မယုံလာကြည့်မြန်မာနိုင်ငံမှာရှိတယ်

Moe Ma HarOctober 26, 20141min22615

ပိန်ပိန်ပါးပါးမိန်းမတစ်ယောက်ကို

ယောက်ကျားရင့်မာစစ်ဗိုလ်ကြီးတွေ

ဝိုင်းကြောက်တဲ့နိုင်ငံကိုမြင်ဖူးချင်ပါသလား။

လာခဲ့မြန်မာနိုင်ငံမှာရှိတယ်။

နိုင်ငံ့သစ်တောခုတ်ပြည်သူ့အရင်းပြုတ်အောင်

လုပ်ဆောင်နေတဲ့သူကို

အခမ်းအနားနဲ့ပြည်သူ့အကျိုးဆောင်ဆုပေးတဲ့

နိုင်ငံကိုမြင်ဖူးချင်ပါသလား။

လာခဲ့မြန်မာနိုင်ငံမှာရှိတယ်။

အမှန်တရားအတွက်ထောင်နန်းစံနေရတဲ့

ပြည်သူတွေကိုမြင်ဖူးပါသလား

လာခဲ့မြန်မာနိုင်ငံမှာရှိတယ်။

နိူင်ငံရဲ့အသက်သွေးကြောမြစ်ကြီးကို

တရူတ်ထုတ်မီးပန်းနဲ့လဲတဲ့

အစိုးရကိုမြင်ဖူးချင်ပါသလား။

လာခဲ့မြန်မာနိုင်ငံမှာရှိတယ်။

ဒီမိုကရေစီလို့ကြွေးကြော်ပြီး

အစိမ်းရောင်လူသားများလွှတ်တော်ထဲ

၂၅%နေရာယူထားတဲ့နိုင်ငံကိုမြင်ဖူးချင်ပါသလား။

လာခဲ့မြန်မာနိုင်ငံမှာရှိတယ်။

ဒါတင်မကသေးဘူး

ဟာသလူရွှင်တော်များပါ

မြန်မာနိုင်ငံရဲ့လွှတ်တော်တွေထဲမှာရှိတယ်

မယုံလာကြည့်။

15 comments

  • မမချွိ

    October 26, 2014 at 12:27 pm

    Totally, Definitely, Absolutely, Exactly
    Agree with all these Hard Truth.
    :a:

  • မြစပဲရိုး

    October 26, 2014 at 1:58 pm

    တိုင်းပြည် ကို တိုးတက်အောင် လုပ်နေရလို့
    ညတောင် ကောင်းကောင်း မအိပ်နိုင်ဘဲ နေ့အချိန် လွှတ်တော် ထဲ မှ
    စက်တော်ခေါ် ရတဲ့ အမတ်မင်း များ မြင်ချင်လား။
    လာကြည့်။
    မြန်မာပြည်ထဲ မှာ ရှိတယ်။
    :))

  • မြစပဲရိုး

    October 26, 2014 at 2:00 pm

    အပေါ်က စကား ပြောမိတာ တောင်ပန်ပါတယ်။
    ဒီ ရုပ် ဒီ နာမ်ကြီး ကြောင့် အိပ်မိ တာ ကို။ဗွေ ယူမိလို့။ lol:-))))

  • မမချွိ

    October 26, 2014 at 2:18 pm

    – မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ

    တစ်ရက် ၂ ပို့(စ) ပဲ မို့။.
    ဘေးက စည်းကမ်းချက်လေး နည်းနည်း ဖတ်ကြည့်ပေးပါဗျာ..

  • တကယ်မလုပ် လေနဲ့ ရှုပ်
    ကီးဘုတ်ပေါ်က သူရဲကောင်းများ
    မြင်ဘူးချင်ရင်လာကြည့်
    မြန်မာပြည်မှာရှိတယ်

    • မြစပဲရိုး

      October 26, 2014 at 3:03 pm

      ဒါကတော့ အင်တာနေရှင်နယ် လို့ သတ်မှတ်ပေးပါ ကပေါက်ကြီး ရဲ့။ :))

  • ုမြန်မာပြည်မှာရှိတာလေးတွေ ဝင်ပြောပေးတာပါ ကိုလတ်ကြီးရေ

    ကျနော်ပါတ်ဝန်းကျင်မှာ 2000 ခုနှစ်ရဲ့အစောပိုင်းကာလများမှာ

    ဒီမိုကရေစီအရေးကို တကယ်ဆောင်ရွက်ခဲ့တဲ့သူတွေရှိပါတယ်

    ဒါပေမယ့် ဒီအချိန်မှာ အမေ့ခံ လူတန်းစားထဲ ပါ နေ တာကို မြင်ရတော့

    တကယ်စိတ်မကောင်းပါဘူး။

    နောက်တစ်ချက် အရင်လို မဖမ်းတော့ ဘူးလို့ ဆို တဲ့ အချိန်ရောက်မှ

    ကီးဘုတ်တစ်လက်နဲ့ ဝင်ဝင်ပြီး ဗျှောက်ဖောက်တာတွေ မြင်ရ တော့

    အာရုံ နောက်တယ် ကိုလတ်ကြီးရေ

  • Moe Ma Har

    October 26, 2014 at 3:32 pm

    ခုလိုcommentဝင်ပေးတာကျေးဇူးတင်ပါတယ်ကိုပေါက်ခင်ဗျား။
    ကီးဘုတ်ပေါ်မှာစာရေးတဲ့လူတွေကလက်တွေ့နိုင်ငံရေးလုပ်ရှားမှုမလုပ်ဘူးလို့ထင်ရင်
    အကို့အယူအဆကိုပြင်စေချင်ပါတယ်ခင်ဗျာ။
    ဒါပေမဲ့၂၀၀ဝခုနှစ်အစောပိုင်းကနိုင်ငံရေးလုပ်ရှားမှုတွေမှာတော့ကျွန်တော်မပါခဲ့ဘူးခင်ဗျ။
    ၁ဝတောင်မရှိတဲ့ကလေးအရွယ်ကနိုင်ငံရေးလုပ်လို့မရဘူးလေ။
    postနှစ်ခုကျော်တင်မိတာကလည်းမနေ့ကမှကျွန်တော်ဒီwedsiteကြားဖူးသုံးဖူးလို့ပါ။
    ကျွန်တော့်အမှားရှိရင်တောင်းပန်ပါတယ်ဗျာ

    • မြစပဲရိုး

      October 26, 2014 at 3:47 pm

      ကပေါက်ကြီး က ကိုမိုးမဟာ ကို ရည်ရွယ်ပြောတာ မဟုတ်ပါဘူး။
      ဒီလို ဘဲ ကြုံရင် ရင်ထဲ ရှိတာ ပြောလေ့ ရှိကြတာပါ။
      Post တွေ လဲ ဆက်တင်ပါ။
      နှစ်ခု ထက်ပို တင်မိရင်လဲ မစိုးရိမ်ပါ နဲ့။
      နောက်နေ့ ကျ သူ့ဟာ သူ ပြန်တက် လာလိမ့်မယ်။ :))

  • Moe Ma Har

    October 26, 2014 at 4:19 pm

    ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာ။ကျွန်တော်ကလဲပြန်ချေပတာမဟုတ်ပါဘူး။
    ပြန်ရှင်းပြတဲ့သဘောပါ။
    ကိုပေါက်ကြီးရောကိုမြစပဲရိုးရောနောက်ထပ်ကျွန်တော်တင်တဲ့postတွေမှာ
    အမှားပါရင်ထောက်ပြပေးစေချင်ပါတယ်

    • ကိုမိုးရေ

      ကိုမိုးမှားလို့ပြောတာမဟုတ်ပါ

      အပြင်လောကမှာ ဖေစ်ဘုတ်ပေါ်မှာ မြင်ရတွေ့ရတာတွေကိုရည်ညွှန်းပါတယ်

      ကျနော်က လူတစ်ယောက်ထဲကို ရည်ညွန်းချင်ရင် သက်ဆိုင်သူဆီ ကို မေးလ်နဲ့ ပို့ပေးပါတယ်

      ဖေ့စ်ဘုတ်သုံးရင်ချက်ဘောက်ကနေ ပြောပါတယ်

      အများနဲ့ သက်ဆိုင်တာ ဆိုရင် ကွန်မန်းပေးပြီး ဝေဖန်ပါတယ်

      စာတွေဆက်ရေးပါ

  • kyeemite

    October 27, 2014 at 9:24 am

    .ကိုမြစပဲရိုး ဆိုပါလား..ခိခိ :k:
    .Moe Ma Har ကိုကြိုဆိုပါတယ်နော :))

  • ခင် ခ

    October 27, 2014 at 9:49 am

    နိုင်ငံကို ကောင်းစားစေချင်သော စိတ်ဓာတ်ဖြင့် ရေးသီကျုးတဲ့ စာတွေ ကဗျာတွေ ဒို့တိုင်းပြည် ဒီလိုအချိန် ဒီမိုကရေစီ မရသရွေ့ လိုကို လိုနေပါသေးတယ်ဗျ Moe Ma Har ရေ။
    ကျုပ်တို့ရေးတဲ့ ထိုစာပေတွေဟာ တစ်ချိန်တစ်ခါအတွက် လူထုအတွက် အင်အားဖြစ်ခဲ့ရင် ရေးရကျိုးနပ်မယ်ထင်တယ်ဗျ။
    ကြိုဆိုတယ်ဗျာ ဆက်ရေးပေးပါနော်။

  • မိုးမဟာ က ကိုမြစပဲရိုးလို့မှားခေါ်တာ ကျနော်ကြောင့်ဖြစ်မယ်ထင်ပါတယ်

    အရီးခင်လတ် =မြစပဲရိုး ကို ကျနော်က ကိုလတ်ကြီးလို့ ဘဲအမြဲခေါ်နေတော့ ယောကျာ်းမှတ်သွားတာဖြစ်နို်င်ပါတယ်

    ဒန် ဒန့် ဒန်

  • Yae Myae Tha Ninn

    October 28, 2014 at 11:14 am

    ဒါလေးဆို အုန်းကျွန်းမလား.. မိုးမဟာ ဆက်ရေးပါ.. အားပေးနေပါတယ်… 🙂

Leave a Reply