ဘာသာမတူ လူမျိုးကွဲလည်းချစ်တာ…(၂)

padonmarOctober 25, 20141min26317


ဆရာမက ခရစ်ယာန်ဘက်ပတစ်၊ကျမက ဗုဒ္ဓဘာသာ၊သူက မွတ်ဆလင်၊ဒါပေမယ့် ကျမတို့ သုံးဦးသုံးဖလှယ် အခုထိချစ်ကြတုံးပါပဲ။ဆရာမကတော့ ဆုံးသွားတာ ၂နှစ်ရှိပါပြီ။သူကတော့ ဘယ်ဆီရောက်နေတယ်မသိသေးပါဘူး။

အဲသလိုနဲ့ ၈တန်းရောက်တော့ သူတို့ရဲ့ အနောက်ပိုင်းအိမ်ကို ရောင်းပြီး မြို့အရှေ့ဖျားက သဲကွင်းဆိုတဲ့နေရာကို သူတို့ ပြောင်းနေကြရပါတယ်။
အမှန်တော့ ပိုပြီးဈေးသက်သာတဲ့နေရာကို ပြောင်းကြရတာပါ။
ဒါပေမယ့် ဘာမှမသိတဲ့ ကျမတို့ကတော့ပျော်နေတာပါပဲ။

ရှေ့တန်းညာဖက်ဒေါင့်က သင်းသင်းနွယ်ပါ။ကျမတို့ ၈တန်းနှစ်က ရိုက်ထားတာ။
ရှေ့တန်းညာဖက်ဒေါင့်က သင်းသင်းနွယ်ပါ။ကျမတို့ ၈တန်းနှစ်က ရိုက်ထားတာ။

အခုဆို ကျောင်းသွားရင် သူက ကျမကို ဝင်ခေါ်လို့ရသွားပြီ၊
ကျမတို့ ကျောင်းကို သွားချိန်တလျှောက်လုံး အကြာကြီးတူတူနေလို့ရသွားပြီပေါ့။
သူက လူချစ်အောင်နေတတ်တော့
သူ့ကို ကျမမိဘတွေကလည်း ချစ်ပါတယ်။
သူ့ကို ကုလားမလေးလို့ပဲခေါ်ပါတယ်။ သူကလည်း ကျမမိဘတွေကို ကျမခေါ်သလို ပါပါး၊မာမားပဲခေါ်ပါတယ်။
ကျမကသာ သူ့မိဘတွေကို ဦးလေး၊အဒေါ်ပဲခေါ်ပြီး ခပ်စိမ်းစိမ်းနေတာ။
သူ့အမေက တကယ်တော့ သူဌေးသမီးပါ။သူတို့ အဖိုးက မအူပင်မှာ ဘာသာရေးအယူပြင်းထန်တဲ့ ကုသလစစ်စစ်သူဌေး တဦးပါ။
ကျမတို့မြို့သား ကုသလဗမာကပြား သူ့အဖေနဲ့ရတော့ သူ့အမေကို စိတ်ဆိုးပါတယ်။
သမီးကြီး တယောက်ရတော့ စိတ်ပြေပြီး အဲဒီ မြေးမကြီးကို ခေါ်မွေးစားထားပါတယ်။
သင်းသင်းနွယ်က ဒုတိယသမီးပါ။ သူ့အောက်မှာလည်း အငယ်တွေ အများကြီး။ မအူပင်က သူဌေးအဖိုးနဲ့နေရတဲ့ သူ့အမဟာ ချမ်းချမ်းသာသာနေရပေမယ့် အဖိုးရဲ့ ပြင်းထန်တဲ့ အယူဝါဒအောက်မှာ သိပ်ပြီး ကျဉ်းကျပ်လို့ ငါတော့ ဘယ်တော့မှ သွားမနေဘူး လို့ ပြောပြပါတယ်။

ကျမက ကူပေးရတဲ့ အကြောင်းတွေသာ ပြောပြတော့ ကျမတို့ ဆက်ဆံရေးဟာ တဖက်သပ်ကြီး လို့ ထင်ကြပါမယ်။
တကယ်တော့ သူ ကျမကို ပြန်ပေးသွားတာတွေက ရေတွက်လို့ မရပေမယ့် ခံစားလို့ရတဲ့ မေတ္တာတွေ အများကြီးပါပဲ။
သူနဲ့ ကျမ လူမျိုး၊အသားရောင် မတူကွဲပြားပေမယ့် တူတာကတော့ စာဖတ်ဝါသနာပါတာပါပဲ။
ဒါပေမယ့် ကျမကြိုက်တာက မြသန်းတင့်၊ဒဂုန်ရွှေမျှား၊ရွှေဥဒေါင်း၊ခင်ဆွေဦး၊ခင်နှင်းယု၊ဂျာနယ်ကျော်မမလေးလို ဝတ္ထုတွေ၊အထောက်တော်လှအောင်၊မောင်ထွန်းသူလို ဘာသာပြန်တွေ၊အိုးဝေဂျာနယ်လို နိုင်ငံရေးတွေ ဖြစ်ပါတယ်။

သူဖတ်တာ ကြိုက်တာကတော့ အချစ်ဝတ္ထုနဲ့ ကဗျာတွေပါ။
သူက ကဗျာတွေ ဗလာစာအုပ် နောက်ကျောရေးပြီး လာလာပြရင် ကျမက ဒိုင်ခံဖတ်ပေးပေမယ့် နားမလည်မကြိုက်တတ်ခဲ့ပါဘူး။

သူက စိတ်ကူးလည်း သိပ်ယဉ်တတ်ပါတယ်။
တယ်။သူ့အဒေါ်တယောက်က မာမာအေးတေးသံသွင်းမှာ အလုပ်လုပ်ပါတယ်။ အပျိုကြီးဖြစ်ပြီး ကဗျာတွေ စာတွေရေးပါတယ်။ သူက အဒေါ့်ကို အားကျပါတယ်။
သူကဗျာရေးဖို့ ကလောင်နာမည် ရွေးထားတာက စိမ်းလဲ့ညိုတဲ့။
အဆိုတော်နာမည်တော့ မမှတ်မိတော့ပါဘူး။ ရေဒီယိုက လွှင့်တဲ့ သီချင်းနာမည်ပါ။
သူရောကျမရော အဲဒီသီချင်းကို သိပ်ကြိုက်ကြလို့ စိတ်တူကိုယ်တူ ရွေးထားတဲ့နာမည်လေးပါ။

တကယ့်ကို နုနုနွဲ့နွဲ့လေး နေတတ်ခံစားတတ်တော့ ကျမလို ဂျမ်းတောနဲ့ တခြားစီပါ။ဒါပေမယ့် ကျမတို့ တခါဆို တခါမှ မသင့်တာ ရန်ဖြစ်တာ မရှိခဲ့ဖူးပါဘူး။
ကျမတို့ ဆယ်တန်းအောင်ပြီးတဲ့အခါမှာ ကြိုမှန်းမထားတဲ့ ခွဲနည်းမျိုးနဲ့ ကျမတို့ခွဲခဲ့ကြရပါတယ်။
ကျမက ဒေသကောလိပ်တက်ဖို့ ရန်ကုန်ကို ထွက်လာရသလို သူကလည်း သူ့ဦးလေးတယောက်အလုပ်လုပ်နေတဲ့ ဝါဇီမှာ သွားနေပြီး စာပေးစာယူတက်ဖို့ ဖြစ်လာပါတယ်။

ဒို့ နှစ်ယောက်ကြား ငှက်ခါးစေတဲ့ အချိန်ပေါ့။

သူဆရာမဖြစ်တော့ ပို့တဲ့ပုံ(1984 လောက်ကထင်တာပဲ)
သူဆရာမဖြစ်တော့ ပို့တဲ့ပုံ(1984 လောက်ကထင်တာပဲ)

ကျမ ဆေးကျောင်းတက်နေချိန် သူက စာပေးစာယူနဲ့ ဘွဲ့ရပြီး ခဏပြန်လာတော့ တခါဆုံကြရပါတယ်။ဘယ်လောက် ဝေးဝေးနေရပေမယ့် ကျမတို့ ချစ်ခြင်းက ဝေးမသွားပါဘူး။
သူပြန်တော့မယ်ဆိုတော့ စိတ်ကူးယဉ်တဲ့သူက စကားတခွန်းမှာပါတယ်။
`ဒို့တွေ ၇.၇.၇ရ တုံးက တူတူရှိခဲ့ကြတယ်။ ၈.၈.၈၈ ကျရင် ဒို့ပြန်ဆုံကြရအောင်၊အဲဒီရက်နားနီးလို့ အဆက်အသွယ်မရရင် သတင်းစာထဲကနေ ကြိုထည့်ပြီး သတိပေးကြရအောင်´ တဲ့။
ဘာပြောရမလဲ။`အေး`ပေါ့။
ဒီလိုပြောပြီး ဝါဇီကို ပြန်သွားတာ သူနဲ့ နောက်ဆုံးတွေ့ရတာပါပဲ။
နောက်တနှစ်မှာ သူ့ဆီက ထူးဆန်းတဲ့ စာတစောင်ရလိုက်ပါတယ်။

သူငယ်ချင်းရေ
ငါ့ကို ငါတို့ အိမ်က ဒို့ဘာသာဝင်တယောက်နဲ့ ပေးစားဖို့ ပြင်ဆင်နေကြတယ်။
ငါ လုံးဝမယူနိုင်ပါဘူး။ ငါ ဒီဘာသာထဲလည်း ဆက်မနေချင်တော့ပါဘူး။
အခု ငါ မူလတန်းပြ ကျောင်းဆရာမအလုပ် တရားဝင်ရပြီ။ပခုက္ကူ ခရိုင်ထဲမှာပဲ၊ ……….ရွာမှာပါ။
ငါ အဲဒီအလုပ်ရတာကို အိမ်ကို အသိမပေးတော့ဘူး။ တိတ်တိတ်လေးသွားလုပ်ပြီး ဇာတ်မြှုပ်နေတော့မယ်။
ငါ့လိပ်စာကို နင်တယောက်တည်းပဲ သိပါစေ။နှုတ်လုံပါ သူငယ်ချင်း၊ငါ့အိမ်ကို လုံးဝ မပြောပါနဲ့၊
ဒို့ ချိန်းထားတဲ့ ရက်ကျရင် ပြန်ဆုံကြမယ်နော်။
ချစ်တဲ့
စိမ်းလဲ့ညို

ကျမကတော့ သူစိတ်ကူးယဉ်ပြန်ပြီလို့ ပေါ့ပေါ့ပဲ သဘောထားလိုက်ပါတယ်။
ကျမဆို ဒီလို အိမ်ကိုမပြောပဲ ဇာတ်မြှုပ်ဖို့ စဉ်းတောင် မစဉ်းစားဖူးဘူး။ဖြစ်လည်းမဖြစ်နိုင်ဘူးလို့ ထင်မိတယ်။
တရက်တော့ အိမ်ကို သူ့အဒေါ် အပျိုကြီး (မာမာအေး တေးသံသွင်းမှာ အလုပ်လုပ်နေတာ ) ကျမတို့ အိမ်ကို ရောက်လာပါတယ်။
သင်းသင်းနွယ် ပျောက်နေလို့ပါတဲ့။ ကျမအသိ ဆရာဝန်ကြီးတွေရဲ့ စောင့်ရှောက်မှုနဲ့ နေနေတယ်လို့ ကြားတယ်ဆိုပြီး လိုက်လာတာပါ။ သူဘယ်ကို ရောက်နေမှန်းမသိတော့ အချစ်ဆုံးသူငယ်ချင်း ကျမတော့ သိကိုသိရမယ် ဆိုပြီး ချော့တခါ ချောက်တလှည့်မေးပါတော့တယ်။
ကျမလည်း ပါးစပ်ထဲတွေ့ရာ ဟုတ်တယ်၊စစ်ကိုင်းဖက်ရောက်နေတာ၊ သူပြောတဲ့ ဆရာဝန်ကြီးနာမည် ဦးဝင်း ဆိုပြီး ပြောမိတယ်။(ကျမတို့ Final Part 2 Trip ထွက်တုံးက ကွင်းဆင်းခဲ့ရတဲ့ ပျော်ဘွယ်ဆေးရုံအုပ်ကြီး ဦးဝင်းနာမည် သုံးလိုက်မိတယ်။ ဆရာကြီးက စစိကိုင်းဖက်ပြောင်းသွားတယ် ကြားမိတာကိုး၊)
သူ့အဒေါ်လည်း ဒါဆို စစိကိုင်းမှာ ရီရီသန့်တို့ အမျိုးတွေ ရှိတယ်၊စုံစမ်းရင် လွယ်ပြီ ဆိုပြီး ပြန်သွားပါတယ်။
ကျမ တသက်မှာ အဲသလို အကြီးအကျယ် လိမ်မိတာ ဒီတခါပဲ ဆိုတော့ စိတ်ထဲမှာ ချီတုံချတုံနဲ့။ဘာလုပ်ရမှန်းကိုမသိပါဘူး။
သူမှာထားသလိုပဲ ဖုန်းပေးရမှာလား၊လူကြီးတွေတော့ ရှာရတာ ဒုက္ခရောက်တော့မယ်။
အမှန်ကိုပြန်ပြောရင် ကောင်းမယ် ထင်ပါရဲ့လို့တွေးပြီး သူ့စာထဲက လိပ်စာကို ပြန်ကြည့်မယ်ဆိုပြီး ကျောင်းပိတ်ရက်က ရောက်ထားတဲ့ စာတွေ ရှာတာ အထပ်လိုက်ပျောက်နေပါတယ်။
ကျမလည်း ဒေါင်းတောက်နေအောင် ရှာတာပဲ။ ဒါပေမယ့် သူ့စာနဲ့တကွ အဲဒီ ကျောင်းပိတ်ရက် ရောက်ထားတဲ့ စာတွေ အားလုံးကို ခုထိ ပြန်မတွေ့တော့ပါဘူး။
ကျမ ချစ်သူငယ်ချင်းရဲ့ လိပ်စာဟာလည်း စုံးစုံးမြုပ်သွားခဲ့ပါပြီ။
သူကလည်း ခြေရာဖျောက်တော်လိုက်တာ၊ ကျမက စပြီးမဆက်သွယ်လို့ပဲ စိတ်ဆိုးသွားလေရော့သလား။
သူပြောသလို ၈.၈.၈၈ မှာ ပြန်ဆုံဖို့ သတင်းစာထဲထည့်ရအောင် ဆိုတာကလည်း သိကြတဲ့အတိုင်း။
ကျမက ၉.၉.၉၉ တုံးက သူ့ကို မျှော်မိသေးတယ်။
အခုလည်း ကျမတို့ ငယ်ငယ်က တူတူတက်ခဲ့ရတဲ့ ကျောင်းကြီးရဲ့ ဆရာကန်တော့ပွဲနဲ့ ရွှေရတု ကထိန် ကို 1.11.2014 မှာ ကျင်းပတော့မယ်။
.ပြန်လာခဲ့ပါ စိမ်းလဲ့ညိုရယ်…..
ငါမျှော်ရတာ မောလှပါပြီ…………

`ဟိုတုန်းက ချစ်တေးဖွဲ့ဆို…စိမ်းလဲ့…ညိုု ကို…..မျှော်မှန်းကာ..တမ်းတသကို၊ ကမ်းဗဟိုအလွမ်းပို၊နှစ်ကိုယ်တူ ယှဉ်နွဲ…နွဲခဲ့တဲ့ ဒီကမ်းရိပ်ကို ..မျှော်ယောင်ကာပဲ လွမ်းရသကို..၊..စိမ်းလဲ့လဲ့ ..တောတောင်ဆီကညို…….`

17 comments

  • မြစပဲရိုး

    October 25, 2014 at 2:36 am

    ရုပ်ရှင်ဇာတ်လမ်း လေး လိုပါဘဲ လား အစ်မဒုံ ရယ်။
    သူ့ ဘဝ လေး အေးအေးချမ်းချမ်း ရှိပါစေ။
    အစ်မ ကို စိတ်ကောက် ပြီး ငြိမ် နေတာ ဖြစ်ပါစေ။
    အခု စိတ်ပြေပြီး ပြန်ပေါ်လာပါစေ။

    PS – အစ်မဒုံ ငယ်ငယ်က ပုံလေး က ချစ်ဖို့ကောင်းလိုက်တာ။ :))

  • မမချွိ

    October 25, 2014 at 9:39 am

    ချစ်ဖို့ကောင်းလိုက်တဲ့ သူငယ်ချင်းတွေ
    :chit:

    စိတ်ကောက်နေတာပဲ ဖြစ်ပါစေ။ လုံခြုံတဲ့ ဘဝမှာရှိနေပါစေ၊
    အာတီဒုံတို့ကိုလည်း မကြာခင် ဆက်သွယ်နိုင်ပါစေ ဆုတောင်းပေးပါတယ်။

    ထရစ်ကို ပျော်ဘွယ်မှာ လား အာတီဒုံ။
    ဦးဝင်းက မန်းလေးအမျိုးသမီး ဆေးရုံအုပ် ဖြစ်ဖူးတဲ့ ဦးဝင်းများလားး 🙄

    သများ အာတီဒုံက အချောတော့။
    မျက်နှာကြောတော့ တင်းသလားပဲ။
    ဟိဟိ

    :chit:

  • pooch

    October 25, 2014 at 1:06 pm

    ကလောင်နာမည်စိမ်းလဲ့ညိုလည်း လှတယ် လူကလည်း လှတယ်
    အဲ့လိုပဲနော် ဘဝက တခါတလေကျ ပြဇာတ်ဆန်တယ် ။
    တကယ်သာ ပြန်တွေ့ဖြစ်ရင်တော့ ဘယ်လောက်များ ကြည်နူးဖို့ ကောင်းမလဲ မသိဘူး

  • Yae Myae Tha Ninn

    October 25, 2014 at 1:25 pm

    အနော်ဆိုလဲ ငယ်ငယ်တုန်းက လူပြောင်းထိုင်ခိုင်းရင် တရုတ် တလှည့်၊ ကုလား တလှည့် ထိုင်တယ်.. တကယ်တော့ အိမ်က ခြေ ၄ ချောင်းရှောင်တယ်… အနော်က သူတို့နဲ့ပေါင်းပြီး အကုန် ဝိုက်တယ်… ခင်တာမှ ခင်လွန်းလို့ လက်ကိုကိုက်တာ.. ပေါက်တောင် ပေါက်သွားတယ်… ဟီး… 🙂

  • ငယ်သူငယ်ချင်းတွေ များဆုံလို့ ငယ်ငယ်က အကြောင်းတွေပြန်ပြောရင် သိပ်ပျော်ဘို့ကောင်းတယ်

    ကျနော်တို့ သူငယ်ချင်းအချို့က လေး လ တစ်ကြိမ်ဆုံတယ်

    ဒီဇင်ဘာ 31မှာလဲ အမြဲ ဆုံတာ 2နှစ်ရှိပြီ

  • kai

    October 25, 2014 at 2:25 pm

    ရှိပါ့..
    အိမ်ထောင်တွေဘာတွေကျလို့.. ကလေးတောင်တော်တော်ကြီးနေပြီ..
    တယောက်တောင်မက..

    နောက်တာနော..
    သတင်းစာထဲ ကြော်ငြာထည့်သင့်ကြောင်းနဲ့… ကုသလခေါ်တာသဘောကျ..
    ကုသလမျိုးဟေ့…. ဒို့ဗမာ :k:

  • Ma Ma

    October 25, 2014 at 2:51 pm

    မကြာခဏကျောင်းပြောင်းရတဲ့ ကံဇာတာပါလာလို့ ငယ်ငယ်က သူငယ်ချင်းတွေ ပြန်တွေ့တာတောင် မမှတ်မိဘူး။ :mrgreen:
    နှစ်ပေါင်းများစွာကွဲပြီး ပြန်တွေ့ကြတော့လည်း ဖြတ်သန်းရတဲ့ဘဝတွေ၊ ဘဝပေးအခြေအနေတွေက မတူကြတော့ ပြောစရာစကားတောင် ရှာမရ။ :eee:

  • padonmar

    October 25, 2014 at 9:08 pm

    မလတ်၊ချွိချွိ၊ မယ်ပု၊မမ၊သူကြီး၊ကိုထွဋ်၊ကိုပေါက်
    ငယ်သူငယ်ချင်းလေး တကယ်ပဲ အိမ်ထောင်ကျပြီး ကျမကိုမေ့နေလို့ ပြန်မလာတာ ဖြစ်ပါစေလို့ပဲ ဆုတောင်းပါတယ်။
    သူ့ငယ်ဘဝလေးက သိပ်မချောတော့ ကြီးလာရင် ပြီးပြည့်စုံအေးချမ်းတဲ့ ဘဝဖြစ်နေစေချင်ပါတယ်။
    ………
    သူကြီးရေ
    ကုသလဆိုတာ ဝင့်ပြုံးမြင့် စသုံးခဲ့တာလေ။
    ……………..
    ကျမပြောချင်တာလေးတခု ဘယ်သူမှ မမန့်လို့ မစောင့်နို်င်တော့ဘူး။ပြောတော့မယ်။
    ကျမဆိုလိုချင်တာကလေ ဘာသာအယူတခုကို ကိုးကွယ်ဖို့ အရွယ်ရောက်သူတွေမှာ ဇွတ်လုပ်လို့မရဘူး။
    ဘာသာအယူတခုကနေ တခုကို ယုံကြည်မှု ပြောင်းဖို့ကိုလည်း ဇွတ်ယုံခိုင်းလို့မရပါဘူး။(ကျမ ယုံကြည်မှုလို့ သုံးပါတယ်။သာမာန် စားဝတ်နေရေး သို့မဟုတ် အကြောက်တရားကြောင့် ပြောင်းတာကို မဆိုလိုပါ)
    ဘာသာတရားကို တရားဟောရုံနဲ့ မသက်ဝင်နိုင်ပါဘူး။
    အဲဒီ ဘာသာဝင်တွေရဲ့ အပြုအမူ အပြောအဆိုတွေကို လေးစားမှုရှိမှ အဲဒီဘာသာကိုလည်း လေးစားသက်ဝင်ပါလိမ့်မယ်။
    ဒါ့ကြောင့် ကိုယ့်ဘာသာကို ကာကွယ်ချင်ရင် အရှည်တည်တန့် စေချင်ရင် ဘာသာဝင်တွေက သူတပါးလေးစားဖွယ်နေပြရပါမယ်။
    အဲဒါလေးလည်း ပြောချင်တာ။

    • weiwei

      October 25, 2014 at 10:25 pm

      အခုလေးတင် 5 movies ကနေ My name is Kham ရုပ်ရှင်လာလို့ ကြည့်ပြီးသားပေမယ့် ပြန်ကြည့်ဖြစ်သွားတယ် … လူမှာ လူဆိုးနဲ့ လူကောင်း ၂ မျိုးပဲ ရှိတယ်ဆိုတာလေး သဘောကျမိတယ် ..

      • Yae Myae Tha Ninn

        October 27, 2014 at 10:02 am

        အဲကားကြည့်တုန်းက မျက်ရည်ပါလည်တယ်.. 🙂

    • kai

      October 27, 2014 at 2:18 pm

      အဲဒီ ဘာသာဝင်တွေရဲ့ အပြုအမူ အပြောအဆိုတွေကို လေးစားမှုရှိမှ အဲဒီဘာသာကိုလည်း လေးစားသက်ဝင်ပါလိမ့်မယ်။
      ဒါ့ကြောင့် ကိုယ့်ဘာသာကို ကာကွယ်ချင်ရင် အရှည်တည်တန့် စေချင်ရင် ဘာသာဝင်တွေက သူတပါးလေးစားဖွယ်နေပြရပါမယ်။

      ဗုဒ္ဓကိုယ်တော်တိုင်.. ဟိန္ဒူတွေကြား.. အဲလိုလုပ်ပြပြီး.. သာသနာပြုသွား.. သာသာနာသစ်တည်ထောင်သွားတာပဲလေ..။
      ဒါပေမယ့်.. ဒီခေတ် အထိရောက်ဆုံးသာသနာပြုနည်းကြီးတခုကတော့.. မိန်းမများများယူ.. ကလေးများများမွေးနည်းလို့ထင်တာပဲ..
      နောက်ပြီး တကယ်ပြောတာ…။ :k:

      • မြစပဲရိုး

        October 27, 2014 at 2:26 pm

        ပြီးတော့ ကလေး တွေ ကို မကျွေးနိုင်။
        ပစ်ထား။
        သူများ ကို ပေး။
        အဲဒီ ကလေးတွေ က အဖေ ဆိုတဲ့ role model ကောင်းကောင်း မရှိတော့ စိတ်ဓာတ် အားမကောင်း။
        လူပေ လေးတွေ ဖြစ်။
        ဒီတော့ Society တစ်ခုလုံး ပျက်။
        လောလယ်ဆယ်၊ အာဖရိက အိန္ဒိယ မှာ ဖြစ်နေသလိုပေါ့။

  • ဦးကြောင်ကြီး

    October 26, 2014 at 11:28 am

    သာဂျီးဂဒေါ် ခါလာဂျီး မြန်တျန့်အမည်မှာ ညိုပါလည်.. ဘာသာဂျင်းလဲ တူဒေါ့ မေးစမ်းကြည့်ပါရား အာတီဒုံ

  • kyeemite

    October 27, 2014 at 1:53 pm

    .တကယ်တော့ ပညာတတ်၊ အထူးသဖြင့်စာတွေများများဖတ်တတ်လာရင် လူ့စိတ်ဟာ
    .အမှန်ကိုမြင်လာတတ်ပါတယ်…ဘာသာတွေထဲမတော့ အစ္စလမ်ဘာသာဟာ
    .ထွက်စို့ လုပ်ဖို့အခက်ဆုံးပဲဗျ…ဆွေမျိုးအသိုင်းအဝန်းကိုပါစွန့်ရတာကိုး….
    .မိန်းကလေးတွေအတွက်ပိုခက်သပေါ့..ဆိုတော့….ယုံကြည်ရာကို အားလုံးစွန့်လွှတ်ပြီး လုပ်ရဲတဲ့
    .မစိမ်းလဲ့ညို ကိုလေးစားချီးကျူ း မိပါတယ်..
    .အာတီဒုံထက်တောင်ဘာသာရေးလိုက်စားနေလောက်သဗျ….ခုနေပြန်ဆုံရင် ပျော်စရာကောင်းမှာပါ
    .သူက ဆွေးမျိုးဖြတ်ထားတာဆိုတော့ သဂျီးပြောသလို သတင်းစာကြော်ငြာရင် အမျိုးတွေပါသိကုန်မှာပေါ့နော
    .အခုတင်ထားတဲ့ ပုံလေးထည့်ပြီး ငယ်သူငယ်ချင်းအားလုံးဆက်သွယ်ကြပါဆို တွေ့လောက်တယ်

  • uncle gyi

    November 9, 2014 at 11:16 pm

    အားလုံးမှားတယ်
    စစ်ကိုင်းချောင်မှာသီလရင်ဝတ်နေကြောင်းပါ
    ပဒုံမာရေးသွားတာနောက်ဆုံးကျမှပြုတ်ကျသွားတာပဲ

  • padonmar

    November 10, 2014 at 1:01 am

    .ပေါ်တော်မူ အန်ကယ်ဂျီး
    .ဖွဘုတ်မှာ အဲဒီပုံနဲ့ လူပျောက်ကြော်ငြာတင်တော့ တယောက်ကရေးတယ်။
    .မန္တလေးဘုရားကြီးမှာ စိမ်းလဲ့ညိုနဲ့တူတဲ့ .သီလရှင်တပါးတွေ့မိတယ်တဲ့၊ဝါးခယ်မက .လာတာလားလို့ မေးသွားတယ်တဲ့။
    .အဲဒါ မန္တလေးကလူတွေ လူပျောက်ကူရှာပေးကြအုံး။

    • pooch

      November 10, 2014 at 12:47 pm

      ဘယ်သီလရှင်ကျောင်းကို မေးပေးရမှာလဲ ဒေါ်ဒေါ်
      အဆင်ပြေရင် အနော်ပါ သီလရှင်ဝတ်ရင်ကောင်းမလားပဲ နေချင်တော့ဘူး လူ့ဘောင် စိတ်ကုန်လို့ :((

Leave a Reply