၆ ရက် ပဲ ပေါင်းနိုင်မယ် – KZ’s ထမင်းဆိုင်

ဇီဇီNovember 10, 20142min47347

ခေါင်းစဉ်ကြည့်ပြီး ….

ခင်ဇော်တစ်ကောင် ဘယ်သူ့ကို အပျော်ကြံနေလဲ မမှတ်ကြပါနဲ့။
ဟိဟိ။

:kwi:

အပေါင်း (၆) မျိုးရှိလို့ ၆ ရက်စာပဲ ပေါင်းလို့ရမယ် ပြောတာပါ။

 

 

ဒီ တစ်ပတ်ကတော့ ……
ဒါလင့် ရဲ့ ချစ်ချစ် မွမွနို (NOVY) ရဲ့ အပေါင်းများ ဖစ်ပါတယ်။

ဂလောက် တော်လွန်းလို့ ဒါလင် က အသည်းစွဲတာ ဆိုတာ ယုံမှားဖွယ်မရှိ။

:chit:

 

ဂလိုချက်တတ်စားတတ်ပြီး ဒီ ကိုယ်လုံးလေး ထိန်းနိုင်တာကို အံ့ဩ ချီးကျူး အားကျသေးရော့ဗျာ။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~

.
1) ငါးပေါင်း+ ချိုချဉ် ဟင်းရည်မွှေး

 

ငါးပေါင်းကနေစမယ်နော်  ( ချိုချဉ်ဟင်းရည်) – ငါးကတော့ မိမိကြိုက်နှစ်သက်တဲ့ငါးအကောင်လိုက်ဝယ်ဖို့လိုပါတယ်

 

လူ ၅ယောက်စာ ပါဝင်ပစ္စည်းများ

ငါး                          – ၆ဝ သား ( 1kg)

(ကကတစ်/  စလားပီးယား/ ငါးပါနီ)

ပဲပြား                       – ၁တုံး

မှို                           – ၁ဝ သား

ငုံးဥ                        – 5 လုံး

ချဉ်စော်ခါးသီးခြောက်    – ၂ကျပ်ခွဲသား (40 ဂရမ်)

ရေသန့်                    – 3 လီတာ

ကြက်သွန်နီ               – ၂ကျပ်ခွဲသား (40 ဂရမ်)

ကြက်သွန်ဖြူ              – ၂ကျပ်ခွဲသား (40 ဂရမ်)

သကြား                    – ၂ကျပ်ခွဲသား (40 ဂရမ်)

စပါးလင်                   – ၂ ချောင်း

ပင်စိမ်း                     – ၁စီး (40 ဂရမ်)

ရှမ်းနံနံ                     – ၁စီး (40 ဂရမ်)

ဂျင်                         –  လက် ၂ဆစ် ((20 ဂရမ်)

ဟင်းခက် မှုန့် / ဆား / ပဲငံပြာရည်အကျဲ / နှမ်း / ငရုပ်သီးစိမ်း

.
ကဲစပြီးပြင်ပါပြီ…

–  ငါးကို အကြေခွာ ဗိုက်ခွဲကလီစာတွေ ဗဟတ်ထုတ် အကောင်မပျက်စေနဲ့နော်

ဆေးပြီးလို့မှ အငြီနံ့ရှိသေးတယ်ထင်ရင် ရှာလကာရေ၂ဇွန်းကို ရေရောပြီး ငါးကို ၂မိနှစ်လောက်စိမ်ပြီးပြန်ဆေးလိုက်ရင် ရပါပြီ

ငါးကို ဘယ်ညာနှစ်ဖက် ဓါးနဲ့မွန်းလိုက်ပါပြီရင် ဆား / သကြား /ဟင်းခက်မှုန့် သင့်တော်သလောက်ထဲ့ပြီးနယ်ပြီးနှက်ထားလိုက်ပါ

–  ပဲပြားကိုတော့ လက်မဝက်ပတ်လည်လောက်အတုံးလေးတွေတုံးထားပါ

– မှို (ကောက်ရိုး / ငွေနှင်း / ပင်အပ် ) ကြိုက်ရာကို ရေဆေးပြီး အသင့် စားအရွယ်လေးတွေဖြစ်အောင် လှီးထားပါ

– ငုံးဥ   ပြုတ်ပြီး အခွံခွါထားပါ

– ချဉ်စော်ခါးသီးခြောက်  – ၂ကျပ်ခွဲသား (40 ဂရမ်) ကိုရေ1လီတာဖြင့်ပြုတ်ပါ

10မိနှစ်လောက်ဆူပါစေ ပြီးလျှင် အဖက်များစစ်ယူပြီး နောက်ရေ၁လီတာဖြင့်ထပ်ပြုတ်ပါ

ပြီးလျှင် အဖတ်များပစ်ပြီး အရည်များကို ပေါင်းမည့်အိုးတွင်ထဲ့ထားပါ

–  ကြက်သွန်နီ ကို အခွံခွာအတုံးလေးတွေတုံးထားပါ

–  ကြက်သွန်ဖြူ အခွံခွါပြီး တံပြားရိုက်ထားပါ

– ဂျင်း အခွံခွာပြီး အပြားလိုက် ပါးပါးလေးလှီးထားပါ

–  ပင်စိမ်း / ရှမ်းနံနံ   ကို ဆေးကြောသန့်စင်ထားပါ

– စပါးလင် ဆေးကြောသန့်စင် အရင့်တွေဘယ်ပြီး အနုတွေကို ပါးပါးတစ်စောင်းလေးတွေလှီးထားပါ

ပေါင်းအိုး အပေါ်စကာပေါ်မှာ စပါးလင်အရင့်တွေကိုခင်းပါ ပြီးလျှင်ငါးတင်ပါ

ငါးဗိုက်ထဲကို ကြက်သွန်နီ/ဖြူ / ပင်စိမ်း / ရှမ်းနံ့နံ/စပါးလင် / ဂျင်း လေးပုံတပုံထဲ့ပါ

နောက်တပုံကို ငါးအပေါ်ကနေဖြူးပါ (ပင်စိမ်း / ရှမ်းနံ့နံ) မပါ ချန်ထားရန်

ပေါင်းအိုးထဲမှာ ချဉ်စော်ခါးသီးခြောက်ပြုတ်ရေ ၂လီတာ ကျန်ရေ၁လီတာထဲ့ပါ

ကြက်သွန်နီ/ဖြူ / ပင်စိမ်း / ရှမ်းနံ့နံ/စပါးလင် /ဂျင်း လေးပုံ၂ပုံထဲ့ပါ

ဟင်းခက်မုန့် / ဆား/ သကြားထဲ့ပါ

ကဲ!! ဟင်:ရည်အအတွက်လည်းပြီးပြီဆိုတော့….

စပေါင်းမယ်နော်…

ဟင်းရည်ပေါင်းအိုးအပေါ်မှာ ငါးထဲ့ထားတဲ့အပေါ်စကာတင်ပြီးအငွေ့မထွက်အောင် အဖုံးလုံရပ့ါမယ်…

မီးဖိုပေါ်မှာ အရည်အိုးဆူးတာ မိနစ်၃ဝလောက်ပေါင်းပြီးပြီဆိုရင်တော့ ငါးကကျတ်သလောက်ရှိနေပါပြီ…

အပေါ်က ငါးပေါင်းထားတဲ့စကာကိုခဏဖယ်ပါ ( အပူဟပ်တက်ပါတယ် သတိထားဖယ်ပါ)…

ဟင်းရည်ကိုအပေါ့အငံမြည်းပါ အစဉ်ပြေပြီဆိုပါက ပဲပြား/ငုံးဥ/ မှိုတွေကိုထည့်ပါ ငါးပေါင်းထားတဲ့စကာကိုပြန်တင်ပါ ၁ဝမိနစ်လောက်ပြန်ဆူပါစေ…

အခုဆိုရင်တော့ မွှေးပျံတဲ့ ငါးပေါင်းလည်းကျတ်ပြီ ချိုချဉ်မွှေးဟင်းရေလည်းကျတ်ပါပြီ…

ငါးပေါင်းပေါ်မှာ ခုဏကချန်ထားတဲ့ ပင်စိမ်း / ရှမ်းနံ့နံလေးတွေ အလှဆင်လိုက်အပါအုံး…

ငါးအသားကိုတို့စားဖို့ဆော့ကတော့ လွယ်လွယ်ကူကူ ပဲငံပြာရည်အကျဲ / နှမ်း / ငရုပ်သီးစိမ်းတွေကိုဖျော်လိုက်ပါ…

ရေနဲ့တိုက်ရိုက်မထိပဲ ဟင်းရည်ငွေ့နဲ့ပေါင်းထားတဲ့ ငါးရဲ့လက်ဆက်ချိုမြိန်မှု အရသာကို ပဲငံပြာရည်ဆော့လေးနဲ့တို့ပြီးခံစားရင်း ချဉ်စော်ခါးသီး ပဲပြား/ငုံးဥ/ မှိုတို့ရဲ့ ချိုချဉ်မွှေး ဟင်းရည်ပူပူလေးသောက်လိုက်ပါ…

ဒါမှ ငါးပေါင်း ချိုချဉ်ဟင်ရည်မွှေး ရဲ့ ပြီးပြည့်စုံတဲ့ အရသာကို ခံစားနိုင်မှာပါလို……

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

2) ဝက်သားကြက်ဥပေါင်း

 

လူ ၅ယောက်စာ ပါဝင်ပစ္စည်းများ

ဝက်သား (အဆီနဲ ခေါက်မပါ)    – ၃ဝ သား (450ဂရမ်)

ကြက်ဥ                              – ၃လုံး

ဘဲဥအငံ( ဆားဘဲဥ)               – ၁လုံး

ကော်မှုန့်                            – ၃ ဇွန်း (ထမင်းစားဇွန်း)

ကြက်သွန်ဖြူ                        – ၁ ဥ

ဂျင်း                                  – လက်တဆစ်

ပဲငံပြာရည်အပျစ်                             – ၁ ဇွန်း (ထမင်းစားဇွန်း)

ကြက်သွန်မိတ်                     – ၃ပင်

တရုပ်မဆလာ                      – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)

ဆား / သကြား / ဟင်းခက်မှုန့်

 

ပစ္စည်းစုံပြီ ပေါင်းဖို့ပြင်မယ်…

ဝက်သားကိုတောက်တောက်စဉ်း…

ကြက်ဥကြေအောင်ခလောက်…

ကြက်သွန်ဖြူ    /ဂျင်: ညက်အောင်ထောင်း…

ဝက်သားတောက်တောက်စဉ် / ခေါက်ထားတဲ့ကြက်ဥ/ ကော်မှုန့် / ပဲငံပြာရည်အပျစ်          / တရုပ်မဆလာ

(ဆား / သကြား / ဟင်းခက်မှုန့် ) သင့်တော်သလောက်ထဲ့ပြီးအားလုံးရောနယ်ပြီးပေါင်းမည့်အိုးထဲကိုထည့်ပါ

ဝက်သားပေါ်မှာ ဘဲဥအငံ( ဆားဘဲဥ)ပုံမပျက်ဖေါက်ထဲ့လိုက်ပါ ပြီးလျှင်တော့ ပေါင်းလို့ရပါပြီ…

၄၅ မိနစ်လောက်ပေါင်းပြီးရင်တော့ စားလို့ရပါပြီ…

ကြက်သွန်မိတ်  လေးတွေနဲ့ အလှဆင်ဖို့တော့မမေ့နဲ့နော်…

အလွန်အရသာရှိတဲ့ ဝက်သားကြက်ဥပေါင်း တွဲဖက်စာကတော့ ကြံမဆိုင်ဟင်းချိုလေးနဲ့ပေါ့…

အရမ်းကိုလွယ်ကူရိုရှင်းတဲ့ ဝက်သားကြက်ဥပေါင်း လေးကိုလုပ်စားကြည့်လိုက်ပါအုံးနော်….

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

3) ငါးပေါင်းထုပ်

ပါဝင်ပစ္စည်းများ

ငါးရံ                                  – ၅ဝ သား (750ဂရမ်)

ရွက်ယိုရွက်                         – ၁၅ ရွက်

ဆန်လှော်မှုန့်                       – ၅ကျပ်သား

ဆီ                                   – ၅ကျပ်သား

ငှက်ပျောရွက် များများ

ဆား / ငပိစိမ်းစား/ ဟင်းခက်မှုန့် / စပါးလင်/ ကြက်သွန်ဖြူ  / နီ / ငရုပ်သီးအရောင်တင်မှုန် / နံနံပင်/ နနွင်းမှုန့်

 

ပြုလုပ်နည်း

ငါးရံမရပါက ကြိုက်နှစ်သက်ရာ ငါးကို သုံးနိုင်သည်…

ငါးကို အသားခွာပြီး လက်တစ်လုံးလောက်အတုံးလေးတွေတုးံပါ…

စပါးလင်/ ကြက်သွန်ဖြ/ နီ / ငရုပ်သီးအရောင်တင်မှုန် တွေကို ညက်အောင်ထောင်းပါ…

ပြီးလျှင်တုံးထားသောငါး နှင့် ဆား / ငပိစိမ်းစား/ ဟင်းခက်မှုန် / ဆန်လှော်မှုန့် / နနွင်းမှုန့်/ ဆီ ရောပြီးနယ်ပါ…

ပြီးလျှင် ၁၅ပုံ ပုံပြီး ငှက်ပျောရွက်ကိုအောက်ကခံအပေါ်ကနေရွက်ယိုရွက်ခင်းပြီး ငါးတစ်ပုံစီထဲ့ပြီ ထုတ်ပါပြီးလျှင်ပေါင်းအိုးမှာစီထဲ့ပြီးမိနစ်30လောက်ပေါင်းပြီးပြီးဆိုရင်တော့ အလွန်စားကောင်းတဲ့ ငါးပေါင်းထုတ်လေးရပါပြီရှင်….

အရည်သောက်အနေနဲ့တော့ ငါးအသားခွာတုန်းက ကျန်နေတဲ့ ငါးခေါင်းအရိုးတွေကို ဘူသီးအချဉ်ဟင်းချက်ပြီး စားသုံးလိုက်ပါရှင်…..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

4) မှို -ဆူးပုတ်ပေါင်း

 

ပါဝင်ပစ္စည်းများ

မှို (ကြိုက်နှစ်သက်ရာ )           – ၃ဝသား

ဆူးပုတ်                             – ၃စည်း

ဆန်လှော်မှုန့်                       – ၃ ဇွန်း (ထမင်းစားဇွန်း)

ငါးပိစိမ်းစားအနည်းငယ်/ ဆား / ဟင်းခက်မှုန့်/ နံနံပင် / ကြက်သွန်ဖြူ / ငရုပ်သီးစိမ်း / ငှက်ပျောရွက်

 

ပြုလုပ်နည်း

မှိုတွေကို အသင့်စားလို့ရတဲ့အနေတော်လေးတွေပိုင်းပါ…

ဆူးပုတ်တွေကို သင်ပါ…

ပြီးလျှင် မှို /ဆူးပုတ်/ ဆန်လှော်မှုန့် / ငါးပိစိမ်းစားအနည်းငယ်/ ဆား / ဟင်းခက်မှုန့် ကိုအားလုံးရောပြီးသမအောင်နယ်ပါ…

ပြီးလျှင်ပေါင်းအိုးထဲမှာငှက်ပျောရွက်ခင်း နယ်ထားတဲ့မှိုတွေထဲ့ အပေါ်ကနေ ငှက်ပျောရွက်နဲ့ ချွေးတွေမဝင်အောင်ပြန်အုပ်ပါ …

ပေါင်းပါ …

မီးပြင်းလျှင် မိနစ်၂ဝ မပြင်လျှင်မိနစ်၃ဝလောက်ဆို ငှက်ပျောရွက်နံ့ ဆန်လှော်မှုန့်ရနံ့တွေသင်းကြိုင်းနေတဲ့ မှို -ဆူးပုတ်ပေါင်း လေးရပြီ …

ငရုပ်သီးကြက်သွန်ဖြူဆားထောင်စပ်စပ်လေး နဲ့စားလိုက်ပါ …

မြင့်ခွာရွက် ဟင်းချိုပူပူလေးနဲ့ဆိုရင်တော့ ပိုမိုလိုက်ဘက်သွားပါလိမ့်မယ်…

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

5) မုံညှင်း နှင့်ဟင်းရွက်စုံပေါင်း

 

 

ပါဝင်ပစ္စည်းများ

မုံညှင်း နှင့်ဟင်ရွက်စုံ (ကြိုက်နှစ်သက်ရာ )

ဆန်လှော်မှုန့်/ ဆန်စိမ်းမှုန့်/      ငါးပိစိမ်းစားအနည်းငယ်/ ဆား / ဟင်းခက်မှုန့်/ နံနံပင် / ကြက်သွန်ဖြူ / ငရုပ်သီးစိမ်း / ငှက်ပျောရွက်

 

ပြုလုပ်နည်း

မုံညှင်း နှင့်ဟင်းရွက်စုံ အသင့်စားလို့ရတဲ့အနေတော်လေးတွေပိုင်းပါ…

ပြီးလျှင် မုံညှင်း နှင့်ဟင်းရွက်စုံ ကို ဆန်လှော်မှုန့် / ဆန်စိမ်းမှုန့်/ငါးပိစိမ်းစားအနည်းငယ်/ ဆား / ဟင်းခက်မှုန့် ကိုအားလုံးရောပြီးသမအောင်နယ်ပါ…

ပြီးလျှင်ပေါင်းအိုးထဲမှာငှက်ပျောရွက်ခင်း နယ်ထားတဲ့ မုံညှင်း နှင့်ဟင်းရွက်စုံ တွေထဲ့ အပေါ်ကနေ ငှက်ပျောရွက်နဲ့ ချွေးတွေမဝင်အောင်ပြန်အုပ်ပြီးပေါင်းပါ …

မီးပြင်းလျှင် မိနစ်၂ဝ မပြင်လျှင်မိနစ်၃ဝလောက်ဆို ငှက်ပျောရွက်နံ့ ဆန်လှော်မှုန့်ရနံ့တွေသင်းကြိုင်းနေတဲ့ ပြီး ဆန်စိမ်းမှုန့် ရဲ့ စေးစေးကပ်ကပ်အရသာနဲ့ မုံညှင်း နှင့်ဟင်းရွက်စုံပေါင်း

လေးရပြီ ငရုပ်သီးကြက်သွန်ဖြူဆားထောင်စပ်စပ်လေး နဲ့စားလိုက်ပါ ကြာဇံဟင်းခါး ပူပူလေးနဲ့ဆိုရင်တော့ ပိုမိုလိုက်ဘက်သွားပါလိမ့်မယ်….

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 6) ကြက်ကောင်လုံး အစာသွပ်ပေါင်း

 

ကြက်ကောင်လုံး အစာသွပ်ပေါင်း
ကြက်ကောင်လုံး အစာသွပ်ပေါင်း

 

ပါဝင်ပစ္စည်းများ

ကြက် – ၁ကောင်

မှိုခြောက် / ပန်းခြောက် / ပဲလိပ် / ပဲပြား / ကြက်ကလီစာ / ဝက်သား / ပဲသွေး / ဝက်သွေး

ဆား / သကြား / ဟင်းခတ်မှုန့် / ပဲငံပြာရည်အပျစ် /တရုပ်မဆလာ /ဂျင်း / ကြက်သွန်ဖြူ

 

ပြုလုပ်နည်း

ကြက်ကို ဗိုက်ဖေါက် ကလီစာတွေထုတ် သန့်စင်ပြီး ဆား / သကြား / ဟင်းခတ်မှုန့် / ပဲငံပြာရည်အပျစ် /တရုပ်မဆလာ /ဂျင်း / ကြက်သွန်ဖြူ တွေနဲ့နယ်ပြီးနှပ်ထားပါ

မှိုခြောက် / ပန်းခြောက် / ပဲလိပ် / ပဲပြား / ကြက်ကလီစာ / ဝက်သား / ပဲသွေး / ဝက်သွေး အတုံးသေးလေးတွေတုံးပါ ပြီးလျှင် ဆား / သကြား / ဟင်းခတ်မှုန့် / ပဲငံပြာရည်အပျစ် /တရုပ်မဆလာ /ဂျင်း / ကြက်သွန်ဖြူတွေနဲ့ ရောနယ်ပြီး ကြက်ဗိုက်ထဲကို အစာသွပ်ပါ ပြီးလျှင် ကြက်ဗိုက်ကလေးကိုပြန်ချုပ်ဖို့မမေ့နဲ့နော်…

၁နာရီခွဲလောက်ပေါင်းလိုက်ရင်တော့ နုညံ့ပြီးအရသာရှိတဲ့ ကြက်ကောင်လုံး အစာသွပ်ပေါင်းရပါပြီ…

ဘိတ်ချဉ်ကလေးလုပ် အရည်သောက်ကတော့ စွန်ထန်(သို့) ကြံမဆိုင်ဟင်းချိုလေးနဲ့ တွဲဘက်ပြီးစားသုံးလိုက်ပါရှင်…

 

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

အကိုတွေ အမတွေရဲ့ အရည်အချင်းတွေ ကြည့်ပြီး တွေးမိတာကတော့ ကျနော် ရွာထဲရောက်တာ နောက်ကျတာပါပဲ။
ငင့်ငင့်ငင့်!!

စောရောက်ရင် စော ပြီး ဝ လာမှာ။

 

:mrgreen:

 

 

 

47 comments

  • MAUNG

    November 10, 2014 at 10:18 am

    နံပါတ် ၁ ဟင်းလေးစားချင်လိုက် တာ၊ နံပါတ် ၄ ဟင်းလေးနဲ့တွဲ ပြီး တီးလိုက်ရရင် တော့ 🙂

    • ကေဇီ

      November 10, 2014 at 10:56 am

      သများက နံပတ် ၆ အကြိုက်ဆုံးး

      :mrgreenn:

  • တောင်ပေါ်သား

    November 10, 2014 at 10:19 am

    ဖတ်ပြီး ဗိုက်ဆာလိုက်တာ ၊

    Canteen ပြေးပြီဗျာ ၊

    • ကေဇီ

      November 10, 2014 at 10:55 am

      ကျနော် ဆို မနေနိုင်လို့ ငါးလေး နဲ့ ပေါင်းမိပါတယ်။

      :k:

  • Mr. MarGa

    November 10, 2014 at 10:40 am

    တွေ့လား
    သကြားက ပါတုန်းပဲ
    နာ ကွ :mrgreenn:

    • ကေဇီ

      November 10, 2014 at 10:54 am

      သကြား က ဒီ ထဲတော့ ပေါင်းရသားးး

      :mrgreenn:

  • Yae Myae Tha Ninn

    November 10, 2014 at 10:48 am

    မိန်းမ ပြောနေကျ စကား နဲ့ ပြောရရင် ဒွတ်… ပြောရင်းဆိုရင်း မိန်းမကို သတိရသွားပြီ… 🙂
    နံပါတ် ၂ ကိုတော့ အမေ လုပ်ကျွေးတယ်… ကြက်သားနဲ့… ငါးပေါင်းထုပ်ကတော့ မိန်းမကို ပူဆာရမယ်.. စားချင်တာ ကြာပြီ… 🙂

    • ကေဇီ

      November 10, 2014 at 10:53 am

      ငင်?
      ဘယ်နေ့ ပေါင်းကြမတုန်းး
      ပြောဦးးးးး
      :mrgreen:

      • Yae Myae Tha Ninn

        November 10, 2014 at 4:49 pm

        သူစိတ်ပါတဲ့ ရက် ပေါင်းပါစေ… ဟီး… 🙂

  • ဦးကြောင်ကြီး

    November 10, 2014 at 10:48 am

    ၆ရက်ပဲပေါင်းဒေါ့ ဝဗမလား…..

    • ကေဇီ

      November 10, 2014 at 10:52 am

      ရ ရက်ပြည့်အောင် ကြောင် နဲ့ တစ်ရက်ပေါင်းမယ်
      (အဲလေ) ကြောင်သား တစ်ရက် ပေါင်းမယ်။

      :k:

      • ဦးကြောင်ကြီး

        November 10, 2014 at 10:59 am

        ကြောင်နဲ့ပေါင်းလျင် ၆ရက်စာ ညှီရဇေ့မဲ..

  • ခင် ခ

    November 10, 2014 at 10:53 am

    မပေါင်းလဲ ခက်
    ပေါင်းလဲ ဖက် ပေါ့နော်။
    ” ဌက်ပျောဖက်တွေနဲ့ ပေါင်း ရတာကိုး “

    • ကေဇီ

      November 10, 2014 at 11:08 am

      မပေါင်းလဲ ဖက်
      ပေါင်းလည်း ခက် တယ်.။
      ဟိဟိ

      :kwi:

  • kyeemite

    November 10, 2014 at 11:28 am

    .၆ ရက်ပေါင်းရလည်းမနည်းပါဘု..ခိခိ
    .ငါးပေါင်းတော့ကြိုက်တယ်..ငါးသလောက်မစားရဲလို့ …အိမ်မှာတော့ ငါးမြစ်ချင်းပေါင်းစားလေ့ရှိတယ်
    . ကြက်ကောင်လုံး အစာသွပ်ပေါင်းလည်း ဒါဘယ်ဘလက်လေးနဲ့လိုက်မှလိုက်..ဂလု..ဂလု
    .ပီးမှ ကျန်းမာရေးအတွက် မုံညှင်း နှင့်ဟင်းရွက်စုံပေါင်း လေးနဲ့လွေးလိုက်ရလို့ကတော့…ရှလွတ်..ရှလွတ်
    :k:

    • ကေဇီ

      November 10, 2014 at 11:29 am

      ဒါဆို မိုက်မိုက် သဘောတူတယ်ပေါ့နော်။
      သများ သူ့ ကို ကြံလိုက်တော့မယ်။
      အဟိဟိ
      :kwi:

  • Ma Ei

    November 10, 2014 at 12:32 pm

    1, နဲ့ ,6 ကိုပဲ ကြိုက်တယ်…ဆိုတော့
    ဒို့တော့ ၂ ရက် ပဲ ပေါင်းမှာ…
    🙂

    • ကေဇီ

      November 10, 2014 at 12:37 pm

      ဟယ်။
      ကျန်းးး
      သူ ပေါင်းချင်တဲ့ ရက် သူ တွက်ပြီးသွားပြီ။

      :chit:

  • Novy

    November 10, 2014 at 12:47 pm

    ၆ရက်ပဲပေါင်းမယ်အေ တစ်ရက်ကတော့ ဒါလင့်အတွက်ထားလိုက်မယ်
    ဪ …သူပေါင်းချင်တာပေါင်းပါစေပေါ့
    စေတနာတွေပေါ့နော်

    • ကေဇီ

      November 10, 2014 at 12:52 pm

      ဟိဟိ။
      နိုဝင်ဘာ ရောက်ပြီ ဆိုတော့ မွေးနေ့ အမှတ်တရ ဘာပေါင်းမလဲ ဟင်?
      အဲလေ
      ဘာ လုပ် ကြမှာလဲ ဟင်?

      :mrgreen:

  • Wow

    November 10, 2014 at 1:42 pm

    မှိုဆူးပုတ်ပေါင်းနဲ့ မုံညင်းရွက်စုံပေါင်း၊ ကြက်ကောင်လုံးအစာသွတ်ပေါင်း … မြီးမယ်.. မြီးမယ်.. အဲလေ စားမယ် :mrgreen:

    • ကေဇီ

      November 10, 2014 at 2:00 pm

      ဘာရယ်။
      ၂ ရက်ပဲ ပေါင်းမဲ့သဘောပေါ့။
      လူဇိုးမ!!!

      :mrgreenn:

  • weiwei

    November 10, 2014 at 1:43 pm

    အပေါင်းဆိုရင်တော့ အားလုံးကြိုက်တယ် ..
    ရ ရက်လုံး ပေါင်းပါဆိုလဲ ပေါင်းနိုင်တယ် … 🙂

    • ကေဇီ

      November 10, 2014 at 2:01 pm

      ဟေးဟေးဟေးးး
      နောက်တစ်ပေါင်းလောက်စဉ်းစားပေးရင် ရ ရက်ပေါင်းလို့ ရပြီ။

      :mrgreen:

  • Kaung Kin Pyar

    November 10, 2014 at 1:52 pm

    အစာသွပ်တွေ ပြီးတော့ အပေါင်းတွေအလှည့်ပေါ့…….
    မှို ဆူးပုပ်ကလွဲရင်…အားလုံးကြိုက်တယ်….
    ဒါလဲ ကော်ပီလိုက်ပြီနော်…
    🙂

    • ကေဇီ

      November 10, 2014 at 2:03 pm

      နောက် အစာသွတ်တစ်မျိုးက ကိုကိုကျောက် ပေးမှာ။
      ခု သူ မအားသေးလို့ အားတဲ့သူနဲ့ အရင်ပေါင်းထားတာ။
      ဟိ။

      ဒီ အပေါင်းတွေလည်း စိတ်ကြိုက်တွေ့တယ်။

      :k:

  • Kaung Kin Pyar

    November 10, 2014 at 2:12 pm

    အိုရီရန်တယ် က အပေါင်းလဲ စိတ်ကြိုက်ပဲ….
    ရှလွတ်!!!!
    မခွစ် မနေ့က မြူဆွယ်ထားတာ တွေ့တယ်….
    မေ့ထားပါတယ်ဆို သတိရအောင် လုပ်သွားတယ်…။
    မချွိပိုစ့်နဲ့ ၅ ရက်ပေါင်းမယ်….။ မှို-ဆူးပုပ်တစ်ခုတော့ ကြောက်ရို့…။
    :k:

    • ကေဇီ

      November 10, 2014 at 2:16 pm

      ဟယ်။
      စား များ ကြည့်ပါဦးဟယ်။
      ဟင်းရွက်ပေါင်းကို သိပ်ကြိုက်တာ။
      ဒီ တစ်ပတ် လုပ်စားဦးမယ်။
      ဟိ။
      ပူပူလေးကို ဖြည် အပေါ်က ဆီချက်လေး ဆမ်းပြီးးးး ရေနွေးကြမ်းလေးနဲ့။

      :k:

  • surmi

    November 10, 2014 at 2:15 pm

    တစ်ခုလောက်တောင်းဆိုပါရစေ
    ငယ်ငယ်က ကျောင်းမှာဝယ်စားဖူးတဲ့ တစ်ထုတ် ၁ဝ ပြားတန် ဟင်းထုတ်ပေါင်းလေးစားချင်ပါတယ်ဗျို့ ။
    ကန်စွန်းရွက် ကောက်ရိုးမှိုနဲ့ဆန်နှစ်ပါတာတော့သတိထားမိတယ် ။
    ရဲယိုရွက်လေးနဲ့ပတ်ပြီး ငှက်ပျောရွက်နဲ့ထုတ်ပြီးပေါင်းတာ ။
    ငရုပ်သီးစိမ်းလည်းပါတယ် ။
    အဲဒါ လုပ်ပုံလုပ်နည်းလေးများ သိချင်ပါတယ်ဗျို့ 🙂

    • ကေဇီ

      November 10, 2014 at 2:17 pm

      ရှာပေးမယ်။
      သများ ဒီ တစ်ပတ် လုပ်စားမှာမို့။
      ဟိ။
      မွနို နည်းရယ်။
      ရှမ်းနည်းရယ်.

      :mrgreen:

    • ကေဇီ

      November 10, 2014 at 2:22 pm

      ဟိ။
      ဒါက သများအကြိုက် အသားပါတဲ့ဟာ။
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
      Credit to
      http://mogaungthu.blogspot.sg/2011/03/blog-post_21.html

      အအုံး ၊ အပေါင်း လုပ်နည်းအတွက် လိုအပ်သောအရာ

      ကြက်သား ၅ဝ ကျပ်သား(ရင်ဖုံသား) (ကျွန်မတော့ ကြက်သားဆို အရိုးပိုကြိုက်ပါသည်။)
      ငါးကြင်း ၅ဝ ကျပ်သား
      ပုဇွန် ၅ဝ ကျပ်သား
      ကြက်သွန်နီ ဥကြီး အလုံး ၂၀
      ကြက်သွန်ဖြူ ၁ဝ ဥ
      ရှမ်းနံနံ ၃ စည်း (အစည်းကြီးကြီး)
      ဗမာနံနံ ၃ စည်း (အစည်းကြီးကြီး)
      ပင်စိမ်း ၃ စည်း (အစည်းကြီးကြီး)
      ဖက်ဖယ် ၃ စည်း (အစည်းကြီးကြီး)
      ငရုတ်သီး (မိမိ စိတ်ကြိုက် ထည့်ပါ။)
      ဂျင်း တစ်တက်
      ဆီ အနည်းငယ်
      ငှက်ပျောဖက်

      ပြုလုပ်ပုံ

      ကြက်ကို ရေစင်အောင်ဆေးပြီး ခပ်သေးသေးတုံးထားပါ။
      ငါးကြင်းကိုလည်း ငါးနံ့မနံရလေအောင် မန်ကျည်းမှည့်ရည်နဲ့ ရေစင်စင်ဆေး ပြီးခပ်သေးသေးတုံးထားပါ။
      ပုဇွန်ကိုလည်း ရေစင်စင်ဆေးပြီး အခွံချွတ်ထားပါ။
      ကြက်သားကိုလည်း ဇလုံ တစ်ခုတည်းထည့်ပြီး ဆား အချိုနယ်ထားပါ။
      ငါးကိုလည်း ဇလုံ တစ်ခုတည်းထည့်ပြီး ဆား အချိုနယ်ထားပါ။
      ပုဇွန်ကိုလည် ဇလုံ တစ်ခုတည်းထည့်ပြီး ဆား အချိုနယ်ထားပါ။
      ပြီး အအုံး အပေါင်းထဲ ထည့်ဖို့ အစာပလာ လုပ်ပါတော့မယ်။
      ကြက်သွန်ဖြူ၊ နီ၊ ဂျင်း၊ ရှမ်းနံနံ၊ ဗမာနံနံ၊ ပင်စိမ်း၊ ဖက်ဖယ်၊ ငရုတ်သီးစိမ်း တို့ကို လက်လှည့် ကြိတ်ဆုံနဲ့ ကြိတ်ပါတယ်။
      မဟုတ်လဲ ထောင်းလို့ရပါတယ်နော်။
      ပြီး ကျိတ်ထားတဲ့ အစာပလာ အားလုံးကို ဇလုံတစ်ခုထဲထည့်ပါ။
      ပြီးဆား၊ အချိုမှုန့်၊ ဆီအနည်းငယ်ထည့်ပြီး နယ်ပေးပါ။
      (တစ်ချို့ကလည်း အစာပလာထဲမှာ ဆန်စိမ်းမှုန့်ထည့်တတ်ပါတယ်။ မှုန့်နှစ်လေးနဲ့ ခပ်ထွေးထွေးလေး စားချင်ရင်တော့ ဆန်စိမ်းမှုန့်ပါ ထည့်ပြီး နယ်ပေးပါ။ အိမ်မှာတော့ မထည့်တတ်ပါဘူး။ ဒီအစာပလာတွေပဲ ထည့်ပါတယ်။)
      လက်ညိုးလေးနဲ့တို့ပြီး ဆား ပြား အနေတော် မြည်းကြည့်ပါ။
      ငရုတ်သီးစိမ်းတော့ များများထည့်ကြိတ်လိုက်တယ်။
      အအုံး(ခေါ်) အပေါင်းထုပ်ဟင်းက ခပ်စပ်စပ်လေးမှ အရသာအလွန်ရှိပါတယ်။
      အစပ်ကလည်း ကျွန်မအကြိုက်ထည့်လိုက်ပါတယ်။
      ဆား ပြား အနေတော် ဖြစ်ပြီဆိုရင် သုံးပုံခွဲပြီး ကြက်သားဇလုံ၊ ငါးဇလုံ၊ ပုဇွန် ဇလုံထဲသို့ အစာပလာထည့်ပြီး အသားနဲ့ အစာပလာ ရောသမသွားအောင် နယ်ပေးပါ။
      ပြီးရင် ငှက်ပျောဖက်ထဲသို့ အနေတော်ထည့်ပြီး ထုပ်ပါ။ ပြီး နှီးချည်ပါ။
      ပြီး ပေါင်းမယ့်အိုးထဲသို့ တန်းစီးပြီး စီစီရီရီ ထည့်ပြီး စတင်ပေါင်းနိုင်ပါပြီနော်။
      နောက် တစ်နာရီလောက်ဆိုရင် ဟင်းပေါင်းထုပ် အနံ့လေး လည်း စတင်ရပါပြီနော်။
      ငါးမှာ အနွေး၊ ပုဇွန်မှာ အကွေးဆိုတဲ့ ဆိုရိုးစကားရှိတယ်မဟုတ်လား။ ဒီတော့ ငါးနဲ့ပုဇွန်က အရင် ကျတ်တာပါတယ်။ ဒါဆိုရင်တော့ အအုံး (ခေါ်) အပေါင်းထုပ်ဟင်း ရပါပြီနော်။

    • ကေဇီ

      November 10, 2014 at 2:28 pm

      အဟားဟား

      တွေ့ပြီ ယောက်ခမွ ဆာ။
      ကျနော်တို့ အမ ဝေ ရဲ့ နည်းးး
      ဟီးဟီးဟီးးး
      ပြန်ထည့်လိုက်ပြီ ရ ရက် ပေါင်းရလေရော့ ဟယ်!!!
      ~~~~~~~~~~~~~~~~~~~~~~~~~

      http://myanmargazette.net/43971

      အခုတလော သတ်သတ်လွတ်စားဖြစ်တာများတော့ စားစရာတွေကို ကြံဖန်လုပ်စားရင်း ဒီနေ့ လုပ်စားဖြစ်တာလေးကို မှတ်တမ်းတင်ထားလိုက်ပါတယ်။ ရှမ်းရိုးရာ ဟင်းထုတ်ပါ .. သတ်သတ်လွတ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်လောက်က ရှမ်းလူမျိုး သူငယ်ချင်းတစ်ယောက် လုပ်ကျွေးဖူးတာကို ပြန်စဉ်းစားပြီး အတတ်နိုင်ဆုံး တူအောင် လုပ်ထားပါတယ်။

      ပါဝင်သော ပစ္စည်းများ

      ကြက်သွန်မိတ်

      ခရမ်းချဉ်သီး

      ဂေါ်ဖီထုတ်

      ယိုးဒယားမယ် အမှုန့် (သို့) ရှမ်းဆန်အမှုန့်

      ဆီ၊ ဆား

      ငှက်ပျောဖတ်

      ပြုလုပ်ပုံအဆင့်ဆင့်

      အနေတော်လှီးဖြတ်ထားသော ကြက်သွန်မိတ်၊ ဂေါ်ဖီနှင့် ခရမ်းချဉ်သီးကို ယိုးဒယားမယ်အမှု့န့် ဆား ဆီသင့်တော်သလိုထည့်ပြီး ရေအနည်းငယ်ထည့်ပြီး နှံ့အောင် မွှေရပါတယ်။ ထို့နောက် အနေတော်ဖြတ်ထားတဲ့ ငှက်ပျောရွက်ထဲမှာ ဂေါ်ဖီရွက်နဲနဲခံပြီး ထည့်ထုတ်ပါတယ်။ ထုတ်ပြီးသားအထုတ်များကို ပေါင်းအိုးဖြင့် နာရီဝက်ခန့် ပေါင်းပြီးပါက စားသုံးနိုင်ပါပြီ။

      ဟင်းထုတ်အပေါ်တွင် ကြက်သွန်ဖြူဆီချက် အနဲငယ်ဖြူးပြီး စားပါက အနံ့မွှေးကြိုင်ပြီး အရသာရှိပါတယ်။

      မနက်စာအဖြစ်လည်းကောင်း၊ နေ့လည်စာ ညနေစာ ထမင်းလွတ် စားနိုင်ပါတယ်။

      လုပ်ရတာလွယ်ပြီး အနံ့အရသာဆန်းလို့ ဝါသနာပါသူများ လုပ်စားနိုင်ရင် တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

      Credit to Wei Wei

      • weiwei

        November 10, 2014 at 2:50 pm

        easy cook ကတော့ နေရာတကာ ပါနေတော့တာပဲ ..
        အဲလိုတွေမြင်ရတော့ ချက်ချင်ပြုတ်ချင်ပေါင်းချင်စိတ်တွေ တဖွားဖွားပေါ်လာရော ..

  • pooch

    November 10, 2014 at 3:37 pm

    ခံတွင်းပျက်နေတာ အမှန်က နေ့လည်က ဒါလေးဖတ်ပြီး စားလိုက်ရမှာ
    ပြန်လာရင် ချက်ကျွေးမှာလား လိုက်ကျွေးမှာလား ပေါ :mrgreenn:

    • ကေဇီ

      November 10, 2014 at 3:38 pm

      ဟယ်။
      ခုပဲ တီချယ် ကြီး စားတဲ့ ရွှေမင်းသမီး ဆိုင် ဆိုလားးး
      အဲဒါ စားချင်တာ ဘယ်သူ့လိုက်ပို့ ခိုင်းရမလဲ စဉ်းစားနေတာ။
      တွေ့ပီ တွေ့ပီ သူပဲ သူပဲ။

      :mrgreenn:

  • Crystalline

    November 10, 2014 at 4:53 pm

    ငါးပေါင်းထုတ်ထဲ…ငှက်ပျောဖူးပါထည့်ပေါင်းစားတယ်… :)) ကြိုက်လည်းကြိုက်… အရွက်စုံပေါင်းကတော့.. ကျမကြိုက်တဲ့ ဟင်းထုတ်နဲ့တူမလားပဲ…
    ဝယ်စားရင်တော့ မြေနီကုန်း..ကချင်ဆိုင်က ငါးပေါင်းကြိုက်…
    လမ်းမတော် လှည်းတန်းလမ်း.. ရွှေပုဇွန်ရှေ့လမ်းက ကယားဟင်းထုတ် ကြက်..ဝက်..ငါးနဲ့ပေါင်းတာ.. ဝက်သွေးနဲ့ပေါင်းတဲ့ဝက်သားချဉ်ပေါင်းတွေ လည်းကြိုက်.. ကြက်သွန်ဖြူကြော်ကြွပ်လေး..ငရုတ်သီးကြော်လေး..ဂျူးမြစ်လေးရယ်..ကောင်းမှကောင်း :mrgreenn:
    ကြိုက်တဲ့အပေါင်းလေးတွေ စခွင်ရှော့ထ်ရိုက်သွားတယ်.. :))

    • ကေဇီ

      November 11, 2014 at 1:45 pm

      ရန်ကုန်လာရင် ပေါင်းမားးး
      အဲလေ
      အဲ့ အပေါင်းတွေ လိုက်ကျွေးမားး

      :mrgreenn:

  • Iris

    November 10, 2014 at 7:16 pm

    ကြက်​ ကလွဲပြီးအကုန်​စားချင်​တယ်​။ မစားဘူး​သေးဘူးအဲ့လို​ပေါင်​းထားတာ​လေ။ ​ယောင်​းမ ​ပေါင်​းပြီး​ကြွေးတဲ့ မုန်​ညှင်​းဖူး​ပေါင်​းရယ် ကြက်​ဥ​ပေါင်​းရယ်​ပဲ စားဖူး​သေးတယ်။

    • ကေဇီ

      November 11, 2014 at 1:43 pm

      စားဖူးတာလေးတွေကို ပေါင်းမပြချင်ဘူးလားး

      :mrgreenn:

  • မြစပဲရိုး

    November 10, 2014 at 9:44 pm

    ဝက်သား နဲ့ ကြက်သား က ရလွယ်တာမို့ အဲဒီ နှစ်မျိုး ကို ပေါင်း ဖို့ စဉ်းစားထားပါတယ်။

    ကြက်သား အကောင်လိုက်ကြီး ကို ပေါင်းအိုးနဲ့ ပေါင်းရင် ရေ ဘောလော မကျန် အချိုရည် တွေ မထွက် ဘဲ ဘယ်လိုရနိုင်မလဲ ဆိုတာလေး ကိုလဲ အကြံပြုပါဦး
    မောင်ကြီး ဒါလင် ရဲ့ ရွာ့ကွမ်းတောင်ကိုင် မင်းသမီးလေး ရေ။

    စီစဉ်ပေးသူ ဇီ ကလေးလဲ ပေါင်းချင်တာ တွေ အားလုံး ကို စိတ်တိုင်းကျ ပေါင်းနိုင်စေသား။
    ကျေးဇူးပါ နို နဲ့ ဇီ။ :))

    • ကေဇီ

      November 11, 2014 at 1:42 pm

      အဲဒါတော့ ပေါင်းအိုး (ပရက်ရှာ ကွတ်ကာ) နဲ့ ပေါင်းတာ အကောင်းဆုံးဖြစ်မယ်ထင်တယ် အရီးရေ။
      ကျနော် ပေါင်းအိုးက လျှပ်စစ် အိုးး
      ကျနော် လည်း အဆင်မပြေဘူးးး
      အချိုရည် ခန်းမှာ ပူတယ်။

      :a:

  • uncle gyi

    November 10, 2014 at 11:46 pm

    ၆ရက်ပြီးရင်ဆေးရုံတက်ရပြီ ကေဇီရေ
    စူဇကာဖြစ်လို့

    • ကေဇီ

      November 11, 2014 at 1:41 pm

      အန်ကယ်ကြီး
      တနင်လာနေ့တိုင်း လာခဲ့။
      ထမင်းဆိုင်ဖွင့်တယ်။

      :k:

  • အလင်းဆက်

    November 11, 2014 at 8:46 am

    .ဖွေးဖွေးကိုတော့..ခြောက်ရက်ပဲ..ပေါင်းနိုင်မယ်လို့ မပြောနိုင်ဘူး ။
    ဘယ်သူပြောခိုင်းခိုင်း မပြောနိုင်ဘူး ။
    ဒါပဲ..
    (ဆိုင်ဆိုင် မဆိုင်ဆိုင်)

    :k:

    ဂွစ်ဂွစ်

    • ကေဇီ

      November 11, 2014 at 1:40 pm

      တခြားသူတွေ ဖျက်လို့ တော့ နောက် မဆုတ်ဘူး
      စမိတဲ့ အချက်တွေ ကို ရုပ်သိမ်းဖို့ မတောင်းဆိုနဲ့

      :k:

  • ဦးဦးပါလေရာ

    November 11, 2014 at 11:37 am

    .အခုတလောဖတ်မိသမျှ ဂဇက်ပိုစ့်တွေထဲမှာ
    .ဒီပိုစ့်က အရသာအရှိဆုံး….
    .စာဖတ်ရတာလဲကောင်းပါတယ်…
    .တကယ် လုပ်ကျွေးမယ့်သူရှိရင်လဲ စားချင်လှပါကြောင်း…
    :mrgreen:

    • ကေဇီ

      November 11, 2014 at 1:39 pm

      အာ့ဆို မွမွနို ကို ပူစာလိုက်မယ်။
      ခုတော့ သူ အလုပ်ရှုပ်နေတယ်။
      ဟိ

      :mrgreen:

Leave a Reply