ရွှေအကြောင်းသိကောင်းစရာ (168,169)

Zaw AungOctober 27, 20141min1275

ရွှေအကြောင်းသိကောင်းစရာ (168)
ကျွန်တော့ညီဆိုင်မှာ အမျိုးသားတစ်ယောက် တစ်ကျပ်သားကြိုးတစ်ကုံးလာဝယ်တယ် စိတ်ကြိုက်ရွေး
ချယ်ပြီး ကြိုက်ပြီ ဈေးတည့်ပြီဆိုပြီး စရံတစ်သောင်းပေး
တယ် မနက်ဖြန်မှ ငွေအကျေချေပြီး လာယူမယ်ပေါ့ ဒါနဲ့
အဲဒီကြိုးကိုဘူးနဲ့ထည့်ပြီး သိမ်းထားလိုက်တယ် နောက်နေ့လဲလာမရွေးဘူး မအားလို့ဖြစ်မှာပါလေဆိုပြီး
ထားလိုက်တယ် ၃ရက်လောက်နေတော့ လူတစ်ယောက်
အဲဒီကြိုးကိုလာရောင်းတယ် ကျွန်တော့်ညီမျက်လုံးပြူးသွားတယ် လာတောင်မရွေးရ
သေးတဲ့ကြိုးကို လာရောင်းနေတာကိုး စရံပေးထားတဲ့
ဘောက်ချာကိုလည်း ငွေအကျေရှင်းထားတဲ့ဘောက်ချာပုံ
စံမျိုးဖြစ်အောင်ပြင်ထားတယ် သိမ်းထားတဲ့ကြိုးကို ထုတ်ကြည့်လိုက်တော့ အတုဖြစ်နေတယ် လက်လှည့်ပြီး
လဲသွားတာပေါ့ လာရောင်းတဲ့သူကိုမေးကြည့်တော့
သူကရပ်ကွက်ထဲကရွှေဆိုင် လူငယ်တစ်ယောက်လာရောင်းသွားတာ ဘောက်ချာပါ
တယ်ဆိုတော့ စိတ်ချပြီးဝယ်လိုက်တာတဲ့ ပြဿနာကတော့တက်ပြီ အခိုးခံရတဲ့သူနဲ့ သူခိုးဆီကဝယ်မိတဲ့သူ တွေ့ပြီ ကြားထဲကသူခိုးကတော့
ပျောက်နေတယ် ရဲစခန်းမှာသွားရှင်းမှ ဖြစ်မယ်ဆိုပြီး
စခန်းကိုသွားကြတယ် (စဉ် 169 သို့ )

ရွှေအကြောင်းသိကောင်းစရာ (169)
စဉ်(168 မှအဆက်)

စခန်းရောက်တော့ စာရေးကြီးကအမှုဖွင့်ရင် သူခိုးမမိမချင်း ဒီကြိုးကို သက်သေခံပစ္စည်း အနေနဲ့ စခန်းမှာ သိမ်းထားရမယ်တဲ့ ဒီသူခိုးက ဘယ်တော့မှမိတော့မှာမှမဟုတ်တာ အမူမဖွင့်တော့ဘဲ
ကြိုးကိုနှစ်ပိုင်း ပိုင်းပြီး တစ်ယောက်တစ်ပိုင်း ယူလိုက်ကြ
တယ် ကျွန်တော့်ညီကတော့ တစ်ဝက်ပြန်ရတာ ကံကောင်းတယ်လို့တွေးမှာပေါ့ ဟိုလူကတော့ ငါတော်
တော်ကံဆိုးတာပဲ ဘောက်ချာနဲ့လာရောင်းရင် ပိုရမလား
ဆိုပြီး လာမိတာ မှားပါတယ် ဆိုပြီးတွေးနေမှာပေါ့ ကံတ
ရားလို့ပဲ သဘောထားလိုက်ရတော့မှာပေါ့ ကံသုံးမျိုးရှိပါတယ် ဖြစ်ကိုဖြစ်မယ့်ကံ မဖြစ်ကိုမဖြစ်မယ့်
ကံနဲ ့ကြိုးစားမူပေါ်မူတည်ပြီးပြောင်းလဲသွားတဲ့ ကံပါ
ကိုယ့်မှာဘာကံတွေပါလာသလဲဆိုတာ ဘယ်သူကမှကြိုမသိ
နိုင်ပါဘူး အဲဒါကြောင့် ကျန်းမာရေးကောင်းအောင် အသိ
ပညာတိုးတက်အောင် စီးပွားရေးတိုးတတ်အောင် အလိမ်အညာမခံရအောင် အမြဲတမ်း အစွမ်းရှိသလောက် ကြိုး
စားနေကြရမှာဖြစ်ပါတယ် ။

5 comments

  • မြစပဲရိုး

    October 27, 2014 at 11:04 pm

    လောဘ တက် လာရင် သတိထားဖို့ တွေ အားလုံးမေ့ မေ့ သွားတာ။
    တစ်ခါတစ်ခါ ကိုယ်တွေ့ပါဘဲ။

  • အလင်းဆက်

    October 28, 2014 at 8:21 am

    အတုနဲ့ လဲပြီး…အစစ်ကို ခိုးသွားတယ်။
    ရသွားပြီးတာတောင်…တခြားနေရာမှာ မရောင်းပဲ…
    အဲဒီဆိုင်မှာ ပြန်ရောင်းတော့… ဂွမ်းပြီပေါ့ ။
    ရအောင် ယူနိုင်တာ တော်ပေမယ့်…
    ပြန်ရောင်းနည်းကတော့ ညံ့တယ်

  • kyeemite

    October 28, 2014 at 10:31 am

    .တစ်ခုမရှင်းတာက သာမန်အားဖြင့်ရွှေထည်ပစ္စည်းဝယ်ရင် .ချက်ချင်းလက်ငင်းငွေပေးဝယ်ကြတာမဟုတ်လားဗျ…စရံပေးဝယ်တာထူးဆန်းနေလို့ 🙁

    • Zaw Aung

      October 28, 2014 at 9:14 pm

      စရံပေးဝယ်တာလဲ ရှိပါတယ်

  • act y

    October 28, 2014 at 8:52 pm

    ဒီ နေ့ ည us index ထုတ် ပြန် မှာ ရှိ တယ် ဆိုလား
    ၂၈ ၁ဝ ၁၄ graph က တော့
    ဆုံး ဖြတ် ချက် မှန် ရင်
    ၂သားစီး ၂သီးစားရမယ့် ပလေစင် ပဲဗျ

Leave a Reply