မိဘ ပြည်သူများ ခင်ဗျားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

alinsettOctober 28, 20143min26521

van

 

 

 

 

” မိဘ ပြည်သူများ ခင်ဗျား ”

အာရုံအလှည့်အပြောင်းနဲ့
သတင်းစကားတွေ  အတင်း ပါးတယ်။
ခပ်စပ်စပ်ကလေးပေါ့. . .
လုပ်ကြံဇာတ်လမ်းကြီးတစ်ပုဒ်
ပွဲထုတ်မယ့် အထာနဲ့
မီဒီယာတံခါးချပ်တွေကိုမှ တဖျောင်းဖျောင်း ဖွင့်ချပြလိုက်တယ်။

~~~~~~~

တံခါးကြား ညပ်သွားတဲ့ ကြောင်တွေလို
ညှောင်နာနာ အော်လိုက်ကြဦးပေါ့ကွယ်. . .
ဒို့အရေး ဒို့အရေး . . .ရယ်လို့. . .
(ဝဋ်နာကံနာ အသံနာနာ. . . အကဲပါပါနဲ ့)

~~~~~~~

” အဟမ်း”
”မိဘပြည်သူများခင်ဗျား”
”ကျွန်တော်တို့ စီးနင်းလိုက်ပါလာတဲ့ ယာဉ်ကြီးဟာ
မိုးထိအောင် ပျံတက်ဖို့ ရည်မှန်းချက်အတုအယောင်နဲ့
လက်ရှိ ပေအမြင့် ၂၀၁၅ မှာ
မနေမနားသွားနေပါကြောင်း”
(ရာသီတွေ နောက်ကြောင်းပြန်လှည့်နေမှန်း
မသိလိုက် မသိသာဖို့အတွက် နှစ်သိမ့်စကားတွေ တရုန်းရုန်းပွင့်၊
ဆယ့်နှစ်ရာသီ ပန်းတွေလိုပေါ့။
 မွှေးတော့ မွှေးတယ် )

~~~~~~~

Next နဲ ့သာ ကျော်ချလိုက် ။
အဲဒီ ပျားရည်တွေမှာ ပါဝင်တဲ့
ဝမ်းနှုတ်ဆေးနံ ့ကိုတော့. . .
ရတတ်ဖို ့လိုကြောင်း သိရမယ်။
ရာဇဝင် ရိုင်းလက်စနဲ့ပေါ့။

~~~~~~~

ဒီနေ ့ ခေါင်းပေါင်းတွေ ဖြူနေဖို ့
အနာဂတ်မှာ ထတောက်မယ့် မီးစတွေကို
လောင်စာ ကြိုပစ်ထားကြောင်း
ဘီလူးဆောင်းတဲ့ ခေါင်းပေါင်းကြီးက
ပြောမပြနိုင်ရှာဘူး။

~~~~~~~

Van Gogh  မွေးထုတ်လိုက်တဲ့ …
အာလူးလောက်နဲ့တောင် ဆာလောင်နေရသူတွေ လိုမျိုး။
ပြည်တွင်းစစ်ကို သနားတယ်ဆိုတဲ့
ဝမ်းတွင်းစစ်နဲ့ ကိုယ်နဲ ့ ထိုးစစ်ဆင်နေရသူတွေအတွက်တော့. . .
ယူနီဖောင်းအစိမ်းနဲ့ ခေါင်းပေါင်းယိမ်းယိမ်း
တွဲ ဝတ်လည်း မထူးပါဘူး။
ရူးတယ်အပြောမခံနိုင်လို့လည်း
ထူးမပြရဲရှာခဲ့တဲ့ မိဘပြည်သူတွေမို ့ ။

~~~~~~~

ရေတွင်းတွေ တူးပြတာများပြီ
ဟောတစ်တွင်း ဟောတစ်တွင်း။
ကြာပါပြီ။
ရေကြည်မသောက်ရတာများလို ့ အာခေါင်လည်း ခြောက်လှပြီ။
ရှေ ့တိုးလည်း မရိုးသားတော့မယ့်အစား . . .
မလွှဲသာရင်
အသည်းနာနာနဲ ့ပဲ . . .
ပြန် ရစ်ကြည့်ရပါဦးမယ်။
 ”မိဘပြည်သူများခင်ဗျားးး ”ဆိုတဲ့ စကားလုံးထဲ
တကယ် ရေငတ်ပြေမှာများ
တစ်စက်လောက် ပါမလားလို ့။

~~~~~~~~~~~~~


အလင်းဆက်


၂၀၁၄၊ အောက်တိုဘာ၊ ၂၅
( 20 : 56 )

21 comments

  • မမချွိ

    October 28, 2014 at 9:46 am

    Credit Cartoon Win Aung

    မှန်သူအကျိုးပေး

    ရွှေဝါရောင်တော်လှန်ရေးမှာ
    ပစ်သတ်ခံခဲ့ရတဲ့ ဂျပန်သတင်း
    ထောက် ကင်ဂျိနာကာဟိနဲ့ ကိုပါကြီး ကောင်းကင်ဘုံတခု
    မှာသွားဆုံတယ် ဒါနဲ့ နာကာဟိ က
    “ခင်ဗျားက အလွတ်သတင်း
    ထောက်ဆို ဘာဖြစ်လို့ ဒီကို
    ရောက်လာတာလဲ”
    ကိုပါကြီးက “ပစ်သတ်ခံရလို့ဗျ”
    “ဗျာ ဘယ်နိုင်ငံမှာလ”ဲ
    ” မြန်မာနိုင်ငံမှာ”
    “ဟာဗျာ ကိုယ့်လူကလဲ ကျုပ်က
    ရှေ့သွားရှိရဲ့သားနဲ့ အဲဒီနိုင်ငံကို
    ဘာဖြစ်လို့သွားရတာလ”ဲ
    “ကျုပ်က မြန်မာနိုင်ငံသားဗျ”
    ” ဖြစ်ရလေဗျာ ဒါထက် ခင်ဗျား
    တို့ နိုင်ငံက စနစ်ပြောင်း
    သွားပြီဆို
    “ပြောင်းမပြောင်းတော့ မသိဘူး
    ခင်ဗျား ပစ်သတ်ခံရတုန်းက
    ဝန်ကြီးချုပ်က ခု သမ္မတပ”ဲ
    “ခူးရား”
    ဟု အော်ဟစ်ကာ ကင်ဂျိနာကာဟိ
    တယောက် မြန်မာပြည်နဲ့ ဝေးသထ
    က်ဝေးရာ ၃၁ဘုံအပြင်ဘက်သို့
    ကဆုန်ဆိုင်း ထွက်ပြေးသွား
    ပါကြောင်း ။ ။

    (ကိုပါကြီးအတွက် ထိခိုက်ကြေကွဲ
    နေသော ရဲဘော်များအတွက်
    ကျနော်တတ်နိုင်တဲ့ ဖြေဆေးလေး
    တခု မျှဝေလိုက်တာပါ)

    WA

    • အလင်းဆက်

      October 28, 2014 at 9:51 am

      ကိုပါကြီးကိစ္စ တကယ် စိတ်ထဲ မကောင်းဘူး ။
      တနုံ့နုံ့နဲ့….ဆိုတာကြီး ဖြစ်နေတယ်ဗျာ…

      🙁

  • Moe Ma Har

    October 28, 2014 at 10:02 am

    မိဘပြည်သူများခင်ဗျား၂၀၁၅ရွေးကောက်ပွဲကမသေချာနိုင်တော့ကြောင်းပါ

    • အလင်းဆက်

      October 28, 2014 at 10:22 am

      :k:

      Van Gogh မွေးထုတ်လိုက်တဲ့ …
      အာလူးလောက်နဲ့တောင် ဆာလောင်နေရသူတွေ လိုမျိုး။
      ပြည်တွင်းစစ်ကို သနားတယ်ဆိုတဲ့
      ဝမ်းတွင်းစစ်နဲ့ ကိုယ်နဲ ့ ထိုးစစ်ဆင်နေရသူတွေအတွက်တော့. . .
      ယူနီဖောင်းအစိမ်းနဲ့ ခေါင်းပေါင်းယိမ်းယိမ်း
      တွဲ ဝတ်လည်း မထူးပါဘူး။
      ရူးတယ်အပြောမခံနိုင်လို့လည်း
      ထူးမပြရဲရှာခဲ့တဲ့ မိဘပြည်သူတွေမို ့ ။

  • Yae Myae Tha Ninn

    October 28, 2014 at 10:52 am

    မိဘပြည်သူများ ခင်ဗျာကို.. ဘယ်မှာ ကြားဖူးပါလိမ့်… 🙂

    • အလင်းဆက်

      October 29, 2014 at 7:02 am

      မြို့ပတ် ရထားပေါ်မှာနေမှာပေါ့။
      မြို့ပတ်ရထားပေါ်မှာ အစာကြေဆေး လိုက်ရောင်းတဲ့ ဈေးသည် လေသံလေ

      :k:

  • MAUNG

    October 28, 2014 at 10:52 am

    ကောင်းတယ် bro
    တစ်ပိုဒ် ချင်းစီ တစ်ကြောင်း ချင်းစီ ခံစားသွားတယ်

  • ခင် ခ

    October 28, 2014 at 11:34 am

    နှစ်သိမ့်ကာ ချိုတဲ့စကား
    ပြောတာလဲ မင်း ပါဘဲမို့
    ကျယ်လွန်းတဲ့ တိုင်းပြည်ဝယ်
    ဦးမနိုင်ပဲ့နင်း ရှေ့ဖိနောက်ပေါ်
    ဖြစ်လှတယ် ဇာတ်လမ်းတွေနော်
    လူကြမ်းရယ် မဖြစ်ချင်စမ်းပါနဲ့
    တကယ်အမှန် စေတနာနဲ့သာ
    လုပ်ပြပါ ညာမနေနဲ့
    တိုးတက်တာ တကယ်မြင်ရရင်ဖြင့်
    ကျေးဇူးရယ်တင်ကြမယ်မဆုံး
    ခုများတော့ ဘယ်လိုဖြစ်တယ်
    မင်း တို့အသိပါကွယ်။

    • အလင်းဆက်

      October 29, 2014 at 6:55 am

      လေးခ
      ဒီကွန်မန့်ကိုက ကဗျာလေးတစ်ပုဒ်ပဲ
      ကဗျာတောင်မှ ရစ်သမ်မိမိနဲ့ အတော် လှတဲ့ကဗျာပဲ။
      စာသားနောက်ကွယ်က အဓိပ္ပာယ် အကြောင်းချင်းရာတွေသာ
      လှနေခဲ့ရင် . . .

  • kyeemite

    October 28, 2014 at 11:39 am

    .“မိဘပြည်သူများ ခင်ဗျာ”မဟုတ်ပါဘူး…ကျုပ်ကြားနေတာတော့…“မိဘပြည်သူများ ခံ… ဗျား” 👿 👿

    • အလင်းဆက်

      October 29, 2014 at 6:57 am

      ဟုတ်ပါ့ ဦးကြီးရာ

      ဟိုတနေ့ကတောင် ဂျာနယ်တစောင်ထဲ ကာတွန်းတကွက်
      အတော်သဘောကျမိတယ်။

      ကာတွန်းက တိုတိုထိထိမိမိလေး။
      လူကြီးတယောက်က
      ပြည်သူတယောက်ကို လှမ်းပြောလိုက်တဲ့ပုံ

      ခံရတာချင်းအတူတူ မင်းတို့က ဘာလို့ ပို ညည်းပြနေလဲ”တဲ့
      ပြည်သူက ပြန်ပြောတာက. . .”ခင်ဗျားတို့က စည်းဇိမ် ခံတာ။ ကျုပ်တို့က ဒုက္ခ ခံရတာ” တဲ့။

      အဟွတ်

  • khin oo

    October 28, 2014 at 1:21 pm

    မိဘပြည်သူပြောပြီး
    ဖြတ်ရိုက်ခံရတာများနေပြီဗျာ
    စကားချိုချို နဲ့ သေအောင်သတ်နေတာ

    • အလင်းဆက်

      October 29, 2014 at 6:59 am

      ဒါပဲလေ
      ယူနီဖောင်းရယ်
      စစ်သံနှောတဲ့ စကားလုံးတွေရယ်ပဲ ပြောင်းတာ
      အချို သတ်တယ်ဆိုတာ အဲ့ဒါမျိုးပေါ့ဗျာ

      🙁

  • Lay Pai

    October 28, 2014 at 11:43 pm

    ပြည်သူငါးသန်းနီးပါးက ပြင်ဆင်ရန် လက်မှတ်ရေးထိုး ထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၃၆ ကို တပ်မတော် ကမပြင်ဆင်လိုဘဲ တပ်မတော်သား ထက်ဝက်ကျော် နေရာယူထားသော ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ၏လုပ်ပိုင်ခွင့် အာဏာတိုးမြှင့်ရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်မျာက လွှတ်တော်သို့ အကြံပြု ထားသည်။

    • အလင်းဆက်

      October 29, 2014 at 7:00 am

      အဲ့သတင်းကြားပြီးပြီ။
      ဘာမှ မပြောလိုတော့
      . . .

      လေဘာဒယ်ဗျာ

  • မမချွိ

    October 29, 2014 at 8:54 am

    စစ်တိုက်တာနဲ့ လူသတ်တာ မတူဘူး.. လေယာဉ်ချင်း စီးချင်းထိုးပြီး တဖက်လေယာဉ်ကို ပစ်ချတဲ့အထိက စစ်တိုက်တာ.. လေထီးဖွင့်ပြီး ခုန်ဆင်းသွားတဲ့ တဖက်လေသူရဲကို မလိုအပ်ပဲ လိုက်ပစ်တာက လူသတ်တာ..

    သင်္ဘောချင်း စီးချင်းထိုးပြီး တဖက်သင်္ဘောကို ဖျက်ဆီးနစ်မြုပ်တဲ့အထိက စစ်တိုက်တာ.. ရေပေါ်မှာ ပေါလောမျောနေတဲ့ တဖက်သင်္ဘောသားတွေကို မလိုအပ်ပဲ လိုက်ပစ်တာက လူသတ်တာ..

    အမှန်တကယ်တော့ စစ်တိုက်တယ်ဆိုတာဟာ စီးချင်းထိုးဖက်ရန်သူနဲ့ ကာယ၊ ဉာဏအားချင်းပြိုင်ရတဲ့ အားကစား.. တုံ့ပြန်နိုင်စွမ်းမရှိတဲ့သူတွေကို တဖက်သတ်အနိုင်ကျင့်တဲ့အမျိုး မဟုတ်ဘူး..

    တိုတိုပြောရရင် စစ်တိုက်တဲ့ စစ်သားပဲ ရှိတယ်..
    လူသတ်တဲ့ စစ်သား မရှိဘူး..
    စစ်ယူနီဖောင်းကို ဘယ်လိုပဲ ဝတ်ထား ဝတ်ထား လူသတ်ရင် လူသတ်သမားပဲ ဖြစ်မယ်..
    စစ်သားဆိုတာ ဒါးကို ဒါးချင်း.. လှံကို လှံချင်း ယှဉ်ဝံ့တဲ့ ယောင်္ကျား..

    Credit to Sai Thein Win

    • အလင်းဆက်

      October 29, 2014 at 11:19 am

      အဲဒါ ပြောတာပေါ့။
      ပြောရင်
      ရဲဘော်မသေ သေသော်ငရဲ မလားတွေ ဘာတွေ ထားပါဦး။
      အချစ်နဲ့ စစ်မှာ မတရာမရှိဘူးဆိုပြီး ထင်ရာစိုင်းရင် ရာဇဝင်ရိုင်းမှာပေါ့။
      စစ်ဆိုရင်တောင် တရားသော စစ်နဲ့ ရာဇဝတ်မှုမမြောက်သော စစ်နဲ့ တိုက်ယူရမယ့်ဟာ။
      အခုဟာက. . . .
      သတ်ချင်တဲ့လူကို သတ်ချင်တဲ့အချိန်မှာ
      သတ်ချင်တဲ့အကြောင်းပြချက် ပေးပြီး
      ခွေးလိုဝက်လို သတ်လို့ ရသလား။
      လုပ်သင့်သလား။

      🙁

  • kai

    October 29, 2014 at 12:21 pm

    သတင်းထောက်တွေ ကံမကောင်းအကြောင်းမလှတဲ့.. နှစ်ပေါ့..
    ယူအက်စ်သတင်းထောက်တွေလည်း.. ခေါင်းဖြတ်ခံနေရ…

    • အလင်းဆက်

      October 29, 2014 at 2:23 pm

      အတိတ်ကံ မကောင်းတဲ့အချိန်မို့လားဟင် သဂျီး
      အဟိ။
      :k:

      • kai

        October 29, 2014 at 4:42 pm

        အတိတ်ဘဝကံမကောင်းလို့ပေါ့ကွယ်…
        အတိတ်ဘဝဆိုတာ.. Past Life မဟုတ်..။
        ကံဆိုတာ. အလုပ်..
        ဆိုတော့..
        ရှေ့ကလုပ်ခဲ့တာတွေရဲ့ အကြောင်း.. အကျိုးဆက်..။
        အဲလိုယူ.. အဲလိုယူ…. :k:

Leave a Reply