သစ်ထူးလွင်သတင်းမှာ အခုပဲ ဖတ်လိုက်ရဒယ်.. ကြောက်ဖွတ်ဒုတ်ကထ ဥထေးဥက ပြောတယ်.. ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ အပြီးမှာ အန်အယ်လ်ဒီနဲ့ ကြောက်ဖွတ် လက်တွဲကောင်း လက်တွဲနိုင်ပါသတဲ့။ ဒင်းပြောတာ မြန်တျန့်သမဒ ဥသိန်းစိန် ဥရောပခရီးစဉ်နဲ့ တိုက်ဆိုင်နေဒယ်။ ပြန်လာပြီလားတောင် မသိဘူး။ နိုင်ငံရေးမှာ တိုက်ဆိုင်မှု မရှိဘူးနော်။ အနောက်သခင်ဂျီးတွေနဲ့ မောင်သိန်းစိန် ညှိနှိုင်းအပြီး ဒီစဂါး ထွက်လာတာဖြစ်မယ်။ အန်အယ်လ်ဒီအနေနဲ့ ဘာမှ ဟုတ်တိပတ်တိ မလုပ်နိုင်၊ ဘွားဒေါ်ဂျီးလည်း လေပဲရှိတယ်။ စစ်တပ်ကို ဘယ်သူ ထိန်းမလဲ အဲဒီအချက်ကို အဓိကထား စဉ်းစားလိုက်ပုံပဲ။ ရှင်းတယ်ဗျာ မြန်တျန့်စစ်တပ်၊ ကြောက်ဖွတ်တွေနဲ့ လက်တွဲ အလုပ်လုပ်လို့ ရနိုင်ကြောင်း အနောက်သခင်ဂျီးများ တွက်လိုက်ပြီ၊ ဒီတော့ ဘွားဒေါ်ဂျီးနဲ့ ဒီမိုကရေစီ မရှိမဖြစ် မဟုတ်တော့ဘူး။ ဦးသိန်းစိန်ဂျီး နောက်ထပ် အလျှော့အတင်း လုပ်ပြလိုက်ရင် ဒင်းဘာလုပ်လုပ် လွှတ်ထားမည့် သဘောရှိနေပြီ။

မြန်တျန့်အတိုက်အခံတွေဖက် ပြန်ကြည့်ရအောင်။ ဘွားဒေါ်ဂျီး တယောက်ပဲ လူရိုသေ ရှင်ရိုသေ အတိုက်အခံ နိုင်ငံရေးလောကမှာ ရှိဒယ်။ ခြစ်ကိုယ်ဂျီး မင်းကိုနိုင်တို့လည်း မျှော်လင့်သလို ဖြစ်မလာ။ ၂၀၁၂ ကြားဖြတ်ပွဲ မတိုင်ခင် ဘွားဒေါ်ဂျီးတို့ လူထုကို တောင်းပန်ပြီး ရွေးကောက်ပွဲဝင်တယ်။ ၂၀၁၅မှာလဲ အစဉ်အလာမပြတ် ထပ်တောင်းပန်သင့်တယ်။ ဟုတ်တယ်နော် သူပြောထားတာ ဟုတ်တိပတ်တိ ဖြစ်မလာ။ ပွင့်ပွင့်လင်းလင်း ပြောရလျင် စစ်ကောင်တွေ ပေးသလောက်ပဲရတယ်.. ကိုယ့်ကိုယ်ကို သိပ်အထင် မကြီးနဲ့။

ဘာနဲ့တူလဲဆိုတော့ စစ်အုပ်ချုပ်ရေးခေတ် မြန်တျန့် အနုပညာလောက မတိုးတက်တာ တင်းကြပ်တဲ့ ဆင်ဆာဖြတ်တောက်မှု ရှိလို့ပါ အကြောင်းပြတယ်။ ဆင်ဆာ မရှိတော့ရော အနုပညာ အရည်အသွေး စာကောင်းစာမွန်၊ ရုပ်ရှင် ဂီတ အနုပညာ ဖန်တီးမှု အရည်အသွေး မြင့်တက်လာပါသလား။ မယ်ပွဲတွေကဒေါ့ များလာပါသဗျ။ နိုင်ငံရေးလည်း အဲသလိုပဲ စစ်တပ်ထိန်းချုပ်လို့ ဘာလို့ ညာလို့ အကြောင်းပြတော့ ခုရော သာထူးလာတာ မတွေ့ရ။ ဘွားဒေါ်ကိုယ်တိုင် ဘာမှမထူး။ အတိုက်အခံများရဲ့ အားနည်းချက်က ရှိပါလျက်နဲ့ ခေါင်းဆောင်တွေ မွေးမထုတ်နိုင်တာ။ ကြောက်ဖွတ်တွေဖက်မှာ ကြည့်လိုက် ဥသိန်းစိန်အပြင် ဥရွှေမန်း မွေးထားတယ်။ ဥခင်အောင်မြင့်လို ဥထေးဥလိုတွေနဲ့လည်း ရံထားသေးတယ်။ အစီအစဉ်ရှိထားပုံကို ပြောတာပါ။ အတိုက်အခံများဖက်ကလည်း သူတို့လိုပဲ ဘွားဒေါ်နဲ့ အပြိုင်ခေါင်းဆောင်များ ထားပေးရမည်။ ထွက်မလာလျင် နားလည်မှုနဲ့ တင်ပေးကြပါ။ သိပ်တောင် နောက်ကျနေပြီလားပဲ။

လခွီးမှပဲ..

လခွီးမှပဲ..

ကြောက်ဖွတ်တွေရဲ့ ခြေလှမ်းကို မြင်နေရပြီ။ ဘွားဒေါ်ကို အနောက်နိုင်ငံတွေက အာဏာ ခွဲယူဖို့ ဖြောင်းဖျမယ်၊ ကတိတွေပေးမယ်။ အပေါ်ယံကြောကြည့်လျင် ဖြစ်သင့်တာပေါ့၊ လက်တွေ့ရော..။ ဘွားဒေါ် ၂၀၁၂ ကြားဖြတ်ပွဲ လက်နက်ချဝင်တာ အနောက်သခင်ဂျီးများ စနက်ကြောင့်။ သူတို့ အာမဘန္တေခံလို့ ဘွားဒေါ်ဂျီး လုပ်တယ်လို့ ယူဆတယ်။ အဲဒါနဲ့ပဲ နောက်ဆုံး ကျမတို့ပါတီ လွှတ်တော်ထဲ နေရာနည်းနည်းလေး ရှိလို့ ဘာမျှ မတတ်နိုင်ပါ ထုတ်ပြောရတယ် မဟုတ်လား။ ဘယ်သူမပြု မိမိမှု ပါပဲ။ ဆန့်ကျင်သူ ဦးဝင်းတင်လို ပုဂ္ဂိုလ်များ ဘေးရောက် တင်းမာသူအဖြစ် တံဆိပ်တပ်ခံရတယ်။ တောမီးလောင် တောခွေး လက်ခမောင်းခတ်.. စစ်ဘော မလိုသူ သတ်ပါတီ ခွက်ပျောက်များ ကောင်းစားခဲ့ကြတယ်။

လူထုနဲ့နီးစပ်တဲ့ လူထုကို စည်းရုံးနိုင်သူများဆို ပြည်တွင်းမှာ ခြေချခွင့် မပေးဘူး။ သူတို့နဲ့ အလွမ်းသင့်သူ၊ အနောက်သခင်ဂျီးများ ထောက်ခံချက်ပေးသူနဲ့ လူထုနဲ့ကင်းကွာနေသူများသာ ပြည်တော်ပြန်ခွင့်ရ၊ နိုင်ငံရေး လုပ်ခွင့်ရတယ် နိုင်ငံရေးဆို။ တာ ငွေရှိလျင်ရှိ၊ မရှိလျင် လူထု ထောက်ခံမှု ရှိမှ ရတယ်။ ကြောက်ဖွတ်တွေမှ ငွေ၊ လုပ်ပိုင်ခွင့်ရှိတယ်.. ဒါနဲ့လုပ်စား နေတာ။ အတိုက်အခံများကြတော့ လေပဲရှိတယ်.. လေနဲ့ပဲစားရမှာ…. ဒါကိုသိတော့ လူထုကို စွဲဆောင်နိုင်သူဆို အောက်လမ်းနည်းသုံး နှိပ်ကွပ်တယ်၊ မရလျင် မောင်းထုတ်တယ်။ ဆင်ဖြူတော်အနား ရံပေးမည့် ဆင်များ မလာနိုင်အောင် လုပ်ထားတယ်။ ခက်တာက ဘွားဒေါ်ကိုယ်တိုင်က ဝမ်းမင်းန်းရှိုးကြဲတာ မနောခွေ့နေသလား မပြောတတ်။ ရန်သူ စစ်တပ်နဲ့တောင် အလျှော့ပေး ပူးပေါင်းနိုင်လျင် ကိုယ့်အခြင်းခြင်း တွဲလုပ်ဖို့ မဖြစ်နိုင်စရာ မရှိဘူး။ အခုတော့ဗျာ…

အနောက်သခင်ဂျီးများက အာဏာခွဲယူဖို့ နိုင်ငံရေးလမ်းပြမြေပုံ ချပြမယ်။ အဲဒီမှာ လက်ရှိ သမဒ ဥသိန်းစိန်နဲ့ ဘွားဒေါ် တဝက်စီ ယူရမယ်။ လက်တွေ့မှာ အဲလို မဖြစ်နိုင်။ စစ်တပ်ကို၂၅% ပေးရဦးမယ်။ ဥရွှေမန်းကိုလည်း ဘယ်သွားထားမလဲ။ အဲမှာတင် လေးပုံတပုံပဲ ကျန်တယ်။ ဥရွှေမန်းနဲ့ ဥသိန်းစိန် မတည့်၊ ဖိုက်နေကြသယောင် ဘိုသမ်းရွှေဂျီး တမင်လုပ်ထားတာ။ တဝက်တော့ အနည်းဆုံး ပေးပါ ဘွားဒေါ် တောင်းဆိုလျင် မဖြစ်နိုင်တာ တောင်းရာကျပြီ။ လူထုထဲမှာလည်း ဥရွှေမန်းနဲ့ ဥသိန်းစိန် အပြိုင်၊ ဒါကြောင့် နှစ်ယောက်စလုံး နေရာရသင့်ဒယ် စသဖြင့် ရှုပ်ထွေးမှုဖြစ်အောင် ဒလျှိုဒလံတွေနဲ့ ဝါဒဖြန့်ထားမယ်။ အတိုက်အခံများဖက်မှာ အဲလို လူထုနဲ့ မိတ်ဆက်ထားသူ ဘယ်နှစ်ယောက် ရှိသလဲ ပြောစမ်း။

မရှိသေးလျင် အမြန်မွေးတော့..။ ခြစ်ကိုယ်ဂျီး မင်းကိုနိုင် အသင့်တော်ဆုံးပဲ။ သူမလုပ်လျင် ကိုကိုကြီး ရှိတယ်။ ဘွားဒေါ်ဂျီး တရားဝင် လမ်းဖွင့်ပေးရမယ်။ ဒါမှ ကျမတို့ဖက်မှာလဲ တန်းတူအပြိုင် ခေါင်းဆောင်တွေရှိတယ်။ သူတို့ကိုလည်း နေရာပေးမှဖြစ်မယ် ခိုင်ခိုင်မာမာ ပြောနိုင်မယ်။ ဒီမိုနည်းတော့ သိပ်မညီ… လူထုခေါင်းဆောင် elected အစစ်မဟုတ်၊ ရွေးထုတ်လိုက်တဲ့ selected ခေါင်းဆောင်များ ဖြစ်နေပြီ သို့သော် အဲလိုမှ မလုပ်လျင် ဒိုင်စားတော့မည်။ ရွေးထုတ်ပြီးမှ လူထုနဲ့ မိတ်ဆက်ပေး၊ ၈၈ခေါင်းဆောင်များမှာ စည်းရုံးရေး စွမ်းရည်အပြည့် ရှိပါတယ်။ ဒီနေရာမှာ တောင်းပန်ခြင်တာ ခြစ်ကိုယ်ဂျီး မင်းကိုနိုင် ဝင်မှ ဖြစ်တော့မယ်။ ဘွားဒေါ်ဂျီးပြီးလျင် လူထုစိတ်ကို အလှုပ်ခတ်နိုင်ဆုံးက ရှစ်လေးလုံး အရေးတော်ပုံ ကျောင်းသားခေါင်းဆောင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဌဟောင်း မင်းကိုယ်နိုင်….။

ဘွားဒေါ်ဂျီးနဲ့ တွဲလုပ်ရမည် မဆိုလိုဘူး၊ မူဝါဒပိုင်းအထိ ကွဲနိုင်တယ်။ ဝေဖန်ပါ ထောက်ပြပါ။ တဆက်ထဲမှာပဲ တရားဝင် လက်တွဲလှုပ်ရှားပါ။ နှစ်ဖွဲ့ပေါင်းလိုက်သမျိုးအထိ ဖြစ်ကောင်းတယ်။ မဟာမိတ် အဆင့်ထက် ပိုရတော့မည်။ ဥသိန်းစိန်နဲ့ ဥရွှေမန်း အပြိုင်ဆိုပေမဲ့ တပါတီထဲလာတော့ ပါတီ အရင်းအမြစ်အားလုံးကို မျှသုံးနိုင်တယ်။ ဦးဆောင်မှု ပေးနိုင်တယ်။ သူတို့လိုပဲ ရူးခြင်ယောင်ဆောင်ပါတော့။ ဘွားဒေါ်ဂျီး တရားဝင် ကြေငြာလမ်းဖွင့်ပေးပါ။ ခြစ်ကိုယ်ဂျီး ရှေ့တန်းထွက်ပြီး ပွင့်ပွင့်လင်းလင်း လှုပ်ရှားပါတော့။

 

မြန်တျန့်ကြွက်ကင်သူ ဦးကြောင်ကြီး

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး