ရွှေအကြောင်းသိကောင်းစရာ (168)
ကျွန်တော့ညီဆိုင်မှာ အမျိုးသားတစ်ယောက် တစ်ကျပ်သားကြိုးတစ်ကုံးလာဝယ်တယ် စိတ်ကြိုက်ရွေး
ချယ်ပြီး ကြိုက်ပြီ ဈေးတည့်ပြီဆိုပြီး စရံတစ်သောင်းပေး
တယ် မနက်ဖြန်မှ ငွေအကျေချေပြီး လာယူမယ်ပေါ့ ဒါနဲ့
အဲဒီကြိုးကိုဘူးနဲ့ထည့်ပြီး သိမ်းထားလိုက်တယ် နောက်နေ့လဲလာမရွေးဘူး မအားလို့ဖြစ်မှာပါလေဆိုပြီး
ထားလိုက်တယ် ၃ရက်လောက်နေတော့ လူတစ်ယောက်
အဲဒီကြိုးကိုလာရောင်းတယ် ကျွန်တော့်ညီမျက်လုံးပြူးသွားတယ် လာတောင်မရွေးရ
သေးတဲ့ကြိုးကို လာရောင်းနေတာကိုး စရံပေးထားတဲ့
ဘောက်ချာကိုလည်း ငွေအကျေရှင်းထားတဲ့ဘောက်ချာပုံ
စံမျိုးဖြစ်အောင်ပြင်ထားတယ် သိမ်းထားတဲ့ကြိုးကို ထုတ်ကြည့်လိုက်တော့ အတုဖြစ်နေတယ် လက်လှည့်ပြီး
လဲသွားတာပေါ့ လာရောင်းတဲ့သူကိုမေးကြည့်တော့
သူကရပ်ကွက်ထဲကရွှေဆိုင် လူငယ်တစ်ယောက်လာရောင်းသွားတာ ဘောက်ချာပါ
တယ်ဆိုတော့ စိတ်ချပြီးဝယ်လိုက်တာတဲ့ ပြဿနာကတော့တက်ပြီ အခိုးခံရတဲ့သူနဲ့ သူခိုးဆီကဝယ်မိတဲ့သူ တွေ့ပြီ ကြားထဲကသူခိုးကတော့
ပျောက်နေတယ် ရဲစခန်းမှာသွားရှင်းမှ ဖြစ်မယ်ဆိုပြီး
စခန်းကိုသွားကြတယ် (စဉ် 169 သို့ )

ရွှေအကြောင်းသိကောင်းစရာ (169)
စဉ်(168 မှအဆက်)

စခန်းရောက်တော့ စာရေးကြီးကအမှုဖွင့်ရင် သူခိုးမမိမချင်း ဒီကြိုးကို သက်သေခံပစ္စည်း အနေနဲ့ စခန်းမှာ သိမ်းထားရမယ်တဲ့ ဒီသူခိုးက ဘယ်တော့မှမိတော့မှာမှမဟုတ်တာ အမူမဖွင့်တော့ဘဲ
ကြိုးကိုနှစ်ပိုင်း ပိုင်းပြီး တစ်ယောက်တစ်ပိုင်း ယူလိုက်ကြ
တယ် ကျွန်တော့်ညီကတော့ တစ်ဝက်ပြန်ရတာ ကံကောင်းတယ်လို့တွေးမှာပေါ့ ဟိုလူကတော့ ငါတော်
တော်ကံဆိုးတာပဲ ဘောက်ချာနဲ့လာရောင်းရင် ပိုရမလား
ဆိုပြီး လာမိတာ မှားပါတယ် ဆိုပြီးတွေးနေမှာပေါ့ ကံတ
ရားလို့ပဲ သဘောထားလိုက်ရတော့မှာပေါ့ ကံသုံးမျိုးရှိပါတယ် ဖြစ်ကိုဖြစ်မယ့်ကံ မဖြစ်ကိုမဖြစ်မယ့်
ကံနဲ့ ကြိုးစားမူပေါ်မူတည်ပြီးပြောင်းလဲသွားတဲ့ ကံပါ
ကိုယ့်မှာဘာကံတွေပါလာသလဲဆိုတာ ဘယ်သူကမှကြိုမသိ
နိုင်ပါဘူး အဲဒါကြောင့် ကျန်းမာရေးကောင်းအောင် အသိ
ပညာတိုးတက်အောင် စီးပွားရေးတိုးတတ်အောင် အလိမ်အညာမခံရအောင် အမြဲတမ်း အစွမ်းရှိသလောက် ကြိုး
စားနေကြရမှာဖြစ်ပါတယ် ။

About Zaw Aung

Zaw Aung has written 48 post in this Website..