အရာရာတိုင်းမှာ လစ်မစ် limit ရှိတယ် ရဲဘော်တို့.. သီးခံမှုဆိုတာ အတိုင်းအတာ ရှိတယ် အဲဒီက ကျော်တာ ငြိမ်ခံနေလျင် သည်းခံတာ မမြည်ဘူး၊ လည်စင်းပေးရာ ရောက်ပြီ။ တဖက်က နားမလည်တဲ့အပြင် ငတုံး ငအ အဖြစ် သတ်မှတ်တယ်။ သတင်းထောက် ကိုပါကြီး အသတ်ခံလိုက်ရပြီ။ သတ်သူက စစ်တပ်.. ပြောတော့ တိုင်းပြည်မှာ ငါတို့မရှိရင် ဥပဒေမဲ့ ဖြစ်သွားပါမည်ဆိုပဲ။ ကိုပါကြီးသေပြီး တလလောက်ကြာမှ ထွက်ပြေးလို့ ပစ်သတ်ရပါတယ် သတင်းထုတ်တယ်။ ကိုပါကြီး ဒီကေဘီအေကို အင်တာဗျူးသွားစဉ် အဲဒီမှာ စစ်ဝတ် အပြည့်အစုံနဲ့ ရိုက်ထားပြတဲ့ ဓာတ်ပုံကိုယူပြီး ရန်သူစစ်တပ်ကလို့ စစ်ခွေးတွေ ဆင်ခြေပေးတယ်ဘယ်သူ ဖြေရှင်းပေးမှာလဲ..။ ဘပြောင်ဂျီး အစိုးမရလား.. ကုတ်ခြာ မင်းအောင်လှိုင်လား.. မဲလိမ်လွှတ်တော် အုတ်ကထတွေလား..။ တရားမျှတမှုအတွက် ဘယ်သူ ဦးဆောင် တိုက်ပွဲဝင်ပေးမလဲ.. ဘွားဒေါ်ဂျီးလား.. ရှစ်ပူးငြိမ်းပွင့်တွေလား..။ (အစည်းအဝေးလုပ်တာတော့ တွေ့ပြီ)

သင်ပုန်းချေတာ ကောင်းတယ်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် ခွင့်လွှတ်မှု အရင်းခံရပါမည်။ သို့ပေမဲ့ ဆက်ဖြစ်နေတဲ့ မတရားမှုတွေ၊ နာကျည်းခံပြင်းချက်တွေကို ရပ်တန့်ရမည်လေ။ သင်ပုန်းချေရေး တစာစာအော်ခဲ့ကြတဲ့ သပ်ပါတီတွေ နိုင်ငံရေးသမားတွေ ပြင်ညာရှင်တွေအားလုံး တာဝန်ယူရမည်။ ဘဝတူ မီဒီယာသမားတွေ ကျရာတာဝန် ထမ်းကြပါ၊ တပ်ဦးမှာ နေပေးကြပါ။ စာနယ်ဇငး ကောင်စီ ဒါမှ မရှင်းနိုင်လျင် စာလည်စင်းကောင်စီ နာမည်ပြောင်းတော့.. ။

ကိုပါကြီး မိသားစု

ကိုပါကြီး မိသားစု

စာနယ်ဇင်းသမားတွေ ထောင်ကျနေတယ်၊ အချုပ်ခံနေရတယ်၊ အချို့လည်း တရားရင်ဆိုင်နေရတယ်။ အခု အသတ်ခံလိုက်ရပြီ။ လွတ်လပ်စွာ ရေးသားပြောဆို ထုတ်ဝေခွင့်အတွက် တိုက်ပွဲဝင်ကြ။ တရားမျှတမှု၊ တန်းတူညီမျှရေးနဲ့ လူ့ဂုဏ်သိက္ခာအတွက် ရုန်းကန်ကြ.။ ပြည်သူ့ခုံရုံးတွေဖွဲ့ဖို့ လိုအပ်ပြီ။

ယူအက်စ်မှာ ကိုပါကြီးရဲ့ ကျန်ရစ်သူ မိသားစုအတွက် ရံပုံငွေလှုပ်ရှားမှု စနေပြီ။ မိန်းမနဲ့ ခလေးတွေကျန်တယ်။ ပြည်တွင်းမှာ သူတို့အတွက် ရံပုံငွေ fund ထူထောင်ပေး၊ စောင့်ရှောက်ရေးကော်မတီ ဖွဲ့ပေးကြပါ။ ဒီမိုသမား ကျတဲ့ သွေးတစက် အလကား မဖြစ်စေရ..။

အာဇာနည်မျိုး သေရိုးမရှိ…။ ကျဆုံးရဲဘော် ကိုပါကြီးအား အလေး ပြု…။ တော် တီး တော်…

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး