ရွှေအကြောင်းသိကောင်းစရာ (166,167)

Zaw AungOctober 21, 20141min1649

ရွှေအကြောင်းသိကောင်းစရာ (166)

အမျိုးသမီးတစ်ယောက် တစ်ကျပ်သားဆွဲကြိုးတစ်ကုံး လာဝယ်တယ် ထုံးစံအတိုင်း ပစ္စည်းရွေးတယ် ဈေးဆစ်တယ် ဈေးတည့်တော့ရောင်းပေးလိုက်တယ်ပေါ့ မနက်ပိုင်းကဝယ်သွားပြီး နေ့လယ်လောက်မှာပြန်ရောက် လာတယ် ရွှေရည်မပြည့်လို့ ပစ္စည်းပြန်ပေးမယ် ငွေပြန်ပေး ပါတဲ့ ငွေလိုလို့လာပြန်ရောင်းတယ်ဆိုရင် အလျော့တွက်နှုတ်မှာစိုးလို့ အကြံအဖန်လုပ်ပြောတာလား ဒါမှမဟုတ်တစ်ယောက်ယောက်က ချွန်တွန်းလုပ်လိုက်သ လားမသိပါဘူး အဲဒီတုန်းကလွန်ခဲ့တဲ့ဆယ်နှစ်လောက်ဆို တော့ က္ဈန်တော့အသက်သိပ်မကြီးသေးဘူး မဟုတ်ရင်မခံချင်တဲ့စိတ် မှန်နေရင်အလျော့မပေးချင်တဲ့စိတ်အပြည့်ရှိသေးတယ် ရွှေကျွမ်းကျင်တဲ့သူခေါ်ခဲ့ မှတ်ကျောက်တိုက်ကြည့် မပြည့်ရင်နှစ်ဆပြန်လျော်မယ် ပြည့်ရင်တော့ ် အလျော့တွက်လက်ခနှုတ်ပြီးမှပြန်ဝယ်ပေးမယ်လို့ပြောလိုက်တယ် သူကလဲတစ်ပြားမှမနှုတ်ဘဲငွေအပြည့် ပြန်အမ်း ပေးဖို့ချည်းဘဲပြောနေတယ်။(စဉ် 167 သို့ )

ရွှေအကြောင်းသိကောင်းစရာ 167
(166မှအဆက်)
နောက်ဆုးံရောင်းချင်ရောင်းမရောင်းချင်နေလို့ပြောလိုက်
တော့မရောင်းဘဲပြန်ထွက်သွားတယ် ခဏနေတော့ရဲစခန်းကရဲသားတစ်ယောက်ရောက်လာတယ် ်စခန်းခဏလိုက်ခဲ့ပါတဲ့လူတစ်ယောက်လာတိုင်နေလို့တဲ့စခန်းရောက်တော့ခုနကအမျိုးသမီးကိုတွေ့တယ ်စခန်းမှုးကိုအကျိုးအ
ကြောင်းရှင်းပြလိုက်တော့ ့စိတ်လျော့လိုက်ပါဆိုပြီးဖျောင်းဖျတယ် ကိုယ်လည်းခေါင်းအေးအေးနဲ့ပြန်စဉ်းစားကြည့်
တော့ ဒီမခံချင်စိတ်လေးနဲ့ဒီလောက်အလုပ်ရှုပ်ရတာ မတန်ပါဘူးဆိုပြီးငွေအပြည့်ပြန်အမ်းပေးလိုက်တယ် အခုဆိုရင်အသက်ကလည်းကြီးလာ အိမ်ထောင်သက်ကလည်းဆယ်နှစ်ကျော်လာပြီဆိုတော့မှန်ပေမယ့်လဲ အလျော့ပေးတတ်
တဲ့အကျင့်လေးရနေပါပြီ ပြသနာတွေနည်းသွားတာပေါ့တကယ်တော့ ပြသနာတော်တော်များများဟာအတွေးအခေါ်လွဲမှားလို့ဖြစ်တာပါ အရင်တုန်းက အတွေးက ဒီမိန်းမငါ့ကိုကလိန်ကကျစ်ကျတယ်မခံဘူးလို့တွေးတယ်အခုဆိုရင်တော့သူလဲငွေအလျော့ခံရမှာစိုးလို့ကြံမိကြံရာကြံတာပါလေ အလျော့ပေးလိုက်မယ်လို့ပဲတွေးတော့တယ် ်

9 comments

  • Yae Myae Tha Ninn

    October 22, 2014 at 10:36 am

    ပုံဆန်းဆန်းလေး ဟန်းချိန်းလုပ်ရင် အလျှော့တွက် ဘယ်လောက်လောက် ယူလဲ ဗျ… 🙂

    • Zaw Aung

      October 22, 2014 at 9:41 pm

      5 ရွေး မှ ၁ ပဲ ထိ

      • Yae Myae Tha Ninn

        October 24, 2014 at 8:57 am

        ဟုတ်… ကျေးဇူးပါ.. လိပ်စာလေးပေးထားပါလား… 🙂

  • အလင်းဆက်

    October 22, 2014 at 4:41 pm

    ဒီရွှေပြိးရင်..ဟိုရွှေအကြောင်း…ပြောကြမလား….

    :k:

    • Yae Myae Tha Ninn

      October 24, 2014 at 8:58 am

      ဘာလဲ ဆက်ဆက်.. အကို့ရဲ့ ရွှေအကြောင်းလား.. 🙂

  • Ma Ei

    October 24, 2014 at 11:42 am

    ရွှေအဝယ်..မမှားရအောင်
    သတိထားရမယ့် အချက်လေးတွေလဲ
    ပြောပြစေချင်ပါတယ်…

    • မြစပဲရိုး

      October 25, 2014 at 3:18 am

      ရွှေ အဝယ်မမှား ရအောင် စိန်ဝယ် တဲ့ မွအိ ရဲ့။
      lol:-))) :))

  • Yae Myae Tha Ninn

    October 25, 2014 at 10:45 am

    ပြန်ရောင်းရင် ၂၅% … အလဲလှယ်လုပ်ရင် ၁၀% အဲဒါရော ဟုတ်လား… 🙂

  • Zaw Aung

    October 25, 2014 at 9:24 pm

    စိန်က ဟုတ်တယ် ရွှေက ပေါက်ဈေး ရတယ်

Leave a Reply