“တွေးမိ တာလေးကို တော့ ပြောပြချင်ပါတယ်”

“တွေးမိ တာလေးကို တော့ ပြောပြချင်ပါတယ်”                            

 

နေ့စဉ်ထုတ်ဂျာနယ်တွေမှာ ထဲမှာ စက်ရုံ အလုပ်ရုံတွေ က လုပ်သားတွေဆန္ဒပြတဲ့ သတင်းတွေကို မကြာခဏဖတ်နေရပါတယ်။

မနေ့ကထုတ်တဲ့ဂျာနယ်တစ်စောင်ထဲက မန်းလေးမှာဖြစ်တဲ့ ဆန္ဒပြတဲ့စက်ရုံကတောင်းဆိုတဲ့ အချက်(14)ချက်ထဲက

(လုပ်ငန်းခွင်အတွင်းထိခိုက်ဒဏ်ရာရလျင် နာမကျန်းမူ့များဖြစ်ပွားပါက လူမူ့ဖူလုံရေးဆေးခန်းသို့

စက်ရုံမှ တာဝန်ယူပို့ဆောင်ပေးရန်နှင့်လူမူ့ဖူလုံရေးဥပဒေအရ အလုပ်သမားများအားခံစားခွင့်ပေးရန်)

ဆိုတာကိုဖတ်လိုက်ရတော့ အဲဒီလိုတောင်းဆိုလိုက်တာက

ကိုယ့် အတွက် ထိရောက်မူ့ရှိပါရဲ့လားလို့ မေးခွန်းလေးတွေ ခေါင်းထဲမှာပေါ်လာပါတယ်။

” လူမူ့ ဖူလုံရေး “ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရှိနေတဲ့ဌာနသို့မဟုတ်အဖွဲ့အစည်းက

ခေတ်အဆက်ဆက် မှာ လုပ်သားများရဲ့ လိုအပ်ချက်ကို ပြည့်စုံကောင်းမွန်စွာ

ဖြည့် ဆည်းပေးနိုင်ခြင်းမရှိတာ အမှန်ပါဘဲ။

လုပ်မပေးနိုင်တဲ့ နေရာကို မှ အားကိုး တကြီး ညွှန်းပြနေရင် တောင်းအလကားဘဲဖြစ်မယ်ထင်ပါတယ်။

နေရာအသီးသီးမှာ အကြောင်းအရာမျုးိစုံနဲ့ဆန္ဒပြတာတွေကိုမြင်နေကြားနေ

ဂျာနယ်တွေက ရေးတာတွေကို လဲ ဖတ်နေရပါတယ်။

အချို့သောဂျာနယ်များက ရေးသားတဲ့အခါမှာ ဇာတ်မနာ နာ အောင်

စကားလုံးတွေသုံးပြီးရေးနေတာကိုဖတ်ရတော့ စိတ်ပျက်မိတာအမှန်ပါဘဲ။

ဖြစ်သင့် ဖြစ်ထိုက်တာကို ထောက်ပြပြီး နှစ်ဦးနှစ်ဖက်  အတွက် မျှ တစွာ

ရေးသင့်တယ်လို့ထင်ပါတယ်။

ဆန္ဒထုတ်ဖော်မူ့ ဆိုတာ လိုအပ်တယ်ဆိုရင် လုပ်ရမယ်ဆိုတာအမှန်ပါဘဲ။

ဆန္ဒပြပွဲ တစ်ခု လုပ်လို့ မပြေလည် ရင် ညှိနိူင်းမရ ရင် ရက်ရှည်လများဖြစ်လာခဲ့ရင်

တကယ် ဒုက္ခခံရသူက

ဆန္ဒပြသူတွေ နဲ့ သူတို့ ကိုစောင့်ကြည့် နေရတဲ့ အောက်ခြေက ရဲဝန်ထမ်းတွေပါဘဲ။

အဲတော့မြန်မြန်ညှိနိုင်းလို့ရအောင် နှစ်ဦးနှစ်ဖက် ဖြစ်သင့်တာကိုစဉ်းစားပြီး

တောင်းဆိုသင့်တယ်ထင်ပါတယ်။

 

အဲလိုဆန္ဒပြတောင်းဆိုတဲ့အခါမှာ ကိုယ့်အတွက် တကယ် လိုအပ်ချက်

ကို အတိအကျ တောင်းနိုင်ဘို့ လိုအပ်သလို ဖြစ်သင့်ဖြစ်ထိုက်တာကိုဘဲ

တောင်းဆိုဘို့ လဲ လိုအပ်ပါတယ်။

နောက်တစ်ချက်က ကိုယ်က လို ချင် တာ တောင်းဆိုမယ်ဆိုရင်

ကိုယ် ကလဲ ဒီလုပ်ငန်းအတွက် ကောင်းမွန်အောင် ဘယ်လို လုပ်ဆောင်ပေးမယ်ဆိုတဲ့

အချက်ကို ပါ ထည့် သွင်း ဖော်ပြ ပေးမယ်ဆိုရင်  နှစ်ဦးနှစ်ဖက် အမြန်ဆုံးပြေလည်မှာ

အသေအချာပါဘဲ။

အတော်များများ က ကိုယ် လို ချင်တာ ကို သာ တောင်းဆို နေတယ်

ကိုယ့် ဘက် က ကောင်းအောင် ဘာ ပြန်လုပ်ပေးမယ်ဆိုတာ ကေ တာ့ မတွေ့ ရသလောက်ပါဘဲ။

ဒီလို ဆန္ဒ ပြတောင်းဆိုမူ့တွေလုပ်မယ်ဆိုရင် တကယ့် ကို နားလည်ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး

ကို်ယ်လိုချင်တဲ့အချက်ကို ထိထိရောက်ရောက်တောင်းဆိုသင့်ပါတယ်။

 

ပြောသာပြောရတယ် ကျနော်တို့ ခင်ဗျားတို့အားလုံးရဲ့ဘဝ က ဘာနဲ့တူလဲဆိုတော့

အလင်းရောင်မရှိတဲ့ အမှောင်ခန်းထဲမှာ နှစ်ပေါင်းများစွာ ပိတ်လှောင်ထားရာကနေ

ရုတ်တရက်တံခါးဖွင့်ပေးလိုက်တဲ့အခါ အားလုံးတွန်းထိုးပြီးအပြင်ကိုထွက်ခဲ့ကြတာ

အလင်းရောင်စူးတော့ ဘာမှ မမြင်ရ ဘဲ ဝရုန်းသုန်းကား ဖြစ်သွားသလိုပါဘဲ။

ကျနော်တို့ခင်ဗျားတို့ မှာ တကယ်လိုအပ်နေတာက ခေါင်းဆောင်ကောင်းပါ။

လိုတာမှ နေရာ တိုင်းအတွက် ခေါင်းဆောင် ကောင်း တွေအများကြီး လိုအပ်နေတယ်လို့

ပြောရင် မမှားလောက်ဘူးထင်ပါတယ်နော်။

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

25-10-2014

15 comments

  • Yae Myae Tha Ninn

    October 25, 2014 at 1:33 pm

    သူတို့ သတ်မှတ်တဲ့ ဆေးရုံကို သွားရတယ်လို့ သိရတယ်… ကလေးမွေးလဲ ဒီလိုပဲတဲ့… ဒါဆို စရိတ် တဝက်… အမျိုးသားကလဲ ခွင့် ၁၅ ရက်ရတယ်…
    ဒဏ်ရာရတာတော့ အဖတ်မှားသလားပဲ… မျက်စိလုံးဝကန်း… လက်လုံးဝ ပြတ်… ဒါဆို သိန်း ၁၀၀… သေရင် ၁ဝ သိန်းတဲ့… ဒါဆို သွေးထွက်လွန်အောင် စောင့်မလားဘဲ… ဟီး.. ဒါဆို ၁ဝ သိန်းပဲ ပေးရတော့မှာလေ… 🙂

  • အစိုးရ နဲ့ပါတ်သက်သမှ လုပ်ငန်းတိုင်း ကိုယ်က ငွေသွင်းရင်သာလွယ်တာ

    ပြန်ရဘို့ အကြာ ကြီး စောင့် ရတယ်

  • Yae Myae Tha Ninn

    October 25, 2014 at 2:20 pm

    အဟီ… ဟုတ်ပါ့.. လေးပေါက်… 🙂

  • တောင်ပေါ်သား

    October 25, 2014 at 3:01 pm

    ကျနော် ၁၉၉၆ ဆီဒိုးနားမှာ အလုပ်ဝင်တော့ လူမှုဖူလုံရေးကဒ်လုပ်ရတယ် ၊

    တစ်လ ဘယ်လောက်ဆိုပြီးထည့်ရတယ် ၊

    ဘာမှမဖြစ် ဖြစ်လည်းအသေးအဖွဲမို့ ဘာမှကို မပတ်သက်လိုက်ရပါဘူး ၊

    ခုတော့ မသိ ၊

    ဆန္ဒပြတာကတော့ ကိုပေါက်ပြောသလိုပါပဲ ၊ အင်းးးးးးး

  • အလုပ်ရှင်အလုပ်သား တစ်ပုဒ်လောက်ရေးမယ် လို့ တွေး ေ န မိပေမယ့် လက်တွေ့ ချ မရေးဖြစ်သေး

    ဒါလေးအမြည်းပေးထားပြီး ပြီ ဆိုတော့ ရေးဖြစ်တော့ မယ် ထင်ပါတယ်

  • အလင်းဆက်

    October 26, 2014 at 10:54 am

    သူရဲကောင်းဆိုတာ လိုသလောက်မရနိုင်ပေမယ့်…
    ရနိုင်သလောက်တော့…လိုအပ်တယ်…

  • မြစပဲရိုး

    October 26, 2014 at 4:45 pm

    ဒီမှာ လဲ Ethics ပျောက် နေတာ လို့ ဘဲ ပြောပါရစေ။
    လုပ်ငန်းတစ်ခု ဒါမှမဟုတ် အလုပ်ခွင် တစ်ခု မှာ Code of Conducts ဆိုတဲ့ လိုက်နာရမဲ့ နည်းနာ အပြင် လုပ်ငန်းခွင် Ethics ရှိကို ရှိရပါမယ်။
    (ဒါကတော့ လုပ်ငန်းပေါ် မူတည် ပြီး Ethics တွေ ကွဲ ပါတယ်။)
    ဒါမှ အလုပ်ရှင်ဘက် ကလဲ အလုပ်ရှင် ရဲ့ ကျင့်ဝတ် ကို စောင့်ထိန်းမှာ ဖြစ်သလို
    အလုပ်သမားဘက် ကလဲ သူ့ ကျင့်ဝတ် ကို လေးစား မှာပါ။
    အဲဒီ အပေါ်မှာ မှ ဥပဒေ (အပြစ်ဒါဏ် ပါပါတာပေါ့) က ဆက် ထိန်းရမှာပါ။

    အခု ရွှေပြည်ကြီး မှာက အကွပ်မဲ့ ကြမ်း ဗရမ်းပတာ ဦးသူ နိုင်သူ စားစကြစတမ်း ဖြစ်နေတာကတော့ အသေအချာ ပါဘဲ ကပေါက်ကြီး ရေ။

    • ကိုလတ်ကြီးရေ

      အချို့သောသူတွေက အရင်းအနှီး ဆို တဲ့ စကားလုံးကို နားမလည်ကြသေးပါ

      ဒီတော့ ရောင်းဈေး နဲ့ ချိန် စက် အမြတ်တွေ တွက်ပြီး

      ခေါင်းပုံ ဖြတ်တယ် ဘဲ ထင်နေကြ တဲ့ သူတွေ ရှိ နေတော့ ပိုဆိုးကုန်ပါတယ်။

      • မြစပဲရိုး

        October 26, 2014 at 5:16 pm

        တကယ်တော့ အရင်းရှင် လူတန်းစား ဆိုတာ ရှိမှ ပိုပြီး တိုးတက်ပါတယ်။
        စားလဲစား။ မျှတော့ မျှရ ရမှာပေါ့လေ။
        တကယ်ကောင်း တဲ့ အရင်းရှင်တွေ လဲ ကျွန်မတို့ အဖိုး အဖွား တွေ အချိန်မှာ ရှိခဲ့ဘူးပါတယ်။

        ဒီမှာတွေ မှာတော့ ပါတီတွေ ထဲ အရင်းရှင် လုပ်ငန်းရှင် တွေ ကို ဦးစားပေး ကာကွယ် တဲ့ ပေါ်လစီ ဆို ကွန်ဆာဗေးတစ်ပေါ့။
        အရင်းမဲ့ လူတန်းစား ဆင်းရဲ သား တွေ အတွက် ကြွေးကြော် တာက လစ်ဘရယ် ဒီမိုကရက် နဲ့ လေဘာ ပေါ့။
        ဒါပေမဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မှာ ကွန်ဆာဗေးတစ် နဲ့ သွားတွဲ တဲ့ လစ်ဘရယ်ဒီမိုကရက် ကိုတော့ စိတ်ပျက်လွန်းလို့။
        အမှန်တော့ နိုင်ငံရေးမှာ နိုင်ဖို့ ပြောချင်တာ ပြောကြ၊ ပြီး တော့ လဲ ထူးမခြားနား ပါဘဲ။
        ဒီတော့ ချင့်ယုံ ပေါ့။

        • ကိုလတ်ကြီးရေ

          ပိုက်ဆံရှိသူကို မုန်းတီးတတ်တဲ့ ရောဂါဆိုးကို အရင် ကုသ ဘို့ လိုတယ်

          (ကျနော်လဲချမ်းသာကြွယ်ဝသူမ ဟုတ်ပါ)

  • Ma Ma

    October 26, 2014 at 4:48 pm

    ဘွဲ့ရအလုပ်ကြမ်းလုပ်မယ်ဆိုပြီး ဘွဲ့ဝတ်စုံနဲ့ဆန္ဒပြတာတွေလည်း ရှိသေးတယ်။
    လုပ်ငန်းရှင်တွေမှာလည်း ဝန်ထမ်းအလိုရှိသည်ဆိုတာတွေချည်းပဲ။
    နောက်ဆုံးတော့ အားလုံးဝရုန်းသုန်းကားဖြစ်နေကြတယ်ဆိုတာ အမှန်ပဲ။

  • မမရေ

    မန်းလေးမှာ ရန်ကုန်မှာ ဆိုင်အတော်များများ မှာ ဝန်ထမ်း အလိုရှိသည်ဆိုတဲ့
    ဆိုင်းဘုတ်ချိတ်ထားရပါတယ်။
    သတင်းစာထဲမှာ ဝန်ထမ်းအလိုရှိသည် ဆိုတာက အမြဲတမ်းပါနေကျ ကြော်ငြာတစ်ခုပါ။

    တကယ်တော့ မြန်မာပြည်မှာ အလုပ်အကိုင် အတွက်နေရာလပ်တွေအများကြီးရှိပါတယ်။

    တန်အောင်မပေး လို့ မလုပ်ကြတာလား

    ရလာတဲ့အလုပ်ကို မတန်ဘူးထင်လို့ မလုပ်ကြ တာ လားဆိုတာတော့

    စစ်တမ်းကောက်ကြည့် ဘို့ လိုနေပါပြီ

    • Ma Ma

      October 26, 2014 at 5:12 pm

      နှစ်မျိုးလုံးလည်း ဖြစ်လောက်တယ် ကိုပေါက်ရေ။
      အလုပ်ရှင်ဘက်ကလည်း ဘာလုပ်ပေးနိုင်မှာလဲ ဆိုပြီး တန်အောင်(မတန်အောင်) ခိုင်းချင်တယ်။
      ဝန်ထမ်းဘက်ကလည်း ဘယ်လောက်ပေးမှာလဲဆိုပြီး တန်အောင်(မတန်အောင်) ရချင်တယ်။

  • မမရေ

    အလုပ်လုပ်ချင်တဲ့ ကလေးတွေက လုပ်ငန်းအတွေ့အကြုံဆိုတာ ကို သဘောမပေါက်သေးဘူးဖြစ်နေတယ်

    ကျောင်းမှာ သင်လာတဲ့ စာနဲ့ လုပ်ငန်းခွင် မှ တကယ် လုပ်ရတာ ကွာဟချက်တွေရှိတာကို သဘောမပေါက်

    အဲဒီမှာ စ အခက်အခဲတွေ့ တော့ တာပါဘဲ

Leave a Reply