ရှင်းရှင်းလေးပါ

aye.kkOctober 22, 20141min15013

 

s

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

စိတ်ဆိုတာ ထားတတ်ဘို့ပဲလိုတာပါ ။

စိတ်ကိုထားတတ်ရင် ရှင်းရှင်းလေးပါ။

ထားတတ်ဘို့ဆိုတာက….
လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက် ဆိုသလိုပါ။

စိတ်ဆိုတာမျိုးက မကောင်းတဲ့အဆိုးဘက်ကို ဆိုရင် တွန်းပို့တာ အလွန်မြန်တာပါ။
ကောင်းတဲ့ဘက်ကို ဆိုရင် တော့ အလွန်နှေးပါတယ်။

ဥပမာ…ပြောပြချင်ပါတယ် ။

မကောင်းတာ မြင်တွေ့ရင် စိတ်ဆိုတာ
အလိုမကျတတ်ဘူးပေါ့နော်။

ကောင်းတာ မြင်တွေ့ရင် စိတ်ဆိုတာ သဘောကြတတ်ပါတယ်။

လွယ်မယောင်နဲ့ခက်ဆိုတာက…
အလိုမကြတဲ့စိတ်ကို အလိုကြအောင် လုပ်ဘို့ကခက်ပါတယ်။

တိမ်မယောင်နဲ့နက်ဆိုတာက…

အလိုကြတဲ့စိတ်ကို အလိုမကြအောင် တစ်နည်းပြောရရင် ဥပေက္ခာထားတတ်မှု ကိုဆိုချင် တာပါ။

တိမ်မယောင်နဲ့နက် ဆိုသလိုပါပဲ။

စိတ်ဆိုတာ အလိုမကျမှုဖြစ်တဲ့အခါ မှာဆိုရင် ဒေါသ ဖြစ်လွယ် စိတ်တိုလွယ်ပါတယ်။

အဆိုးနဲ့ကြုံတွေ့ရင် အကုသိုလ်စိတ် ဖြစ်လွယ်တာမို့ မကောင်းဘူးလို့ဆိုရ မှာပါ။

စိတ်ဆိုတာ အလိုကြတဲ့အခါ သဘောကြ နှစ်ခြိုက်ကြလွယ်ပါတယ်။

ဒါက လည်းကိလေသာ တွယ်ငြိတဲ့ တဏှာစိတ်မို့ မကောင်းဘူးလို့ ဆိုရမှာပါ ။

ဒါကြောင့်မို့လည်း ပြောပြချင်တာက စိတ်ကိုထားတတ် ဘို့ပါပဲ။။

စိတ်ဆိုတာ ကောင်းတဲ့အာရုံနဲ့ပဲ တွေ့တွေ့ မကောင်းတဲ့အာရုံနဲ့ပဲ တွေ့တွေ့ပေါ့နော် ။

စိတ်အာရုံမှာ ဖြစ်ပေါ်နေတဲ့ အခိုက်အတန့် မှာ သူ့ဖြစ်ပေါ် ခံစားနေရတဲ့အတိုင်း စိတ်အဆိုနဲ့မှတ်နေဘို့ပါပဲ။

ရှင်းတာကတော့ ရှင်းရှင်းလေးပါ ။

ကောင်းတာကို ခံစားမိရင် ကောင်းတယ် ကောင်းတယ် ။

မကောင်းတာကို ခံစားရရင်လည်း မကောင်းဘူး မကောင်းဘူး…လို့အာရုံမှာ ခံစားဖြစ်ပေါ်တဲ့အတိုင်း

အလိုက်သင့် စိတ်အဆိုနဲ့သာမှတ် သိနေဘို့ပါ။

ဒါက အကုသိုလ်စိတ် မဖြစ်အောင်ပါ ။

အကုသိုလ်စိတ်မဖြစ်ရင် ကုသိုလ်စိတ်ပါ ။

စိတ်ဆိုတာ ထားတတ်ရင် ရှင်းရှင်းလေးပါ ။။

 

 

 

 

 

13 comments

  • အလင်းဆက်

    October 22, 2014 at 4:59 pm

    စိတ် သဘော….
    စောကြောဖို့..မလွယ်သေးတဲ့ အရွယ်မို့…
    လောလောဆယ် လေ့လာသွားရုံပါပဲ..အန်တီ

  • မမချွိ

    October 22, 2014 at 5:02 pm

    အဲ ဒီ ရှင်းတယ် ဆိုတဲ့ စိတ်ကို
    ရှုပ် အောင် လုပ်နေမိတဲ့
    စိတ် တစ်ခု ကျနော့မှာ ရှိနေသေးတယ် အန်တီအေးး

    :g:

  • aye.kk

    October 22, 2014 at 5:35 pm

    အလင်းဆက်ရေ

    အန်တီအားထုတ်ခဲ့တဲ့ ရိပ်သာမှာ အသက်ငယ်သူတွေ

    တွေ့တော့ သိပ်ပြီးအားရမိတယ် အသိဦးထားရင် အမှားနည်းတာပေါ့နော်။

    မမချွိ

    စိတ်ဆိုတာ စက္ကန့်နဲ့အမျှ ရှုပ်နေတဲ့အရာပါကွယ်။။

  • weiwei

    October 22, 2014 at 8:34 pm

    အာရုံ ၆ ပါးထဲက တစ်ခုခုနဲ့ တိုက်မိတာနဲ့ စိတ်ဆိုတာဖြစ်ပေါ်လာပြီး အဲဒီစိတ်ကို စေတသိတ်တွေက ချယ်လှယ်လိုက်တဲ့အခါ ကုသိုလ်စိတ် အကုသိုလ်စိတ်ဆိုပြီး ဖြစ်ပေါ်လာတယ် ..
    စိတ်ဖြစ်တာမြန်လွန်းလို့ သတိမထားလိုက်မိခင်မှာပဲ အကုသိုလ်စိတ်တွေက တသီတသန်းကြီး ဖြစ်နေကြပြီ ..
    ဘယ်လောက်မြန်မြန်သိပြီး ဘယ်လောက်မြန်မြန် ထိန်းနိုင်သလဲဆိုတာကတော့ အလေ့အကျင့်ပေါ်မူတည်တယ် … များများလေ့ကျင့်ထားလိုက်ရင် ဖြစ်လိုက်တာနဲ့ သိပြီး ချက်ခြင်းထိန်းလိုက်နိုင်မယ် ..
    ကျွန်မကတော့ ဖြစ်ပြီးမှ သိလိုက်တာများပါတယ် ..
    ဖြစ်နိုင်ရင် အကုသိုလ်စိတ်ကင်းစင်တဲ့စိတ်မျိုးနဲ့ပဲ နေချင်တယ် .. သေချာတာကတော့ ကုသိုလ်စိတ်များများနဲ့ နေနိုင်ဖို့ သူတော်ကောင်းတွေများတဲ့ပါတ်ဝန်းကျင် ဒါမှမဟုတ် လူမရှိတဲ့တောထဲမှာ နေမှပဲ ရမယ်လို့ …

    • မြစပဲရိုး

      October 22, 2014 at 8:43 pm

      ဒါကြောင့်လဲ ဗုဒ္ဓ က ဘုရားမဖြစ်ခင် တောထွက်သွားတာနေမှာ။
      လူသူမရှိ တောထဲ သွားပြီး တရားကျင့်တဲ့ ရဟန်း တွေ အများကြီး ကြားဖူးတယ်။
      ပြီးခဲ့တဲ့ နှစ်တွေတုန်းက မိုင်းဖုန်းဆရာတော် လဲ တောထဲ က ဂူထဲမှာ တရားကျင့်တာ သိတယ်။
      လူတွေထဲနေရင်တော့ အနဲနဲ့အများ အာရုံရှုပ်ရတာ အသေအချာဘဲ။

  • မြစပဲရိုး

    October 22, 2014 at 8:44 pm

    ပေးတဲ့ တရားသတိ လေး အတွက် ကျေးဇူးပါ အစ်မအေး။
    ပုံ အရ အစ်မအေး အစစ် လို့ ထင်မိတာဘဲ။ :))

  • aye.kk

    October 22, 2014 at 9:38 pm

    WeiWei

    စိတ်ကိုပြုပြင်ပေးတာ သတိပဌာန်ဆိုတဲ့ဆေးပါ။

    စိတ်ချလောက်တဲ့အထိ အလေ့အကျင့် လုပ်ထားရင်

    ဘယ်နေရာမှာရယ်လို့ မဟုတ်ပါ။ စိတ်ကိုထားတတ် သွားပါတယ် ။

    အဓိကက စိတ်ကိုထားတတ်ဘို့သာ လိုအပ်တာပါ။

  • kai

    October 23, 2014 at 2:24 pm

    မြစပဲရိုး says:
    ဒါကြောင့်လဲ ဗုဒ္ဓ က ဘုရားမဖြစ်ခင် တောထွက်သွားတာနေမှာ။

    “အရှုပ်ထဲမှာ ရှင်းအောင်နေ.. ” :k:

    • pooch

      October 23, 2014 at 2:42 pm

      အဲ့တော့ ဘာဖြစ်တုန်း သူကြီး :mrgreenn:

      အမှန်ကတော့ စိတ်ထားတတ်ဖို့ပဲလိုတယ် ဆိုတာ ဟုတ်တယ် အန်တီအေး

      ရန်ဖြစ်နေရင်တောင် စိတ်ထားတတ်ရင် အေးဆေး :mrgreenn:

    • မြစပဲရိုး

      October 23, 2014 at 2:59 pm

      ရှင်းရုံ ဘဲ ရမယ်။
      မစင်ကြယ် နိုင်ဘူး ရှင့်။

    • kai

      October 23, 2014 at 3:12 pm

      ဂေါတမဘုရားရှင်လက်ထက်က.. ဆာဒူးတွေ.. ဟိန္ဒူတွေ.. မိန်းမနဲ့ထိတွေ့ရင်ဖြစ်တဲ့.. စိတ်ကိုဖျောက်ဖို့.. မိန်းမတွေနဲ့မတွေ့အောင်နေတယ်..။ သူတို့အောက်ပိုင်းကိုလည်း.. သံကွန်ခြာအုပ်.. လိင်ဆက်ဆံလို့မရအောင်.. ချုပ်ထားတယ်..။

      ဂေါတမဘုရားရှင်က.. ဒါကိုမှားတယ်ဆိုပြီး.. လူကြားထဲနေ…။ မိန်းမကြားထဲနေပြီးမှ.. ဖြစ်တဲ့စိတ်တွေကို.. သိအောင်လုပ်ပြီး..မှတ်ပြီး.. ဖြေလျှော့ဖျောက်ပြစ်တယ်..။

      ကောင်းကင်ဈာန်ပျံနေတဲ့..ရဟန်းဟာ.. အောက်မှာမိဘုရားဝတ်လုံတော်ပြေလျှော့တာမြင်တော့” ဗြုန်း”ဆိုဈာန်လျှောတာမျိုး ဝတ္တုလည်းရှိသေး..။

      ချဲ့တွေးဖို့ပါပဲ..။ :k:

  • aye.kk

    October 23, 2014 at 3:45 pm

    မြစပဲရိုး

    အရိယာမှသာလျင် စင်ကြယ်တာပါ။
    ပုထုဇဉ်​ ဆိုတာ မစင်ကြယ်တာ အမှန်​ပါ။

    ပုချ်​​ရေ

    အနိုင်​ယူချင်တဲ့သူကို အရှုံးပေးရင် နှလုံး
    အေးတဲ့ဆေးပါ။
    မေတ္တာစိတ်မြတ် ထားပြီးသည်းခံတာ အကောင်းဆုံးပါပဲ။

  • aye.kk

    October 23, 2014 at 3:59 pm

    သူကြီး

    ချဲ့မတွေးစေချင်ပါဘူး။
    သိနေတာလေးအတိုင်း သာထားလိုက်ပါ။
    အမှန်သိဉာဏ်က သတိပဌာန်အားမထုတ်
    ပဲနဲ့မသိနိုင်တာ အမှန်​ပါ ၊။

Leave a Reply