မြန်မာတို ့နှင့် ပညာရေး…

manawphyulayAugust 28, 20101min1263
ပညာရေးကိုမြန်မာတွေတန်ဖိုးထားရဲ့လား ဟူသောမေးခွန်းနှင့် ပင်ဒီဆောင်းပါးငယ်လေးကို နိဒါန်းပျိူးချင်ပါသည်။ ယင်းမေးခွန်းကို ကျွန်တော် ၂၄ နှစ် လွန်ခဲ့သော သုံးနှစ်တာ ကာလက မိမိကိုယ်ကိုယ်
ပညာရေးတွင်စိတ်ဝင်စားရဲ့လား၊ တန်ဖိုးထားရဲ့လား ဟုအစပြု စဉ်းစားခဲ့ရာမှ
ဒီမေးခွန်းနှင်းပတ်သက် ပြီး Survey အတော်များများလုပ်ခဲ့ဘူးပါတယ်။
ခုချိန်ထိလဲ လုပ်ဆောင်နေဆဲပါ။ ကျွန်တော် ထိုအတွက်
အချိန်အများကြီးပေးခဲ့ရပါသည်။ မြန်မာ လူကြီးလူူငယ်အတော်များများ၊ S-Pass,
EP, PR, Citizen နှင့်ကျောင်းသားအတော် များများကို အိတ်စိုက်
လက်ဘက်ရယ်တိုက် စကားပြောဆိုကာ မသိသာတစ်မျိုး၊ သိသိသာသာ တမျိုးဖြင့်
ယင်းတို့၏ ပညာရေးအမြင်များ ကို အစ်အောက်စကားနှိုက်ခဲ့ရပါသည်။ Survey
ကိုတော့ Sampling Method နှင့် Population Method တို့ကိုအသုံးပြုကာ
လူဦးရေ ၅၀၀ဝ တွင်အခြေခံထားပါသည်။ ၅ဝရာခိုင်နှုန်းမှာ ဘွဲ့ဒီကရီများကို
လက်ဝယ်တွင်ကိုင်ထားကြသော်လည်း ပညာရေး၏ Definition တောင်မှမှုန်ဝါးဝါး
ဆိုသည်ကို ဝမ်းနည်းဖွယ်တွေ့ရှိရပါသည်။ “အစိုးရ ကသောက်သုံးမှမကျတာ”၊
“ကျောင်းမှာဆရာတွေကမှမသင်တာ” ဆိုသော တောင်စဉ်ရေမရ သူတပါးကို
ပုတ်ခတ်ပြောဆိုသော စကားများကား နားနှင့်မဆံ့အောင်ကြားခဲ့ရပါသည်။

သင်ပညာတတ်ဖို့ရာအရေး ဘယ်သူကစိတ်ဝင်စားမည်တုန်း။ အစိုးရမှစိတ်မဝင်စားသကဲ့သို့ ဆရာများမှလည်း စိတ်ဝင်စားမည်မဟုတ်ပါ။ သင်ပညာတတ်ရေး သင့်အတွက်သင်ကသာစိတ်ဝင်စားရပါမည်။ Spoon Feeding System
Education ကိုကျင့်သုံးရာတွင် မြန်မာနိုင်ငံသည် စံတင်လောက်ပေသည်။
အနောက်နိုင်ငံများနှင့်အမေရိကရှိ University အတော်များများတွင်
Self-Teaching & Learning ကို အသုံးပြုခဲ့သည်မှာ
ရာစုနှစ်ပင်ရှိတော့မည်။ မည်သည် ဆရာ ဆရာမ မှ အရေးကြီး Principle
များမှလွဲကာ Lecturing မလုပ်တော့ပါ။ “ကျောင်းဆရာတွေမှမသင်တာ”၊ California
Technology ကဲ့သို့သော University ကြီးများတွင် Video Lecture Off-Campus
System များဖြင့်သက်ဆိုင်ရာ ဘာသာတွဲများကို ပို့ချသည်။ ဆရာတွေမှမသင်တာ။
George W.Bush သည်လည်းကောင်း၊ Barrack Obama သည်လည်းကောင်း သင်၏ပညာရေး
Grade များကိုစိတ်ဝင်စားမည် မဟုတ်ပါ။ အစိုးရကသောသုံး မှမကျတာ။
ဘာလို့သူတို့လူမျိူးတွေပညာတတ်သနည်း။

ထို့ကြောင့်သင်ပညာမတတ်ချင်းသည် သင်သောက်သုံးမကျသောကြောင့်ဖြစ်သည်။ သင်ပညာတတ်ရန်သင့်တာဝန်ဖြစ်သည်။ သင့်ပညာရေးကို အစိုးရ၊ ဆရာများ၊ ဂေါတမ၊ ယေရှု တို့သည် စိတ်ဝင်စားကြမည်မဟုတ်ပါ။

နောက်တစ်ပိုင်းအနေနှင့်လေ့လာလိုစိတ်နှင့်လေ့လာသင်ကြားခြင်း နှင့် သိလိုစိတ် တတ်လိုစိတ်များကိုဆွေးနွေးချင်ပါသည်။ မြန်မာလူမျိုးတို့သည် တင်းတိမ်ရောင့်ရဲလွယ်ကာ၊ လောဘစိတ်လည်းပဲ အလွန်အမင်းနည်းကြပါသည်။
ထိုစိတ်ဓါတ်များသည် ပညာရေးဘက်ပါကူးဆက်ကာ ပညာရေးတွင်ပါရောင့်ရဲ ကြပါသည်။
ဘွဲ့လေးတစ်ခုရရင်တော်ပြီ ဆိုသော လူတန်းစားအများပြားရှိလာ ပါသည်။
ရောင့်ရဲချင်း နှင့် လောဘတို့မရှိသည့် အခါ လည်းကောင်းတို့၏အခြေခံ Driver
ဖြစ်သော ဇွဲ (Zeal) လည်းလျော့နည်းလာပါသည်။ လေ့လာမှူအလွန်အမင်းနည်းသော
လူများ၊ အချောင်ခိုရေသာခိုသောလူများ ဖြစ်လာပါသည်။ ဒါ ငါနဲ့မှ မဆိုင်တာ
ဟူသော အရှက်မရှိ ထိုစကားကိုလွယ်လွယ်ပြောသည့် လူမျိူးအများအပြားကို
တွေ့လာရပါသည်။

ငါတို့ကဘွဲ့ရပြီ ပညာရေးဆုံးခန်းတိုင်ပြီဟုဆိုသော ဘွဲ့ရပညာမတတ်သူများကိုလည်းတွေ့ရပါသည်။ Bachelor Degree ဆိုသောစကားလုံးသည် ပြင်သစ်စာလုံး baccalaureate မှသက်ဆင်းလာကာ English လိုဘာသာပြန်ရင်ဖြင့် a
farewell sermon to a graduating class at their commencement ceremonies
ဘွဲ့သည် ပညာရေးဆုံးခန်းတိုင်ခြင်းမဟုတ်ပါ။ ဥပမာ BSc Physics ဆိုပါတော့။
Bachelor of Science ဆိုသောကြောင့် လောကဓာတ်ဘာသာ နှင့် သက်ဆိုင်သော
အခြေခံများကို သင်ကြားပေးကာ ရူပဗေဒ ၏ အခြေခံများကို မူ
အထူးပြုသင်ကြားပေးလိုက်သော ဘွဲ့ဒီဂရီ ဖြစ်သည်။ ပုံမှန်ဘွဲ့တန်းတစ်ခု၏
သင်ရိုးသည် သက်ဆိုင်ရာဘာသာရပ်၏ Terminologies များနှင့် Basic Concept
ကိုသာသင်ကြားရခြင်းဖြစ်သည်။ ထို့ကြောင့် ဘွဲ့ဒီဂရီ ဆိုသည်
မှာပညာရေးဆုံးခန်းတိုင်ခြင်းမဟုတ် ထိုပညာရပ်နှင့်ပတ်သက်ကာ အခြေခံ
များသိရှိကြောင်း၊ ဆက်လက်လေ့လာနိုင်ကြောင်း ထောက်ခံစာ ဖြစ်သည်။

မြန်မာတို့၏လက်ဆွဲစကားနောက်တမျိုးကား စာအုပ်စာတမ်းမှမရှိတာ။ ကျွန်တော်ပြောချင်တာက မရှိရင်ရှိအောင်ရှာ။ ဗိုလ်ချုပ်အောင်ဆန်းကာ လက်နက်မှမရှိတာ၊ လွတ်လပ်ရေးမှမရတာ ဆိုကာ ထိုင်ပြီးမနေ။ ရှိအောင်ရှာသည်၊
ရအောင်ယူသည်။ စာအုပ်စာတန်းမရှိဆိုသူများသည်
မြို့ကြီးများတွင်နေထိုင်သူများဖြစ်က British Council တွင်လည်းကောင်း၊ USIS
တွင်လည်းကောင်းရှာဖွေနိုင်သည်။ မြို့ငယ်များတွင်နေထိုင်သူဖြစ်ပါကလည်း
လိုအပ်လျင်ရရှိနိုင်သည်။ ကုန်ကုန်ပြောရရင် အဝေးသင် တက်ရောက်နေသူများပင်
စာကိုကွက်ကာ Spot တိုက်မကျက်ပဲ အဝေးသင် သင်ရိုးအားလုံးကို နှစ်စမှစကာ
တနေ့တနာရီ လေ့လာလျင် နှစ်ဆုံးသောအခါထိုက်သင့်သော ပညာရပ်ကို
ထိုက်ထိုက်တန်တန်ရရှိမည် ဖြစ်သည်။ စာအုပ်ဖတ်သည်ဟုဆို မြန်မာပရိသတ် ကဝိ
ပညာရှိအတော်များများသည် စာအုပ်ဆိုင်မှ ပိုးသိုင်းကျမ်းများ၊
နေစကြာသိုင်းကျမ်းများ ဖြင့်သောင်လည်းကောင်း၊
ကိုရီးယားဇာတ်ထုပ် copy ဒရိုင်ဘာနှင့်အိမ်ရှင်သမီး၊ အခိုင်းအစေနှင့်
ဇောတိကသား လူ့ငနွား စောစောစီးစီး အိမ်ထောင်ပြုကာ သားတွဲလောင်း
မယားတွဲလောင်း အစရှိသည့် အချစ်ဇာတ်လမ်းများကို လည်းကောင်း၊ Internet
ရှိသော်လည်း Online တွင် Burglish နှင့် Typing လုပ်ကာ အရေမရ အဖတ်မရ
ရည်းစားရှာနေခြင်းဖြင့်လည်းကောင်း၊ ချစ်ကြိုက်ကွားညား ဇာတ်လမ်းများ
များဖြင့် ရသမစုံလင် မြန်မာ့ရုပ်ရှင် E-Educational VCD များကိုလည်းကောင်း
ကြည့်ရှုကာ ပညာရှာနေသည်ကိုတွေရပါသည်။

အလွန်အမင်းဝမ်းနည်းမိပါသည်။ အလုပ်ထဲတွင် အခြားသောမြန်မာများ အနှိမ်ခံရသည်ကိုမြင်သောအခါ ကျွန်တော်ယူကျုံးမရဖြစ်မိပါသည်။ ကျွန်တော့် လက်အောက်ရှိမြန်မာ Engineer တစ်ယောက်ခွေးပြော၊နွားပြောခံရသည်ကို မြင်သောအခါ
ကျွန်တောယူကျုံးမရဖြစ်ကာ ထိုနေ့ညနေတွင်သူ့အိမ်သွားရောက်အားပေးမိပါသည်။
ထိုသူက သူတို့ AutoCad ဖြင့်ဆွဲခိုင်းသောဒီဇိုင်းကို မရသဖြင့် မအေနှမ
မကျန်ပြောဆိုဆဲဆိုကြောင်း ပြောဆိုပါသည်။ ကျွန်တော အတော်စိတ်ဆိုးသွားကာ
ထိုသူကို အားပေးရင်း ကျွန်တော် MOM ကိုတိုင်ကြားမည် ဇြစ်ကြောင်း
ပြောဆိုပါသည်။ ပြောဆိုရင်း သူမဆွဲနိုင်သည့် Gear သွားကိုကြည့်တော့
အလွန်အမင်းအံ့ဩကာ ဘာဖြစ်လို့မဆွဲနိုင်တာတုန်းဟု မေးမိသည်။ Dimension
မရှိသောကြောင့် မဆွဲနိုင်ဟုဖြေပေးသည်။ Gear ၏ Pitches များ အတွက် Dimension
မလိုပါ။

Pitch Formula ရှိပါသည်။ ပထမနှစ် Engineering ကျောင်းသားပင်သိသော Formula များဖြစ်ပါသည်။ သူထွက်ဆိုသော စကားလုံးများ ကို ဆက်လက် ကြားသောအခါ ကျွန်တော်သူ့ကို တော်တော်ဒေါသထွက်ပါသည်။ သူပြောတော့ သူက BA Psychology
နဲ့ကျောင်းပြီးတာတဲ့။ BEng လက်မှတ်ကအတုကြီးတဲ့။ AutoCad ပဲတတ်တာတဲ့။
AutoCad သည် Engineering Assist Software တစ်ခုပါ။ Engineering Knowledge
မရှိပဲသုံးလျင် တစ်ခါတစ်ခါ Formula ပြသနာတက်တတ်ပါသည်။ အလုပ်ရှင်မှကြည့်မည်
ဆိုမမှားပါ။ သူ့တွင် Engineering Degree ရှိသောကြောင့် Pitch Dimension
ကိုတွက်ချက်နိုင်မည်ထင်သောကြောင့် ခိုင်းလိုက်ခြင်း ဖြစ်ပါသည်။
လက်မှတ်တုနှင့် လုပ်စားတာ ကျွန်တော် စိတ်မဆိုးပါ။ သို့သော်
ကိုယ်ထမင်းစားနေသော ဘာသာရပ်ကို သေချာမလေ့လာပဲ ထိုအလုပ်ဖြင့် ၅ နှစ်သိသိ
ထမင်းစားနေခြင်းဖြစ်သည်။ နောက်တစ်နေ့မနက် Meeting တွင် Director ကပြောတာ
ကတော့ မြန်မာ Engineer တွေသောက်သုံးမကျဘူးတဲ့။ ကျွန်တောရှက်ပါသည်။
ကျွန်တော် Graduate Engineer ဖြစ်သော်လည်း မြန်မာလူမျိုး Engineer
ဖြစ်သည့်အတွက်။ အခန့်မသင့်လျင် ကျွန်တော့ဘွဲ့ပါ အတုထင် နိုင်သည်။ ကဲ
မခက်ပေဘူးလား အရပ်တတော်တို့ရေ။ ပညာ မရဲရင့် ပဲ ပွဲလယ်တင့်ချင်ကြတာကို။

3 comments

  • unclegyi1974

    August 28, 2010 at 2:09 pm

    အနောက်နိုင်ငံများနှင့်အမေရိကရှိ University အတော်များများတွင်
    Self-Teaching & Learning ကို အသုံးပြုခဲ့သည်မှာ
    ရာစုနှစ်ပင်ရှိတော့မည်။ မည်သည် ဆရာ ဆရာမ မှ အရေးကြီး Principle
    များမှလွဲကာ Lecturing မလုပ်တော့ပါ။ “ကျောင်းဆရာတွေမှမသင်တာ”၊ California
    Technology ကဲ့သို့သော University ကြီးများတွင် Video Lecture Off-Campus
    System များဖြင့်သက်ဆိုင်ရာ ဘာသာတွဲများကို ပို့ချသည်။ ဆရာတွေမှမသင်တာ။
    George W.Bush သည်လည်းကောင်း၊ Barrack Obama သည်လည်းကောင်း သင်၏ပညာရေး
    Grade များကိုစိတ်ဝင်စားမည် မဟုတ်ပါ။ အစိုးရကသောသုံး မှမကျတာ။
    ဘာလို့သူတို့လူမျိူးတွေပညာတတ်သနည်း။

    ဘာကြောင့်တတ်ဆို Self-Teaching & Learning ကိုသူတို့ကသေချာလေ့ကျင့်ပေးထားတယ်လေ၊
    ဒီကအခြေခံမူလတန်းကျောင်းကစလို့ ခင်ဗျားပြောတဲ့ ဘွဲ့ရပြီးတဲ့အထိဆိုပါတော့ဗျာ၊
    ဘယ်လိုသင်နေလဲခင်ဗျားလဲသိသားနဲ့ ကြက်တူရွေးနှုတ်တိုက်သင် စာမေးပွဲမှာဒါမေးဒါဖြေ၊
    ၁ဝတန်းမှာဟိုဂိုက်ဒီဂိုက်နဲ့အောင်လာတဲ့ခလေးတွေ၊ Self-Teaching & Learning ဆိုတာဂျိုပါလားဟင်
    လို့မမေးရင်တော်လှပြီ။

    အဲဒါအများစုကိုပြောတာနော်၊ ဒီထဲကမှ၁၀ဝမှာ၁ ယောက်လောက်ဘဲ ချွန်ထွက်ပြီးတကယ်လိုချင်စိတ်
    နဲ့ခင်ဗျားပြောတဲ့ self learning နဲ့သွားတာတကယ်ဖြစ်မြောက်သွားတာတွေတွေ့ရပါတယ်ဗျာ။

    အဲဒီတော့ချုပ်ပြောရ ရင် သင်ကြားရေးကိုကဒါဆိုဒါဘဲသင်ကြားရေးအထွန့်မတက်နဲ့ ၏ဆို၏ ဘဲ
    သည်မရေးနဲ့ မှားတယ်၊ သည်ဆိုရင်လ ဲ၏ မရေးနဲ့ မှားတယ်။

    အဲ ဒီလို့ ခေါက်ရိုးကျိုးနေတဲ့ခလေးတွေကြီးပြင်းလာလို့လူကြီးဖြစ်လာရင် သူတို့ဆီကဘာကိုခင်ဗျားမျှော်လင့်
    နေသလဲ။ ခိုင်းတာလုပ် ခံမပြောနဲ့ကိုကျောင်မှာသေချာကျင့်ပေလိုက်တာလို့ပြောရင်ခင်ဗျာဘာပြောမလဲ၊
    ကျွန်တော်သိချင်ပါတယ်။

    ဒါပေမဲ့ခင်ဗျာပြောသလိုလူငယ်တွေပေါ့ပေါ့နေပေါ့ပေါ့စားစရိုက်ကတော့ဝင်နေကြတာကတော့အမှန်ဘဲဗျို့။

  • kopauk mandalay

    August 28, 2010 at 4:03 pm

    ကလေးတွေအတော်များများကတော့ ကြက်တူရွေးလေးစာအံသင်ဘဝနဲ့ကြီးပြင်းလာခဲ့ရတာကိုတော့စာနာပေးစေချင်ပါတယ်။
    နောက်မြန်မာပြည်အနေအထားအရ တိုင်းပြည်သိပ်မဖွံ့ဖြိုးသေးတဲ့အခါမှာ သင်ယူထားတဲ့ပညာနဲ့ထမင်းစားလုို့ရနိုင်တဲ့အလုပ်တစ်ထပ်ထည်းမကျတာကိုလည်း
    မေ့ထားလို့မရနိုင်ပါဘူး။
    လက်ရှိအနေအထားအရ ကျောင်းသားတော်တော်များများ သည် စာကိုသင်ယူရာမှာ သဘောတရားနဲ့တွဲလို့သင်ယူရတာထက် အလွတ်ကျက်စံနစ်နဲ့ဘဲ
    လေးဘာသာ ငါးဘာသာ ခြောက်ဘာသာဂုဏ်ထူးတွေထွက်နေတာကလည်းအမှန်တရားပါဘဲ။
    ကလေးတွေက ရေသာခိုတယ်လို့ ယူဆရတာကလဲ မလွဲဘဲမှန်ပါတယ်။
    ခုလက်ရှိကလေးတွေကိုအပြစ်မတင်စေချင်ပါ။
    သူတို့ရှေ့ကမျိုးဆက် နှစ်ဆက်လောက်က လည်းဒီအတိုုင်း ကြီးပြင်းလာကြရတာပါ။
    ကလေးတွေကို တောင်ပေါ်မတက်ရကောင်းလားလို့ တောင်ပေါ်ရောက်နေသူက အပြစ်မမြင်စေ့ချင်ပါ။
    တောင်အောက်မှာရှိနေတဲ့ကလေးတွေခင်ဗျာ တောင်တက်တဲ့လမ်းကို ပိတ်ထားတာရှိမရှိ ပြန်ကြည့်စေချင်ပါတယ်။

  • Foreign Resident

    August 28, 2010 at 10:25 pm

    Dear Manawphyulay,

    Even I appreciate your intention to encourage & pushing the young learner,
    Even I agree that self & continuous learning is vital in this Era,
    But I think, In recent ever rushing & strongly competing Era,
    The government’s role is more than just merely sit beside.

    If they really want their country to be developed & rich,
    They should use enough money in Education instead of Military.
    They should establish the prosperous, transparent & fair learning environment.
    But current situation seem lack of both.

    I am shy to say that,
    Our Government seem, they don’t want the majority of our people to be educated,
    Instead, they prefer majority of the people to be un-educated,
    As it will make easy for them to govern the people.

    They realized, only an educated soldiers were participated in 1988 revolution,
    Navy, Air Force, Medical, Defence Industry & Paratroopers (Lay Htee-16)
    Most of above regiments required their soldier must be at least 8th standard passed.
    This mean the 88 participated soldiers are generally the most educated soldiers in our military.

    Then, Generals decided soldiers should not be educated.
    After that, similarly, they decided people should also not be educated.
    In fact, they intentionally did this situation.
    But, if you want Bachelor Degree, they will easily & happily give it to you,
    but not true Education.

    In this situation, you cannot expect much from our suffering people,
    especially should not blame this pity people, please be fair & mercy upon them.

    ဘာကြောင့်တတ်ဆို Self-Teaching & Learning ကိုသူတို့ကသေချာလေ့ကျင့်ပေးထားတယ်လေ၊
    ဒီကအခြေခံမူလတန်းကျောင်းကစလို့ ခင်ဗျားပြောတဲ့ ဘွဲ့ရပြီးတဲ့အထိဆိုပါတော့ဗျာ၊

    အဲ ဒီလို့ ခေါက်ရိုးကျိုးနေတဲ့ခလေးတွေကြီးပြင်းလာလို့လူကြီးဖြစ်လာရင် သူတို့ဆီကဘာကိုခင်ဗျားမျှော်လင့်
    နေသလဲ။ ခိုင်းတာလုပ် ခံမပြောနဲ့ကိုကျောင်မှာသေချာကျင့်ပေလိုက်တာ

    ကလေးတွေကို တောင်ပေါ်မတက်ရကောင်းလားလို့ တောင်ပေါ်ရောက်နေသူက အပြစ်မမြင်စေ့ချင်ပါ။
    တောင်အောက်မှာရှိနေတဲ့ကလေးတွေခင်ဗျာ တောင်တက်တဲ့လမ်းကို ပိတ်ထားတာရှိမရှိ ပြန်ကြည့်စေချင်ပါတယ်။

    Following is my opinion more,
    If I were you I will simply say to your Boss that you suspected this guy hold fake Engineer degree.
    Because, it is truth, the whole truth & nothing but truth.
    nothing to concern about he is Myanmar nationality.
    Actually, he have deteriorated our Myanmar honour in long term.
    Otherwise, you will be liar in some ways, at least morally ( sorry to say that ).

    Sorry for my poor English,
    I admit some cannot reveal my true meaning.

    Anyway, thanks for your article.

Leave a Reply