင်းခက်မှုန် / ဆန်လှော်မှုန့် / နနွင်းမှုန့်/ ဆီ ရောပြီးနယ်ပါ…

ပြီးလျှင် ၁၅ပုံ ပုံပြီး ငှက်ပျောရွက်ကိုအောက်ကခံအပေါ်ကနေရွက်ယိုရွက်ခင်းပြီး ငါးတစ်ပုံစီထဲ့ပြီ ထုတ်ပါပြီးလျှင်ပေါင်းအိုးမှာစီထဲ့ပြီးမိနစ်30လောက်ပေါင်းပြီးပြီးဆိုရင်တော့ အလွန်စားကောင်းတဲ့ ငါးပေါင်းထုတ်လေးရပါပြီရှင်….

အရည်သောက်အနေနဲ့တော့ ငါးအသားခွာတုန်းက ကျန်နေတဲ့ ငါးခေါင်းအရိုးတွေကို ဘူသီးအချဉ်ဟင်းချက်ပြီး စားသုံးလိုက်ပါရှင်…..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

4) မှို -ဆူးပုတ်ပေါင်း

 

ပါဝင်ပစ္စည်းများ

မှို (ကြိုက်နှစ်သက်ရာ )           – ၃၀သား

ဆူးပုတ်                             – ၃စည်း

ဆန်လှော်မှုန့်                       – ၃ ဇွန်း (ထမင်းစားဇွန်း)

ငါးပိစိမ်းစားအနည်းငယ်/ ဆား / ဟင်းခက်မှုန့်/ နံနံပင် / ကြက်သွန်ဖြူ / ငရုပ်သီးစိမ်း / ငှက်ပျောရွက်

 

ပြုလုပ်နည်း

မှိုတွေကို အသင့်စားလို့ရတဲ့အနေတော်လေးတွေပိုင်းပါ…

ဆူးပုတ်တွေကို သင်ပါ…

ပြီးလျှင် မှို /ဆူးပုတ်/ ဆန်လှော်မှုန့် / ငါးပိစိမ်းစားအနည်းငယ်/ ဆား / ဟင်းခက်မှုန့် ကိုအားလုံးရောပြီးသမအောင်နယ်ပါ…

ပြီးလျှင်ပေါင်းအိးုထဲမှာငှက်ပျောရွက်ခင်း နယ်ထားတဲ့မှိုတွေထဲ့ အပေါ်ကနေ ငှက်ပျောရွက်နဲ့ ချွေးတွေမ၀င်အောင်ပြန်အုပ်ပါ …

ပေါင်းပါ …

မီးပြင်းလျှင် မိနစ်၂၀ မပြင်လျှင်မိနစ်၃၀လောက်ဆို ငှက်ပျောရွက်နံ့ ဆန်လှော်မှုန့်ရနံ့တွေသင်းကြိုင်းနေတဲ့ မှို -ဆူးပုတ်ပေါင်း လေးရပြီ …

ငရုပ်သီးကြက်သွန်ဖြူဆားထောင်စပ်စပ်လေး နဲ့စားလိုက်ပါ …

မြင့်ခွာရွက် ဟင်းချိုပူပူလေးနဲ့ဆိုရင်တော့ ပိုမိုလိုက်ဘက်သွားပါလိမ့်မယ်…

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

5) မုံညှင်း နှင့်ဟင်းရွက်စုံပေါင်း

 

 

ပါဝင်ပစ္စည်းများ

မုံညှင်း နှင့်ဟင်ရွက်စုံ (ကြိုက်နှစ်သက်ရာ )

ဆန်လှော်မှုန့်/ ဆန်စိမ်းမှုန့်/      ငါးပိစိမ်းစားအနည်းငယ်/ ဆား / ဟင်းခက်မှုန့်/ နံနံပင် / ကြက်သွန်ဖြူ / ငရုပ်သီးစိမ်း / ငှက်ပျောရွက်

 

ပြုလုပ်နည်း

မုံညှင်း နှင့်ဟင်းရွက်စုံ အသင့်စားလို့ရတဲ့အနေတော်လေးတွေပိုင်းပါ…

ပြီးလျှင် မုံညှင်း နှင့်ဟင်းရွက်စုံ ကို ဆန်လှော်မှုန့် / ဆန်စိမ်းမှုန့်/ငါးပိစိမ်းစားအနည်းငယ်/ ဆား / ဟင်းခက်မှုန့် ကိုအားလုံးရောပြီးသမအောင်နယ်ပါ…

ပြီးလျှင်ပေါင်းအိးုထဲမှာငှက်ပျောရွက်ခင်း နယ်ထားတဲ့ မုံညှင်း နှင့်ဟင်းရွက်စုံ တွေထဲ့ အပေါ်ကနေ ငှက်ပျောရွက်နဲ့ ချွေးတွေမ၀င်အောင်ပြန်အုပ်ပြီးပေါင်းပါ …

မီးပြင်းလျှင် မိနစ်၂၀ မပြင်လျှင်မိနစ်၃၀လောက်ဆို ငှက်ပျောရွက်နံ့ ဆန်လှော်မှုန့်ရနံ့တွေသင်းကြိုင်းနေတဲ့ ပြီး ဆန်စိမ်းမှုန့် ရဲ့ စေးစေးကပ်ကပ်အရသာနဲ့ မုံညှင်း နှင့်ဟင်းရွက်စုံပေါင်း

လေးရပြီ ငရုပ်သီးကြက်သွန်ဖြူဆားထောင်စပ်စပ်လေး နဲ့စားလိုက်ပါ ကြာဇံဟင်းခါး ပူပူလေးနဲ့ဆိုရင်တော့ ပိုမိုလိုက်ဘက်သွားပါလိမ့်မယ်….

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 6) ကြက်ကောင်လုံး အစာသွပ်ပေါင်း

 

ကြက်ကောင်လုံး အစာသွပ်ပေါင်း

ကြက်ကောင်လုံး အစာသွပ်ပေါင်း

 

ပါဝင်ပစ္စည်းများ

ကြက် – ၁ကောင်

မှိုခြောက် / ပန်းခြောက် / ပဲလိပ် / ပဲပြား / ကြက်ကလီစာ / ၀က်သား / ပဲသွေး / ၀က်သွေး

ဆား / သကြား / ဟင်းခတ်မှုန့် / ပဲငံပြာရည်အပျစ် /တရုပ်မဆလာ /ဂျင်း / ကြက်သွန်ဖြူ

 

ပြုလုပ်နည်း

ကြက်ကို ဗိုက်ဖေါက် ကလီစာတွေထုတ် သန့်စင်ပြီး ဆား / သကြား / ဟင်းခတ်မှုန့် / ပဲငံပြာရည်အပျစ် /တရုပ်မဆလာ /ဂျင်း / ကြက်သွန်ဖြူ တွေနဲ့နယ်ပြီးနှပ်ထားပါ

မှိုခြောက် / ပန်းခြောက် / ပဲလိပ် / ပဲပြား / ကြက်ကလီစာ / ၀က်သား / ပဲသွေး / ၀က်သွေး အတုံးသေးလေးတွေတုံးပါ ပြီးလျှင် ဆား / သကြား / ဟင်းခတ်မှုန့် / ပဲငံပြာရည်အပျစ် /တရုပ်မဆလာ /ဂျင်း / ကြက်သွန်ဖြူတွေနဲ့ ရောနယ်ပြီး ကြက်ဗိုက်ထဲကို အစာသွပ်ပါ ပြီးလျှင် ကြက်ဗိုက်ကလေးကိုပြန်ချုပ်ဖို့မမေ့နဲ့နော်…

၁နာရီခွဲလောက်ပေါင်းလိုက်ရင်တော့ နုညံ့ပြီးအရသာရှိတဲ့ ကြက်ကောင်လုံး အစာသွပ်ပေါင်းရပါပြီ…

ဘိတ်ချဉ်ကလေးလုပ် အရည်သောက်ကတော့ စွန်ထန်(သို့) ကြံမဆိုင်ဟင်းချိုလေးနဲ့ တွဲဘက်ပြီးစားသုံးလိုက်ပါရှင်…

 

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

အကိုတွေ အမတွေရဲ့ အရည်အချင်းတွေ ကြည့်ပြီး တွေးမိတာကတော့ ကျနော် ရွာထဲရောက်တာ နောက်ကျတာပါပဲ။
ငင့်ငင့်ငင့်!!

စောရောက်ရင် စော ပြီး ဝ လာမှာ။

 

:mrgreen:

 

 

 

ဇီဇီ

About ဇီဇီ

ဇီဇီ has written 351 post in this Website..

CJ # 129120