ကိုယ်တိုင်ရေး ကြမ်းစာ

alinsettNovember 5, 20141min31524

”ဖျတ်ခနဲ လက်ချိန်မှာ ရေးတဲ့  ကြမ်းစာ”

 

(စာမူ အမည် ရှင်းလင်းချက်။ ။
ကျနော်တို့ စာပေချစ်မြတ်နိုးသူတွေ/ရေးသားနေသူတွေအတွက် အတွေးစလေးတွေ ဖျတ်ခနဲ လက်သွားတဲ့ အချိန်ဆိုတာ ရှိပါတယ်။

အဲဒီ ဖျတ်ခနဲ တွေးလိုက်မိတာလေးကို မလွတ်တမ်း ချရေးလိုက်နိုင်တဲ့ စာလေးတွေလည်း ရှိပါတယ်။

အခု ကျနော် တင်ပြတဲ့ စာမူပါ အချက်အလက်ဟာ ဖျတ်ခနဲ ကျနော်တွေးမိတာကို ချရေးမိတာလေးပါ။

လေးနက်တဲ့ သဘော ပါခဲ့ရင် ”ကျမ်းစာ”အဖြစ် သတ်မှတ်ချင်ပါတယ်။

ဒါပေမယ့် ကလေးအတွေးလို ဖောက်ထွက်မိရုံပဲမို့ ကျမ်းစာအဖြစ် ကိုယ့်ဘာသာ သတ်မှတ်လည်း      ”ဘုရားသခင် ချဉ်တဲ့ လူမိုက်”လို့ သတ်မှတ်ခံရရုံမျှသာ ပါပဲ။

ဒီတော့ ကျမ်းစာ လို မလေးနက် မပီပြင်တဲ့ သဘော (အခြေခံ ကြမ်းပြင်ပေါ်လောက်က သဘောမို့ ) ”ကျမ်းစာ’‘အဖြစ် မသတ်မှတ်ဘဲ ‘‘ကြမ်းစာ”လို့ ခေါ်ဆိုပါမယ်။

ကြမ်းတမ်းတဲ့ စာ ဆိုတဲ့ အဓိပ္ပာယ်ဆီ ချော်မထွက်ဖို့ မျှော်လင့်ပါတယ်။

”ကြမ်းပြင်ပေါ်က အခြေခံစာ” အဖြစ် သက်ရောက်စေချင်တဲ့အတွက်. .
ကိုင်းဗျာ~~~~
”ကြမ်းစာ” လို့ စလိုက်ကြဦးစို့။ )

 

။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။

 

( ကြမ်းစာ အပိုဒ် – က)

 

.ရေ (၁)စက်နဲ့ နောက်ထပ်ရေ(၁)စက် + တဲ့အခါ ရေ(၂)စက်ဖြစ်မလာဘဲ
ပိုကြီးတဲ့ ရေ (၁) စက်သာဖြစ်လာတယ်။

အဲဒီ ”ရလဒ်”ကို မှားနေတယ်လို့ ပြောလို့မရဘူး။
သူ ့ သဘာဝနဲ့သူတော့       အဲဒါ ”အမှန်တရား”ပဲ။

။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။

 

( ကြမ်းစာ အပိုဒ်- ခ)

 

လူ (၁)ယောက်နဲ့ နောက်ထပ် လူ(၁)ယောက် ပေါင်းတဲ့အခါ
”ပေါင်းနည်းနဲ့ ပေါင်းသူအမျိုးအစား”ပေါ်
မူတည်ပြီး နှစ်ယောက်ဆိုတဲ့ ရလဒ်အပြင် လေးငါးယောက်ဆိုတဲ့

‘ပွါးများလာတဲ့ ရလဒ်တွေ”လည်း ရသွားတယ်။

ဥပမာ သဂျား +  ကိုထွဋ် =    ”လူ နှစ်ယောက် ”

အလင်းဆက် + ဖွေးဖွေး =  (သားသားမီးမီး အနည်းဆုံး သုံယောက် အပါအဝင် )လူ ငါးယောက် (ဒီ့ထက်လည်း ပိုနိုင်တယ်)

ဒီနေရာမှာ ဖွေးဖွေးနဲ့ အလင်းဆက် (၁)ယောက် (၁)ယောက်ချင်း + တာ ”သချင်္ာနည်းအရ (၂) ယောက်ပဲ ဖြစ်ရမယ်ဆိုတဲ့ ” သတ်မှတ်ချက်နဲ့ ထိန်းချုပ်လို့မရတော့ဘူး။

ဖွေးဖွေးနဲ့ အလင်းဆက် + ပြီး ထပ် ဖြစ်လာမယ့် သားသားမီးမီးတွေကိုပါ ထည့် + ပြီး  ”ပွါးများသွားတဲ့ ရလဒ်”ကို အတည်ပြုရမယ်။

သားသမီး (၃)ယောက်နဲ့ ဖွေးဖွေးနဲ့ ကျွန်တော် အားလုံး + လူ(၅)ယောက် ဆိုတဲ့ ရလဒ်ဟာလည်း
သူ ့နေရာနဲ့သူတော့ အဲ့ဒါ ”အမှန်တရား”ပဲ ။

(ကျနော်နဲ့ ဖွေးဖွေး ဂွစ်ဂွစ်တာနော်။အဲ… + တာနော်။  ဒီ ဥပမာပေးကို ပြောရတာ အရသာတော့ ရှိသားဗျာ။ )

:k:

။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။

 

( ကြမ်းစာ အပိုဒ် – ဂ )

 

ဆိုတော့ ~~~~
”မှန်ကန် တိကျလှပါတယ် ဆိုတဲ့ သချင်္ာနည်း”ဟာလည်း မရေရာတော့ဘူး။

”တိကျသေချာတယ်ဆိုတာတွေတောင် ဝေဝါး မှုန်ရီသွားတဲ့ အနေအထားတွေ” ရှိလာတယ်။

တပြိုင်တည်းမှာပဲ  ကျနော်တို့ လက်ခံလိုက်ရမှာက…..

 

”အမှန်တရားဟာ…အခြေအနေတစ်မျိုး ပုံစံတစ်မျိုးထဲနဲ့ မရှိဘူး။”

”အမှန်တရားဆိုတာ. . .

အခြေအနေနဲ့ အနေအထား သဘော သဘာဝတွေ ကွဲပြားရင် ကွဲပြားးသလောက်
အမှန်တရားဟာ . . .ပုံစံမျိုးစုံ ရှိလာတယ်။”

 

ဒီစကားကို ဒီနေရာမှာ
ကျနော် ~~~
.နှစ်ထပ်ကွမ်း ပြောခဲ့ပါ့မယ်။

 

”အမှန်တရားဟာ ပုံစံမျိုးစုံ ရှိနေပါတယ်”

 

။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။

 

( ကြမ်းစာ အပိုဒ် – ( __?_ ) )

 

လက်ရှိ ပိုစ့်မော်ဒန်ခေတ်မှာ~~

ပိုစ့်မော်ဒန် သဘော/သဘာဝ အကြောင်းချင်းရာတွေရဲ့

.အရွေ ့ / အပြောင်းကို ယုံကြည်

.သက်ဝင်သူတွေအတွက် . . .ဆိုပါတော့~~~~~~~~~~
~~~~~~~~~~~~~

#################

မိတ်ဆွေများ လွတ်လပ်ငြိမ်းချမ်းပါစေ. . .

ချစ်ခင်လေးစားလျက်. . .

အလင်းဆက်(Gazette)

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ၊ ၂၅ ရက် ။ မွန်းလွဲ ၁ နာရီ ။

24 comments

  • ကေဇီ

    November 5, 2014 at 9:27 am

    ဘယ်သူ့ ဘယ်သူ မှာ မှ ….
    “ဘယ်သူ က မှားတယ်” လို့ ပြောခွင့် မရှိဘူးး

    ပုံ/ အကြမ်းပညာရှင် ခင်ဇော်
    :mrgreen:

    • အလင်းဆက်

      November 5, 2014 at 9:34 am

      အကြမ်းပညာရှင်ကြီး မမဂျီးရဲ့ အဆိုကို..ကြမ်းစာရေးဆရာဂျီး အလင်းဆက်က…ထောက်ခံပါတယ်။
      :k:

      အမှန်တရားမျိုးစုံကြားမှ အမှန်တရားတစ်စ…
      သူရ

    • sorrow

      November 5, 2014 at 11:21 am

      ..မှားတာပါ…ငါကိုကမှားတာပါ….ကိုယ့်ကိုကိုယ် သတ်သေနေတဲ့ ကောင်မလေးရဲ့ ရင်ဘတ်ထဲ …ငါ့နှလုံးသားသွားထည့်မိတာ…အငိငိငိ ..( .တော်လိုက်တဲ့ဆောရိုး..တစ်မှတ်..တော်ကီကောင်းသကွာ.)

      • ကေဇီ

        November 5, 2014 at 11:27 am

        ကွကိုယ် သတ်သေတယ် ဆိုတာ …
        ဂျပန် ၅၀ဝ နဲ့ ၅ ခါ ဆို???

        :kwi:

        • sorrow

          November 5, 2014 at 11:33 am

          ..အဲ့မျိုးတွေရက်ရက်စက်စက်ပြောတတ်လွန်းလို့ ..မွန်တွေနဲ့မတည့်တာ.ရွာထဲမှာတိုင်းရင်းသားရှားပါးအောင်လုပ်တယ်လား.
          ..အိုဘယ့်လူမျိုးကြီးဝါဒ..နှစ်တထောင်ကျိန်စာ.အဟီးဟီး…

        • ကေဇီ

          November 5, 2014 at 11:39 am

          အဲဒီ မွန်ကောင်က ဘယ်သူနဲ့ရောတည့်လို့တုန်းး
          တည့်ချင်တဲ့ စကီလေးတွေလည်း အကြောင်းသိကုန်ပြီ။
          ဟိဟိ။
          :mrgreenn:

  • တောင်ပေါ်သား

    November 5, 2014 at 10:47 am

    အလင်းဆက် + ဖွေးဖွေး = ၂

    ဖွေးဖွေးက မမွေးနိူင်ဘူးလေ ၊ ဒီသတင်း မင်းမသိတာ ဆိုးသကွာ ၊

    ဒါနဲ့များ သတင်းစုံ အလင်းခြုံ တဲ့ ၊ 🙂

    • အလင်းဆက်

      November 5, 2014 at 11:02 am

      ငင်
      ဘာရို ့မမွေးနိုင်တာလဲဟင်

      (သတင်း Zone ထဲ ဖွေးဖွေးအကြောင်း ရှာ မထည့်မိဘူး။
      နောက်အပတ်တော့ ထည့်ဦးမှ)

      ဖွေးဖွေး သတင်း ပြောပြပါ။

      .နောက်ပါနဲ့ ဂျာ
      ဒီမှာ အပီအပြင် စွဲနေတာ
      :k:

  • kyeemite

    November 5, 2014 at 11:51 am

    .ကြမ်းစာအလိုအရ
    .မမှား၊ သို့သော်မမှန် :k:

  • weiwei

    November 5, 2014 at 12:06 pm

    လောကကြီးက သူ့ဟာသူနေနေတာ ..
    ကြည့်တဲ့သူတွေကသာ အမျိုးမျိုးကြည့်ပြီး အဖြေအမျိုးမျိုးထုတ်နေကြတာ …
    ကိုယ်ထင်ရင် ကုတင်ရွှေနန်းတဲ့လေ …

    • pooch

      November 5, 2014 at 3:34 pm

      ဟုတ်ပါ့မဝေရယ် ကျမလည်း အဲ့ဒါပြောမလို့ ဘာကိုမှ အမြဲမှန်တယ်လို့ ဆုပ်ကိုင်ထားလို့ မရတာမှ တကယ့် အမှန်တရားလို့

      ဟိုးအရင်က သူခိုးကြီးကာလမှာ အပျော်သဘောနဲ့ ပစ္စည်းတွေ ဖွက်ကြဝှက်ကြတာလောက်ပေါ့ မုန့်လုံး လုံးတာ စတုဒီသာ ကျွေးတာ မယ်ဇလီဖူးသုပ်ကျွေးတာ သံပုံးခေါက်တာ ဒီလို ယဉ်ကျေးမှုက လက်သင့်ခံလို့ရတယ်

      အခုချိန်မှာ တန်ဆောင်တိုင် သူခိုးကြီးကာလမှာ ပိုက်ဆံတောင်းတဲ့ ယဉ်ကျေးမှုတခု အကြီးအကျယ် ထွန်းကားလာတယ် မခံနို်င်တဲ့ အဆုံး အိမ်တံခါးပိတ်တာ ခရီး ထွက်တာမျိုးအထိ ဖြစ်လာတယ်
      ပေးတဲ့လူကလည်း မိုးလင်းထဲက ပေးလိုက်ရတာ မိုးချူပ်တဲ့ထိ
      ဒီလို ယဉ်ကျေးမှုက လက်သင့်ခံနိုင်စရာမရှိဘူး
      အခုခေတ် တောင်းကြရမ်းကြတာက အတော် အနှောင့်အယှက်ပေးတဲ့ ယဉ်ကျေးမှုလို့
      ဒါကို အမှားယဉ်ကျေးမှုလို့ မြင်တယ်

      ကြမ်းစာဆိုလို့ ကြမ်းကြည့်တာပါ :mrgreenn:

      • အလင်းဆက်

        November 5, 2014 at 6:21 pm

        သူခိုးမှာလည်း… သူ့အမှန်တရားနဲ့သူပါကွယ်…
        ခွင့်မလွှတ်နိုင်တဲ့သူမှာလည်း..သူ့အမှတ်တရားနဲ့သူ…

        :k:

  • ကန္နားစီး မိဂီ

    November 5, 2014 at 1:40 pm

    သူ့ကြမ်းစာလည်းလူကြမ်းတွေလက်ထဲမယ် မွန်တွေရော ဂျပန်တွေပါအေးအေးမနေရဖြစ်ကုန်ပါပေါ့လားး

    အားဟိ

    စကားမစပ် ကရင်တေကိုချဉ်သဗျာ

  • Yae Myae Tha Ninn

    November 5, 2014 at 4:03 pm

    ၁ + ၁ = ၁ဝ ဘာလို့ အဲလို ဖြစ်ရတာလဲ နဲ့ အတူတူပဲ… မိလိန္ဒ နည်းနဲ့ အမေးကို အမေး နဲ့ ပြန်ဖြေထားပါတယ်..ဗျာ… 🙂

  • ဦးကြောင်ကြီး

    November 6, 2014 at 2:00 pm

    ကြမ်းပြင်လည်း နင်ပြုတာ အပေါက်ဖြစ်ကုန်ပီ..

  • uncle gyi

    November 6, 2014 at 11:32 pm

    အလင်းဆက်ရဲ့ကြမ်းကကြမ်းတော့ကြမ်း
    ဒါပေမဲ့ကိုယ်လိုရာဆွဲကြမ်း
    တနည်းလိပ်ကြမ်း

    • အလင်းဆက်

      November 7, 2014 at 8:34 am

      လိပ်ကြမ်းပြုဇုသူ ဒညင်းဝက်ပေါ့နော်…
      ဂွစ်ဂွစ်စ်

      :k:

      လိပ်ကြမ်းကို တိတ်တဆိတ် လှမ်းလာသွားတဲ့အတွက်…
      ဇူးဇူးပါ… ဦးဦးရာ…

  • မြစပဲရိုး

    November 8, 2014 at 3:47 pm

    အလင်းတစ်တန်း နဲ့ ရေ တစ်စက် ပေါင်းတော့
    ရှော့ ရသွား တာ ရော
    အမှန်တရားလား။
    မသိ။
    lol:-)))

Leave a Reply