အလွမ်းတစ်ခန်းရပ်

ခေါက်ရိုးကျိုးနေတဲ့ဆန္ဒ
အလွဲများနဲ့ ခါးသက်တဲ့နေ့ရက်တိုင်းမှာ
အဖြစ်အပျက်များက မျက်လှည့်ပွဲအလား
ကြည့်ရတာ အထီးကျန်လိုက်တာ

ဆုတောင်းခဲ့ဖူးတယ် ပြောင်းလဲလိုက်တဲ့ကံကြမ္မာက
ငါ့ကိုအဖန်တစ်ရာမက ရိုက်ခက်နေစဲပါ

လှိုင်းလေထန်တဲ့ ကန်ခြေတစ်ဘက်မှာ
အလွမ်းတွေရေတွက်ရင်း ဟားတိုက်မိသေးတယ်
ဒါကိုမင်းနားမလည်ပါဘူးလေ

အချိန်ကိုရေတွက်တိုင်း လေပြေတိုက်ခက်သွားတယ်
နေဝင်ချိန်ကြည့်ငေးခိုက်မှာ တိမ်တိုက်တို့မိုက်မဲပြန်သေးတယ်
ဒီလိုနဲ့တစ်ရက်ကုန်လွန်ပြီပေါ့

လမင်းသာခဲ့ပါပြီ ငါ့အလွမ်းတွေတစ်ခန်းရပ်မို့
ကြယ်မကြွေခင်လေးမှာ အနမ်းတွေမှေးမှိန်ရင်း
အားပြယ်လုနီးပြီလေ

ကာရံ ၂၄့ ၁၀့ ၂၀၁၄

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..