အလွမ်းတစ်ခန်းရပ်

ကာရံOctober 24, 20141min752

အလွမ်းတစ်ခန်းရပ်

ခေါက်ရိုးကျိုးနေတဲ့ဆန္ဒ
အလွဲများနဲ့ ခါးသက်တဲ့နေ့ရက်တိုင်းမှာ
အဖြစ်အပျက်များက မျက်လှည့်ပွဲအလား
ကြည့်ရတာ အထီးကျန်လိုက်တာ

ဆုတောင်းခဲ့ဖူးတယ် ပြောင်းလဲလိုက်တဲ့ကံကြမ္မာက
ငါ့ကိုအဖန်တစ်ရာမက ရိုက်ခက်နေစဲပါ

လှိုင်းလေထန်တဲ့ ကန်ခြေတစ်ဘက်မှာ
အလွမ်းတွေရေတွက်ရင်း ဟားတိုက်မိသေးတယ်
ဒါကိုမင်းနားမလည်ပါဘူးလေ

အချိန်ကိုရေတွက်တိုင်း လေပြေတိုက်ခက်သွားတယ်
နေဝင်ချိန်ကြည့်ငေးခိုက်မှာ တိမ်တိုက်တို့မိုက်မဲပြန်သေးတယ်
ဒီလိုနဲ့တစ်ရက်ကုန်လွန်ပြီပေါ့

လမင်းသာခဲ့ပါပြီ ငါ့အလွမ်းတွေတစ်ခန်းရပ်မို့
ကြယ်မကြေ ွခင်လေးမှာ အနမ်းတွေမှေးမှိန်ရင်း
အားပြယ်လုနီးပြီလေ

ကာရံ ၂၄ ့၁ဝ ့၂၀၁၄

2 comments

  • မမချွိ

    October 25, 2014 at 12:19 pm

    အလွမ်း ဆိုတာ တစ်ခန်းရပ်တွေ အခန်းဆက်လာတာမျိုးးး

    😥

  • Yae Myae Tha Ninn

    October 25, 2014 at 1:14 pm

    တရက်ပြီးလို့ တခန်းရပ်သွားတာပါ.. နောက်နေ့ ပိတ်ကား ပြန်ဖွင့်ရတာပေါ့… ဒါပေမဲ့ မနက်ခင်းဆိုတော့ လတ်လတ်ဆတ်ဆတ် လန်းလန်းဆန်းဆန်း အလွမ်းပေါ့… 🙂

Leave a Reply