လမ်းပျောက်တဲ့လေ

လမ်းတွေ   လမ်းတွေ

အရှေ့  အနောက်  မြောက်နဲ့တောင်

လျှောက်ခဲ့သယောင် ရှိပေမယ့်

ပြန်ကြည့်လေတဲ့အခါ

ငါ  ဘယ်ဘက်ကလာခဲ့သလဲ

မသဲကွဲပြန်ဘူး

ရူးတာမဟုတ်ပေမယ့် အတိတ်တွေကပျောက်

စိတ်တွေလည်း နောက်ခဲ့ပြီ ၊

ရောက်တော့မည့် ပန်းတိုင်များစွာဟာ

ယောင်ချာချာငါ့ကို ကြည့်ရင်း

လှောင်ခြင်းတွေနဲ့ ပုန်းနေလေရဲ့

မဆုံးတဲ့ သံသရာလမ်းမှာ

မပန်သာပန်းတွေက မွှေးရနံ့နဲ့ လှည့်စား

ခပ်ခါးခါးကချင်အရက် တမင်မမက်ပဲမော့ချ

ပျော့ကျသွားတဲ့ယောကျင်္ားမာန

ငါကွလို့ မာန်မတင်းနိူင်

ရှုံးခြင်းတွေကလှိုင်လှ

ပြိုင်မရတဲ့ ပွဲတွေကြား

လဲသေမသွားပေမယ့်

ဝဲတွေများတဲ့ မြစ်အလယ်မှာ

နှစ် ၂ဝ ကြာ ကုန်ဆုံးခဲ့

ကြုံဦးဟဲ့ လောကဓံ

ဇောမသန်တာ မဟုတ်ပေမယ့်

မြုစ်နေတဲ့ ဘဝလှေ

ရနေခဲ့ နောင်တများ

အမှောင်ကျသွားတဲ့ လောကမှာ

ပြောကြတာ ငါလူဆိုးတဲ့

ချိုးဖဲ့ဖဲ့ မေးငေါ့ခြင်းတွေကြား

ရှင်သန်သွားရ မသက်သာ

အခက်သာရှိတော့တဲ့ပန်း

ဘယ်လိုလန်းမလဲ ပြောကြပါ ၊

8

10 comments

  • Yae Myae Tha Ninn

    October 27, 2014 at 5:03 pm

    တွေ့တုန်းကတော့ အလန်းကြီးပါပဲ.. ဦးမျိုးရယ်… 😛

  • မြစပဲရိုး

    October 28, 2014 at 2:16 am

    အခက်သာရှိတော့တဲ့ပန်း
    အတက် ထွက်နိုင်သေးရင်တော့ လန်းတယ် ခေါ်နိုင်ပါသေး။

    အတက် ထွက်နေတုန်းဘဲလား ကိုမျိုး။
    (အတက်နော် ၊ အသက်ဝုတ်ဘူး) lol:-))

    ဓာတ်ပုံလား ၊ ပန်းချီလား.
    အတော်လေး လှတယ်။

    • တောင်ပေါ်သား

      October 28, 2014 at 9:31 am

      အရီးရေ ဓါတ်ပုံပါ ၊

  • အလင်းဆက်

    October 28, 2014 at 7:59 am

    ကချင်အရက်တော့
    တမင် မက်ပြီး
    အိပ်မက်ထဲမှာတောင် သောက်ကြည့်ချင်မိတယ်။
    ဘဝက အခုထိ ရေချိန်မကိုက်သေးလို့

    :k:

  • မမချွိ

    October 28, 2014 at 11:40 am

    ငါ့ ခြေထောက်တွေ မပိုင်ဘူးလေ…
    ခြေရာမသိ…
    လားရာ မရှိ…
    အရိပ်တစ်ခုအတွက်…
    စကားတစ်ခွန်းအတွက် …
    ငါ စောင့်စားနေ…
    .
    နေညတွေ ခံစားဖို့ မျှော်လင့်လို့ ……..
    မျှော်လင့်လို့ …..
    အရေးမကြီးပါ … အပန်းမကြီးပါ …. ဒါဟာ ငါ့ ကဘာ……

    ခြေရာ ပျောက်နေ ရေခမ်းခြောက်နေ …
    လမ်းတွေ …
    လမ်းတွေ …
    လမ်းလေး ဟေးဟေးးး….

    ငါ့စောင့်စားနေ နေ့များ အတိုင်းလေ ….
    လမ်းတွေ လမ်းတွေ …..
    လမ်းလေး ဟေးဟေး….

    သီရီဂျေမောင်မောင် သီချင်းလေး ကြိုက်လွန်းလို့။
    ဒီ ကဗျာဖတ်ရင်းစိတ်ထဲဝင်လာလို့ ရွတ်ပြသွားတယ်။

    :mrgreenn:

    • တောင်ပေါ်သား

      October 28, 2014 at 11:49 am

      ဪ မန်းသူကြီးက မန်းသားကြီးသမီး သီချင်းကို ဆိုသွားတာကိုး ၊

      ဒါနဲ့ သီတင်းကျွတ်ပြီနော် ၊ 🙂

      • မမချွိ

        October 28, 2014 at 12:01 pm

        ဟုတ်။
        သီတင်းကျွတ် မီးထွန်းပြီးပါပြီ။
        တန်ဆောင်တိုင်ကျရင်လည်း မယ်ဇလီဖူးသုတ်စားမို့ ခုကတည်းက ကြိုးစားနေပါတယ်။

        :mrgreen:

        • တောင်ပေါ်သား

          October 28, 2014 at 12:24 pm

          အရှောင်အတိမ်းအပီ မမကေဇီ 🙂

          လက်ဖွဲ့ဖို့အကောင်းဆုံးတစ်ခု ရထားလို့ ၊

          ရွာထဲက မင်ဂါဆောင်မယ့်သူကို လက်ဖွဲ့မလို့ ၊

  • kyeemite

    October 28, 2014 at 1:31 pm

    .နှင်းပျောက်တဲ့နွေ
    .လမ်းပျောက်တဲ့လေ
    .လှမ်းလျှောက်ခဲ့သလေ
    .အရမ်းမကြောက်နဲ့အဆွေ
    .ပန်းမရောက်ခဲ့ပေ
    .နွမ်းလျှအမှည့်ချွေ
    .လှမ်းမရတော့ပေ…..ဟေဟေဟေ :kwi:

    • တောင်ပေါ်သား

      October 28, 2014 at 1:37 pm

      အင်းးးး နွမ်းလျအမှည့်ချွေအထိတော့ မရောက်ချင်သေးဘူး ကိုမိုက်ရေ

Leave a Reply