ရှင်းရှင်းလေးပါ…

aye.kkOctober 25, 20071min1960

စိတ်ဆိုတာထား တတ်ဘို့ပဲလိုတာပါ

စိတ်ကိုထားတတ်ရင် ရှင်းရှင်းလေးပါ

ထားတတ်ဘို့ဆိုတာ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်ဆိုသလို ပါပဲ

မထားတတ်ရင်တော့ စိတ်ဆိုတာမျိုးက အဆိုးဘက်ကိုဆိုရင်

တွန်းပို့်တတ်တာ လျင်မြန်အားကြီးလွန်းပြီး အကောင်းဘက်ကိုဆိုရင် တွန်းပို့တတ်တာ အလွန် အားနည်းပါတယ်။

ဥပမာလေးပြောပြချင်ပါတယ်

မကောင်းတာတွေ့ရင် စိတ်ဆိုတာ အလိုမကြတတ်ဘူးပေါ့နော်

ကောင်းတာလေးတွေ့ရင် စိတ်ဆိုတာသဘောကြ တတ်ပါတယ် ။

လွယ်မယောင်နဲ့ခက်တယ် ဆိုတာက အလိုမကျတဲ့စိတ်လေးကို အလိုကျအောင်လုပ်ဘို့်က ခက်ပါတယ်။

တိမ်မယောင်နဲ့နက်ဆိုတာက အလိုကျတဲ့စိတ်လေးကို အလိုမကျအောင် တနည်းပြောရရင် ဥပက္ခာ ထားတတ်မှုဆိုတာပါ တိမ်မယောင်နဲ့နက်ဆိုသလို ပါပဲ ။

စိတ်ဆိုတာ အလိုမကြမှုဖြစ်တဲ့အခါ မှာရင် စိတ်ဆိုတာ ဒေါသ ဖြစ်လွယ် စိတ်တိုလွယ်ပါတယ်

အကုသိုလ်စိတ်ပါ ဒါက မကောင်းဘူးလို့ဆိုရမှာပါ။

စိတ်ဆိုတာ အလိုကြတဲ့အခါ သဘောကြနှစ်ခြိုက် ကြလွယ်ကြပါတယ် ဒါဟာလည်းကိလေသာ

တဏှာ စိတ်ပါ မကောင်းဘူးလို့ဆိုရမှာပါ။

ဒါကြောင့်မို့ ပြောပြချင်တာက စိတ်ကိုထားတတ်ဘို့ပါပဲ။

ကောင်းတာလေးတွေ့ရင် လည်း

သဘောမကြလွယ်အောင် မကောင်းတာလေးတွေ့ရင် လည်း သဘောမကြ မဖြစ်ရလေအောင် စိတ်ကိုရှင်းရှင်းထားတတ် ဘို့ပါပဲ။။

 

 

Leave a Reply