ခဏလေး အတွင်းမှာဘဲ…………..(ဓါတ်ပုံပိုစ်)

“ခဏလေး အတွင်းမှာဘဲ…………..(ဓါတ်ပုံပိုစ်)”

1 ပြည့်သူ့ ရင်ပြင်မှ ဖူးမြင်ရတာ
1 ပြည့်သူ့ ရင်ပြင်မှ ဖူးမြင်ရတာ
2 ရေပန်းများအကြားမှ
2 ရေပန်းများအကြားမှ
3 ရောင်စုံအလင်းတန်းများဖြင့်
3 ရောင်စုံအလင်းတန်းများဖြင့်
4 အပြောင်းအလဲလေး
4 အပြောင်းအလဲလေး
5 ဖုံးကွယ်၍
5 ဖုံးကွယ်၍
6ပျော်နေကြသူများ
6ပျော်နေကြသူများ

ပြည်သူ့ရင်ပြင်ကို လုလင်နဲ့ကျနော်တစ်ခါ သွားရို်က်ဘူးပါတယ်။

ဟိုတစ်လောက ကိုစိန်သော့ ပြည့်သူ့ရင်ပြင်က ရေပန်းပုံကို

ဖေစ်ဘုတ်မှာတင်ပါတယ်။

ကျနော်ရိုက်ချင်တယ်ပြောတော့ ပြည့်သူ့ရင်ပြင်မှာ

ညနေ ခြောက်နာရီခွဲကနေ  ရ နာရီခွဲထိရေပန်းဖွင့်တယ်ပြောပါတယ်.

ဒါနဲ့ဘဲရန်ကုန်ရောက်ရောက်ခြင်း ညမှာ

အပြေးအလွှားသွားလို့ရေပန်းများကို ဖမ်းခဲ့ကြောင်းပါခင်ဗျာ။

 

 

ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ

25-10-2014

22 comments

  • တောင်ပေါ်သား

    October 25, 2014 at 3:52 pm

    ကျုပ်တို့များ ပြည်သူ့ဥယျာဉ်နဲ့ ကား ၄ မှတ်တိုင်လောက်ပဲ ရှိတာကိုတောင် မရောက်ဖြစ်ပါဘူးဗျာ ၊

    ဒီလိုမြင်ကွင်းမျိုး ကိုပေါက်ကြောင့်သာ မြင်ရတာပါဗျိုး ၊ ဘရာဗို

  • အော် …………
    တောကလူ မြို့ရောက်တော့ လျောက်သွား တာပေါ့။

    မြို့ကြီးသားတွေ မထူးဆန်းတာ က တောကလူတွေအဘို့ ထူး ဆန်း နေ တာပေါ့

    ကိုကိုမျိုးရဲ့

    ပထမဆုံးဝင်မန်းပေးတာကျေးဇူးပါ

  • မမချွိ

    October 25, 2014 at 4:50 pm

    လှလိုက်တာဗျာ။
    အတော်သဘောကျလိုက်တာ။

  • eel sophie

    October 25, 2014 at 6:53 pm

    လှလိုက်​တာ… ကို​ပေါက်​ရဲ့ရိုက်​ချက်​က လှလွန်​းလို့ မြန်​မာဂဇက်​မှာ ပထမဆုံးမှတ်​မိသွားတာ ကို​ပေါက်​နာမည်​ပါပဲ။ 🙂 ညီမက new face ပါ။ မ​နေ့ကမှ စ join တာပါ။ ​နောက်​လည်​း ပုံ​ကောင်​း​လေး​တွေ တင်​​ပေးပါဦး​နော်​။
    P.S မသိလို့​မေးတာ​နော်​။ ဒီ site ထဲက post ​တွေကို ပြန်​ share လို့ရလား၊ ကို​ပေါက်​ပုံ​တွေ share ချင်​လို့ပါ။ (not in FB and G+)

    • eel sophie ရေ

      ပုံလေးတွေ နှစ်သက်တယ်ဆိုလို့ ကျေး ဇူးတင်ပါတယ် ခင်ဗျာ

      ကျနော့်ပုံတွေကို ရှယ်နိုင်ပါတယ်ခင်ဗျာ
      ကျနော်ကတော့
      ဓါတ်ပုံတွေလဲ တင် စာတွေလဲရေးတဲ့ ရွာသားကြီး တစ်ဦးပါဘဲခင်ဗျာ

  • weiwei

    October 25, 2014 at 7:47 pm

    မှန်တာပြောရရင် ရန်ကုန်မှာနေပြီး ပြည်သူ့ရင်ပြင်ထဲကို တစ်ခါမှ မရောက်ဖူးသေးဘူး …
    တစ်ခေါက်လောက် သွားချင်စိတ်ပေါ်လာပြီ ..

  • မဝေရေ ပြည့်သူ့ရင်ပြင် ကိုနောက်တစ်ခေါက်ထပ်သွားဘို့ လုပ်ပေမယ့် အဲ ဒီည က မိုးရွာလို့ မရိုက်ခဲ့ရဘူး

    သွားပြီး ရိုက်သင့်တဲ့နေရာ ပါ မဝေရေ

  • Foreign Resident

    October 26, 2014 at 3:52 am

    အင်း ၊ ဘေးကသာ ခဏခဏ ဖြတ်တာ ၊ အထဲ မရောက်တာ ကြာလှပေါ့ ။
    အခုဆို အဲဒီမှာ စားသောက်ဆိုင် ကောင်းကောင်းတွေလဲ ရှိလာပြီမို့ ၊
    တစ်ညလောက် သွားဦးမှပါဘဲလေ ။

    အဖေါ်လိုတယ် ၊ အဖေါ်လိုတယ် ၊ ဘယ်သူနှင့် သွားရပါ့ ။ ဟီ ဟိ ။

  • မမချွိ

    October 26, 2014 at 9:22 am

    ဥပေါက်
    ရန်ကုန် ည ဆိုပြီးးး ခေါင်းးစဉ်နဲ့
    နေရာ အနှံ့ ရိုက်လာတဲ့ ထဲက
    မီးးရောင်စုံ နဲ့ အလှဆုံးးးပုံတွေ သီးးသန့် တင်ပါလားးဗျို့
    Photos Qualities are better and better.. !!

  • ရန်ကုန်ကိုမနှံ့ခဲ့ပါဘူ မယ်ချွိရယ်

    ကန်တော်ကြီးအရှေ့ဖက်ခြမ်းရယ်

    ပြည်သူ့ရင်ပြင်ရယ်

    ရွှေတိဂုံ ရယ်ဒါဘဲရောက်ခဲ့တာပါ

  • အလင်းဆက်

    October 26, 2014 at 10:16 am

    အခုတလော… အဲ့ဒီ အထင်ကရ ပန်းခြံတွေ လှပဖို့…
    အတော် ပြင်ဆင်နေတာတွေ့တယ် ။

  • Yae Myae Tha Ninn

    October 27, 2014 at 9:47 am

    နံပါတ် ၄ ကို ကြိုက်ဘူး.. ဘုရားက ၂ ထပ်ဖြစ်နေတယ်.. ကျန်တာတော့ ကောင်းပါတယ်… တကယ် ရေပန်းရှိမှန်းတောင် မသိဘူး.. ကြည့်မြင်တိုင်နေပြီးဗျာ… 🙂

      • Yae Myae Tha Ninn

        October 27, 2014 at 4:51 pm

        ဟုတ်ကဲ့ပါ.. လေးပေါက် ကျွန်တော်က တင်ပြတဲ့ ပုံစံကို မမြင်မိလိုက်တာပါ… 🙂

  • Novy

    October 27, 2014 at 12:21 pm

    ဓါတ်ပုံတွေအရမ်းကိုလှပါတယ်လေးပေါက်ရေ..
    တစ်ခါမှ ရောက်ဘူးပါ

    နောက်ပြီးရန်ကုန်ရောက်တာဖုံးလေးတောင်ဆက်ဖေါ်မရဘူးစိတ်ကောက်ပါတယ်

    • စိတ်မကောက်ပါနဲ့မနိုရေ

      ဟုတ်တယ်ဗျ ကျနော်မှားသွားတယ် မတွေ့ နို်င်တောင်မှ ရန်ကုန်ရောက်နေတယ်ဆိုတဲ့အကြောင်း

      မိတ်ဆွေတွေကိုသတင်းပေးသင့်တယ်

  • pooch

    October 27, 2014 at 1:00 pm

    မရောက်ဖူးဘူး အဲ့လို ချိန် ပုံတွေလှတယ်

  • မယ်ပု ရေ အခု မန်းလေးမှာနေတာလား ရန်ကုန်မှာနေတာလား

    မန်းလေးညက လဲ တစ်မျိုးလှ

    ရန်ကုန်ညကလဲတစ်မျုးိလှ ပါ သဗျာ

  • kyeemite

    October 27, 2014 at 1:53 pm

    .ဗဲရီးဂွတ်ဖိုတိုရှော့….

  • ကိုမိုက်

    မှားနေပြီ

    ကျနော်က ဖိုတိုရှော့ကို နာမယ် ထိုးရုံလောက်ဘဲသုံးပါတယ်

    ကင်မရာမှာပါတဲ့ အလင်းအမှောင်ကို ကစားပြီး ရိုက်ထားတဲ့ပုံတွေပါ

Leave a Reply