ရွှေကူ ဆိုတာ ထင်ရှားခြင်းမရှိလှတဲ့

ဧရာဝတီဘေးက မြို့ကလေးပါ

အဲဒီကစ ကျနော့်ဘဝ ၊

သူမ မြို့ပြမှာမွေး လှသွေးကြွယ်ဝ

ချမ်းမြခြင်းနဲ့အတူ ကျနော်လိုလူနဲ့ ခြားနားလှပေါ့ ၊

ဒါပေမယ့်လေ ဘဝဆိုတာ စိတ်ကူးထက်ဆန်း

အချစ်လမ်းမှာ မျက်နှာချင်းဆိုင်တွေ့

ကျနော်တို့ ပျော်မွေ့ခဲ့ပါတယ် ၊

ဒါပေမယ့်ကွယ်

ကော်ဖီခရေဇီက သူမ

ကျနော်က လဘက်ရည်

ငပိရည်ဆိုတာ ကျနော့်အကြိုက်

သူ ခိုက္တာက ဟမ္ဘာဂါ ခက္ဘူးလားဗ်ာ ၊

စိုင်းစိုင်း ဆိုတာ ကျနော်မသိခဲ့

ခနဲ့တဲ့တဲ့ သူ့စကား လှောင်သံများနဲ့ပေါ့ ၊

ကျနော့်ရင်မှာ ရှိနေတာက ကိုမြကြီးရဲ့  မခင်နှင်းဆီ

တစ်ဆောင်းသစ်ပြီ ဆိုတဲ့ ကိုသန်းလှိုင် အဆိုအလွမ်းပိုင်ပေမယ့်

သူကတော့ ပန်းနွယ်ကစိမ်း ဆိုတဲ့ တွံတေးသိန်းတန်စာသားကို

ဟစ်ဟော့လို ဆိုချင်ပါသတဲ့ ၊

ကဲ ဘယ့်နှယ်ရှိစ ကျနော်နဲ့သူမ ၊

( Jan 22, 2013  )

DSC_0215

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..