” မြန်မာတို့ရဲ့ ပုဂံမြေ “

ခင္ခOctober 28, 20141min20025

 

Bagan1

 

 

” မြန်မာတို့ရဲ့ ပုဂံမြေ “

 

အလည်လာခဲ့ ပုဂံ

တကယ်သာတဲ့ အမှန်

ရှေးလက်ရာ ကြည့်မဆုံး

ရှုမျှော်တိုင်း စေတီတွေ

လက်ရာမွန် လွန်မြောက်သလေ

ကနုတ်ကယ် စီကာချယ်လို့

ပန်းပုလက်ရာ လွန်စွာသာသမို့

ပန်းတမော့နဲ့ နံရံဆေးပန်းချီ

ရှေးခေတ်လက်ရာ ပြလှစ်လေမည်

ယဉ်ကျေးမှုအမွေအနှစ် လေ့လာဖြစ်ဖို့

တစ်ခေါက်တစ်ခါ အရောက်လာကာ

ကြည့်ပါ ရှုပါ လေ့လာပါလို့

ဖိတ်ခေါ်ပါတယ်ဗျို့။

 

 

ခင်ခ။

25 comments

  • တောင်ပေါ်သား

    October 28, 2014 at 10:12 am

    ကိုခ ဓါတ်ပုံကလည်း သေးသေးလေး 🙂

    ပုဂံမရောက်တာ ၆ နှစ်လောက် ရှိသွားပြီဗျာ ၊ သွားချင်သေးတယ် ၊

    • ခင် ခ

      October 28, 2014 at 11:20 am

      ပုံကြီးတင်ရင် ကွန်နက်ကြောင့်ကြာပြီး မတက်ဘူးဖြစ်မစိုးလို့ပါ။

  • အလင်းဆက်

    October 28, 2014 at 10:29 am

    မရောက်ဖူးသေးတဲ့ ဒေသမို့… သွားကြည့်ချင်ပါတယ်။
    အခုလောလောဆယ်တော့ ကဗျာလေးထဲကနေ… သွားလိုက်တယ်။
    ကဗျာတယ်လီပသီ….

    • ခင် ခ

      October 28, 2014 at 11:21 am

      အချိန်ရရင် အလည်အပတ်သွားသင့်ပါတယ်ဗျ

  • Yae Myae Tha Ninn

    October 28, 2014 at 10:34 am

    ပခုက္ကူကနေ မကွေး အဆင်းမှာတော့ တွေ့ဖူးလိုက်တယ်… 🙂
    ငယ်ငယ်တုန်းကလဲ ရောက်ဖူးတယ်.. မမှတ်မိတော့ဘူး… 🙂

    • ခင် ခ

      October 28, 2014 at 11:24 am

      ပခုက္ကူကနေ မကွေးအဆင်း တွေ့ဖူးတယ်ဆိုတော့ ရွှေစည်းခုံဘုရားနံဘေး ကားလမ်းကဖြတ်တာလားလို့။ ကျွန်တော်တို့ငယ်တုန်းကဆို ပခုက္ကူကို ညောင်ဦးဇတ်ဆိပ်ကနေ ဇတ်ပေါ်ကားတင်ပြီး ကူးခဲ့ရတာဆိုတော့ အချိန်တွေပေးရ ဇတ်စောင့်ရနဲ့ပေါ့ဗျာ အခုတော့ တံတားတွေဘာတွေဖြစ်နေပြီဆိုတော့ အချိန်မလင့်တော့ဘူးလေ။

      • Yae Myae Tha Ninn

        October 28, 2014 at 11:52 am

        သိပ်တော့ မသိဘူးဗျ.. ဘုရားတွေက ဖူးမကုန်လေ… ဆင်လဲ ဆင်တယ်.. သိတာက လမ်းတွေက အကုန် နိုင်လွန်ကတ္တရာခင်းထားတယ်… လမ်းချိုး လေးလေ.. ပုဂံဟောက်စ်ကို တွေ့လိုက်ရတယ်… ဆက်သွားရင် ပုဂံအသစ် နဲ့ အဟောင်း လမ်းခွဲလေး တွေ့တယ်… ဇက်နဲ့တော့ ကူးရဘူးဗျ… တခုပဲ ထန်းရည် လတ်လတ်ဆတ်ဆတ် သောက်ရမလားပဲ… ဟီး… သဘောကျတယ်… မြို့လေးကို လိုက်တော့ ပို့ရဦးမယ်..ဗျ… အမျိုးသမီးကို သူ သိပ်သဘောကျတာ… 🙂

  • မမချွိ

    October 28, 2014 at 11:11 am

    သများ က ပုဂံဆက် တော့။
    အာ့ကြောင့် ပန်းကန်ဆေးတိုင်း လွတ်ကျကွဲလို့ ဘူသူမှ ပန်းကန်မဆေးခိုင်းဘူးး
    ဟိဟိ။ :mrgreenn:

    ဒီတစ်ခေါက်ပြန်ရင် သွားမှာ။
    အဲဒီဘက်ကို ဟာနီးမူးးး

    :kwi:

    • ခင် ခ

      October 28, 2014 at 11:25 am

      ဟာနီမူး ဆိုပါလား လိုက်ရှုပ်ခွင့်ရရင်တော့ဖြင့်ကွယ်။

      • မမချွိ

        October 28, 2014 at 11:32 am

        ဟာလေ ဒီဗီဆင်ကြီး စီးပြီး
        ရက်လေဘယ် အနီရောင် ကြီး နဲ့ မူးမယ်လို့ ပေါဒါဘာ။

        :k:

  • Yae Myae Tha Ninn

    October 28, 2014 at 11:25 am

    အဟိ… ခိ… း)

  • kyeemite

    October 28, 2014 at 11:32 am

    .ပုဂံရွှေပြည် ရှေးဟောင်းမွေတွေဆီ အလည်တစ်ခေါက်ရောက်ခဲ့ပြန်ရောထင့်

    • ခင် ခ

      October 28, 2014 at 11:48 am

      မန်း ကနေဆို သုံးနာရီ သာသာခရီးပေမို့ သွားရလွယ်သကိုး ကိုကြီးမိုက်ရေ။

  • MAUNG

    October 28, 2014 at 1:36 pm

    တစ်ခါ မှ မရောက်ဖူးဘူး ဗျာ…
    တစ်ခေါက် လောက် တော့ အရောက်သွားဦး မယ်ကိုကြီး ခင်ရေ

    • ခင် ခ

      October 28, 2014 at 3:40 pm

      ဆောင်းရာသီ အေးတဲ့အချိန်ဆို လည်လို့ကောင်းတယ်ဗျ

  • weiwei

    October 28, 2014 at 2:25 pm

    ဒီဇင်ဘာလောက် သွားဖြစ်အုန်းမယ် ..
    ဒီတစ်ခါရောက်ဖြစ်ရင် ဓါတ်ပုံသေသေချာချာရိုက်မယ်လို့ စိတ်ကူးထားတယ် ..

    • ခင် ခ

      October 28, 2014 at 3:41 pm

      အဲဒီအချိန်လောက်ဆို ကောင်းတယ်ဗျ မဝေ ရဲ့ ဓာတ်ပုံအလှတွေကို ကြည့်ရပေအုံးမှာပေါ့နော်။

  • kai

    October 29, 2014 at 12:52 pm

    မြန်မာမှန်ရင်.. ပုဂံရောက်ဖူးရမယ်.. ဆိုတာကို.. တွန်းပြီး.. ပရိုမိုးရှင်းလုပ်သင့်တယ်…

    • sorrow

      October 29, 2014 at 2:49 pm

      ပုဂံဟိုတယ်တွေက ဘန်ကောက်က ဟောလီးဒေးအင်းတို့…ဒူးဆစ်ဌာနီတို့ထက်…ဈေးကြီးနေတာတခုပါပဲ သူကြီးရယ်…

    • ခင် ခ

      October 29, 2014 at 4:13 pm

      အဲဒါတော့ အမှန်ဘဲဗျ သဂျီးပြောသလို မြန်မာတိုင်းသွားသင့်ပါတယ်။

      ကိုဆောရိုးရေ ဟိုတယ်တွေက ကြယ်အဆင့်တွေပေါ်မူတည်ပြီး ဈေးနှုန်းတော့ကွာကြတာပေါ့ဗျာ။ ပုဂံမြို့သစ် ဘက်က ဟိုတယ်တွေကတော့ ဈေးအသင့်သင့်လေးတွေရှိပါတယ်၊ ပုဂံမြို့ဟောင်းနဲ့ညောင်ဦး အဓိကရနေရာတွေဘက်ကတော့ ဈေးမြင့်သပေါ့လေ။

    • sorrow

      October 30, 2014 at 11:49 am

      တားတား ပြောမလို့ ကျန်ခဲ့လို့…. တဂျီးတို့ အမေရိကန်ထွားဘဲကုန်ပဏီတွေလေ…ပုဂံကိုလာဖို့စိတ်ကူး။ စိတ်ဝင်စားရင်လေ..ဒီအာရှက ကုန်ပဏီတွေနဲ့ပါတခါတည်းတွေ့နိုင်တဲ့ .Fun Trip လိုမျိုးစီစဉ်ပေးချင်လို့ …နှစ်ညအိပ်သုံးရက်လိုမျိုးလေ… စပွန်စာပေးချင်တယ်ခင်ဗျ.. ( မနောက်ဘူး..အတည်… ) မြန်မာ့ခရီးသွားလုပ်ငန်းအတွက် နည်းနည်းများ ကူညီနိုင်မလားလို့ …အကျယ်ကို ကျော်အီးမေးပို့ပါမယ်ခင်ဗျ….

      • kai

        October 30, 2014 at 2:45 pm

        ပို့လေ…။
        ခရီးသွားလုပ်ငန်းကတော့.. သေသေချာချာမသိ..။
        ဒါပေမယ့်.. ယူအက်စ်မှာ မြန်မာ-အမေရိကန်.. ၃သိန်းကျော်နေတာ..။
        မြန်မာပြည်သွား.. ပုဂံသွား.. တခေါက်တော့. သွားကိုသွားဖူးရမယ်ဆိုတာမျိုးကတော့.. ပရိုမိုးရှင်းလုပ်သင့်တာအမှန်..။

        ပုဂံရောက်မှ.. ဘာစေတီ..ညာစေတီ.. တရက် ၅ဆူဖူးကိုဖူးရမယ်..
        ဖူးရင်.. သူဌေးဖြစ်မယ်.. ဘာညာဆိုပြီး.. အတင်းလုပ်ယူပေါ့..။ :k:

        • ခင် ခ

          October 30, 2014 at 3:50 pm

          ပုဂံရောက်ရင် စွယ်တော်လေးဆူ နေ့ချင်းဖူး လုပ်လေ့ရှိတယ် သဂျီးရေ။

  • sorrow

    October 30, 2014 at 11:50 am

    ကိုခ ဒီပို့စ်ဖတ်မိမှ အိုင်ဒီယာရလို့ရယ်…ကျေးကျေးပါခင်ဗျာ…

  • Ma Ei

    October 30, 2014 at 3:31 pm

    ပုဂံ အခေါက်ခေါက်ရောက်ဖူးလဲ
    ခရီးသွားမယ်ဆို စာရင်းထဲ့ မိတာပါဘဲ…
    နွေ မိုး ဆောင်း အချိန်တိုင်း လှတယ်…
    အရင်တုံးက အပေါ်တက်လို့ ရတဲ့ဘုရားတွေ များတယ်…
    ခုတက်ခွင့် မရတော့ ရွှေဆံတော်တို့ ပြသဒါး ဘုရားတို့မှာ
    ညနေဆို လူများကုန်ရော…

Leave a Reply