လမ်းတွေ   လမ်းတွေ

အရှေ့  အနောက်  မြောက်နဲ့တောင်

လျှောက်ခဲ့သယောင် ရှိပေမယ့်

ပြန်ကြည့်လေတဲ့အခါ

ငါ  ဘယ်ဘက်ကလာခဲ့သလဲ

မသဲကွဲပြန်ဘူး

ရူးတာမဟုတ်ပေမယ့် အတိတ်တွေကပျောက်

စိတ်တွေလည်း နောက်ခဲ့ပြီ ၊

ရောက်တော့မည့် ပန်းတိုင်များစွာဟာ

ယောင်ချာချာငါ့ကို ကြည့်ရင်း

လှောင်ခြင်းတွေနဲ့ ပုန်းနေလေရဲ့

မဆုံးတဲ့ သံသရာလမ်းမှာ

မပန်သာပန်းတွေက မွှေးရနံ့နဲ့ လှည့်စား

ခပ်ခါးခါးကချင်အရက် တမင်မမက်ပဲမော့ချ

ပျော့ကျသွားတဲ့ယောင်္ကျားမာန

ငါကွလို့ မာန်မတင်းနိုင်

ရှုံးခြင်းတွေကလှိုင်လှ

ပြိုင်မရတဲ့ ပွဲတွေကြား

လဲသေမသွားပေမယ့်

ဝဲတွေများတဲ့ မြစ်အလယ်မှာ

နှစ် ၂၀ ကြာ ကုန်ဆုံးခဲ့

ကြုံဦးဟဲ့ လောကဓံ

ဇောမသန်တာ မဟုတ်ပေမယ့်

မြုစ်နေတဲ့ ဘဝလှေ

ရနေခဲ့ နောင်တများ

အမှောင်ကျသွားတဲ့ လောကမှာ

ပြောကြတာ ငါလူဆိုးတဲ့

ချိုးဖဲ့ဖဲ့ မေးငေါ့ခြင်းတွေကြား

ရှင်သန်သွားရ မသက်သာ

အခက်သာရှိတော့တဲ့ပန်း

ဘယ်လိုလန်းမလဲ ပြောကြပါ ၊

8

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..