စားမှာပဲ၊ စားမှာပဲ (၂) – အပြစ်မကင်းတဲ့ ချစ်ခြင်း

ဇီဇီNovember 26, 201411min24754

 

 

အဟိဟိ။

ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတော့ သိပ်မနာဘူးပေါ့နော့။

 

အင့်။ အပိုင်း (၁) နဲ့ တွဲဖတ်။

https://myanmargazette.net/166589

 

ငယ်တုန်းက ဘယ်လိုစားသောက်လဲတော့ မသိ။

ရိုက်ကျွေးရတယ် ဆိုတော့ သိပ်မစားဖြစ်ဘူး ခေါ်မှာပေါ့။။

:kwi:

 

ခုများတော့ တဂျားမင်း နကင်း နဲ့ ဆင်းတားရင်တောင် ခေါင်း ခေါက်လွှတ်လိုက်မယ်။

အူးမာဃလောက်တော့ မကြောက်တာ။

:boss:

 

ဘဝများ အစားအသောက်နဲ့ကို ကံပါလာချက်။

 

စလုံး မရောက်ခင် မာစတာ အပြီး အလုပ်လက်မဲ့ ၁ နှစ်ခွဲမှာ သူငယ်ချင်း တစ်စုလုံး သွားလာစားသောက်၊

ဘယ်ဆိုင် ကောင်းသဟေ့ ဆို သတင်းပေး သွားစားး၊

တရုတ်ဆိုင်ရောက်ရင် ဟင်းစပ်ပြီး မှာ သမားက ကိုယ်။

မှာပြီး အစပ်အဟပ် တည့်တည့် နဲ့ အားရပါးရ စားတာလည်း းးးး

အင်းးးးးး

ကိုယ်ပါပဲ။ ဟိဟိ။

:sar:

အဲဒါက အပြင်မှာလည်း ဂလောက် စားလို့ အိမ်စာကျ အလွတ်ပေးလား ဆိုတော့ မပေးဘူးးး

 

အိမ်မှာက အတူနေ အဒေါ်က ဟင်းချက် သိပ်ကောင်းတယ်၊ မြန်မာဟင်း၊ ရှမ်းဟင်း၊ တရုတ်ဟင်း၊ ချစ်တီးဟင်း အကုန်ချက်တတ်လို့ ၂၆ နှစ်လုံးလုံး သူ့ အားကိုးနဲ့ စားလာတာ။

  :sar: 

 

ဒီလို ကိုယ့် စားသောက်နှုန်းး ဝါသနာ ပါနှုန်းကို သိတဲ့ သူငယ်ချင်းတွေများးး

စ လုံး သွားမယ် ဆိုတော့ စိတ်ပူတာက ကိုယ့်ကို အိမ်ထမင်း/ဟင်း ကောင်းကောင်းမစားနိုင်မှာ စိုးရိမ်သတဲ့။

ဟုတ်တာပေါ့။

ကွကိုယ်လည်း အဲဒါ ပူတယ်။

ကိုယ်ကြိုက်တဲ့ ဟင်းတွေကလွဲရင် တခြားလည်း မချက်တတ်။

ဈေးသွား ငါးဝယ် အိုးခွက်နဲ့ ချက်ပြုတ်ဖို့ ဆိုတာ ဝေးလာဝေးးး၊

အဖို ဆို မီးဖိုနားကို မကပ်ချင်တာ နဲ့ သေချာတယ်… ငတ်မှာပဲ တစ်ထစ်ချ ယူဆထားတာ။

:byee:

 

အတော်ချစ်ဖို့ ကောင်းကြတာက ကိုယ် စ လုံး မှာ ငတ်ပြီး အလုပ်တွေ ဖိစီးရင် အရမ်းပိန်မှာပဲ ဆို ကြိုသနားပြီး ကြို ကျွေးကြတာ စားလို့တောင်မနိုင်ဘူးး။

အဟိဟိ။

:mrgreenn:

 

ဪ။ သူတို့ ချစ်ခြင်း အပြစ်မကင်းချက်။

 

ဒီလိုနဲ့ စလုံး ရောက်တော့ အဒေါ် ဝမ်းကွဲ အိမ်မှာ နေရတာ။

အဲဗျာ၊

သူ့အိမ်က ထမင်းချက်ကူဖို့ ခေါ်ထားတဲ့ အမ က အရင် ရန်ကုန်အိမ်မှာ အလုပ်လုပ်သွားတဲ့ အမ။

ငယ်တုန်းကတည်းက ရန်ကုန်သွားလည်ရင် အဖွားလေး အိမ်မှာ လက်ရာကောင်းလွန်းလို့ ပွဲထုတ်ရတဲ့ အမ။။

လက်ရာကောင်းတာထက် ကိုယ့်ကို ချစ်တာ အဓိက ဆိုတော့ ဆူဆူဆဲဆဲနဲ့ပဲ ကိုယ်ကြိုက်တဲ့ဟင်း ဦးစားပေးချက်ပြီး ကိုယ်စားတာ ထိုင် ဝမ်းသာနေတဲ့ အမနဲ့ တွေ့တာပဲ။

မခက်ဘူးလားးး။

ချစ်ခြင်းတွေ၊ ချစ်ခြင်းတွေ။

:mrgreenn:

 

အဲ။ ပထမဆုံး ရုံး က သူဌေးက ရှန်ဟိုင်းက ပါ ဆို။

သူက စလုံးက အစားအသောက် အရသာ မကောင်းလို့ အမြဲ ကွန်ပလိမ်း တက်နေပြီး စားကောင်းနိုးရာရာ စလုံးမှာ လည် စား နေတဲ့သူ။

တွေ့ပြီ။ ကိုယ်နဲ့တော့။   :mrgreenn: 

ပထမဆုံး ဂျပန် စာ စားတဲ့ နေ့မှာပဲ သူ မှာသမျှ အကုန်စားပေးရမတဲ့။ မခက်ပါဘူးးး၊ စားပေးလိုက်ပါတယ်။

ဟိ။

အဲဒီနောက်ဗျာ။ ထမင်းစားချိန်ရောက်တိုင်း ရုံးက အင်တာနယ် ချက်တင်းမှာ…

“ဒီနေ့ ဘာစားမတုန်း” လာလာမေးတာ။ ကိုယ်ကလည်း စိတ်ပေါက်ရာဖြေ၊ သွားစားးး

ရုံးက အမ တစ်ယောက်၊ ကိုယ်နဲ့ ရွယ်တူ မြန်မာမလေး တစ်ယောက်၊ မန်နေဂျာ က ၂ ယောက်၊

သူ အပြင်ရောက်နေရင်လည်း မတ်စိလှမ်းပို့တယ်။

နေ့လည်စာ စောင့်ကြဦး ဆိုပြီးးး၊

တည့်နေတုန်းက အဲဒီလိုပဲ။

:chit:

 

နောက်တော့ သူနဲ့ မပြေလည်ပဲ အလုပ်က ထွက်ပြီး နောက်ပြောင်းတဲ့ အလုပ်က ခု မင်းသားကြီး ဆီမှာ။

အမှန်တော့ သူဌေးက ၄ ယောက် ရှိတာ။ အစုစပ်တွေ။ မင်းသားကြီးကတော့ အမ်ဒီ ပေါ့။

သူကလွဲရင် ကျန်တဲ့ သူဌေးတွေက အရမ်းလက်ဖွာတာ။

အားရင် အစားအသောက် ဝယ်ချင်နေတာ။ ဝယ်ရတာကို ပျော်တာတဲ့။

ကဲ!!! ပြီးရော……!!!

 

ဒုတိယသူဌေးဆို ဘူဖေးဒင်နာ ကို တစ်ခါလား ကိုယ်မလိုက်နိုင်လို့ ဒီဇိုင်းက အမ ခေါ်သွားတယ် …

မစားနိုင်လို့ မတန်ဘူး ဆိုပြီး အဆူခံရတယ်။ ကိုယ်ပါရင် ဂလိုဖြစ်မှာ မဟုတ်ဘူးဆိုပြီးးး၊    :mrgreenn: 

ခုထိ သူအားရင် ရုံးမှာ ထမင်း/ဟင်း ချက်ကိုကျွေးတာ။   :mrgreenn: 

 

တတိယသူဌေးဆို ဘာပြောတုန်း ဆို တစ်ခုခုစားရင် ကိုယ့်ကိုခေါ်ချင်သတဲ့၊

ကိုယ်စားတာ ကြည့်ပြီး ပျော်လို့ တဲ့။ အပြင်သွားတိုင်း ခေါ်တယ်။   :mrgreenn: 

 

စတုတ္ထသူဌေးကတော့ စကား အနည်းဆုံး၊

ရုံးလာခါနီးရင် ဘာစားမတုန်း ဖုန်းလှမ်းဆက်ရင် အဲဒီ အချိန် စားချင်တာ မှာရုံပဲ။

အိမ်ယူသွားဖို့ လောက် အထိ အများကြီး ဝယ်တယ်။  :mrgreenn: 

 

ဪ ချစ်ကြတာ။

 

မင်းသားကြီးလား??

အစကတော့ အဲလောက် မဟုတ်။

နောက်ပိုင်း ကိုယ့်ကို ချစ်တော့မှ ဘယ်နားသွားသွား အဲဒီနားက နာမည်ကြီးတဲ့ အစားအသောက် ကို သတိတရကျွေးတယ်။

ထမင်းတစ်လုတ် တုတ်တစ်ချက် ပါဗျာ။

:s:

ကောင်းကောင်းမစားရပါဘူးးး

စားနေတုန်း အလုပ်အကြောင်းတွေ မေးလိုက် ပြောလိုက် ဖြေလိုက်ရတာ ဘယ်လောက် စားဝင်လို့ဝင်မှန်းမသိပါဘူး။

အဟစ်.!!  :mrgreenn: 

ပြီးရင် ပြုံးပြုံးကြီး နဲ့ အတော်စားနိုင်တယ် နော် တို့ ဘာတို့ ပြောတာ။   😳 

 

တောက်!! ကိုယ့် သည်းခြေကြိုက်ကို သိကြပုံများ ပြောပါတယ်။ 

:aa:

 

ရုံးက အမတွေလားးးး??

အစားအသောက် လုပ်စားရင် ရုံးယူလာတယ်။

တခြားလူတွေ တစ်ခု ကိုယ်တာ ရရင် ကိုယ့်ဖို့ ဆို ၂ ခု အမြဲချန်ထားတယ်။

ဘယ် အစားအသောက်ဆို ကိုယ် ကြိုက်မှာ ဆိုပြီး သတိတယ ညွှန်းကြတာ။

 

 

ဪ။ သူတို့ ချစ်ခြင်း အပြစ်မကင်းပါလားးး

:mrgreenn:

ဘယ်အချိန်မှာ ဘယ်နားသွား ပိန်တော့ မတုန်းးးး

:b:

 

နောက်မှ အပိုင်း (၃) မှ ဘဝမှာ တွေ့ခဲ့ဖူးတဲ့ ဟင်းချက်ကောင်းသော အမျိုးသား/ အမျိုးသမီးများ အကြောင်း ရေးပါအူးမယ်။

ဟိ။

ခုက လူနည်းတုန်း တင်ချင်လို့ အမြန်ရေးရတာ။

:k:

 

 

 

 

 

54 comments

  • ဟင်းချက်ကောင်းသူများထဲမယ် ဖွေးဖွေးပါလားဗျ မမဂျီးးး။

    အဲ့လို မေးချင်တာ
    ဒါမယ့် မမဂျီးပိုစ့်ဆို ဖွေးဖွေး ဆိုတာ မပါပဲ မန့်မယ်လို့ တွေးထားတော့ မေးတော့ပါဘူး။

    ဖတ်သွားတယ် မမဂျီး

    :k:

    • ခင်ဇော်

      November 26, 2014 at 11:53 am

      ဖွေးက မချက်တတ်လောက်ဘူးးး
      စားပဲ စားတတ်မှာတဲ့။

      :k:

  • surmi

    November 26, 2014 at 10:52 am

    စားးး
    စားးးး
    စားးးး
    မဝ , ဝအောင်စားးးးး :mrgreenn:

    • ခင်ဇော်

      November 26, 2014 at 11:47 am

      ဟိ။
      ယောက်ခမွ၊
      သများ ပိန်သွားမှာ စိုးရိမ်တယ်လားးး

      :k:

  • Mr. MarGa

    November 26, 2014 at 11:00 am

    စားနိုင်သူကြီးးး
    စားပါဗျာ စားပါ
    ပြီးမှ ဟမ်ဘာဂါ နှစ်လုံး ငုံထားတယ် ပြောရင် လာမအော်နဲ့
    ဒါဗျဲ :a:

    • sorrow

      November 26, 2014 at 11:09 am

      .တယ်လေ..ဒီကလေး..ဘာ ဘာဂါနှစ်လုံးငုံထားတယ်လဲ … တိတိကျကျပြော …Big Mac နှစ်လုံးလို့ …အဟိဟိဟိ

    • ခင်ဇော်

      November 26, 2014 at 11:46 am

      ဟုတ်တယ်။
      ဒါလေးထိန်းထားရတာ။
      ဒီ ဘာဂါလေးမှ ချစ်တာဆိုသူတွေ အတွက်။ ဟိ။
      :mrgreenn:

  • aye.kk

    November 26, 2014 at 11:36 am

    အပြစ်မကင်းတဲ့ချစ်ခြင်း
    ချွေရံသင်းပင်းကတွေများ
    အကောင်းတွေစား ၊ အဟောင်းတွေစားလာခဲ့တာများလို ့အားကျမိသား ။။

    • ခင်ဇော်

      November 26, 2014 at 11:45 am

      အဟောင်းစားပါဆို အန်တီအေးရယ်။
      နောက်လည်း စားနေရအောင်ကြိုးပမ်းဦးမှာ။
      သူများကို ကျန်တာ တွန့်တိုပေမဲ့ အစားအသောက် သိပ်ရက်ရောတာ။
      ဟိ။

      :k:

  • ကန္နားစီး မိဂီ

    November 26, 2014 at 11:53 am

    အစားမက်တဲ့ လူတွေကို မောင် သိပ်မုန်းတယ် ယုစ့် ရယ်…
    😛

    • ခင်ဇော်

      November 26, 2014 at 11:55 am

      နာကတော့ အစားပုပ်မှ ချစ်တတ်တယ်။
      ခိ။

      :mrgreenn:

      • ကန္နားစီး မိဂီ

        November 26, 2014 at 12:09 pm

        ကျော်တော့ ဝတုတ်တေကိုချဉ်သဗျ…
        ငိငိ

        • ခင်ဇော်

          November 26, 2014 at 12:10 pm

          ငါလည်း ငါးကျည်းခြောက်ပုံမျိုးဆို မီးဖုတ်ပစ်ချင်တာ။
          ငိငိ

        • ကန္နားစီး မိဂီ

          November 26, 2014 at 12:34 pm

          အင်း …
          နန်းနန်းရဲ့ ကလပ်စီကယ် တော်ကီ ကို ချပြရမလိုဘဲ …
          ဟိ

  • kyeemite

    November 26, 2014 at 11:54 am

    .အမှန်အတိုင်းပြောရရင်တော့ ငယ်ငယ်က သိပ်အစားကြူ း တာ
    .ထမင်းဆို တော်ရုံခပ်ညံ့ညံ့ဟင်းနဲ့တောင် သုံးလေးပန်းကန်တွယ်တာ
    .ခုတော့ သိပ်မစားနိုင်တော့ဘူး..တစ်ပန်းကန်ပဲ
    .နဲနဲများပိုစားမိရင် ရင်ခေါင်းထိတင်းပြီးနေထိုင်ရမကောင်းတော့ဘူး…
    .ဒါကြောင့် အဝစားဘူဖေးလိုမျိုးဆို ရှုံးတယ်
    .ကျုပ်နဲ့ဆန့်ကျင်ဖက်က မဒမ်မိုက်ပေါ့..ခိခိ
    .စားနိုင်သောက်နိုင်ပါစေဗျား :k:

    • ခင်ဇော်

      November 26, 2014 at 11:55 am

      ရောဂါက တားမှပဲ ရတော့မယ်ထင်??

      :k:

  • Wow

    November 26, 2014 at 12:53 pm

    စားလဲစား ဝလဲမဝစေနဲ့ :kwi:

    • ခင်ဇော်

      November 26, 2014 at 3:06 pm

      မစားလည်း မပိန်တာမို့…

      :kwi:

  • weiwei

    November 26, 2014 at 1:50 pm

    ကိုယ်တိုင်စားရမှာထက် သူများကို ချက်ကျွေးရတာကို ပိုပြီးဝါသနာပါတယ် ..
    အဲဒါကြောင့် စားသောက်ဆိုင်ဖွင့်ပြီး စားဖိုမှူးလုပ်ချင်တာ ..

    • ခင်ဇော်

      November 26, 2014 at 3:05 pm

      ခိခိ။
      ဒီလို အမျိုးသမီး မျိုးရှာနေတာ။
      အဟီးဟီးးးး
      လက်ထပ်ခွင့်တောင်းမို့။

      :chit:

      • weiwei

        November 26, 2014 at 3:18 pm

        ချက်ကျွေးတာ ဝါသနာပါတယ်ဆိုပေမယ့် ကိုယ့်အကြိုက်ပဲချက်တာ ..
        သူများကြိုက်တဲ့အတိုင်း လိုက်မချက်ဘူး ..
        ကိုယ်ကြိုက်တာကလဲ ဆန်ပြုတ်တို့ဘာတို့လို အပြုတ်မှ အပြုတ်ပဲ …
        ကိုင်း … လက်ထပ်ချင်သေးလား … 🙂

        • ခင်ဇော်

          November 26, 2014 at 3:24 pm

          ငင်?
          ဆန်ပြုတ်စားကိန်းပေါ့နော်။
          အဟီးဟီးးး
          နောက်မှ ချော့ခိုင်းလို့ ရမလားမသိ?? 🙄

          :k:

  • kai

    November 26, 2014 at 1:57 pm

    စားသလောက် မဝတာ.. တော်တော်ကုသိုလ်ထူးတယ်ဆိုရမယ်..
    တိုကျိုမှာနေတုံးက.. အသိဂျပန်မတယောက်ရှိတယ်..
    တချိန်လုံးစားနေတာပဲ..။
    မဝ.. ရေးချ.. မဝ…။
    ဘယ်ဝမလဲ… တချိန်လုံး အိမ်သာချည်းပြေးနေတာ..။ :k:

    • ကန္နားစီး မိဂီ

      November 26, 2014 at 2:20 pm

      အိမ်သာပြေးတိုင်း မဝတာ တော့ ဇီဝကမ္မဗေဒ အလိုတော်အရ မမှန်ဘူး သဂျိုင်ခီးရဲ့
      အမျိုးသမီး ကို ပြန်မေးကျိပါအူးလေ….

      ဒချိ ဒချိ

    • ခင်ဇော်

      November 26, 2014 at 3:03 pm

      အင်းးး
      မင်းသားကြီးလည်း ပြောတယ်။
      ဝတာက စားနိုင်တာထက် နှေးသတဲ့။ (မဝဘူးလို့ ပြောတာတော့မဟုတ်)

      အဝင်မှန် အထွက်မှန်ခြင်းလည်း ပါမယ်ထင်ရယ်။
      ဟေးဟေးဟေး

      :mrgreen:

      • kai

        November 26, 2014 at 5:07 pm

        ပြောပြလိုက်ကွယ်…။ ဆေးသမားတွေကို…
        အင်ဂျင်နီယာတွေက.. အဝင်/အထွက်နဲ့.. စွမ်းအင်တည်မြဲမှုနိယာမအတိုင်းကြည့်တယ်လို့.. ။ :k:

  • Novy

    November 26, 2014 at 1:59 pm

    ဇီဇီ ရယ်အားကျလိုက်တာ အဲ့လိုစားချင်တာ
    ဘဝမှာ ထမင်း ၂ပုဂံအားရပါးရစားဘူးတာ၁ဝ ခါထက်မကျော်ဘူးလိုပဲ
    အားရပါးရစားနိုင်တာလဲ အရင်ဘဝက ဒါနကောင်းခဲ့လို့ပေါ့နော်

    မနိုနဲ့ဆန့်ကျင်ဘက် အိမ်ကဒါလင်ကြီးနဲ့ သမီးတော်ကတော့ စားနိုင်ပါပေ့
    ဒါနတွေကောင်းလိုက်တာ

    • ခင်ဇော်

      November 26, 2014 at 3:04 pm

      ဟမ်မငေးးး
      သများက မွမွနို ကိုယ်လုံးလေးကို အားကျနေတာ။
      အမှန်တော့…
      မစားချင်တာလည်း ကုသိုလ်
      မစားနိုင်တာလည်း ကုသိုလ်ပဲ။
      အဟင့်။

      :a:

  • မြစပဲရိုး

    November 26, 2014 at 6:21 pm

    အပြစ်မကင်းတဲ့ ချစ်ခြင်း ဆိုတာ ဗိုက်မဆာခြင်း ဆိုတာ ဇီကလေး သက်သေပြချက်မှ ကောင်းကောင်းကြီး သိလိုက်ပါပြီ အသင်လောက။
    :))

    • ခင်ဇော်

      November 27, 2014 at 8:12 am

      အပြစ်ကင်းတဲ့ ချစ်ခြင်းကတော့
      ဗိုက်ဆာအောင် ထားခြင်းမဟုတ်ပါစေနဲ့ အရီးရယ်။
      အဟိ။

      :mrgreenn:

  • Iris

    November 26, 2014 at 6:54 pm

    သူများ​တွေ အဲ့လို ​ကောင်​းစားတာမြင်​ရင်​ ကိုယ်​့ကိုကိုယ်​မုန်​းတယ်​။ ​နေ့ခင်​းထမင်​းစားချိန်​ နာရီဝက်​ အထိခိုးတဲ့ မီတင်​း ​နဲ့ စင်​းဒ်​ဝှစ်​ နဲ့ပြီးရတဲ့​နေ့​တွေနဲ့။ အခုလည်​း ရုံးကအပြန်​လမ်​း​ပေါ်မှာ။ ဒီအလုပ်​က ထွက်​မလားဆို​တော့လည်​းမထွက်​ဘူး။
    အခုဆိုပိုဆိုးသွားတယ်​..ဘူးရှစ်​ ကက်​ပတိန်​ ​ကြောင်​့။ ☺
    သူများ က​တော့ မစားလည်​းဝတယ်​။ အဲ့​တော့ မထူးဘူးဆိုပြီး တစ်​ခါတစ်​​လေ စိတ်​ရူး​ပေါက်​ရင်​​တွေ့ရာအကုန်​တီးတယ်​။

    • ခင်ဇော်

      November 27, 2014 at 8:09 am

      တစ်ရက် တွေ့ပြီး တစ်ခုခု သွားစားရအောင် အိုင်းရစ်လေးးးးး
      ဟိ။
      :chit:

      • Iris

        November 27, 2014 at 5:39 pm

        ☺ ..​သေချာတာ​ပေါ့။.ဒါနဲ့ ဘယ်​မှာသွားစားမှာလဲဟင်​…ဘူ​ဖေး စားမှထင်​တယ်​. မဟုတ်​ရင်​ကိုယ်​့ပန်​းကန်​ထဲက ဟာ​တွေ မစားရပဲ​ပျောက်​သွားမယ်​ထင်​တယ်​။ magic..

  • padonmar

    November 26, 2014 at 9:21 pm

    စားပါကွယ်၊ကြည်ဖြူပါတယ်။

    • ခင်ဇော်

      November 27, 2014 at 8:08 am

      အာတီဒုံ ကြည်ဖြူရင် ဆက်စားအူးမှာ။

      :k:

  • ခင် ခ

    November 26, 2014 at 11:19 pm

    မြန်မာပြည်ပြန်ရောက်ရင် ရန်ကုန်မှာရှိတဲ့ အမ်အာတီဗီဖိုး ရုံးကိုသွား စားမယ်ဝါးမယ် အစီစဉ်မှာ ပါဝင်ကူညီလုပ်ချင်လို့ဆိုရင် သေချာပေါက်တန်းခန့်မှာသိလားဗျ။
    အဲ ဒီပိုစ့်လေးတော ပရင့်ထုတ်ပြီးယူသွားက ဟိုရောက်ရင် ပေးဖတ်ခိုင်းဖို့တော့ မမေ့နဲ့နော်။

    • ခင်ဇော်

      November 27, 2014 at 8:07 am

      အဲဒါ ပြောပါတယ်။
      ခါတလေ အစားအသောက်အကြောင်း သူတို့ ပြောတာမြင်ရင် အားမရပါဘူးဆို။
      စားချင်အောင် မပြောတတ်ဘူးးး
      ဟိ။
      နိုင်ငံတကာ ချယ်နယ်မှာ အဲဒီ စားညွှန်းလိုင်း ချည်းပဲ ၅ နှစ်လောက် ကြည့်လာသူပါ။

      ဟိ။

      :mrgreen:

      • weiwei

        November 27, 2014 at 9:13 am

        ကိုရီးယား tasty road ကို ကြည့်မိတဲ့အခါတိုင်း အံ့ဩတယ် .. ပိန်ပိန်လေးတွေနဲ့ စားနိုင်ကြတယ် .. ကြည့်တဲ့သူကိုလဲ စားချင်လာစေတယ် .. သူတို့တွေကြောင့် ကိုရီးယားအစားအစာတွေတောင် ကမ္ဘာကျော်လာခဲ့တာပေါ့ …
        master chef အစီအစဉ်တွေကိုလဲ ကြိုက်တယ် … အားရပါးရ ချက်ကြတာ အားရစရာ ..

        • ခင်ဇော်

          November 27, 2014 at 9:19 am

          “Popular Korean Foods in Singapore”
          – Strawberry
          – Kimchi
          – Instant Noodles
          – Seasoned Seaweed and Oyster
          – Enoki Mushroom
          – Makgeolli

          လာမယ်လေ ….
          စလုံးမှာ လည်း 2014 K-Food Fair in Singapore တဲ့ !!
          ကြော်ငြာတာက အစ အမိုက်စားလေးတွေ။

          ကိုယ့် ကိုယ်ပိုင် အစားအသောက်တွေ အဲလို ကဘာကျော်အောင် လုပ်နိုင်နေကြတာ အားကျစရာ။

          :chit:

  • ဦးကျောက်ခဲ

    November 27, 2014 at 9:32 am

    အပြစ်မကင်းတဲ့ ချစ်ခြင်းလို့ မပြောလိုက်ပါနဲ့…
    ကျောက်စ်ကတော်လည်း ကျောက်စ်နဲ့အိမ်ထောင်ကျမှ အစားစုံစားဖူးတာ…
    အရင်က ငါးဆို… ငါးခူ ငါးရံ့ ငါးကြင်း ငါးဖယ်ကလွဲလို့ မစားဘူးတဲ့…
    အခုတော့ ဝဝလုံးလုံးလေး ဖစ်တွားဘီ… အားဟိ
    :k:

    • ခင်ဇော်

      November 27, 2014 at 9:40 am

      ဂလို ချစ်သူမျိုး ရခဲဘိချင်းးး
      ဟိဟိ။
      ဒါမျိုး ရလို့ကတော့ ၅ ယောက်လည်း ယူမှာပဲ။
      ဝဝလုံးလုံး မက လို့ စည်ပိုင်းတို့ စဉ့်အိုးတို့ ဖြစ်ဖြစ်။

      :k:

    • မွသဲ ( 17082011 )

      November 30, 2014 at 6:03 pm

      ကြွားစ်ထှာတော် ဟွန့်

  • Crystalline

    November 27, 2014 at 10:55 am

    သများ​လေ…ကိုယ်​စားချင်​သမျ မှာတိုင်​းဝယ်​လာ​ပေး ပို့​ပေးတဲ့ အစ်​ကို​တွေ.. အစ်​မ​တွေရှိတာစိတ်​ညစ်​တယ်​..
    ထွားကြိုင်​းတဲ့မျိုးရိုးက ဆင်​းသက်​လာတာလည်​း စိတ်​ကုန်​တယ်​
    ဘယ်​​လောက်​စားစား မဝတဲ့လူ​တွေကို မုန်​းတယ်​.. :mrgreenn:

    • ခင်ဇော်

      November 27, 2014 at 12:19 pm

      ခွီးခွီးခွီးးး
      တူတူပဲ။ :mrgreenn:

  • CharTooLan

    November 27, 2014 at 1:21 pm

    ဘာအတွက်နဲ့မှ စိတ်ထိခယက်မနေနဲ့နာ်
    ဝမ်းနဲစရာရှိရင်လဲပြော စိတ်မကောင်းလဲမဖစ်နဲ့
    စိတ်ထဲမှာ တခုခုခံစားနေရရင် အာ့အကြောင်းပြပီး ပိုပိုစားမိနေမှာစိုုးလို့
    ကျန်းမာရေးအတွက် စိုးရိမ်တာပါ…. :k:

    • ခင်ဇော်

      November 27, 2014 at 1:35 pm

      ချာတူးလေး အားပေးမှ ဗိုက်ပိုဆာလာပြီကွယ်။
      ဟိ။
      သွားနာတာတောင် အစား စားနေချိန်ဆို မနာပဲ ရပ်လိုက်မှ နာနာလာတာမို့။

      :k:

  • La Yeik

    November 27, 2014 at 1:54 pm

    အမယ်လေး…အဲဒလို သူဋ္ဌေးမျိုးတွေ့ဖူးချင်ရဲ့တော်…. :kwi:

    • ခင်ဇော်

      November 27, 2014 at 4:15 pm

      ဒီ က သူဌေးတော်တော်များများ အစားအသောက်ဝါသနာပါသူချည်းပဲ။
      ဟိ

      :kwi:

  • Ma Ei

    November 27, 2014 at 3:01 pm

    အရင်ကတော့ ဘယ်လောက်စားစား လူကဝမလာဘူး
    ခုတော့ နဲနဲစားလဲ စားတာထက်မက ဝိတ်ကတက်လာတယ်
    လျှော့လဲ မလျှော့နိုင် ဆိုတော့ …

    • ခင်ဇော်

      November 27, 2014 at 4:14 pm

      ဟမ်မငေးးးး
      အဲဒီ အချိန်ကို ကြောက်တာ။
      စားသလောက်သာ ဝလာရင်တော့ မတွေးရဲဘူးးး

      :a:

  • မွသဲ ( 17082011 )

    November 30, 2014 at 6:05 pm

    အားကျထှာ နေရာချင်းလေး ခဏလဲမားဟင်။ အလုပ်ကြောင်းမေးရင်တော့တိဝူးနော် ခိခိခိ

    • ခင်ဇော်

      December 1, 2014 at 11:22 am

      မကောင်းဘူးမွသဲရဲ့။
      တစ်သက်လုံးရှာသမျှ ကိုယ်ခန္ဓာထဲ သိမ်းထားတယ်ဆိုတာ ကြာရှည်အတွက်မကောင်းဘူးးး
      ခိခိ

      :mrgreenn:

      • weiwei

        December 1, 2014 at 11:31 am

        ဒီအပါတ် ထမင်းဆိုင်တောင်မဖွင့်နိုင်ဘူးဆိုတော့ ချက်ထားသမျှ အကုန်စားပစ်လိုက်ပုံပဲ … 🙂

        • ခင်ဇော်

          December 1, 2014 at 11:35 am

          ခွီးခွီးးး
          ဆိုင်ဖွင့်မဲ့ မုန့်ဟင်းခါးတွေ တစ်ယောက်တည်း ထိုင်စားမိလို့။

          :mrgreen:

Leave a Reply