“ရှက်……………….”

“ရှက်……………….”

 

လက်ကမ်းစဉ်က

တိတ်တဆိတ်

လမ်းခွဲသွားတော့

လူသိရှင်ကြား

ရှက်များရှက်မိပါရဲ့။

 

ရောက်လာစဉ်က

တိတ်တဆိတ်

ပြန်ထွက်သွားတော့

လူသိရှင်ကြား

ရှက်များရှက်မိပါရဲ့။

 

ပြန်တောင်းပန်တော့

တိတ်တဆိတ်

စော်ကားစဉ်က

လူသိရှင်ကြား

ရှက်များရှက်မိပါရဲ့။

 

ပြန်ယူသွားတော့

တိတ်တဆိတ်

ပေ းစဉ်တုံးက

လူသိရှင်ကြား

ရှက်များရှက်မိပါရဲ့။

 

ငိုရတဲ့အခါ

တိတ်တဆိတ်

ပျော်စဉ်တုံးက

လူသိရှင်ကြား

ရှက်များတောင်ရှက်မိပါရဲ့။

 

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

9-10-2014

 

 

 

 

8 comments

  • မမချွိ

    October 26, 2014 at 9:11 am

    စကားး ပုံ တောင် ရှိသေးးးကော….
    ဘာတဲ့!!!
    ဝင်တုန်းး ကတော စည်ကြီးး တီးးးဝင်ပြီးးး
    ထွက်တော့မှ ခေါင်းးမြီးးခြုံ ထွက်သွားးးတာတို့ ဘာတို့…..
    ကဗျာ စကားးးလုံးးးတွေက ကွက်တိဗျားးး
    ရေးးးတတ်လိုက်တာ…
    Bravo…!!

  • ကျနော့်အဖွား ခဏ ခဏပြောဘူးတယ်

    ပိုက်ဆံဆိုတာ တဲ့

    ဝင်တုံးက စည်တီး ဝင်လာပြီး

    ထွက်သွားတော့ ခေါင်းမြီးခြုံပြီး ထွက်သွားတာ တဲ့

    အဲ့ဒါလေးကို သတိရ တာက နေ ဒီကဗျာလေး ကောက်ရေးမိတာပါ

  • Yae Myae Tha Ninn

    October 27, 2014 at 9:50 am

    လခစား ဘဝကတော့ ဝင်လဲ စည်မတီးပါဘူးဗျာ… ဘာဖြတ်မလဲပဲ ကြည့်နေရတာ… ထွက်တာမှ စည်ကြီးနဲ့ ဘာအတွက် ဖြတ်တယ်ဆိုပြီး စာရွက်မှာပါတယ်… 🙂

  • kyeemite

    October 27, 2014 at 10:24 am

    .အတွေးကောင်းအရေးကောင်းလေးပါလား…ဂွတ်တယ်ဗျာ

  • Novy

    October 27, 2014 at 12:26 pm

    မှန်လိုက်လေ
    လေးပေါက်ေ၇…
    ပိုက်ဆံများထွက်လိုက်တာ “ဆီလိုအပေါက်ရှာ” ဆိုတဲ့အတိုင်းပါပဲ

  • Ma Ma

    October 27, 2014 at 4:02 pm

    ကြားဖူးတာတော့ ………..

    လူက ခြေ၂ချောင်း၊ ငွေက ခြေ၄ချောင်း ရှိတယ်။
    ငွေက ထွက်ချင်ရင်လည်း လိုက်လို့မမှီဘူး။
    ငွေက လာချင်ရင်လည်း ပြေးလို့ မလွတ်ဘူးတဲ့။

Leave a Reply