ဘွားဒေါ် What and to where?

အလွတ်သတင်းထောက် ကိုပါကြီး စစ်တပ် အသတ်ခံရလို့ အမှန်တရား ဖော်ထုတ်ရေး ရှစ်လေးလုံးမျိုးဆက် ခြစ်ကိုယ်ဂျီးများ မနေ့က မြို့တော်ခန်းမရှေ့ ဆန္ဒပြပွဲမှာ တောင်းဆိုလိုက်ပါပြီ။ အန်အယ်လ်ဒီ ဘာလုပ်နေလဲ.. အန်အယ်လ်ဒီဆိုတာ ဘွားဒေါ်ဂျီး မျက်နှာရိပ် မျက်နှာကဲကြည့် လုပ်နေရတဲ့ အဖွဲ့အစည်းဆိုလျင် ဘွားဒေါ် ဘာလုပ်နေသလဲ။ မဲခိုးမဲလိမ် လွှတ်တော်အုတ်ကထ ဥရွှေမန်းဖတ်ဖို့ တရားအုပဒေ စိုးမိုးရေး အစီရင်ခံစာ ရေးနေဟန်တော့ မတူဘူး၊ ဘာများ အလုပ်ရှုပ်နေပါလိမ့်။

ကျန်ရစ်သူ ဇနီးက ရဲကိုသွား အမှုဖွင့်တော့ ရဲမှူးက နိုင်ငံအကြီးဆုံး ပုပ်ကိုယ်ကို တိုက်ရိုက်ပြောပါ။ သူ့မှာ အမှုလက်ခံခွင့် မရှိတဲ့။ ဘယ်ကောင်က အကြီးဆုံးလဲ.. ဗပြောင်လား ဘိုသမ်းရွှေလား။ ဗပြောင် အင်ကြီးမှန်း သိလို့ တမင်များ နာမည်မတပ် ပြောလေသလား။

ရှစ်ဆဲ့ရှစ် နောင်တော်ကြီးများလဲ ကြေငြာချက် နောက်ဆက်တွဲ အကောင်အထည်ဖေါ်မှုများ ရှိလာမည်လို့ မျှော်လင့်ပါတယ်။ ဘွားဒေါ်ဂျီး ဘာလုပ်ပေးနိုင်သလဲ.. တခုခု လုပ်ရမှာ အသေအချာပဲ။ ရေဒီယိုအင်တာဗျူးမှာ မတရားဘူး၊ ဘာညာကွိကွ သီအိုရီပြောတာထက် လက်တွေ့လုပ်ရမည့် အချိန်ရောက်ပြီ။ သူဘာလုပ်နိုင်သလဲ..

လက်ရှိ အုပ်ကထ လုပ်နေတဲ့ လွှတ်တော် တရားအုပဒေ စိုးမိုးရေးကော်မတီကနေ နုတ်ထွက်ပြလိုက်ပါ။ ရိုးရိုး နုတ်ထွက်တာ မဟုတ်ဘူး၊ အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရလို့၊ မြန်တျန့်နိုင်ငံသားတဦးကို စစ်တပ်က ရာဇဝတ်မှုကျူးလွန် သတ်ဖြတ်လို့ ကန့်ကွက်ပြတာ။ ဟုတ်တယ်နော်.. ဘွားဒေါ် အဲဒိနေရာ ထိုင်လို့ ဘာမှလဲ ထူးမလာ၊ အစည်းအဝေးထိုင် ကြေငြာချက်ထုတ်.. ဒုံရင်းက ဒုံရင်း..။

ဒီမိုကရေစီနိုင်ငံမှာ ပြသနာကြီးကြီးမားမားဖြစ်လျင် တာဝန်ရှိသူ နုတ်ထွက်ပေးရတယ်၊ ဝန်ချတောင်းပန်ရတယ်။ စစ်ကောင်တွေ သောက်ရှက်မရှိလို့ မထွက်လျင် ဒီမိုဘွားဒေါ်ဂျီး စံပြလုပ်ပြလိုက်စမ်းပါ။ မင်းတို့မရှက်ပေမဲ့ ငါ ရှက်တယ်၊ ငါ့မှာ အရှက်၊ ဂုဏ်သိက္ခာ ကျင့်ဝတ် တာဝန်ယူမှု အပြည့်ရှိကြောင်း ပြလိုက်ပါ။ ထွက်ခိုင်းနေရခြင်း နောက်တချက်က ဘွားဒေါ်ဂျီး ကျဆင်းနေတဲ့ နိုင်ငံရေးသိက္ခာ ပြန်ဆည်ခြင်းလည်း ဖြစ်တယ်။

အရေးကြီးပြီ ညီနောင်အပေါင်းတို့...
အရေးကြီးပြီ ညီနောင်အပေါင်းတို့…

နိုင်ငံတကာကို မကျေနပ်ကြောင်းနဲ့ လက်ရှိ ပြည်တွင်း အခြေအနေကို အထိရောက်ဆုံး မီးမောင်းထိုးပြခြင်းလဲ မြည်တယ်။ ယူအက်စ် သမဒ အိုဘားမား နိုဝင်ဘာလမှာ နေပူတောကို အစည်းအဝေးတက်ဖို့ လာတော့မယ်။ ဘွားဒေါ်ရာထူး ပြန်အပ်လိုက်လျင် ယူအက်စ် အစိုးရအဖွဲ့၊ ကွန်ဂရက်နဲ့ အနောက်ကမာ္ဘတခုလုံးကို အချက်ပြ လိုက်ရာလဲ ရောက်တယ်။ ခြင်္သေ့ဆိုတာ ဟိန်းသင့်တဲ့အချိန် ဟိန်း၊ ဟောက်သင့်တဲ့အချိန် ဟောက်ရတယ်။ ကြောက်ဖွတ်နဲ့စစ်ခွေးတွေလို အချိန်တိုင်း ဟောင်တာမျိုး မဟုတ်ဘူး။

လွှတ်တော်ထဲ အဆိုတင်သွင်းလို့လဲ ဘာမှ ထူးလာမှာ မဟုတ်၊ လူအင်အား မရှိပါလို့ ကိုယ်တိုင်ဝန်ခံထားပြီးပြီ။ အဆိုနိင်တယ်ထားအုံး.. မှတ်တမ်းတင်ရုံနဲ့ ပြီးသွားရောလား။ နောင် ကိုပါကြီးတွေအတွက် ဘယ်လိုရင်ဆိုင် ကြမလဲ။ ဒါကြောင့် သုံးလို့မရတဲ့ နာမည်ခံ ကော်မတီ အုတ်ကထ ရာထူးကနေ နုတ်ထွက်လိုက်တာဟာ ဒီမိုကရေစီ မပြောနဲ့ အခြေခံ လူ့အခွင့်အရေးအာမခံချက်မရှိ၊ တရားဥပဒေ ကင်းမဲ့နေတဲ့ မြန်တျန့်ပြည် အခြေအနေ တကမာ္ဘလုံးသိအောင် လှမ်းပြတဲ့ မှန်ကန်တဲ့ ပထမဆုံး ခြေလှမ်းဖြစ်မယ်လို့ တိုက်တွန်းပါရစေ။။

 

ရဲရဲတောက် ဒီမိုကြောင်ကြီး

25 comments

  • kyeemite

    October 27, 2014 at 8:38 am

    .အူးကြောင်ကြီးတင်ပြတာကို အပြည့်အဝထောက်ခံတယ်ဗျာ
    . လွှတ်တော် တရားအုပဒေ စိုးမိုးရေးကော်မတီအနေနဲ့ ဘာမှထင်သာမြင်သာမလုပ်နိုင်တဲ့အတူတူတော့
    .ဒေါ်စုနှုတ်ထွက်သင့်ပါတယ်.. :boss:

  • မမချွိ

    October 27, 2014 at 9:50 am

    ကြီးမေ ဘေးမှာ ကြောင်ကြောင် ရှိသင့်ကြောင်းးး

    :kwi:

  • Wow

    October 27, 2014 at 1:57 pm

    ကတောက်စ် လွှတ်တော်ထဲ ကြောင်မဝင်ရတာ မြန်မာပြီ နစ်တာတာပဲ :mrgreen:

  • မြစပဲရိုး

    October 27, 2014 at 2:00 pm

    Sad …. But TRUE. (cd – Mg Gi)
    I totally agree with you Kyaung Kyaung.

  • kai

    October 27, 2014 at 2:02 pm

    ထွက်လိုက်တော့ အထွက်ကြီးအဖတ်တင်သွားမယ်သာထင်တာပဲ..
    လူထုအင်အားနဲ့အရင်သွေးစမ်းသင့်တယ်..။
    စစ်တပ်ကဘာလုပ်မလဲ… ဆိုတော့.. အဲဒီလူထုအင်အားကြည့်ပြီး.. ထိုးကျွေးမှာပေါ့…
    ဗိုလ်ကြီးလား.. ဗ်ုလ်မှုးလား.. တပ်ရင်းမှုးလား..။ တိုင်းမှုးလား.. ပေါ့..

    ဒီလိုကိစ္စက.. အောက်ခြေကလှန်သင့်တယ်သာ.. ထင်..။
    အထူးသဖြင့်.. မြန်မာလိုပြည်မျိုးမှာ.. ဘာသာရေးနွယ်တဲ့ဖက်ကစ သင့်တယ်ထင်..။
    Saffron Revolution လိုမျိုူး…။ :k:

    • မြစပဲရိုး

      October 27, 2014 at 2:21 pm

      တောင်းဆိုတာ လုပ် မပေးရင် တော့ ထွက်တာ ပိုကောင်းပါတယ်။
      ထွက်လို့ ထွက်တာဘဲ အဖတ် တင် လဲ တင်ပေါ့။
      ဒီ အတိုင်း ကတော့ ရေစုန်မျော နေတော့မှာ။
      ဒါပေမဲ့
      ထိုးကျွေး မှာပါ မပူပါနဲ့။ အဲဒီ ပစ် တဲ့ စစ်သား ကိုပေါ့။
      ပြီးတော့ လဲ ပြီး သွား။
      ၂၀၁၅ လဲ လုပ်ချင်တာ လုပ် ဦးမှာ။
      ဒီတော့ ကိုယ့်ဖက် က ပြတ်ပြတ်သားသား သာ ဆုတ် လိုက်ပေါ့။
      သူတို့ ဒီ လို လူ ကို အလွတ်ခံနိုင်လား။
      သန်း ၅ဝ သော ပြည်သူ များ ကရော ဒီ လို လူ ကို အလွတ်ခံနိုင်လား။
      မခံ နိုင်ရင် ရ အောင် ပြန်ညှိ ပေးဖို့ အားလုံး ဝိုင်းတောင်းရမှာ။
      ဒေါ်အောင်ဆန်းစုကြည် က သူ့တာဝန်သူခံကြောင်း ပြတာ ကို ပြည်သူအားလုံး က သူ ဘက်မှာ ရပ်နေကြလား သိတာပေါ့။
      မဟုတ် ဘဲ ပြည်သူတွေ ကလဲ အိယောင်ဝါး လုပ် နေတာ ဆိုရင်တော့ သူတို့ ကို သူတို့ နဲ့ ထိုက်သော ကို သူတို့ ရွေးမှာဘဲ။
      အထင်။

    • မြစပဲရိုး

      October 27, 2014 at 2:29 pm

      ပြီးရင် အိုဘားမား ပါ မြန်မာပြည် လာမဲ့ ခရီး ကို ဖျက် သင့်တယ်။
      ဒါကို သူကြီး တို့ ဖိအားပေးသင့်တယ်။

      ပြီးရင် ပြောကြမယ်။
      ပြည်တွင်း မှာ အပိတ်ခံရတာ ဒေါ်အောင်ဆန်းစုကြည်ကြောင့် လို့။
      သူတို့ အဘ တွေ အပြစ် တော့ မြင်မှာမဟုတ်ဘူး။
      ဒီတစ်ခါ အပိတ်ခံ ရရင် အရင်ထက် ပိုပြီး အထိနာမှာ။
      ဒေါ်အောင်ဆန်းစုကြည် နဲနဲ တော့ ပွဲကြမ်းသင့်သလားဘဲ။

      အခု လောလောဆယ်မှာ ဒေါ်အောင်ဆန်းစုကြည် ကို ပြစား ပြီး နိုင်ငံတကာ မှာ တောင်း နေတာ။
      တကယ်ဘဲ နိုင်ငံတကာကလဲ အလေးထားရင် ဒေါ်အောင်ဆန်းစုကြည် ဒီလို လုပ်တာ ကို ပံ့ပိုးသင့်တယ်မဟုတ်လား။
      ဖဲပွတ်သလို အကဲစမ်း တာမျိုး ပေမဲ့ စမ်းသင့်သလားပါဘဲ။

      • kai

        October 27, 2014 at 2:35 pm

        အသိမမှားရင်.. မြန်မာစစ်တပ်နဲ့.. ယူအက်စ်အစိုးရနဲ့.. ချိတ်မိသွားပြီ..။
        နောက်ပြန်ဆုပ်ဖို့..တော်တော်ခက်မယ့်သဘောရှိတယ်..။

        ဆိုတော့..
        အဲဒါကို.. ထည့်ထည့်စဉ်းစားပြီးမှ.. နောက်ပိုင်းနိုင်ငံရေးအလုပ်တွေ.. လုပ်သင့်တယ်လို့သာ.. ထင်..။
        ဒေါ်အောင်ဆန်းစုကြည်အလွန်.. နှစ်တွေအတွက်.. အကြီးအကျယ်ပြင်ဆင်သင့်ပြီလို့… ထင်..။ :i:

        • မြစပဲရိုး

          October 27, 2014 at 2:40 pm

          ဟုတ်တယ်လေ။
          ဒါကြောင့် အိုဘားမား လဲ ရှိတုန်း ကိုယ့်ဖက်က အားသာချက် ကို ယူသင့်သလားလို့။

          အခု တော့ ပြေးဦးမယ်။ နောက်မှ။

  • မြစပဲရိုး

    October 27, 2014 at 10:48 pm

    ဒီမှာ အရမ်းခင် တဲ့ သူငယ်ချင်း ရှိတယ်။
    သူ နဲ့ ဘုန်းကြီးကျောင်း သွားတိုင်း အမြဲ တွေ့ပါတယ်။
    စကားတွေ ပြောမကုန် လက်စုံကျပါတယ်။
    . နိုင်ငံရေးစကား က လွဲလို့ပေါ့။
    သူက အင်မတန်ခင်တော့ အမြဲဆူတယ်။
    တစ်ခြား အရေးကြီးတာ မလုပ်ဘဲ ဒါတွေ ကို အချိန်ကုန်ခံပြီး စိတ်ဝင်စားရသလားတဲ့။
    တစ်ခါ Time Magazine မှာပါလာတဲ့ ဘုန်းကြီး အရေး ဆရာတော် ကို လျှောက် ကြည့်တာ
    သူငယ်ချင်းက ဘုန်းကြီးကျောင်း လာတာ တရားလုပ်ဖို့ မဟုတ်ရင် လာမနေ နဲ့လို့ ဆူပါရော။
    တကယ်တော့ သူကလဲ ဒေါ်အောင်ဆန်းစုကြည် ကို အရမ်းလေးစား အရမ်းချစ်တဲ့ သူပါ။
    သူတင်မဟုတ်။ ဘုန်းကြီးကျောင်း က အသိုင်းအဝိုင်း အားလုံးပါ။
    အဲလို စကားပြော ရင် ဂြိုလ်သားတစ်ကောင် လိုဘဲ ကြည့်ကြတယ်။
    သူတို့ ဘယ်တော့မှ နိုင်ငံရေး ကို မဝေဖန်ဘူး။
    စစ် အစိုးရ အသိုင်းအဝိုင်း ကလဲ မဟုတ်ဘဲ နဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလဲ အားပေးပါရက် နဲ့
    အဲဒီ အကြောင်း တွေ ဘယ်တော့မှ မပြောကြဘူး။
    အကြောင်းက ကိုယ်မသိ တဲ့ နားမလည် တဲ့ လက်တွေ့လဲ မလုပ်နိုင်တာမို့ တဲ့။
    နားလည်သူတွေ သူတို့ဟာ သူတို့ လုပ်လိမ့်မယ် တဲ့။
    ပြောမိတဲ့ ကိုယ့်မှာ လူဆိုးကြီး ဖြစ်လို့။

    ဒီ အတိုင်းဘဲ မြန်မာပြည်ထဲ က ရင်းနှီးသူတွေ ဆီက နိုင်ငံရေးစကား တွေ ဝေဖန်မှု တွေ မကြားရဘူး။
    အားလုံးက ကိုယ် နဲ့ မဆိုင်ကြသလိုဘဲ။
    ဒေါ်အောင်ဆန်းစုကြည် ကို ကြိုက်တာ လေးစားတာ တွေ့ရတာဘဲ။
    ဒါပေမဲ့ စစ်အစိုးရ ကိုလဲ အမုန်းပွါး မနေဘူး။
    သူတို့ ကြည့်ရတာ ဘယ်သူ တက်တက် တည့်အောင်ပေါင်းပြီး ကိုယ့်အလုပ် ကိုယ်ကို လုပ်နေကြမဲ့ သူတွေ ဘဲ။

    ကိုယ့်မှာသာ ဘယ်လို ဝါသနာ ဖြစ်ပြီး ပြောချင် ဆိုချင် ဝေဖန်ချင် နေလဲ မသိ။
    ဒါကြောင့်လဲ ရွာကို အဖော်လုပ် ဒီ စကား တွေ ကိုပြောချင်သလို ပြောနေတော့တာ။

    အမြဲ စဉ်းစားမိတယ်။
    .မြန်မာနိုင်ငံထဲမှာရော၊ ပြည်ပ မှာရော သာမာန် လူ အနေ နဲ့ တကယ်ဘဲ နိုင်ငံရေး ကို စိတ်ဝင်စားပြီး ဝေဖန် လေကန်သူ ဘယ်နှစ်ယောက် ရှိမလဲ ဆိုတာ။
    သာမာန်လူ မဟုတ်ဘဲ ကိုယ့်ဟာကို နိုင်ငံရေးသမား အဖြစ် တနည်း အစိုးရ ကို တော်လှန်သူ အဖြစ် ခံယူ မှသာ ဒီလို စကားတွေ ပြောပြီး အချိန်ပေး ဝေဖန်နေမလားဘဲ။
    သန်းငါးဆယ် လို့ ပြောတဲ့ အထဲ အဲဒီ လို လူ တွေ ဘယ်လောက် % ဘဲ ရှိနေမှာလဲ။

    အခု ကိစ္စ မှာလဲ ကိုယ်ကတော့ ထုံးစံ အတိုင်း စစ်အစိုးရ ကို အလိုမရှိဂိုဏ်း သမား လို ဖြစ်နေတော့ ဒီအချိန်မှာ အခွင့် အခါကောင်း ဓား ဓားချင်း ယှဉ် ရမဲ့ အချိန် ပွဲကြမ်း လိုက်စေချင်တယ်။
    ကြောင်ကြောင် ပြောသလိုဘဲ နဂါးမှန်း သိဖို့ အမောက်ထောင် လိုက်စေချင်တယ်။
    ကိုပါကြီး အသတ်ခံရတာ ကို အကြောင်းပြုပြီး အတိုက်အခံ ရဲ့ အစွယ် ထုတ်ပြ စေချင်တယ်။
    အနောက်တိုင်း နိုင်ငံ တွေ အားလုံး မြန်မာပြည် ကို စီးပွါးရေးပြန်ပိတ်စေချင်တယ်။
    အိုဘားမား အနေနဲ့ ခရီး စဉ် ဖျက်ပြီး မြန်မာပြည်အစိုးရ ရဲ့ မတရားမှု ကို ကန့်ကွက်ပြစေချင်တယ်။

    ဒါပေမဲ့
    ဒါဟာ တကယ်ဘဲ မြန်မာပြည် က လူတန်းစား အားလုံး ကို စိတ်ကျေနပ်စေ၊ အကျိုးဖြစ်စေမတဲ့လား။
    မသိ။
    % အနည်းငယ် ဖြစ်နေမဲ့ လူတန်းစား က ဘဲ စိတ်ကျေနပ် မှာလား။
    မသိ။
    ကိုယ့် ကတော့ ဒီ အစိုးရ ကို ဘဲ မျက်စောင်းခဲ ချင်နေတာကိုး။

    တကယ်တော့ ဗိုလ်အောင်ဒင် ကားထဲ က လို ဇာတ်သိမ်းမှာ
    “ကိုကိုချစ်ရော ဦးအောင်ဒင်ရော မြကို အပြစ်မဆိုရဘူးနော်” ဆိုပြီး
    ဘယ်သူ့ ကို ရွေးရမယ် ဇဝေဇဝါ ဝေခွဲ မရ တဲ့ မြ လို ပြည်သူ တွေ ကို မြင်ကြည့်ဘူးလား ကိုကြောင်။
    “ဟယ် ကိုကိုချစ် လက်ကိုင်ပုဝါကလေးတော့” လို့ ဝမ်းသာအားရ ဖြစ်သွားတဲ့ မြ လိုဘဲ ဟိုဘက် ကို အချိန်မရွေး ပြန်ပါသွားနိုင်တာ ကို စဉ်းစားမိလား။

    ကျွန်မ တော့ ကျွန်မ ဘေး က သူတွေ အားလုံး ကို ဒီ အတိုင်း ဘဲ မြင်နေတော့ တယ်။
    မယုံရင် ရွာထဲ တောင် စစ်တမ်းကောက်ကြည့်။
    ဒေါ်အောင်ဆန်းစုကြည်တော့ ကြိုက်ပါရဲ့။
    ဟိုဘက် က နိုင်လဲ နိုင်ပေါ့ ဆိုသူ ဘယ်နှစ်ယောက်ရှိနိုင်လဲ။
    NLD မဲ မရ လို့ ဘဝ ပျက်မလို ဖြစ်သူ ဘယ်နှစ်ယောက် ရှိနိုင်လဲ။

    ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီအချိန်မှာ နိုင်ငံရေးသမား လူတန်းစား တစ်ရပ်ထဲ အတွက် အတိုက်အခံ အဖြစ် ရပ်တည် ရမှာ မဟုတ်ဘူး။
    ဇဝေဇဝါ လူတန်းစား အတွက်ကိုလဲ စိတ်ရှည်ရှည် နဲ့ ဆွဲခေါ် ရမဲ့ တာဝန်ရှိ တယ်။
    ဒါမှ တကဲ့ တိုင်းပြည် ရဲ့ ခေါင်းဆောင်ကောင်း ဖြစ်မှာ ထင်ပါတယ်။
    ဒါကို ဘွားဒေါ်ကြီး တွေဝေတယ်၊ မပြတ်သားဘူး။ အတိုက်အခံကောင်း မဟုတ်ဘူး ပြော တာ မတရားပါဘူး။
    သူ့လိုမလုပ် နိုင်လို့ နှစ် ၂ဝ အကျယ်ချုပ် ထဲ သူ့နေရာ ကို ဝင်နိုင်သူ မရှိဘဲ လေ။
    လေ နဲ့ ဝေဖန်ရေး လုပ် နေတာ က တော့ လွယ်ပါ့။
    ဘက်စုံ ထိုးနှက်ခံ နေရတဲ့ကြား မှာ ဒီလောက် ခံနိုင်ရည် ရှိတာ နဲ့ တင် အားလုံးထက် သာနေပြီ။

    ဒီတော့
    အနှစ်ချုပ်ရရင် ကြောင်ကြောင် ….
    ကျွန်မ အနေနဲ့ ကတော့ …
    ၂၀၁၂ တုန်း ကလဲ ဒေါ်အောင်ဆန်းစုကြည် ကို ရွေးကောက်ပွဲ မဝင်စေချင်ခဲ့ဘူး။
    အခုလဲ တရားဥပဒေ စိုးမိုးရေးကော်မတီကနေ နှုတ်ထွက် စေချင်တယ်။

    ဒါပေမဲ့ သေချာပါတယ်။
    သူ ဒီလို မလုပ်ဘူး ဆိုတာ။
    ဘာလို့ လဲ ဆိုတော့ သူက လူတန်းစားတစ်ရပ်ထက် ပိုနေတဲ့ တစ်ခြား ပြည်သူ လူတန်းစား ကိုလဲ ထည့်တွက် နေရလို့ ဘဲ။
    အဲဒီ လူ တန်းစား ကိုလဲ သူမြင်နေလို့ ဘဲ။ အဲဒီ လူ တွေ က ပိုများ နေတာ။

    မှန်လား။မသိ။
    မှားလား။ မသိ။

    သိတာတစ်ခု ကတော့။
    ဒေါ်အောင်ဆန်းစုကြည် ဟာ အကျိုး အကြောင်း မဲ့ ဘယ်တော့ မှ လုပ် မဲ့ သူ မဟုတ် ဆိုတာ ကိုဘဲ။
    သူ့ ကို အကြွင်းမဲ့ ယုံပါတယ်။
    သူ့ ဆုံးဖြတ်ချက် မှားလဲ အပြစ်ဖို့ ရန်မလို။ လက်သင့်ခံ ဖို့ အဆင်သင့်ဘဲ။

    ဒေါ်အောင်ဆန်းစုကြည် လို IQ ရော EQ ပါ မြင့်တဲ့၊ နား မျက်စိ ကို အမြဲဖွင့် ထားတဲ့၊ ပြည်သူ အပေါ် စေတနာ စစ်မှန်တဲ့ သူ အတွက် လမ်းရွေး မမှားနိုင်ပါဘူး။
    မှားခဲ့ရင် ကော။ အခုလက် ရှိ အခြေအနေ ထက်တော့ ဆိုးစရာ မရှိပါဘူး။
    အမှား ကို ပြန်ပြင် နိုင်တဲ့ ပညာ နဲ့ မဖြစ်ဖြစ်အောင်လုပ်နိုင်တဲ့ စိတ်ဓာတ် ရှိတဲ့ သူအတွက် ကျွန်မတို့ ပံ့ပိုး ဖို့ အဆင်သင့်ပါဘဲ။
    အဓိက အရေးကြီးဆုံး အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့ကိုယ်ကျိုး မပါဘဲ ပြည်သူလူထု အတွက် အလုပ်လုပ် နေတယ် ဆိုတာ ကျွန်မတို့ အားလုံး အကြွင်းမဲ့ ယုံကြ ပါတယ်။

    သူ့ရဲ့ ပြောခဲ့ဘူးတဲ့ စကားလေးပါ။
    We all wish for change,
    but there is no guarantee that change will take place or that it will live up to expectations.
    There is always an element of risk when we step out into the unknown.
    (Aung San Su Kyi – The Essential Flame)

    ကျွန်မ တို့ အားလုံး အမှောင်ထဲ မှာ ရှိတုန်း ပါဘဲ။
    အပြောင်းအလဲ တစ်ခု ရဖို့ ကြိုးစားနေရတုန်းပါဘဲ။
    အဓိက က စည်းလုံးပြီး ခေါင်းဆောင်ကောင်း ရဲ့ စကား ကို နားထောင်ပြီး သူ ကို ပံ့ပိုး နေဖို့ပါဘဲ။
    .နိုင်တာ မနိုင်တာ ကတော့
    ဒီတော့ ကံ အတိုင်းဘဲပေါ့။

    လောလောဆယ် တော့ ကူပြီး တွန်းဖို့ မကြိုးစားဘဲ သူ့ ကို ခို ပြီး မှေး လိုက် သူ တွေ
    သူ့ ကို နောက်ကျော ဒါးထိုး မဲ့ သူတွေ
    များ နေတာ တော့ အသေအချာဘဲ။

    (ကိုယ့် စိတ်ထဲ ရှိတာလေး ရေးရုံပါ။
    တကဲ့ နိုင်ငံရေး သမားကြီး များ အတွက် တော့ ရီ စရာ လဲ ဖြစ်ချင်ဖြစ်နေမှာပါ။
    အမှန်တော့ သူတို့ ပြောတာ တွေ ကလဲ တစ်လွဲ တွေ ကိုများ)

    ပုံ
    ဂဇက်ရွာ ထစ်ကနဲ ဆို ငပွ ကြီး

  • တိမ်မည်း

    October 28, 2014 at 8:21 am

    ကိုပါကြီးလို လူမျိုး တလ တယောက် နှစ်လ တယောက်လောက်သေရင် ဘီလို နေမလဲမသိ။ ကာချုပ်က ဘပြောင်ကို မျက်စိထဲတောင် မထည့်။ စဉ်းစားကြလေကုန်။

    • မမချွိ

      October 28, 2014 at 8:25 am

      အာ့ ပေါဒါပေါ့။
      ကာချုပ်တို့က ပြောင်ပြောင်ခေါင်းပေါ် အင်အင်း ပါလို့ ကောင်းတဲ့ ကွင်းပြင်မှတ်နေတာ။
      အောင် သတ်မဒေါ် ဂျီး လည်း ချီ လာဘာဘီ.။

      :boss:

  • အလင်းဆက်

    October 28, 2014 at 8:46 am

    လောလောဆယ်တော့… မြို့တော်ခန်းမရှေ့မှာ စုဝေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး…
    စီတန်းလှည့်လည်ခြင်းဆိုင်ရာ ခွင့်ပြုချက်မယူခဲ့တဲ့အတွက်….
    စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မက…ကန့်လန့်ကြီး ထောင်လို့….

  • အလင်းဆက်

    October 28, 2014 at 8:53 am

    28.10.2014

    ကိုပါကြီးအမှု မှန်မှန်ကန်ကန်ဖော်ထုတ်ရေး CPJ တိုက်တွန်း
    http://burmese.voanews.com/content/cpj-call-for-justice-on-ko-pargyi-murder-/2498731.html

    မြန်မာစစ်တပ်လက်ထဲမှာ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခေါ်) ကိုပါကြီး သေဆုံးသွားတဲ့အမှုနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်ပေးဖို့ CPJ ခေါ် သတင်းထောက်များအကာအကွယ်ပေးရေးကော်မတီက တောင်းဆိုလိုက်ပါ တယ်။ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတယ်ဆိုတဲ့ မြန်မာနိုင်ငံအတွက် အရေးကြီးလှတဲ့ တရားဥပဒေစိုးမိုးမှုအပိုင်းမှာလည်း တိုးတက်မှုတွေရှိတယ်ဆိုတာ ပြသဖို့လိုအပ်တယ်လို့ CPJ ရဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

    အလွတ်သတင်းထောက် ကိုပါကြီးကို စစ်တပ်က ဖမ်းဆီးထားချိန်မှာ ပစ်သတ်ခဲ့တဲ့လုပ်ရပ်ကို နယူးရောက်အခြေစိုက် CPJ ခေါ် သတင်းထောက်များ အကာအကွယ်ပေးရေးကော်မတီက ရှုတ်ချလိုက်ပြီး ဖုံးကွယ်မှုတွေရှိနေတဲ့အမှုကို အရပ်ဖက်အုပ်ချုပ်ရေးအဖွဲ့က စုံစမ်းစစ်ဆေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ CPJ ရဲ့ အရှေ့အာရှရေးရာတာဝန်ခံ Bob Dietz ကအခုလို ပြောပါတယ်။

    “ကိုပါကြီးသေဆုံးပြီးနောက် သုံးပတ်ကြာမှ စစ်တပ်က သတင်းထုတ်ပြန်တဲ့အပေါ်မှာ ကျနော်တို့ သံသယရှိပါတယ်။ အရပ်ဖက်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ စစ်တပ်က ပစ်သတ်ခဲ့တဲ့အဖြစ်အပျက်တွေကို စုံစမ်းစစ်ဆေးပေးဖို့ လိုပါတယ်။ ကိုပါကြီးကိုသတ်မှု၊ မတရားညှင်းပမ်းနှိပ်စက်မှုတွေမှာ ပါဝင် ပတ်သက်နေတဲ့ စစ်သားတွေ တာဝန်ရှိပါတယ်။ သူတို့အားလုံးကို ဥပဒေကြောင်းအရ တရားစွဲရမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ စစ်တပ်လက်ထဲကနေ ဒီအမှုကို အရပ်ဖက်တရားရုံးကို တင်ရမှာဖြစ်ပါတယ်။”

    ကိုပါကြီးရဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေး မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ ကျောင်းသားသမဂ္ဂတွေက တောင်းဆို ထားပါတယ်။ ဒါ့အပြင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူမှုအဖွဲ့အစည်းကလည်း တာဝန်ရှိသူတွေဘက်က စုံစမ်းရေးကော်မရှင်တရပ်ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားပါတယ်။ ကိုပါကြီးကိုပစ်သတ်ခဲ့မှုကို စစ်တပ်က သတင်းကြေညာချက်ထုတ်ပြန်ရုံနဲ့ မြန်မာပြည်သူတွေက ကျေနပ်မနေဘူးဆိုတာ အထင်အရှားတွေ့ရပြီး တရားဥပဒေစိုးမိုးမှုရှိကြောင်း မြန်မာအစိုးရက ပြဖို့ လိုနေတယ်လို့ Bob Deitz က ပြောပါတယ်။

    “အခုအဖြစ်အပျက်ဟာ အရင် မြန်မာစစ်အစိုးရလက်ထက်မှာ မဟုတ်ပါဘူး။ တရားဥပဒေစိုးမိုးရေးရှိနေတဲ့ အရပ်သားအစိုးရ အုပ်ချုပ်ရေးလက်ထက်မှာ ဖြစ်နေတာကြောင့် ကိုပါကြီးကို စစ်တပ်ကပစ်သတ်ခဲ့တဲ့အမှုကို ထင်သာမြင်သာဖြစ်အောင် စုံစမ်းစစ်ဆေးမှုတွေလုပ်ရမှာဖြစ်ပါတယ်။”

    အောက်တိုဘာလ (၂၄) ရက်နေ့က ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ကိုပါကြီးဟာ အောက်တိုဘာလ ၄ ရက်နေ့ညက အစောင့်တပ်သားတဦးဆီကနေ သေနတ်လုဖို့ ကြိုးစားတာကြောင့် အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

    CPJ ရဲ့စစ်တမ်းကောက်ယူမှုတွေအရ မြန်မာနိုင်ငံမှာ အသတ်ခံရတဲ့ သတင်းသမားအရေအတွက် သုံးဦးရှိတယ်လို့ဆိုပါတယ်။ ၂၀၀ရ သံဃာတော်တွေရဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ သတင်းယူနေတဲ့ ဂျပန်သတင်းထောက် Kenji Nagai ဟာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး ၁၉၉၉ ခုနှစ်က ကြေးမုံသတင်းစာရဲ့ သတင်းသမား ဝန်ထမ်းနှစ်ဦးဖြစ်တဲ့ ဦးလှဟန်နဲ့ ဦးသာဝင်းတို့ကို ထောက်လှမ်းရေးတွေက စစ်ကြောရေးကာလမှာ ညှင်းပမ်းနှိပ်စက်ပြီး သတ်ခဲ့တယ်လို့ CPJ ရဲ့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

  • ဦးကြောင်ကြီး

    October 28, 2014 at 9:14 am

    ဓဃယ်ဒေါ့ ကော်မတီအုတ်ကထရာထူးကနေ ဘွားဒေါ်ဂျီး နုတ်ထွက်တာဟာ ထိခိုက်မှု အသက်သာဆုံးနဲ့ တုံ့ပြန်ခြင်းပါ။ ဘယ်သူမပြု မိမိမှု.. ဘွားဒေါ် တွက်ချက်မှု လွဲခဲ့လို့ စစ်တပ် နိုင်ငံရေး အသာစီးရသွားခဲ့ပြီ။ အရင်က ဒင်းတို့ အုပ်ချုပ်ရေးပိုင်းသာ မောင်ပိုင်စီးထားနိုင်ခဲ့တာ။ နိုင်ငံရေး သံတမန်ရေး စီးပွားရေး ကဏ္ဍပေါင်းစုံမှာ အတိုက်အခံများ အသာစီး မရတောင် ဘတဗျံ ကျားဒဗျံ ဖိုက်နေတယ် ပြောလို့ရတယ်။ ခုတော့ ကျား အတောင်ပံ တပ်ပေးလိုက်မြိဗီ။။ ဘယ်သူတပ်သလဲ ဘွားဒေါ်ဂျီး ကိုုယ်တိုင်ပဲ။ ဒါကြောင့် သူ့ကို မသနားပါ။ ကိုယ့်ကိုယ်ကို သနားလို့ ကျန်ရစ်ပိတ်မိနေတဲ့ ကိုယ့်လူတွေကို သနားလို့ ဝိုင်းရံရေးလမ်းစဉ် လိုက်နေခိုင်းတာ။ ခေါင်းဆောင်ဆိုလို့လဲ သူတယောက်ပဲ ရှိတာကိုး။ ခုနေများ သူ့လို နောက်တယောက် ပေါ်ကြည့်.. ချက်ခြင်း ဘက်ပြောင်းလိုက်တယ်။ ဘွားဒေါ်ဂျီးကို ကျုပ်တို့လိုနေတယ်၊ ဒါကြောင့် မခြစ်တော့သော်လဲ အောင့်ခါဆက်နမ်း နေရဦးမှာပဲ။ လမ်းပေါ်ထွက် တိုက်ပွဲတွေလုပ်လျင် ထိခို်က်အနာရမှု များမယ်၊ အကုန်ရှုပ်ထွေးကုန်မယ်… အဲဒါကြောက်လို့ ငြိမ်ခံနေလျင် စစ်ကောင်တွေက အေးပါကွာ နောက်တခါ ငါတို့ မလုပ်တော့ပါဘူး ဆင်ခြင်မယ်ထင်သလား.. ရွှေညဏ်ဒေါ်စောက်မရူးမနဲ့ဗျို့.. ကျား ဥပုသ် မစောင့်ဘူး။ လခွီးထဲမှဘဲ..
    ကြေငြာချက်ထုတ်၊ လွှတ်တော်ထဲ ကန့်ကွက်ပြန်တော့လဲ အဲဒီအဆင့်က လူမသေခင်အဆင့် တုံ့ပြန်မှု ဖြစ်တယ်။ ခုဟာက လွန်လွန်းသွားပြီ။ ခံစားချက်ကို ရှေ့တန်းတင်ဖို့ ပြောနေတာမဟုတ်ဘူး။ ဖြစ်လာတဲ့ ခံစားချက်ကို အသုံးချနိုင်ဖို့ ဒီအချိန်ဟာ အသင့်တော်ဆုံးပဲ။ ဆန္ဒပြတယ်ဗျာ.. လက်သီးလက်မောင်းတန်းအော်ပြီး.. အဲဒါကို အနောက်နိုင်ငံမှာဆို အထင်မကြီးဘူး။ ပေးချင်တဲ့ မက်ဆေ့ချ်က ဘာလဲ.. ဘယ်သူတွေဆီလဲ၊ ဘယ်သူ့ကို စည်းရုံချဉ်တာလဲ။ အဲလိုနဲ့ အော်ဟစ်ဆဲဆို ဆန္ဒပြတဲ့အစား.. ဖယောင်းတိုင်မီးထွန်းပွဲ၊ ပါဖောင်းမန့်သရုပ်ပြတာ စသဖြင့် ငြိမ်ငြိမ်သက်သက်လုပ်တယ်။ လူထုမဲလက်မှတ် စုဆောင်းတင်ပြတယ်။ မြန်တျန့်ပြည်မှာ ခြေဥပြင်ဖို့ လက်မှတ်လိုက်ကောက်သလိုပေါ့။ ထူးသလား မထူးဘူး.. ဒါပေမဲ့ ဆန္ဒပြတာထက် ပိုထိရောက်တယ်ထင်တယ်။ စစ်အစိုးမရကို ပေးချင်တဲ့ မက်ဆေ့ချ် ရောက်တယ်။ သူတို့ တုံ့ပြန်မှုက တပိုင်းပေါ့။ ကိုပါကြီး ကိစ္စမှာလဲ ဘွားဒေါ် ဘာလုပ်မလဲ။ ပြန်ကျားဝံကျီ း ဦးရဲထွဋ်က လက်မခံဘူးလို့ တနေ့က ပြောလိုက်ပြီ။ နင်ပဲငဆ ပြောနေဂျမလား။၈၈ ခြစ်ကိုယ်ဂျီးတွေ အပြင်က လှုပ်ရှားပစေ။ ဘွားဒေါ်ဂျီးက အတွင်းကနေ ပြည်တွင်းကို၊ ပြည်ပကို လေးနက်တဲ့ သင်္ကေတ အချက်ပြမှု လုပ်ရတော့မယ်။ နောက်တချက်က အဲဒီရာထူးသည် ဒီမိုအတွက်၊ ပြည်သူအတွက် အသုံးမဝင်တဲ့ ပြယုဂ် တခုမျှသာဖြစ်လို့။ လွှတ်တော်ထဲက ထွက်ဖို့ဆို အခြေအတင် ပြောရဦးမယ်။ ထွက်လို့လဲ မလွယ်ဘူး.. ဘာလို့လဲဆိုတော့ သူကိုယ်တိုင် လက်နက်ချ ဝင်ခဲ့တာ။ အနည်းဆုံးတော့ သက်တမ်းပြီးအောင် နေရမြိ သဘောရှိဒရယ်။ ဒီတော့ဗျာ ထွက်လိုက်ပါ.. လူထုရွေးကောက်တင်မြောက်တဲ့ လွှတ်တော်အမတ်ရာထူးသက်သက်က (ကြောက်ဖွတ်တွေလို မဲခိုးတက်လာတာ မဟုတ်နော်) ပိုဂုဏ်ရှိပါတယ်၊ ပြည်သူနဲ့ တသားထဲ ပိုဖြစ်ပါတယ်။ ငါကွ…

    • မြစပဲရိုး

      October 28, 2014 at 1:59 pm

      ကြောင်ကြောင်

      {ဘယ်သူမပြု မိမိမှု.. ဘွားဒေါ် တွက်ချက်မှု လွဲခဲ့လို့ }
      သူအဲလို သာ လွှတ်တော်ထဲ မဝင် ခဲ့ ရင် လွှတ်တော်ထဲ သူတို့ဟာသူတို့ တင်ချင်ရာတင်။
      ချချင်ရာချ။
      ထောက်ပြ မဲ့ သူမရှိ ဖြစ်နေမှာ အမှန်ဘဲ။
      အခုတောင် သမဝန်ကြီး ကိုရီးယား က လယ်ယာပစ္စည်းတွေ အတွက် ရူးသလို နဲ့ ပေါသလို ဘတ်ဂျက်ပြနေတာ။
      NLD သာ မရှိရင် အားလုံး သူတို့ခွင်ဘဲလေ။

      အရင်ထက်ပိုပြီး ပြောဆိုခွင့် တွေ၊ ဝေဖန်နိုင်ခွင့်တွေ လွတ်လပ်လာတာလဲ သူတို့ အထဲ မှာ ရှိနေလို့ဘဲ။
      ဒါပေမဲ့ ထင်သလောက် မကောင်း တာ အမှန်ပါ။
      ဟိုဘက်ကလဲ သူတို့ စည်းစိမ်ပြုတ်မှာမို့ အာဏာ မစွန့်ရဲ ဘဲ သေတဲ့ အထိလဲ ကာကွယ် သွားနိုင်ပါတယ်။
      အလွယ် ပေးမယ် ထင်ရင် မှားမပေါ့။

      အခုမှာ ပိုဆိုးလာလား။ ပိုကောင်းလာလား။
      ဘာကိုမှ အတိအကျ ပြောမရတဲ့ အခြေအနေ။
      Who knows!!!!

      ဒီဘက်ကလဲ စစ်တပ်ကို ဖယ်ဖို့ သူဘဲ ရှိတယ်။
      စစ်တပ်ကလဲ နိုင်ငံတကာဝင်နိုင်ဖို့ သူ ဘဲ ရှိတယ်။
      သူ အဲဒီ အခွင့်အရေး ကို ကောင်းကောင်း သုံးနိုင်မယ် လို့ ယုံကြည်ပါတယ်။
      ကိုယ်ဖြစ်ချင်တာ အတိုင်း ဖြစ်ချင်မှ ဖြစ်မယ်။
      ကိုယ်က သူ့နေရာ မှာမှ မဟုတ်တာ။
      ကိုယ်ပြောတာလဲ မှန်မယ် ပြောမရ။
      ဒါပေမည့် သူကြား အောင် ပြောနိုင်ဖို့ တော့ ကြိုးစားပေါ့။
      ဒီက ပြောနေတာ လဲ ဘယ်လောက် စွမ်းမယ် မသိလေ။
      ဖြစ်နိုင်ရင် တိုက်ရိုက် စာပို့ပေါ့။

      ဒီတော့ သူ့ဟာသူ မှန်တဲ့ ထင်တဲ့ လမ်းလျှောက်တာကို ဝေဖန်ပါ။ ပံ့ပိုးပါ။
      အပြစ်မတင်ပါနဲ့။
      သွေးမခွဲပါနဲ့။
      ကိုယ်လဲ သူ့လောက်တောင် အစွမ်းမရှိ လို့ ရှေ့မရောက်နိုင်တာ ကို။
      (ကြောင်ကြောင် ကို ပြောခြင်းမဟုတ်။ ဂျာနယ်ပေါ်က အပုတ်ချ နေသူများ ကို ပြောသည်)

      ပြည်သူ နဲ့ တစ်သွေးထဲ ဆိုတိုင်း ပြည်သူတိုင်း ဘက် က တစ်သွေးထဲ မဟုတ်တာလေးလဲ ထည့်စဉ်းစားပါ ကြောင်ကြောင်။
      ကြုံရင် ဒင်း တို့ ကိုလဲ နဲနဲ ကလော်တုတ်လိုက်ပါဦး။

    • Wow

      October 28, 2014 at 2:49 pm

      ဂနေ့ Daily Eleven သဒင်းဇာမှာ ပါလာတာ ဘွားတော်ပုံခေါင်းကြီးနဲ့
      “လက်ရှိအရေးကြီးသောကိတ်စမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ရွေးကောက်ပွဲစနစ်ဖြစ်ပြီး
      ပြည်သူများကို အာရုံလွှဲသည့်ကိတ်စများဖြစ်လာနိုင်လို့ သဒိထားရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား”

      အိုက်တော့ ကြောင်ကြောင် အာရုံမလွှဲပါနဲ့ တညားတို့က နဂိုထဲကမှ ဂေါက်တောက်တောက်ရယ် :mrgreen:

      • မမချွိ

        October 28, 2014 at 2:57 pm

        လွှဲချင်သလောက်လွှဲဟေ့။
        နာ ကတော့ ဘွားတော် ဘာလဲ လဲ သိတယ်။
        ဘယ်သွားသွား လိုက်ဖို့လည်း ပြင်ထားတယ်။

        ပြောင်ကြီးနဲ့လိုက်လို့ နတ်ပြည်ရောက်မယ်လို့
        ပြောင်ကြီးတို့ တစ်အုပ်စုလုံး အင်အင်းစားပြောတောင်
        မယုံလို့ မလိုက်ဘူးးး
        ဘွားတော်နဲ့ ဆို ငရဲပြည် ရောက်ရောက်။
        ဒီစိတ်ပဲထားတယ်။
        :mrgreen:

        ကြားနေလိုလို ဘာလိုလို
        လူတတ်ကြီးတွေ လိုလို
        ဝေဖန်ရေးဆရာတွေ လိုလို
        ဆိတ် လည်ဇလုပ်တွေ လိုလိုတွေက :mrgreenn:
        ဘာပြောပြော.။
        (သများ က ကြောင့် ကို ပေါဒါ ဟုတ်ဘူး နော် … ကြောင်)

        • Wow

          October 28, 2014 at 3:07 pm

          ဘယ်နှယ့်အေ… ကြောင်လှိမ့်လို့ လူခံရကြေးဆို ရာဇွင် ရိုင်းသွားမာပေါ့ :mrgreen:

    • kai

      October 29, 2014 at 12:46 pm

      ကျုပ်ကတော့.. ဘွားတော်တွက်တာ.. ဦးဝင်းတင်ကြောင့်နောက်ကျသွားတယ်ထင်သဗျ..
      တကယ်က.. စပြီဆိုကတည်းက.. ရွေးကောက်ပွဲဝင်လိုက်ရမှာ..
      အဲဒါဆို.. အခု ၂၀၁၅အထိစောင့်နေရတဲ့ ဇတ်လမ်း.. ၂၀၁ဝထဲကပြတ်…။
      တကယ်တော့.. ဘွားဒေါ်က.. အဲဒီအချိန်မှာ အကျယ်ချုပ်ကမလွတ်သေး(လွတ်ခါစ)သမို့.. သေသေချာချာ မသိလိုက်တာလည်းပါမယ်ထင်..

      ဆိုတော့..
      အခုကိစ္စမှာလည်း.. နှုတ်ထွက်(ပြ)ရင်.. အကြီးအကျယ်မှားမယ်.. ထင်..။
      ဒီချုပ်.. ဒီအချိန်မှုာ အလုပ်သင့်ဆုံးက.. စစ်တပ်က. တိုင်းမှုးအဆင့် တွေ.. တယောက်(အနည်းဆုံး) ကိုယ့်ဖက်ရှိအောင် လုပ်ရမယ်လို့.. ထင်..။
      ၂၀၁၅ မဲနိုင်လို့ အစိုးရဖွဲ့ရင်.. ကာကွယ်ရေးနဲ့.. ပြည်ထဲရေး ရာထူးအတွက်.. ကိုယ့်လူမွေး(ရှာ) သင့်..

      • ဦးကြောင်ကြီး

        October 29, 2014 at 12:57 pm

        ဥမာမွတ်ကလဲ နွေလည်ခေါင် နေ့အိမ်မက် မက်နေဗျံပါပြီ။ ဒီခေတ်မှာ သတ္တိရှိဒဲ့ကောင် စစ်သား မလုပ်ဗျို့.. အချောင်သမား ဝေလေလေနဲ့ ငါ့ဖို့သမားပဲ စစ်ထဲဝင်တယ်။ အဲဒီအထဲကမှ ပေးတာယူ ကျွေးတာစား ခိုင်းလျင်ဟောင် တို့ပေးလျင်ကိုက်တတ်တဲ့ စစ်ခွေးဘီလူးတွေ စစ်တိုင်းမူး တက်ဖြစ်တယ်။ ဆင့်လဗျွတ် ပြုတ်ကျလာမလား မျှော်တာကမှ လေအတိုက်နဲ့ ဆင့်အရမ်း တိုက်ဆိုင်သွာလျင် ပြုတ်ကျကောင်း ကျလာဦးမြီ… ဒင်းရို ဘက်ပြောင်းဖို့ကတော့ မမြင် မမြင်.. လခွီးထဲမှပဲ…. ပိုက်ဆံရှိဒိုင်း ဖြုတ်ဥနှောက်နဲ့ သဂျီးလုပ်နေဒယ်..

        • မြစပဲရိုး

          October 29, 2014 at 1:51 pm

          ” ပေးတာယူ ကျွေးတာစား ခိုင်းလျင်ဟောင် တို့ပေးလျင်ကိုက်တတ်တဲ့” သူ တွေ ရဲ့ ခေါင်းဆောင်
          Vs
          “ကိုယ်လိုချင်တာ လုပ်မပေးရင်၊ ကိုယ်ပြောတာ လိုက်မလုပ်ရင် ခွဲထွက် စိတ်ကောက် နှုတ်ခမ်းဆူ ဆဲဆို အပုတ်ချတတ်တဲ့” သူ တွေ ရဲ့ ခေါင်းဆောင်

          လက်နက်၊ အာဏာ ကြောင့် ဆိုတာ အသာထား။
          ခေါင်းဆောင် ရဲ့ နောက်က စည်းလုံးခြင်း က သူတို့ ဆီမှာ တစ်ပမ်းသာနေပြီ။

          ပြောပါဦးလေ။
          ဖွတ်ဦးဏှောက် တွေ မို့ စည်းလုံးတာလို့။
          အားလုံး ကို ခြုံမကြည့် ဘဲ ကျီးကန်း လို ကိုယ့်အမျိုးထိ လို့ မဆင်မခြင် ဝိုင်းအာ တတ် တဲ့ ဦးဏှောက် တွေ နဲ့ လဲ တိုင်းပြည် ကို ထူထောင် လို့ မရ ဘူး ဆိုတာ။

          ဒါမျိုး တွေ ကိုလဲ ကလော်တုတ်ပေးပါအူးလား ကြောင်ကြောင်။

        • kai

          October 29, 2014 at 10:53 pm

          ရန်သူမရှိ၊ မိတ်ဆွေသာရှိ။ နိုင်ငံရေးလုပ်တာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ
          – ဒဂုန်တာရာ
          ==================
          ရန်သူ မိတ်ဆွေ မသဲကွဲ
          ရန်သူမရှိ မိတ်ဆွေသာရှိ
          မုန်းသူမရှိ ချစ်သူသာရှိ
          ဆရာတာ၏ စကား၊ ဆရာတာ၏ တရား
          တော်တော်နှင့် ကျွန်တော် နားမဝင်ခဲ့၊ မကြားချင်ခဲ့။
          ရန်သူကို မိတ်ဆွေဖြစ်အောင်လည်း
          ကျွန်တော် မလုပ်နိုင်ခဲ့။
          သည်လိုနှင့် ကျွန်တော် မောပြီး
          ထိုင်ကြည့်နေတယ်။
          နာကျင်ခဲ့ရသူများ၊ ခံစားခဲ့ရသူများ နေရာက
          ကျွန်တော်ဝင်ကြည့် တွေးကြည့်တယ်။
          မိတ်ဆွေနဲ့ ရန်သူ၊ ချစ်သူနဲ့ မုန်းသူ
          ဘယ်လို တူတူထားနိုင်ပါ့။
          မိမိက ကျားဆိုရင် နွားကို ချမ်းသာခွင့်ပေးမယ်။
          အဲသလိုဆို ရန်သူဟာ မိတ်ဆွေ ဖြစ်လာပြီပေါ့။
          ရန်သူက ကျား မိမိက နွား ဖြစ်ချိန်
          အဲသည်အခါ ‘ရန်သူမရှိ မိတ်ဆွေသာရှိ’
          ဆရာတာ၏ ဂါထာ နာနာရွတ်
          ပြေးနိုင်ရင်တော့ လွတ်မည်ပ။
          သည်အချိန်မှာ ကျွန်တော်တို့ဆရာတာ
          အသက်ကိုးဆယ်
          တောင်စွယ်မှာ နေမကွယ်သေးချိန်
          ဆည်းဆာရောင်နီများ တောက်ပနေဆဲ
          ရန်သူ မိတ်ဆွေ မသဲကွဲ
          (ဆရာတာတောင့်တသော)
          ငြိမ်းချမ်းရေး ဘယ်မှာလဲ။
          ချစ်ခင်လေးစားရပါသော ဆရာဒဂုန်တာရာ
          အသက်ရာကျော် နေနိုင်ပါစေ။
          -မောင်ဝံသ

  • အလင်းဆက်

    October 28, 2014 at 9:43 am

    http://burma.irrawaddy.org/news/2014/10/27/66381.html

    သတင်း
    ကိုပါကြီးသေဆုံးမှု အမှုဖွင့်ခွင့်ရပြီး မိသားစုမပါဘဲ အလောင်းဖော်ရန် ပြင်ဆင်
    သူဇာ| October 27, 2014 | Hits:3,998

    ဖမ်းဆီးထိန်းသိမ်းခံနေရစဉ်ကာလအတွင်း သေဆုံးသွားသော သတင်း ထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးအမှုနှင့်ပတ်သက်၍ ဇနီးဖြစ်သူ ဒေါ်သန္တာ၏ တိုင်တန်းချက်ကို ကျိုက်မရော မြို့နယ်ရဲစခန်းက လက်ခံအမှုခွင့်ပေးလိုက်ပြီး မိသားစုမပါဘဲ အလောင်းဖော်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

    ကိုပါကြီးသေဆုံးမှုနှင့်ပတ်သက်ပြီး ဇနီးဖြစ်သူ ဒေါ်သန္တာက ကျိုက်မရောမြို့နယ်ရဲစခန်းတွင် အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက သွားရောက်အမှုခွင့်ခဲ့သော်လည်း ရဲစခန်းက အမှုမဖွင့်ပေးခဲ့ဘဲ ငြင်းဆန်ခဲ့ကြောင်း၊ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေပိုင်းတွင် ရဲစခန်းက ကိုပါကြီးသေဆုံးမှုကို သေမှုသေခင်း အမှတ်စဉ် ၁၁/ ၂၀၁၄ ဖြင့် အမှုဖွင့်ခွင့် ပေးခဲ့ ကြောင်း သိရှိရသည်။

    “ကျိုက်မရော မြို့မ ရဲစခန်းက ဒုရဲမှူး တင်ဦးက ပြောပါတယ်။ အမှုဖွင့်တာ လက်မခံပါဘူး။ ဘာဖြစ်လို့လဲ ဆိုရင် ဒီအမှုကို အမှုလာဖွင့်ရင် လက်မခံပါနဲ့လို့ အထက်အဖွဲ့က ညွှန်ကြားထားလို့ပါလို့ ပြောပါတယ်။ ဒီအမှု က အကြီး ကြီး ဖြစ်သွားပါပြီတဲ့ တကယ်လို့ တိုင်ချင်တယ်ဆိုရင်မြန်မာနိုင်ငံမှာ ရှိတဲ့ အကြီးဆုံး ပုဂ္ဂိုလ်တွေကို တိုင်ပါလို့ ပြောပါတယ်။ ဒါနဲ့ ကျမတို့လည်း ခရိုင်ရဲစခန်းကို ထပ်တိုင်ပါတယ်။ ဒါနဲ့ ညနေပိုင်း လောက် ရောက် တော့ မှ မော်လမြိုင် ခရိုင်ရဲစခန်းရဲ့ ညွှန်ကြားမှုနဲ့ ဒီအမှုကို အမှုဖွင့်ကို လက်ခံပါတယ်ဆိုပြီး ကျိုက်မရောမြို့မ ရဲစခန်း က အမှုဖွင့်ပေးပါတယ်” ဟု သေဆုံးသူ ကိုပါကြီး၏ ဇနီးဒေါ်သန္တာက ဆိုသည်။

    အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရဲစခန်းက အမှုဖွင့်ပြီးနောက် အောက်တိုဘာလ ၂ရ ရက်နေ့ နံနက်ပိုင်းတွင် မိသားစုဝင် များမပါဝင်ဘဲ ရဲနှင့် တရားရေးဌာနက ကိုပါကြီး အလောင်းကို ပြန်ဖော်ရန်ကြိုးပမ်းနေကြောင်း ကြား သိ ရသည့် အတွက် ဒေါ်သန္တာက မိသားစုဝင်မပါဘဲအလောင်းအား ပြန်ဖော်ခွင့်မပြုရန် ကန့်ကွက် ပြောကြားခဲ့ ကြောင်း သိရှိရသည်။

    “သူတို့သဘောနဲ့ ကျမမသိဘဲ အလောင်းကို မဖော်ဖို့အတွက် ကျမ ကန့်ကွက်ထားပါတယ်။ အလောင်းကို ဖော် မယ်ဆိုရင် မိသားစု အပါအဝင် အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေ အားလုံးရှေ့မှာ ဖော်ဖို့ ကျမ တောင်းဆို ထား တယ်။ ဒီကိစ္စအပေါ် ကျိုက်မရော ရဲစခန်း တာဝန်မှူး ဒုရဲအုပ် သိန်းစန်းဝင်းက ပြန်ဖုန်းဆက်ပါတယ်။ အလောင်း ဖော်ဖို့ တိုင်ပင်တုန်းပဲ ရှိပါ တယ်လို့ ပြန်ပြောပါတယ်” ဟုဒေါ်သန္တာက ဆိုသည်။

    ကိုပါကြီး၏အလောင်းဖော်ထုတ်မှုနဲ့ ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်း၏အတည်ပြုချက်ရယူရန် ဧရာဝတီက ကြိုးစား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

    ကိုပါကြီးအား မြန်မာ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွား ကြောင်း ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက် နေ့စွဲတပ်ထားသော သတင်း ထုတ်ပြန် ကြေညာချက်တစောင်ကို ကာကွယ် ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ တဆင့် ဖြန့်ဝေခဲ့ပြီး ၂၀၁၄ ခုနှစ် ၊ စက်တင်ဘာလ ၃ဝ ရက်နေ့က ကျိုက်မရောမြို့ လုံခြုံရေးအတွက် မြို့စက်လှေဆိပ် အဝင်/အထွက်များအား မြန်မာစစ်တပ်က စစ်ဆေးနေစဉ် စက်လှေတစီးပေါ်တွင် ရေစိုလျက် ရွှံ့ဗွက်များ ပေကျန်နေသော ကိုပါကြီးအား တွေ့ရှိ၍ နယ်မြေခံ အမှတ် ၂၀၈ ခြေမြန် တပ်ရင်းသို့ လွှဲပြောင်းစစ်ဆေးရာ KKO ခေါ် ကလိုထူးဘော ကရင်အဖွဲ့အစည်းမှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင် အဖြစ်ဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီး ထိန်းသိမ်းထားစဉ် လုံခြုံရေး စစ်သည်တဦး၏ သေနတ်အား လုယူ ထွက်ပြေးသဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်းဖော်ပြထားသည်။

  • act y

    October 28, 2014 at 8:54 pm

    ဝက်သားကို နိုင်ငံတော် အစားအစာ အဖြစ် သတ် မှတ် သင့် ကြောင်း ပါ

Leave a Reply