မမဲတူ၏လယ် မောင်ဖြူထွန်သင့် မထွန်သင့်

ရာမညOctober 25, 20141min1628

သာယာသောနံနက်ခင်းတစ်ခု၌ …
ကျွန်ုပ်သည် မှုခင်းဆိုင်ရာမှတ်တမ်းများအား ပြန်လည်ဖတ်ရှုနေရင်း လွန်စွာမှ ငြီးငွေ့လာသည်ဖြစ်၍ ကုလားထိုင်နောက်မှီအားမှီအုံးလျှက် အနားယူနေစဉ် ……

” ဆရာ … မနေ့က လုယက်မှုတရားခံတွေက်ိုဖမ်းလာပါပြီ ” ဟု
ကြားလိုက်ရသည်တွင်
ကျွန်ုပ်၏ အနားယူခြင်းအလုပ်သည် နိတ္ထိတံ သွားလေတော့၏ ။

” အေးအေး … ခေါ်လာခဲ့ကွာ တခါတည်း အမှုစစ်ကြစို့ ”

ကျွန်ုပ်သည် အမှုတည်ဆောက်ရန်အလို့ငှါ ထွက်ဆိုချက်များမှတ်သားရမည်ဖြစ်၍ ခဲတံ ဘောပင်နှင့် လျှောက်လွှာစာရွက်များ ပြင်ဆင်လိုက်လေတော့သည် ။
ကျွန်ုပ်ခေါင်းငုံ့၍ အလုပ်ရှုပ်နေစဉ်တွင် တရာခံဖြစ်သူအား ကျွန်ုပ်ရှေ့ထိုင်ခုံတွင်ထိုင်ခိုင်းထားပြီဖြစ်ရာ ကျွန်ုပ်မော့ကြည့်မိသောအခါ များစွာ စိတ်ညစ်ညူးမိလေတော့သည် ။
အကြောင်းမှာ – တရားခံဟု ယူဆ၍နယ်ထိန်းအဖွဲ့မှဖမ်းဆီးလာသောသူသည်
မိန်းမလျာ (အခြောက်မ) တစ်ဦးဖြစ်နေသောကြောင့်ပင်ဖြစ်လေတော့သည် ။

ကျွန်ုပ်မှာ အခြောက်များမြင်ပါက လွန်စွာပင် စိတ်မသက်မသာဖြစ်ရသည့်အားလျော်စွာ ယခု အမှုကိုစစ်ရမည့်အတွက်လည်း စိတ်ညစ်ညူးမိပါတော့၏ ။ ထို့ကြောင့်

” ဟေ့ကောင်တွေ … ဆရာသန်းနိုင်ကိုစစ်ခိုင်းလိုက်ကွာ … ဟိုရှေ့က အခန်းလွတ်ထဲခေါ်သွားလိုက်တော့ ” ဟု
ပြောလိုက်လေတော့သည် ။

ဆရာသန်းနိုင်ဆိုသည်မှာ အလုပ်သင်အရာရှိဖြစ်ပြီး ကျွန်ုပ်နှင့်တွဲလျက် ကိုင်တွယ်နေသူဖြစ်လေသည် ။

———————————————————–

နေ့လည် ထမင်းစားပြီးချိန်၌ ဆရာသန်းနိုင်နှင့်အတူ အဆိုပါအမှုအား တည်ဆောက်ရေးသားကြရင်း မှုခင်းဆိုင်ရာဖြတ်ထုံးများအကြောင်းပြောမိကြသည် ။
ဤတွင် ကျွန်ုပ်မှာ ငယ်စဉ်ကလေးဘဝကနေထိုင်ခဲ့ဖူးသော ဇာတိရွာလေးမှအဖြစ်အပျက်လေးတစ်ခုအား သတိယမိလေတော့သည် ။
ထိုစဉ်က တောရွာဖြစ်သည့်အားလျော်စွာ ရွာလူကြီးကို သူကြီးဟုပင် ရှေးကခေါ်ဝေါ်သည့်အတိုင်း ခေါ်နေသေးသည်ဖြစ်ရာ ကျေးရွာကောင်စီ
ဥက္ကဌသည် သူကြီးမင်းဖြစ်နေပါတော့သည် ။

ရွာ၌ ဦးကျော့ ဟူသည့် အဖိုးကြီးတစ်ဦးရှိသည် ။ သူ့ထံ၌ အသားအလွန်မဲလေသော စန်းစန်းတင့်ဟူသည့်သမီးလေးတစ်ယောက်ရှိလေသည် ။
ထို စန်းစန်းတင့်အား ရွာမှလူများမှ ငယ်စဉ်ထဲက နာမည်အပြောင်အပျက်ပေးထားလေရာ စန်းစန်းတင့် ဟု မည်သူမျှမခေါ်တော့ပါ ။
ငယ်နာမည် “မဲတူမ” ဟူ၍သာ ခေါ်ကြလေသည် ။
စန်းစန်းတင့်ဟူသော နာမည်သည် ထန်းရွက်နှင့်ဖွဲ့လေသော ဇာတာခွင်၌သာရှိလေ၏ ။ သူ့ကိုသူလည်း “မမဲတူ” ဟူ၍ကျေနပ်စွာ ခံယူထားလေသည်ဖြစ်သောကြောင့် စန်းစန်းတင့်ဟုခေါ်လျှင်လှည့်ကြည့်ခြင်းမပြုမိပေ ။

မမဲတူ အရွယ်ရောက်လာပြီးသည့်နောက် လယ်ယာလုပ်ငန်းခွင်အားဦးဆောင်လုပ်ကိုင်သည်ဖြစ်ရာ ဖခင်ဖြစ်သူဦးကျော့မှာ တစုံတရာ ဝင်ရောက်ပြောဆိုခြင်းမရှိတော့ပေ ။
ရွာလယ်စကားဝိုင်းများ၌သာ အာပေါင်အာရင်းသန်သန်ဖြင့် ငြင်းခုံရင်း လယ်ယာမြေလုပ်ငန်းအား မမဲတူ သဘောသာလုပ်ကိုင်စေတော့သည် ။

တစ်နေ့သ၌ ……
လယ်ယာမြေများထွန်ယက်စေရန် နှစ်ရှည်စာချုပ်ဖြင့် လယ်သူရင်းငှါးတစ်ဦးလိုအပ်သည်ဖြစ်၍ မည်သူနှင့်သင့်တော်မည်ကို ရွေးချယ်လေတော့သည် ။ အပေးအကမ်းရက်ရော၍ သဘောကောင်းလှသော မဲတူမထံတွင် လယ်ထွန်လိုသော ကာလသားများမှာ
သူ့ထက်ငါ အလုအယက်စာရင်းပေးကြသည် ။
တချို့ကာလသားများက ပင်ထောင်ကြေးမျှဖြင့်ထွန်မည်ဟူ၍လည်းကောင်း – – –
တချို့ကာလသားများက အမတော်ကြေး မျှဖြင့် ထွန်မည်ဟူ၍လည်းကောင်း – – –
တချို့ကာလသားများက တစ်နေ့နှစ်နပ်စားရယုံဖြင့် ထွန်မည်ဟူ၍လည်းကောင်း – – –
အသီးသီးအဆိုတင်သွင်းနေကြရာ ကြက်ပျံမကျ စည်ကားလှပေတော့သည် ။

ထိုသူများထဲတွင် လွန်စွာမှထုံထိုင်းညံ့ဖျင်းနုံချာ လှသော မောင်မိုး ဟူသည့် လူငယ်တစ်ဦးနှင့် လွန်စွာခန့်ညားချောမော၍ ဆက်ဆံရေးအထူးကျွမ်းကျင်ကောင်းမွန်သည့် မောင်ဖြူ ဟူသည့်လူငယ်တဦးလည်းအပါအဝင်ဖြစ်သည် ။
ဤသို့ဖြင့် မမဲတူသည် လယ်ထွန်ခြင်းအမှုကို မည်သူပိုကျွမ်းကျင်သနည်းဟု စမ်းသပ်ထွန်ခိုင်းရင်းလေ့လာပါတော့သည် ။
ကာလသားများသည်လည်း စစ်ဆေးမှုအောင်စေရန် အားကျိုးမန်တက်မနားတမ်းထွန်သည် ။
စမ်းသပ်လယ်ကွက်မှာ လူတကာထွန်ရင်းဖြင့် ဗွက်ပေါက်ပြီးလျှင် စိုက်ပျိုးမရသော ရွံ့ညွှန်တော အဖြစ်သို့တိုင်ရောက်ရှိသွားခဲ့သည် ။
နောက်ဆုံး၌ မမဲတူသည် မောင်ဖြူအား နှစ်ရှည်ထွန်ယက်စေရန် အပြီးအပိုင်ရွေးချယ်လိုက်လေသည် ။

ကျန်သောကာလသားတို့မှာကျေနပ်စွာ ထွက်ခွါသွားကြသော်လည်း မောင်မိုး ဟူသည့်ကာလသားသည် သနားစဖွယ် တွယ်ကပ်နေသောကြောင့် အလုပ်တစ်ခုရှာကြံပေးရလေ၏ ။
မောင်မိုး၏အလုပ်မှာ နွားစာကျင်းအနီးရှိကောက်ရိုးပုံနှင့် စပါးခွံများထည့်ထားသောကျီ အားစောင့်ရန်တာဝန်ပေးလိုက်ရသည် ။
မောင်မိုးမှာ ကောက်ရိုးပုံစောင့်ခွင့်ရသည်ကိုပင် ကျေနပ်လွန်းနေသည်ဖြစ်ရာ ကောက်ရိုးပုံအနီးခွေးတစ်ကောင်ကြောင်တမြီးမျှဖြတ်သန်းခွင့်မပြုပေ ။ အနီးရောက်သည်နှင့် ရန်လိုခြင်းအမှုကိုပြုလေ၏ ။

ဤသို့ဖြင့် လယ်လုပ်သားမောင်ဖြူသည် မမဲတူ၏လယ်အား ထွန်ခွင့်ရပြီး မကြာလှသောကာလတွင် လယ်ထွန်ခြင်းအမှုအားမပြုနိုင်တော့ကြောင်းပြော၏ ။
မမဲတူကလည်း အတင်းအကျပ်ထွန်ယက်ရန်စေခိုင်းလေရာ ရွာသူကြီးထံသို့ရောက်ကြရတော့သည် ။

လယ်ကွက်ပိုင်ရှင်နှင့် လယ်လုပ်သားအမှုဖြစ်လေသောကြောင့် တရွာလုံးအုန်းအုန်းကျွက်ကျွက် လာရောက်ကြည့်ရှုကြလေသည် ။
မောင်မိုးတစ်ယောက်မှာ သစ္စာရှိစွာ လယ်ထွန်ခြင်းအလုပ်ကိုမလုပ်လေသော မောင်ဖြူအား ဒေါသချောင်းချောင်းထွက်နေပါတော့သည် ။
မိမိနှင့်သာ နေရာခြင်းလဲလိုသော်လည်း မမဲတူ သဘောသာဖြစ်၍ ကောက်ရိုးပုံ၌ ဗိမ္ပန်လုပ်၍ စောင့်ရခြင်းဖြင့်ကျေနပ်ရသည်။
နှစ်ဖက် အမှုသည်များအားကြားနာချိန်ရောက်သော် သူကြီးမင်းက

” ကိုင်း – ကျုပ်ရွာသူ ရွာသားများ အမှုကိုစတင်စွဲဆိုနိုင်ပါပြီ – – – ပရိတ်သပ်များ ငြိမ်သက်စွာကြားနာပါ ”

“ဒူ ……… ”

မောင်းသံဖြင့် အချက်ပေးလိုက်ပြီးသောအခါ မောင်ဖြူမှ မိမိအနေဖြင့် မမဲတူ၏လယ်အား မထွန်ယက်နိုင်တော့ကြောင်း အောက်ပါအတိုင်းပြောလေ၏ ။

” အသားမဲမဲ ၊
သွားကျဲကျဲနှင့် ၊
မဲမဲတူတူ ၊
မမဲတူ ၏ ၊
တောထူမြက်ကြမ်း ၊
မြေဆီ ခမ်းခြောက် ၊
ဗွက်ပေါက် နုံးထူ ၊
လူတကာ စမ်း ၊
မြေကြမ်းသည့်လယ် ၊
မောင်ဖြူဆက်လက် ထွန်သင့် မထွန်သင့် ဆင်ခြင်သုံးသပ်တော်မူပါ သူကြီးမင်းခင်ဗျာ – – -”

မောင်ဖြူ လျောက်ထားသောအလှည့်ပြီးသည်နှင့် မမဲတူမှလည်း – – –

” ရှေး ကလည်းမဲ ၊
ယခုလည်းမဲသည့် ၊
အတွင်းသဘောဖြူ ၊
မမဲတူ ၏ ၊
ကြည်ဖြူပေးဆက် ၊
ဤလယ်ကွက်ကို ၊
မောင်ဖြူ ဆက်လက်ထွန်သင့် မထွန်သင် ့
ဆင်ခြင်သုံးသပ်ပေးပါ သူကြီးမင်းခင်ဗျာ – – – ”

အထက်ပါ အတိုင်း မည်သို့ကြောင့်ဆက်ထွန်သင့် မထွန်သင့်ကို နှစ်ဦးနှစ်ဖက်မှတင်ပြ ကြားနာပြီးသည်တွင် —
သူကြီးမင်းမှာ အမှုစီရင်ခြင်းအလုပ်ကို ကောင်းစွာပြုလေတော့သည် ။

“ဒူ ဒူ ဒူ . . သူကြီးမင်း အမိန့်တော် မှတ်မယ် – – ”

” အဟမ်း အဟမ်း … မဟာဝင် ရာဇဝင်များတွင်သာမက ရာဇသတ် ဓမ္မသတ် ကျမ်းများနှင့်အညီ ဒီပနီ နီတိ အလုံးစုံညှိလေသော် – – – – – ”

– – – – — – – – – – – – – – – – – – – – – – – – – – – – – – –

” ဝင်ခွင့်ပြုပါ ဆရာ ”

စာရေးကြီး ရောက်လာသောကြောင ့် ကျွန်ုပ်၏ အတွေးများ ရပ်တန့်သွားလေသည် ။

” ပြောပါဦး စာရေးကြီး ဘာအရေးပေါ်လာလို့လဲ ”

” သတင်းပို့ချက်ရထားပါတယ် ဆရာ – – –
သမီးရီးဇားချိန်းတွေ့ရင်း ကောင်မလေးက ကောင်လေးကို ဓါးနဲ့ထိုး လိုက်လို့တဲ့ ”

“ဟေ ! ”

ကျွန်ုပ်မှာ ကြီးစွာသော စိတ်ညစ်ညူခြင်းများဖြင့် ရှေ့ဆက်လုပ်ဆောင်ဖွယ်များကို တွေးတောနေမိပါတော့သည် ။

ကြိုးစားပါဦးမည်
ရာမည

8 comments

  • မမချွိ

    October 26, 2014 at 9:16 am

    မရဘူးးးဟေ့!!
    ဆုံးးးအောင်ဆက်တွေးးး
    အဖြေရတဲ့ ထိ ဆက်တွေးးပေးးး

    :kwi:

  • ဦးကြောင်ကြီး

    October 26, 2014 at 11:14 am

    ကောင်လေးက ကောင်မလေးကို ဘာလုပ်လို့ ဓါးကြီးနဲ့ ထိုးပစ်ရဒါတုံး…

  • Yae Myae Tha Ninn

    October 27, 2014 at 10:37 am

    အင်း.. အလုပ်ပေးတရားတော့ စ ပြီ… 🙂

  • Novy

    October 27, 2014 at 10:48 am

    ကောင်မလေးက ကောင်လေးကို ဓါးနဲ့ဘာလို့ထိုးသလဲဆိုတော့
    ဈေးဦးမပေါက်ခင် အလကားအမြည်းနှိုက်စားပြီး ဝယ်မစားလို့တဲ့
    (မြေပဲပြုတ်)

  • kyeemite

    October 27, 2014 at 1:11 pm

    .ခုံတော်မောင်ကျပန်းအမှုနဲ့လာတိုးနေတာကိုးဗျ :k:

  • Wow

    October 27, 2014 at 1:41 pm

    အူးအူးရဲဂျီး ကွင်းဆင်းလေ့လာ ဆင်ခြင်သုံးသပ်သင့်ပါဂျောင်း :mrgreen:

  • hmee

    October 28, 2014 at 9:12 am

    ခုံ​တော်​ ​မောင်​ကျပန်​း စာအုပ်​မှာ တဖက်​အမှုသည်​က မဲမဲတူတူ မိမဲတူကို ​မောင်​ဖြူ ​ပေါင်​းသင်​့ မ​ပေါင်​းသင်​့တဲ့။ ​မောင်​ကျပန်​းက ပြန်​လည်​​ချေပတာက ယခုမှ မမည်​း ​ရှေးက မည်​းသည်​့ မဲမဲတူတူ မိမည်​းတူကို ​မောင်​ဖြူ ကွာထိုက်​ မကွာထိုက်​တဲ့။ ငယ်​ငယ်​က သိပ်​ကြိုက်​ခဲ့တဲ့ စာအုပ်​​လေးမို့ ​တော်​​တော်​များများကို အခုထိ အလွတ်​ရ​နေ​သေးတယ်​။ 🙂

Leave a Reply